528 Solar Center

528 Solar Center

Share

Brighten up the future by promoting solar power light and installation

03/05/2026

⚡️ မြဝတီမြို့ရဲ့ စီးပွားရေးပြန်လည်နိုးထမှုနဲ့အတူ စိတ်ချရတဲ့ "စွမ်းအင်" ကို ဘယ်လိုပြင်ဆင်မလဲ?

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အလားအလာကောင်းလာတာနဲ့အမျှ မြဝတီမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အိမ်ထောင်စုတွေအတွက် ဆိုလာမီးပေးစနစ် (Solar System) ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။

လျှပ်စစ်မီးရရှိမှု အကန့်အသတ်ရှိနိုင်တဲ့ နယ်မြေဒေသမျိုးမှာ ဆိုလာတပ်ဆင်တော့မယ်ဆိုရင် ငွေကုန်ရကျိုးနပ်ပြီး ရေရှည်စိတ်ချရဖို့အတွက် အောက်ပါအချက် (၅) ချက်ကို 528 Solar က သုံးသပ်အကြံပြုလိုပါတယ်။

၁။ မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စနစ်ကို ရွေးချယ်ပါ (Right Sizing)

လုပ်ငန်းသုံး (Commercial) အတွက်လား၊ အိမ်သုံး (Residential) အတွက်လားဆိုတာ အရင်ဆုံး ခွဲခြားရပါမယ်။ တပ်ဆင်ထားတဲ့ wiring က 3 phase လား single phase လား internal မီးလိုင်းတွေ စနစ်တကျ ဖြစ်မဖြစ်တဲ့ အချက်တွေ သိထားရပါမယ်။

၂။ Quality အာမခံချက်ရှိတဲ့ ပစ္စည်းကိုသာ သုံးပါ

ဆိုလာပြားနဲ့ Inverter တွေဟာ အနည်းဆုံး (၅) နှစ်ကနေ (၂၅) နှစ်အထိ သက်တမ်းရှိရမယ့် ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် Tier 1 အဆင့်ရှိတဲ့ ဆိုလာပြားများ။
LiFePO4 (Lithium) ကဲ့သို့ သက်တမ်းကြာရှည်ခံတဲ့ ဘက်ထရီအမျိုးအစား ကို သုံးစွဲသင့်ပါတယ်။

ဒါ့အပြင် နာမည်ကျော်ကြားပြီး Maintenance ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီ တွေ ကို သေချာရွေးချယ်စေလိုပါတယ်။အာမခံ စာရွက်စာတမ်းပေးတဲ့ 528 Solar လို အင်ဂျင်နီ ယာရင်း ကုမ္ပဏီကိုရွေးချယ်သင့်ပါတယ်။

၃။ မီးဘေးအန္တရာယ် ကာကွယ်ရေးကို ဂရုပြုပါ

ဆိုလာတပ်ဆင်ခြင်းဟာ လျှပ်စစ်အန္တရာယ်နဲ့ နီးစပ်တာကြောင့် Safety Standard ကို အလေးထားရပါမယ်။ အထူးသဖြင့် ကုန်လှောင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာတပ်ဆင်တဲ့အခါ:
Circuit Breakers (DC/AC) စနစ်တကျ ထည့်သွင်းခြင်း။
Grounding စနစ် ကောင်းမွန်ခြင်း။
မီးဘေးအန္တရာယ်အတွက် Aerosol Fire Suppression ကဲ့သို့ ခေတ်မီမီးသတ်စနစ်များကို အဆင်သင့်ထားရှိသင့်ပါတယ်။

၄။ ကျွမ်းကျင်အင်ဂျင်နီယာများနဲ့သာ တိုင်ပင်ပါ

ဆိုလာတပ်ဆင်တာဟာ အမိုးပေါ် ပြားတင်ရုံတင်မဟုတ်ဘဲ Structure Safety (လေဒဏ်ခံနိုင်မှု) နဲ့ Electrical Design စနစ်မှန်ကန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်မှုရှိတဲ့ Installation Team ကို ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။ 528 ရဲ့ Engineering Team မှာ BE ဘွဲ့ရ အင်နီယာများကိုယ်တိုင် လုပ်ကိုင်နေတာမို့ စိတ်ချလက်ချ ရှိစေပါတယ်။

၅။ ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ပါ

ဆိုလာတပ်ဆင်တာဟာ ကုန်ကျစရိတ်မဟုတ်ဘဲ Investment (ရင်းနှီးမြှုပ်နှံမှု) ဖြစ်ပါတယ်။ လုပ်ငန်းတွေ ပြန်စချိန်မှာ မီးပျက်လို့ လုပ်ငန်းကြန့်ကြာမယ့် ဆုံးရှုံးမှုကို ဆိုလာက အကောင်းဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

💡 အနှစ်ချုပ်အနေနဲ့ - မြဝတီရဲ့ နယ်မြေအခြေအနေ တိုးတက်လာမှုနဲ့အတူ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဟုန်မပျက် လည်ပတ်နိုင်ဖို့ ခိုင်မာစိတ်ချရတဲ့ ဆိုလာစနစ်တစ်ခုကို စနစ်တကျ ရင်းနှီးမြှုပ်နှံ တပ်ဆင်ကြဖို့ အကြံပြုအပ်ပါတယ်။

528 Solar က 528 Trading & Engineering Co., Ltd လက်အောက် ရှိ Engineering လုပ်ငန်းခွဲ တခု ဖြစ်ပြီး နေပြည်တော် ရန်ကုန် မန္တလေးမော်လမြိုင် မြို့ကြီးများတွင်း ရုံးခွဲများ ဖွင့်လှစ် လုပ်ကိုင် လျက်ရှိသလို မြဝတီ မြို့တွင် ရုံးခွဲ ဖွင့်လှစ် လုပ်ကိုင်လျက်ရှိပါတယ်။

လူကြီးမင်းတို့ရဲ့ စွမ်းအင် လိုအပ်ချက် များကို ကျနော် 528 Solar နဲ့ အားမနာတမ်း တိုင်ပင် ဆွေးနွေးလို့ရပါတယ်။

528 Solar
မြဝတီ ရုံးခွဲ
B6 ရွေတိဂုံပုံတူ တိုက်တန်း အာရှလမ်းမကြီးဘေး Gentleman KTV အနီး မြဝတီမြို့
09663385785

Photos from 528 Solar Center's post 26/04/2026

နေပြည်တော် ပုပ္ပသီရိ မြို့နယ် ELITE Car Spa က
528 Solar ကိုရွေးချယ်ပြီး လုပ်ငန်းသုံး 12Kw Solar Power System ကို တပ်ဆင်လိုက်ပါတယ်။

ဆီအခက်အခဲ ကြောင့် မီးပျက်ချိန် မီးစက်မမောင်းပဲ ဆိုလာ မီးအား နဲ့ တနေကုန် Car Detailing လုပ်ငန်း ကို အဆင်ပြေပြေ သုံးစွဲနိုင်ဖြစ်ပါတယ်။ နောင် လုပ်ငန်းတိုးချဲ့ တဲ့အခါ ဆိုလာ ဘက်ထရီထပ်တိုးနိုင်ဖို့ ရည်ရွယ်ပြီး System Design ‌ကို သေချာစီစဉ်ပေးထားပါတယ်။

လက်ရှိ တပ်ဆင်ပေးထားတာတွေက

12Kw Growatt Inverter (2 yrs warranty)
LVTOPSUN 51.2 V 314 Ah G5 ( 5 yrs warranty)
590 W Bifacial Solar panel (12 yrs warranty)
Accessories

တို့ကို အပြီးအစီး 270 ဝန်းကျင်ဖြင့် တပ်ဆင်ပြီးစီးခဲ့ပါတယ်။

528 Solar ရဲ့ နေပြည်တော် တပ်ဆင်ရေး အဖွဲ့ ကနေ
50Kw 100 Kw စတဲ့ လုပ်ငန်းကြီးသုံး ကနေ 6Kw အိမ်သုံး ဆိုလာမီးပေးစနစ်တွေ ကို လူကြီးမင်းတို့ သုံးစွဲမယ့် ဘက်ဂျက် နဲ့အညီ Survey ဆင်းပေးခြင်း Quotation တွက်ချက်ခြင်း Installation လုပ်ကိုင်ခြင်းနဲ့
After sale service များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

💥 50Kw ဆိုလာ မီးပေးစနစ်ကို ဒက္ခိဏ စက်မှုဇုံ ရှိ ခေါက်ဆွဲ စက်ရုံ
💥 30 KW ဆိုလာမီးပေးစနစ် ကို ပျဉ်းမနားရှိ စားသောက် ဆိုင်လုပ်ငန်း
💥12Kw ဆိုလာမီးစနစ်ကို ရွှေကြာပင်ရှိ တည်းခိုခန်း
တွင် လုပ်ငန်း
💥 6Kw အိမ်သုံးဆိုလာ များကို သပြေကုန် ဥတ္တရသီရိ လယ်ဝေး ဒက္ခိဏသီရိ ပျဉ်းမနား အေလာ စတဲ့ မြို့နယ်များတွင် တပ်ဆင်ပြီးစီးခဲ့ပါတယ်။

အသေးစိတ် သိရှိလိုပါက
09792836885
09425360022
သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 35, Myintawthar Road, Near No. (3) Market And Asay Kyar Bustop, Tarketa Township
Yangon