3 A Rose

3 A Rose

Share

bkk made - vietnam made -china made baby wear
online shopping

22/11/2024

တကယ်လို့များ ကိုယ့်သားတွေ
အိမ်ထောင်ကျတဲ့ အထိ အသက်ရှင်ခွင့်ရခဲ့ရင်
ပြောပြချင်တာတွေ ရျှိတယျ

ကိုယ့်စီးပွါးရေး အကြောင်းကို
ကိုယ့်ဇနီး သိပါစေ..

တလ တလ .ဘယ်လောက်ဝင်လဲ
ဘယ်လောက်မြတ်လဲ
ဘယ်လောက်ရှုံးနေလဲ ဇနီးဖွဈသူသျိပါစေ

ရော့ နင့် တလ စာ အသုံးစရိတ် ဆိုပြီး
ပုံမာန် ပေးတာထက်
ငါတို့ ဝင်ငွေ ဘယ်လောက် ရှိနေလဲ
ငါတို့ ဘယ်လောက်သုံးသင့်လဲ
ငါတို့ ဘယ်လောက်စု ရမလဲ အပါအဝင်
ဘဝရှေ့ရေး အကြောင်းကို
ဇနီးဖြစ်သူ သျိပါစေ

အတူသွားရမဲ့ လက်တွဲဖော်ကို
ငါ ဘယ်လမ်း က သွားမလဲ
ဘယ်ရောက်ရင်ကွေ့မလဲ ဆိုတာကစ
ကြိုတိုင်ပင်သင့် တယ် မဟုတ်လား

နင့်မျက်စိ ကြည့်စရာမလိုဘူး
ငါ ခေါ်ရာ လိုက်ဆိုတာ ထက်
ပိုကောင်းတယ် မဟုတ်လား

ဇနီး ဆုတောင်းလည်းလိုတယ် မဟုတ်လား

အမိန့်တွေ ပေးပြီး ပြောဆိုတာထက်
ဇနီး အတွေးအမြင်ကိုလည်း
နားထောင်သင့်တယ်မဟုတ်လား

ဒါမှ ဇနီးလည်း သိသင့်တာ ကို သိမှာပေါ့

တခါက ညမလေး တယောက်ပြောဖူးသလို
သူအလုပ်တွေ မဖြစ်တာကို ညမ မသိဘူး
တလတခါ ပုံမာန် ပေးနေကြ ကို ပေးနေတော့
ဒီလိုပဲ သုံးနေခဲ့တာ
ဟိုရက်ကအကြွေးရှင် အိမ်လာမှ သိရတယ်တဲ့
တလ တခါ သူပေးနေကျ ငွေတွေက
သူ့ရှာစာ မဟုတ်ပဲ သူအတိုးနဲ့ ချေးထားတာတွေ
ရင်နာလိုက်တာ အမရယ်တဲ့
သူအလုပ်မဖြစ်ရင် ညမ အရင်လို
ဘာလို့ ဆက်သုံးနေမလဲ တဲ့
ချွေတာသုံးမှာပေါ့တဲ့ 😔

တကယ်တော့
နှယောက်တဘဝ ထူထောင်ထားတာ
အပူအအေးကို ထပ်တူ မျှဝေရမှာပေါ့

ကိုယ်ကတော့ အမြဲပြောတယ်
အိမ်မှာ ဘယ်ပစ္စည်း ဘယ်ထားတယ်ကစ
သားတွေ ဘာကြိုက်တတ်တာ အဆုံး
ပြောပြထားတယ်
ဗြုန်းစားကြီး ကိုယ်မရှိတော့ရင်
သူ အဆင်ပြေအောင်

သူရဲ့ အလုပ်တွေလည်း ကိုယ်သိထားတယ်
ဗြုန်းစားကြီး သူမရှိတော့ရင်
ကိုယ်ဆက်ကိုင်တွယ်လို့ရအောင်

လင်နဲ့ မယား ဆိုတာ
ဘက်စုံတော်ဖို့ ဆိုတာထက်
တယောက် ကွက်လပ် တယောက် ဖြည့်ပေးဖို့
တယောက် နဲ့ တယောက် အံဝင်ခွင်ကျ ဖြစ်ဖို့
ပိုအရေးကြီးတယ်လေ

ကျမ သားတွေ ကိုတော့
ကျမ သေချာဆုံးမပေးထားမှာ
ငါရှာတာ ငါ့အမျိုးပဲ ရသင့်တယ်တို့

သားတွေ မှာ တာဝန်ရှိတာ
သမီးတွေ မှာ ဘာတာဝန်မှ မရှိဘူးဆိုတာတွေ
မပြောဖို့ နဲ့

နှစ်ဖက်ဆွေမျိုးကို မျှမျှတတ ဆက်ဆံ ဖို့
ဇနီးရင်ထဲ လှံမစိုက်မိဖို့
အကုန်ဆုံးမ ပေးမှာ

