Blue Cross Academy
သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း
05/05/2026
ကံကောင်းလာမှာထက် ကံကောင်းလာ အောင် အလုပ်လုပ်ပါ။🥳🎁🩵
-----------------------
လူအများစုက အခြားလူတစ်ယောက် ဝင်ငွေကောင်းပြီး အခွင့်အရေးတွေရလာရင် “ သူကအလုပ်ကံကောင်းလိုက်တာ ငါတို့လည်းယတြာကောင်းကောင်းလုပ်ပြီး ဝင်ငွေကောင်းအောင် လုပ်ကြရမယ်။ “
ဒီလိုတွေးလေ့ရှိကြပါတယ်။⚠️⚠️
ဒါမမှန်ဖူးလားလို့မေးလာရင်အတိုင်းအတာတစ်ခုအထိ မှန်ကန်နိုင်ပါတယ်။ ✅️
သို့သော် မြန်မာစကားပုံ “ ကံကိုယုံပြီး ဆူးပုံမနင်းရ” ဆိုတာကိုလည်း မေ့မထားသင့်ပါ။ ဆူးပုံကြီးမြင်လျှက်နဲ့ ငါကတော့ အရမ်းကံကောင်းတဲ့လူ ဆူးကငါ့ကိုမဆူးဘူးဆိုပြီးတက်နင်းလိုက်လို့မရပါဘူး နော်။❗️❗️
ဆိုလိုရင်းကတော့ လူတစ်ယောက်က ဝင်ငွေကောင်းပြီး အလုပ်အကိုင်အခွင့်အရေးတွေ မပြတ်တမ်းရရှိတာဟာ…
✅️ သူ၏လုံ့လဝီရိယစိုက်ထုတ်မှု
✅️ သူ၏ရေရှည်အမျှော်အမြင်ရှိမှု
✅️ ကျားကုတ်ကျားခဲကြိုးစားမှု
✅️ အလုပ်နဲ့ပတ်သက်ပြီး ခြွင်းချက်များနည်းပါးမှု ဒါတွေကြောင့်လည်းဖြစ်ပါတယ်။✨️👏
ဒါကြောင့်ဒီလို အခွင့်အရေးတွေရောက်လာအောင် မိမိအနေနဲ့လည်းထိုင်စောင့်မနေပဲ အခွင့်အရေးရှိရာကိုရောက်ဖို့ အလုပ်လုပ်နိုင်ဖို့လိုအပ်ပါတယ်။🎊🎊
အခုဆိုရင်တော့ မြန်မာနှစ်သစ်ကလည်းပြီးခါစ အားအင်အသစ်တွေကလည်းနောက်နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်ဖို့ ရရှိလာပြီး နောင်လာမည့်နှစ်များမှာ မိမိအတွက်….
📌 အလုပ်အကိုင်
📌 ဝင်ငွေ
📌 မိမိကိုယ်ကိုယုံကြည်မှု
📌 အတတ်ပညာအသစ်
📌 အနာဂတ်အတွက်တိကျ / သေချာမှု
ဒါတွေကိုတွေးခေါ်ရမည့်အချိန်ကိုရောက်ရှိလာပါပြီနော်။🩵
ဒါကြောင့် သင်ကိုယ်တိုင် သင့်အနာဂတ်တောက်ပဖို့အတွက် ပြည်တွင်း၊ပြည်ပအလုပ်အကိုင်ရရှိနိုင်မှုမြင့်မားပြီး လက်တွေ့အသုံးချနိုင်မည့်ပညာရပ်၊ လေ့လာရလွယ်ကူပြီးအတွေ့အကြုံ အများကြီးရှိသည့် ဆရာဝန်နှင့် ဆရာမများမှသင်ကြားပေးမည့်သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူ အတန်းများကိုတက်ရောက်နိုင်ဖို့ Blue Cross Academy
သင်တန်းကျောင်းမှဖိတ်ခေါ်လိုက်ပါရစေရှင့်။
**********************
Blue Cross Academy မှ သူနာပြုအကူသင်တန်း၊ဆေးဝါးကျွမ်းကျင်အတန်းများတက်ရောက်ပါက ဆေးရုံကြီးများတွင် အလုပ်သင်ဝင်ရောက်စေခြင်းနှင့်အလုပ်အကိုင်ရှာဖွေပေးခြင်းကို #အခမဲ့ ဝန်ဆောင်မှုပေးနေပါသည်။
--------------------------------------
🔰 Blue Cross Academy သင်တန်းမှ အဓိက ရည်ရွယ်ချက်များကတော့ -
--------------------------------
🔹 အရည်အသွေးရှိသည့် ပညာရပ်များကို မိဘပြည်သူများထံ မျှဝေပြန့်ပွားစေရန်။
🔹 ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်ရှားပါးမှုကို လျော့နည်းလာစေရန်။
🔹 ရေရှည်မှာ အလုပ်အကိုင်တည်တံ့ပြီး လူငယ်များအတွက် ဘဝတက်လမ်းများ တိုးတက်ပြောင်းလဲလာစေရန်။
🔹အတတ်ပညာရပ် တစ်ခုအနေနဲ့ တတ်မြောက်ထားပါကလည်း မိမိပတ်ဝန်းကျင်နှင့်မိသားစုဝင်များအတွက် အကျိုးကျေးဇူးရှိစေခြင်းများအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားပါတယ်ရှင်။
💠 သူနာပြုအကူသင်တန်း။
---------------------
🔰🔰 သူနာပြုအကူ(Nurse Aide) သင်တန်းကိုတက်ရောက်ပါက အတတ်ပညာများရရှိရုံသာမက အောက်ပါအကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။
🎯 ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြင့် မိမိ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ခြင်း။
🎯 အလယ်တန်းအောင်ရုံဖြင့် အသက်မွေးဝမ်းကြောင်းတစ်ခုကိုအခြေခံမှစ၍ ရာထူးအဆင့်ဆင့်ဖြင့် အခြေအမြစ်ရှိရှိတည်ဆောက်နိုင်ခြင်း။
🎯 ပြည်တွင်းသာမက ပြည်ပပါမကျန် အချိန်မရွေး လိုအပ်နေသောလုပ်ငန်းဖြစ်သဖြင့် ၊ အလုပ်အကိုင်မရှားပါးခြင်းတို့ဖြစ်ပါတယ်။
************************
🔰 Blue Cross Academy မှ ဖွင့်လှစ်သော သူနာပြုအကူ (Nurse Aide)တွင်
🎯 သင်ကြားရမည့်သင်ခန်းစာများ။
-------------------------------
💠 လက်အိတ်၊နှာခေါင်းစည်း၊ဦးထုပ်၊PPE ဝတ်ဆင်ခြင်းများကိုစနစ်တကျဝတ်ဆင်ခြင်း၊ ချွတ်ခြင်းအလေ့အထများအကြောင်း။
💠လူနာအတွက် အိပ်ယာများကို စနစ်တကျပြင်ဆင်ပေးခြင်းအကြောင်း။
💠CPR ပြုလုပ်ပေးခြင်းအကြောင်း။
💠လူနာများအား အစာကျွေးခြင်းနည်းလမ်းများအကြောင်း (အစာပိုက်မှလည်းကောင်း၊ရိုးရိုးအစာကျွေးပေးခြင်းနည်းလမ်းများအပါအဝင်။)
💠အောက်စီဂျင်ပေးရမည့် လူနာများအတွက် ပြင်ဆင်ပေးရမည့် အချက်များအကြောင်း။
💠ခွဲစိတ်ခန်းသုံး ကိရိယာများအကြောင်း။
💠 ဆေးထိုးနည်းများဖြစ်တဲ့ (IM,IV,SC) များအကြောင်း၊ ECG ဆွဲပေးခြင်းများ။
💠မွေးကင်းစ ကလေးများအား ပြုစုယုယပေးခြင်း။
💠 Nebulizer ၊Suction စက်များဖြင့် ချွဲထုတ်နည်းအဆင့်ဆင့်အကြောင်းများသင်ကြားရခြင်း။
💢 Professional သူနာပြုအကူ များအနေနှင့်သိသည့်သိထိုက်သည့် ဆေးရုံအတွင်း Ethics များအကြောင်း၊
💢 ကျန်းမာရေး ဝန်ဆောင်မှုများဆောင်ရွက်ရာတွင် ထိရောက်ကောင်းမွန်စွာ အလုပ်တွင်ကျယ်အောင် လုပ်ပုံလုပ်နည်းများ၊
💢 ဒါ့အပြင် အလုပ်လျှောက်ရာတွင် လိုအပ်မည့် Interview skill များအကြောင်းနှင့်အခြား သက်ဆိုင်ရာ ဗဟုသုတများကိုလည်း Extra Section များအဖြစ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
💠 သူနာပြုအကူ ( Nurse Aide) သင်တန်း ပြီးမြောက်သူများ အနေဖြင့် မိမိစိတ်ပါဝင်စားသည့် အထူးပြု ဘာသာရပ်များအတွက်လည်း ထပ်မံ မိုးမံပေးမည့် ကာလတို၊လပြတ် သင်တန်းများရှိနေခြင်း စသည့် Nurse Aide နှင့်သက်ဆိုင်သည့် သင်ခန်းစာများကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်တယ်။
🎯 သင်တန်းအချိန်ကာလ။
--------------------------
💠 ၃ လ မှ ၃လခွဲ။
💠 အပတ်စဉ် တနင်္လာမှ သောကြာ
🚦မနက်ပိုင်းတန်းခွဲ
----------------
မနက် ၉ခွဲ မှ ၁၁ခွဲ စာသင်ချိန်။
Practical ချိန်များသီးသန့်ထားရှိထားပါသည်။ 📌📌
Sunday Class🎯အတန်းချိန်။
--------------
🚦 မနက် ၈:၀၀နာရီမှ ၁၂:၀၀ နာရီ အထိ။
တစ်ပတ်လျှင် practical လက်တွေ့ အချိန် ၁ ရက် ရှိမည်။
🎯 သင်တန်းကြေး ။
-------------------
💠 ၃၅၀,၀၀၀ ကျပ်။
(စာအုပ်၊ယူနီဖောင်းကြေး၊သင်ထောက်ကူပစ္စည်းဖိုးများ အပြီးအစီး။)
💠 ဆေးဝါးကျွမ်းကျင်သင်တန်း။
---------------------------
သင်ကြားရမည့်သင်ခန်းစာများ။
****************************
📌ဆရာဝန်ကိုယ်တိုင် သေချာသင်ကြားပေးမည့်ဆေးဝါးများအကြောင်း။
📌ဆရာဝန်ကြီးများရေးပေးသည့်ဆေးစာများကိုဖတ်ပြီးဆေးပေးခြင်း။
📌အခုလို ကာလအချိန်အခါတွင် ရွေးချယ်သင့်သည့်ဆေးဆိုင်နေရာများအကြောင်း။
📌မိမိဆေးဆိုင်အတွက်လိုအပ်မည့်ဝန်ထမ်းစီမံမှုများ။
📌ဆေးဆိုင်တစ်ခုရဲ့မသိမဖြစ် စာရင်းအင်း စီမံမှုများအကြောင်း။
📌ဆေးဆိုင်သို့ လာရောက်ဝယ်ယူမည့် Patient များကို ပေးသင့်သည့် ဖော်ရွေသော ဝန်ဆောင်များအကြောင်းများနှင့်
📌ဆေးပညာဆိုင်ရာ (Sale & Marketing Techniques)များ ဈေးကွက်အမြင်နှင့် လုပ်ဆောင်ချက်များအကြောင်းအထိ အတွေ့အကြုံများစွာရှိသော ဆရာများဖြင့် စာတွေ့ ၊လက်တွေ့ စုံလင်စွာနှင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင့်အနေနဲ့ ဆေးဝါးနဲ့ပတ်သက်လို့ အတွေ့အကြုံလုံးဝမရှိထားသူဖြစ်ပါကလည်း ယခု သင်တန်းကို တက်လိုက်ရုံဖြင့် သင့်အတွက် နေရာ၊ဒေသမရွေး ဆေးဆိုင်တစ်ဆိုင်ကို ဝန်ပိုမရှိ၊ မိမိရဲ့ ရင်းနှီးငွေနှင့် ကိုက်ညီမှုရှိသည့် ဆေးဆိုင် ဖွင့်လှစ်နိုင်မည့် နည်းလမ်းကောင်းများကိုရရှိသွားမှာဖြစ်ပါတယ်။
ထို့ပြင် Blue Cross Academy မှ ပေးအပ်သော ဆေးဝါးကျွမ်းကျင်လက်မှတ်ဖြင့် ကျွန်တော်တို့နှင့်ချိတ်ဆက်ထားသော ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင် နှင့် ဆေးကုမ္ပဏီများတွင်လည်း အလုပ်အကိုင် အခမဲ့ ရှာဖွေပေးမည့် ဝန်ဆောင်မှုများလည်းပါဝင်မှာဖြစ်ပါတယ်။
Monday to Friday Class
🎯 သင်တန်းအချိန်ကာလ။
--------------------
🔰 ၂ လ
🔰သင်တန်းချိန် အပတ်စဉ် တင်္နလာနေ့မှ သောကြာနေ့အထိ။
🔰 Practical တစ်ပတ်လျှင်တစ်ကြိမ်။
🎯အတန်းချိန်။
--------------
