SkinDiary
(Beauty & Healthy)
28/01/2021
Cleansing Step 👱♀️👱♀️
ဒီတခါမှာတော့မျက်နှာအသားအရေထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးအချက်ဖြစ်တဲ့ Cleansing step လေးကို ပြောပြပေးသွားပါမယ်နော် 🥰🥰
Cleansing Step လေးဟာ ဘယ်လောက်ထိ အရေးပါသလဲဆိုရင် ဘယ်လောက်ပဲ skincare တွေ ဘယ်လိုပဲသုံးသုံး သင့်ရဲ့မျက်နှာကို သေချာသန့်စင်ထားခြင်း မရှိဘူးဆို ဘယ်တော့မှ ကောင်းမွန်လာတဲ့ Skin ကို ပိုင်ဆိုင်လာနိုင်မှာမဟုတ်တဲ့ အတွက် အရေးကြီးဆုံးအဆင့်လို့ သတ်မှတ်ရပါမယ် 👍👍 သေချာလေးမလုပ်ရင်လည်း အမဲစက်/ဝက်ခြံ/အဆီဖု စသဖြင့်မျက်နှာပေါ်မှာ Breakouts အများကြီးဖြစ်လာနိုင်တဲ့အတွက် သေချာလေး လုပ်ကြည့်စေချင်ပါတယ် 💁♀️💁♀️
သာမန်အားဖြင့်တော့ မျက်နှာသန့်စင်တယ်ဆိုတာနဲ့ မျက်နှာသစ်ဆပ်ပြာနဲ့သုံးတာလောက်ပဲ လုပ်ကြပါတယ်.. တခါတလေ အဲ့လိုမျိုးတောင် လုပ်ဖို့ ပျင်းနေကြသူတွေ အများကြီးပါ 😅😅 ဒါမျိုးတော့လုံးဝမလုပ်မိဖို့ အကြံပေးပါရစေရှင်😘😘
Skincare သေချာအသုံးပြုသူ/အသားအရေ ကောင်းမွန်အောင် Care နေတဲ့သူတွေအတွက်က Double Cleansing ✌✌ လောက် လုပ်ပေးသင့်ပါတယ်နော်😍😍
(1)Remover အသုံးပြုခြင်း
(2)Facial Foam/Mousse အသုံးပြုခြင်း တွေပဲဖြစ်ပါတယ် ✌✌
Step 1 >>Remover အသုံးပြုခြင်း ❤❤
ခုနောက်ပိုင်းမှာတော့ မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်/သနပ်ခါး/Skincare တွေကို သန့်စင်ပေးတဲ့အခါမှာ Remover Step လေးက အရေးကြီးလာပါတယ်🥰
Cleansing Oil/Micellar Water/Remover Wipes..
စသဖြင့် အမျိုးအစားအမျိုးမျိုးရှိလို့ ကိုယ့်အသားအရေနဲ့ သင့်တော်သလို အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်💁♀️
Cleansing Oil ကတော့ မိမိလက်ပေါ်လေးမှာOil နဲ့အတူ ရေအနည်းငယ်ထည့်ပြီးမှ မျက်နှာပေါ်မှာအနှံ့သေချာ သန့်စင်သွားအောင် ပြုလုပ်ပြီး tissue/cotton pad လေးနဲ့ဖြစ်ဖြစ် ဖယ်ရှားပြီး ရေနဲ့သန့်စင်ပေးရပါတယ် ...
Micellar Water ကတော့ cotton pad ကိုအသုံးပြုပြီး သန့်စင်ပေးရတာပါ ...cotton pad ၂ခု ၃ခု cotton pad လေးထဲ အရောင်တွေမစွန်းထင်လောက်တဲ့အထိ ပြောင်းသုံးပေးရပါတယ် ✌✌မျက်နှာလေးလုပ်ရင် အဆုံးသတ်မှာ လည်ပင်းလေးကိုပါလုပ်ပေးပါနော်🥰🥰
တချို့ကြတော့ Micellar water သုံးပြီးရေမဆေးချပေမယ့် မင်မင်ကတော့ ရေဆေးချမှ နေသာထိုင်သာရှိတတ်ပါတယ် 😅😅 Remover Wipesကိုကတော့ မင်မင်က ခရီးသွားရတဲ့အခါမျိုးတွေ/နည်းနည်းအပျင်းထူမိတဲ့အခါမှာအသုံးပြုဖြစ်တာများပါတယ် ❤❤
Step 2>> Facial Foam/Mousse အသုံးပြုခြင်း💁♀️
ဒီအဆင့်ကတော့ ထွေထွေထူးထူး ပြောပြစရာမလိုဘဲ ပထမ👆👆မှာပြထားတဲ့အချက် ပြီးသွားပြီဆို မိမိအသုံးပြုနေကျ မျက်နှာသစ်ဆပ်ပြာ (Foam/Soap/Mousse )ကိုအသုံးပြုပြီး သန့်စင်ပေးရပါမယ် 🥰🥰
☆☆Cleansing Step လေးကိုပိုပြီးပြည့်စုံသွားအောင် မင်မင်ကတော့ Toner လေးသုံးပြီး အဆုံးသတ်လေ့ ရှိပါတယ်☆☆ပိုပြီး Deep Cleansing ဖြစ်သွားမယ် ချွေးပေါက်လေးတွေလဲကျဉ်းသွားမယ်☆☆
♡♡တချို့Facial Cleansing အတွက်အသုံးပြုရတဲ့
Facial Cleansing Brushes လေးတွေ Tools လေးတွေလဲရှိလို့ အသုံးပြုလို့လည်းရပါတယ်လို့ ♡♡
👆👆မှာပြောပြထားတာတွေက သိရှိသလောက်လေးကို Sharing လေးလုပ်ပေးတာမို့ လိုအပ်တာလေးတွေရှိရင် နားလည်ပေးကြပါနော် 🥰🥰
ရှေ့လျောက်မှာလဲ သိသလောက်လေးတွေ ဝေမျှပေးချင်တာမို့ Page လေးကို Like & Share လေးလုပ်ပေးထားကြပါနော် 🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Shane Kone Street
Yangon