ကိုယ်ဆုံးမ သမျှ လိုက်နာဖို့ လည်း
အခါခါ ဆုတောင်းပေးနေမှာ

ဗရမ်းဗတာ ဇနီး ရရင် ဘယ်လို လုပ်မလဲ
မမေးပါနဲ့

ကိုယ်သာကောင်းကောင်းနေလိုက်ရင်
တန်ရာကတော့ ရမှာပဲလေ

Crd Mimar

25/06/2024

ပုတီးတွေစိပ် ဘုရားစာတွေ ရွတ်ဖတ်နေပြီး စိတ်က တစ်ခြားရောက်နေတော့ ဘာကုသိုလ်မှ မရဘူးလို့တော့ မပြောကြပါနဲ့။

ပုတီးဘဲ စိပ်နိုင်လား စိပ်ပါ...

ပရိတ်တွေ ပဋ္ဌာန်းတွေရော ရွတ်နိုင်သေးလား ရွတ်ပါ..

တရားပါထိုင်နိုင်သေးလား ထိုင်လိုက်ပါဦး
အလွန်ကိုကောင်းပါတယ်။

တရားလေးလည်း နာပါဦး သီးသန့်မနာနိုင်ဘူးလား။

မျက်နှာသစ် သွားတိုက်ချိန် အစာစားချိန်
အိမ်အလုပ်လုပ်နေတဲ့အချိန် ဖုန်းလေးနဲ့ဖွင့်ထားပြီး နာကြည့်ပါ။

နောက်ဆို တရားသံလေးမှ မကြားရရင် မနေနိုင် ဖြစ်လာပါလိမ့်မယ်။

ဘာမှမလုပ်ဘဲနဲ့ နေတာထက်စာရင် ပါးစပ်က ဘုရား တရားသံထွက်နေတာ မကောင်းဘူးလား။

သူများကို ဆဲနေတာမဟုတ်တဲ့အတွက် အလိုလို ကုသိုလ်ရနေတာပါ။

စိတ်ကတော့ လွင့်နေမှာဘဲ မလွင့်အောင် တစ်ဖြေးဖြေးကျင့်ယူပါ။

ဘုရားစာတွေ ဗရွတ် ဗရွတ် ရွတ်လို့ ထီပေါက်လား ဆိုတော့ မပေါက်ပါဘူးမြတ်စွာဘုရားဟာလည်း တန်ခိုးရှင်မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာရလဲ ဆိုတော့ စိတ်စွမ်းအင် မြင့်တက်လာတာပါကောင်းမှုကိုပြုလုပ်နေတယ်ဆိုတဲ့စိတ်ကြောင့်
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး ဘဝမှာနေပျော်လာပါတယ်။

မကောင်းတာလုပ်ဖို့ တွန့်ဆုတ်လာလို့ ကုသိုလ် အလိုလိုရလာတယ်။

ဘာလေးလုပ်လုပ် အောင်မြင်လာတဲ့အခါ ငါ့ရဲ့ ကောင်းမှုကြောင့်ဆိုတဲ့ ပီတိရလာသလို မအောင်မြင်သေးရင်လည်း စိတ်မှာ ဖြေသိမ့်လာနိုင်ပြီး ရောင့်ရဲလာတဲ့စိတ်ကြောင့် ဘဝဟာ နေပျော်လာမှာပါ။

အတိတ်ရဲ့ကံကြွေးကို နားလည်နိုင်ပြီး ဘဝရဲ့အေးချမ်းမှုကိုရပါတယ်။

ဘဝရဲ့အေးချမ်းမှုဟာ ဥစ္စာပစ္စည်းထက် တန်ဖိုးရှိပါတယ်။

ဘဝရဲ့အေးချမ်းမှုကိုရဖို့ ကောင်းမှုမှန်သမျှ လုပ်တဲ့နေရာမှာ လူတန်းစားအမျိုးမျိုး ဖြတ်သန်းရတဲ့ဘဝအဖုံဖုံကြောင့် ပြုလုပ်ပုံ ပြုလုပ်နည်းပူဇော်ပုံ ပူဇော်နည်းတွေ ကွာတဲ့အခါ ကွာနေမယ်။

အသိတွေ ကွာတန်သလောက် ကွာနေမယ်။

ဒါပေမဲ့ ဦးတည်ချက်က အကုသိုလ်မလုပ်ဖြစ်တော့ဘဲ ကုသိုလ်ရနေဖို့ပါပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original...

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon