Grab Yours Authentic

Grab Yours Authentic

Share

Feel the Authenticity
GRAB IT. WEAR IT. OWN IT. You can contact our Beyond Weeding Planning & Event Service via +959965760244

Photos from Grab Yours Authentic's post 22/08/2025

Con-verse Chuck 70 High တွေရဲ့ အလှတရား ❤️

အကြမ်းခံသော၊ အမြဲအထာကျသော၊ ဘယ်တော့မှ မရိုးသော Classic Sneakers တွေထဲက တစ်ရံပါ။

USA Direct / 💯 Authentic
Preorder / Half Prepaid

Join our telegram channel for more updates : https://t.me/grabyoursauthentic



DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]

10/08/2025

Nike ရဲ့ Air Jordan 1 Series ထဲမှာ Chicago Colorway ဟာ Iconic အဖြစ်ဆုံးနဲ့ နာမည်အကြီးဆုံးတွေထဲ ပါဝင်ပါတယ်။

Chicago Colorway ထဲမှာ အနီ၊ အဖြူနဲ့ အနက်တို့ကို ပေါင်းစပ်ထားပြီး Legend တစ်ဦးဖြစ်တဲ့ Basketball ကစားသမား Michael Jordan တစ်ယောက် သူ့ရဲ့ တက်သစ်စကြယ်ပွင့်အရွယ် Chicago Bulls Basketball အသင်းမှာ ပါဝင်ကစားခဲ့တဲ့တလျှောက် ဝတ်ဆင်ခဲ့တဲ့ အသင်းယူနီဖောင်းရဲ့ အရောင်တွေလည်း ဖြစ်ပါတယ်။

Nike Air Jordan Series လို့ ကြားတာနဲ့ Michael Jordan နဲ့ တွဲမြင်ကြရတဲ့အထိ လွှမ်းမိုးနိုင်ခဲ့ပြီး MJ တစ်ယောက် Basketball ကစားပွဲတစ်ခုမှာ ပျံသန်းလုမတတ် ခုန်ကာ ဂိုးသွင်းအမှတ်ယူနိုင်ခဲ့တဲ့ ပုံစံဟာလည်း Jordan Sneakers တွေမှာ Jumpman Logo အဖြစ် ပါဝင်လာခဲ့တဲ့အထိပါ။

ဒါကြောင့် Nike Air Jordan နဲ့ Michael Jordan / Nike Air Jordan နဲ့ Basketball တွဲဟာ လိုက်ဖက်ညီတဲ့ အတွဲအစပ်၊ ခွဲမရတဲ့အထိ ဖြစ်လာပါတော့တယ်။

အဲ့လိုနဲ့ Chicago Colorway ဟာ (၁၉၈၅) ခုနှစ်မှ စတင်ခဲ့တဲ့ Nike Air Jordan 1 Series ရဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Colorway ထဲ ပါဝင်ခဲ့ပြီး တစ်ကမ္ဘာလုံးနဲ့ချီ လူငယ်တွေအတွက် Air Jordan Legacy စတင်ရာလို့လည်း ဆိုကြတာပါ။

ဒီလို လူကြိုက်များလှတဲ့ Air Jordan 1 ကို ပြန်လည်အသက်သွင်းဖို့ Nike ဟာ ပုံစံမျိုးစုံ စဉ်းစားခဲ့ပါတယ်။ Concept အစုံ၊ Colorway မျိုးစုံနဲ့ ထုတ်လုပ်ခဲ့ရာ အောင်မြင်မှု အထိုက်အလျောက်လည်း ရခဲ့ပေမယ့် (၁၉၈၅) ခုနှစ် Air Jordan 1 စစပေါ်ခဲ့ချိန်က ခံစားချက်ကို မမီနိုင် ဖြစ်ခဲ့ရပါတယ်။

Air Jordan 1 ရဲ့ Legacy ဆန်တဲ့ ခံစားချက်၊ Classics Vibe အပြည့်အဝကို ပြန်လည်ပုံဖော်နိုင်ဖို့အတွက် Concept တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Air Jordan 1 တစ်ရံကို စတိုခန်းရဲ့ စင်ပေါ်မှာ မေ့မေ့ပျောက်ပျောက်ထားမိခဲ့ပြီး ပျောက်နေရာမှ ဆယ်စုနှစ်ပေါင်းများစွာ ကြာမှ ပြန်လည်ရှာတွေ့ခဲ့ရတဲ့ အဖြစ်အပျက်သာ ရှိခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးတစ်စပါပဲ။

Nike ဟာ ထိုအတွေးတစ်စကို လက်တွေ့ပုံဖော်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရွေးချယ်ခဲ့တဲ့ Colorway ကတော့ Old But Gold လို့ပဲ ပြောရမယ့် နာမည်ကြီး Chicago Colorway ပါပဲ။ 𝐍𝐢𝐤𝐞 𝐀𝐢𝐫 𝐉𝐨𝐫𝐝𝐚𝐧 𝟏 𝐑𝐞𝐭𝐫𝐨 𝐇𝐢𝐠𝐡 𝐎𝐆 𝐒𝐞𝐫𝐢𝐞𝐬 ထဲ သွင်းခဲ့ပြီး နာမည်ကိုတော့ “𝐂𝐡𝐢𝐜𝐚𝐠𝐨 𝐋𝐨𝐬𝐭 & 𝐅𝐨𝐮𝐧𝐝” လို့ ပေးအပ်ခဲ့ကာ (၂၀၂၂) ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။

ဒီလို “အချိန်” ကို concept ယူထားတဲ့ 𝐂𝐡𝐢𝐜𝐚𝐠𝐨 𝐋𝐨𝐬𝐭 & 𝐅𝐨𝐮𝐧𝐝 တစ်ရံဟာ (၁၉၈၅) ခုနှစ် Air Jordan 1 “Chicago” ကိုမှ သက်တမ်းကြာရင့်လာလို့ ပြောင်းလဲနေတဲ့ ပုံစံ၊ စတိုခန်းထဲ ရောက်နေလို့ ဖုန်တက်ပြီး ဟောင်းနေသလို ခံစားချက်ကို ရရှိအောင် ဖန်တီးပေးထားပါတယ်။

သုံးထားတဲ့ Leather တွေကလည်း အက်ကွဲနေသလိုလို၊ Midsole တွေကလည်း အဖြူရောင် မဟုတ်တော့ဘဲ ဝါညစ်ညစ်ဘက် သမ်းနေသလိုလို ပြုလုပ်ထားပြီး Outsole အနီကလည်း အနီရဲရဲ မဟုတ်ဘဲ အရောင် အနည်းငယ် ပျက်စပြုနေပြီး Sneaker Tongue ကလည်း Vintage Vibe ရအောင် Off White Colorway ကို သုံးပေးထားပါသေးတယ်။ ကျန်တာက‌ တော့ OG Version အတိုင်း အနီ၊ အဖြူနဲ့ အနက်တို့ကို ပေါင်းစပ်ထားပြီး အနက်ရောင် Nike Swoosh လည်း မူရင်းအတိုင်း ပါဝင်လာပါတယ်။

နောက်ထပ် Details ကျကျ ပြင်ဆင်လာပေးတာကတော့ Sneaker Box ကအစ ထောင့်နေရာတွေ ပွန်းနေ၊ အရောင်တွေလည်း ဟောင်းနေတဲ့ပုံစံ ဖြစ်တဲ့အပြင် အရင် OG Sneakers တုန်းက ဝယ်ယူရင် ပေးတဲ့ Receipt အတိုင်းကိုလည်း Replica အနေနဲ့ ထည့်ပေးထားပါသေးတယ်။ Box အစ Receipt အဆုံး လုံးဝကို Vintage Vibe အပြည့်နဲ့ပါ။

ဒီလိုနဲ့ 𝐂𝐡𝐢𝐜𝐚𝐠𝐨 𝐋𝐨𝐬𝐭 & 𝐅𝐨𝐮𝐧𝐝 ဟာ Air Jordan 1 စပေါ်ချိန်က OG Sneakerhead တွေကို ငယ်ဘဝရဲ့ အမှတ်တရကို ပေးစွမ်းနိုင်ခဲ့ပြီး အခုလို ခေတ်သစ် Sneakerhead လူငယ်လေးတွေကိုလည်း သူတို့ အဖေ၊ ဦးလေးတွေလက်ထက်က Air Jordan 1 Chicago တစ်ရံကို လက်ဆင့်ကမ်းပိုင်ဆိုင်လိုက်ရသလို ခံစားချက်ကို ဖြစ်ပေါ်စေခဲ့တာကြောင့် Age Gap ကွာခြားတဲ့ Sneakerhead တွေကို တံတားတစ်စင်းလို ပေါင်းစည်းပေးလိုက်နိုင်တဲ့ Sneakers တစ်ရံဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် 𝐂𝐡𝐢𝐜𝐚𝐠𝐨 𝐋𝐨𝐬𝐭 & 𝐅𝐨𝐮𝐧𝐝 ဟာ ပြန်လည်အသက်သွင်းခဲ့ချိန်မှာလည်း အောင်မြင်ခဲ့ပြီး (၂၀၂၂) ခုနှစ်မှာ ထွက်ရှိခဲ့သမျှ Jordan Sneakers တွေထဲ အရောင်းရဆုံး၊ လူပြောအများဆုံးနဲ့ အပေါက်ဆုံး ဖြစ်ခဲ့ရပါတော့တယ်။

Join our telegram channel for more updates :
https://t.me/grabyoursauthentic

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11091