🚦မနက် ၈:၀၀နာရီမှ ၉:၃၀ နာရီ အထိ။
Sunday Class
🎯အတန်းချိန်။
--------------
🚦 နေ့လည် ၁၂:၃၀နာရီမှ ၃:၃၀ နာရီ အထိ။
🎯 ကုန်ကျစရိတ်။
------------------
💵 ၂၅၀၀၀၀ ကျပ်
( သင်ထောက်ကူဆိုင်ရာ ဆေးကိရိယာများ၊စာအုပ်၊ ယူနီဖောင်းဖိုးများပါဝင်ပြီးဖြစ်ပါသည်။)
-------------------------------------------------
🔰 BCA မှသင်တန်းသားများအတွက် Field Study များထားရှိပေးထားခြင်း။
🔰 BCA မှ သင်တန်းပြီးမြောက်ပါက Certificate ရရှိမှာဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း၊အိမ်အရောက်ကျန်းမာရေးစောင့်ရှောက်မှုများတွင် အလုပ်သင်အဖြစ် ဝင်ရောက်နိုင်ရန် စီစဉ်ပေးခြင်း။
🔰 အလုပ်သင်ကာလပြီးမြောက်ပါကလည်း ပြည်တွင်း၊ပြည်ပ အလုပ်အကိုင်များ အခမဲ့ ရှာဖွေပေးခြင်း။
🔰 ဆရာ၊ဆရာမ များမှာလည်း စာသင်အတွေ့အကြုံများစွာရှိသော ဆရာဝန်၊သူနာပြုများမှ သင်ကြားပေးမှာဖြစ်တဲ့အတွက် စာတွေ့သာမက ပြည့်စုံသည့် လက်တွေ့များကိုပါသင်ယူနိုင်ခြင်း အစရှိသည့်အကျိုးကျေးဇူးတို့ကို ရရှိမှာဖြစ်ပါတယ်။
--------------------
🎯 သင်တန်းနေရာ။
-------------------
Blue Cross Academy ၏ သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းကို
🔰 ရန်ကုန် - အမှတ် ၂၉ ၊ ပထမထပ် ၊ ခိုင်ရွှေဝါလမ်း ၊ လှည်းတန်းမှတ်တိုင်အနီး ၊ကမာရွတ်မြို့နယ်တွင်ဖွင့်လှစ်ထားပါတယ်။
💢သင်တန်းများကို Monday to Friday Class များအပြင် Sunday Class များခွဲထားသောကြောင့် ရုံးချိန်ပြင်ပတက်ချင်သူများအနေနှင့်လဲအဆင်ပြေပါတယ်နော်။
ဒါ့အပြင် သူနာပြုအကူဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ ပါ တက်ရောက်နိုင်သည့်
💡ကလေးကျန်းမာရေးစောင့်ရှောက်မှုမွမ်းမံသင်တန်းများ။
💡သက်ကြီးပြုစုစောင့်ရှောက်မှုနှင့် လေဖြတ်လူနာစောင့်ရှောက်မှု မွမ်းမံသင်တန်းများ
💡 ဓါတ်ခွဲခန်းနှင့်သက်ဆိုင်သည့် Process များကိုကျွမ်းကျင်သိရှိလိုသော သူနာပြုအကူများအတွက် သီးသန့် Phlebotomy course
💡 စင်္ကာပူနိုင်ငံတွင် caregiver အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်လည်း အဓိကထား သင်ကြားပေးသကဲ့သို့သင်တန်းများနှင့်ပတ်သတ်၍ အသေးစိတ်ဆွေးနွေးလိုပါက
09-26 7777 480 သို့ ဖုန်းဆက်၍သော်လည်းကောင်း၊ Blue Cross Academy Page Messangerမှသော်လည်းကောင်း အသေးစိတ်မေးမြန်းပေးနိုင်ပါတယ်ရှင်။
✨" Great Future Through Academy " ✨ Blue Cross Academy
#သူနာပြုအကူရုံးချိန်လွတ်သင်တန်းများ
#ဆေးဝါးကျွမ်းကျင်သင်တန်းများ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 29 Khaing Shwe War Street, Kamaryut Tsp
Yangon
11041