Target' Boost Service
လုပ်ငန်းတစ်ခုဟာ ကြော်ငြာမှုရှိမှ ဖောက်သယ်တွေတိုးတာမို့ ကြော်ငြာလိုက်ပါ။
23/03/2022
Online Shop လုပ်နေတဲ့သူဆိုရင် သိထားရမယ့် အခုလိုကာလမှာလည်း လက်မလည်အောင် ရောင်းရစေမယ့် Boost လုပ်နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်😊
TBS က အမျိုးမျိုး လက်တွေ့ စမ်းသပ်ထားပြီး ချက်ချင်းထိရောက်မယ့် နည်းစနစ်လေးတစ်ခု တွေ့ရှိထားတာပါ❤
Service မအပ်ပဲနဲ့ ကိုယ်တိုင် Boost လုပ်နေတဲ့သူတွေလည်း အခုနောက်ပိုင်း Boost လုပ်ရတာ သိပ်အဆင်မပြေရင် ဒီနည်းစနစ်လေးကို အသုံးပြု ကြည့်လို့ရပါတယ် $လည်း ခပ်နည်နည်းပဲသုံးလို့ရပြီး ရိုးလည်းရိုးရှင်းလို့ပါ📌
မှတ်ချက်__ Boost လုပ်မယ့် Post ကိုတော့ ခေါင်းစဥ်စာသားလေး သေချာ ဆွဲဆောင်မှုရှိအောင်ရေးပြီး Photo လေးတွေကိုလည်း Design ကောင်းပြီး ကြည်တာလေးတွေ သုံးပါ ကိုယ်တိုင် Camera ကောင်းကောင်းနဲ့ ရိုက်ထားတာလေးတွေဆိုရင် ပိုကောင်းပါတယ်
အဲဒီလို Post ကိုပဲရွေးပြီး Boost တင်ပါ Video Post ကို Boost ရင် ပိုထိရောက်နိုင်ပါတယ်✅
အခုပြောမယ့် ဒီနည်းစနစ်လေးကတော့ တချို့လည်းသိကြပြီးဖြစ်တဲ့ Post တစ်ခုတည်းကို Engagement နဲ့ More Message နဲ့ အတူတူ Boost ၂ခု တွဲ Run တဲ့ နည်းလေးပါ ဒါပေမယ့် မတူတာတွေရှိပါလိမ့်မယ် အသေးစိပ်လေးက ပိုအရေးကြီးပါတယ် ✅
အသေးစိတ်ကို အောက်မှာ ဆက်ပြောပြပေးထားပါတယ်....
Dollar Budget အနေနဲ့ ကတော့ ဥပမာ 10 $ ၃ရက် သုံးမလား ? 5$ ၂ရက်သုံးမလား ? ကိုယ်ရောင်းတဲ့ Item အပေါ်မူတည်ပြီး 5$ နဲ့လည်း အဆင်ပြေနိုင်တယ်ဆိုပေမယ့် 10$ သုံးရင်တော့ ပိုပြီး Effective ဖြစ်တဲ့အတွက် 10 $ ၃ရက် ကိုပို အကြံပြုပါတယ်
ကိုယ်ရောင်းတဲ့ Item က စျေးကြီးရင်ကြီးသလိုတော့ ရောင်းရချင်သလောက် ဒီထက်ပို $ များများနဲ့ ရက်နည်းနည်းသုံးရတာမျိုးတွေတော့ ရှိနိုင်ပါတယ်
ဥပမာ 5$ သုံးမယ်ဆိုရင်..... Engagement Boost 2$ + More Message 3$ အခုလို ခွဲသုံးပါ 10$ သုံးမယ်ဆိုရင်..... Engagement Boost 4$ + More Message 6$ ဆိုပြီး ခွဲသုံးပါ
အခု နည်းစနစ်မှာက အတူတူ တချိန်တည်း Run ရမှာပါ Engagement ပြီးမှ More Message နဲ့ စ Run လို့မရပါဘူး Engagement အတွက် Review တင်ထားတဲ့ အချိန်မှာ More Message အတွက်ပါထပ်တင်ပါ Active ရင် Post တစ်ခုမှာ Boost ၂ခု တပြိုင်တည်း Run နေရမှာပါ
Engagement Boost အတွက် အဆင့်ဆင့်လေးတွေကတော့.....
1. Post အောက်က Boost Post ခလုပ်နှိပ်ပြီး သွားလည်းရပါတယ်
2. Goal မှာ Change ကိုဝင်ပြီး Get More Engagement ကို ရွေးပါ Save နဲ့ထွက်ပါ
3. Button မှာ Send Message ကိုရွေးပါ
4. Audience မှာ People you choose through targeting ကိုရွေးပါ အဲဒီမှာ ခဲတန်ပုံ Edit လေး ကိုနှိပ်ဝင်ပါ
5. Gender ရွေးပါ All/Men/Women မိမိ Item နဲ့ ကိုက်ညီမယ့်ဟာပဲထားပါ မဆိုင်တာတွေမထားပါနဲ့ အမျိုးသမီးပဲ သုံးတဲ့ပစ္စည်းမှာ All မထားပါနဲ့ ၊ အမျိုးသားနဲ့ ဆိုင်တာဆိုလည်း Men ပဲထားပါ
6. Age ချိန်ပါ လူလတ်ပိုင်းတွေပဲ စိတ်ဝင်စားမယ့် ပစ္စည်းကို 18 နှစ်တွေ လူကြီးပိုင်တွေရော လောဘကြီးပြီး မထည့်ပါနဲ့ အသက်အရွယ် Limit ခပ်ကျဥ်းကျဥ်းလေးပဲထည့်တာ ပိုကောင်းပါတယ် ဥပမာ 24 to 34 ၊
7. မြို့နယ်ရွေးထည့်ပါ မြို့နယ်ရွေးတဲ့နေရာမှာလည်း ကိုယ်က $ သုံးတာမှာလည်း အများကြီးသုံးတာမဟုတ်တဲ့အတွက်ကြောင့် မြို့တွေအများကြီးထည့်တာမျိုး တနိုင်ငံလုံးထည့်တာမျိုးမလုပ်သင့်ပါဘူး တစ်မြို့နှစ်မြို့ချင်းပဲသွားသင့်ပါတယ် အများဆုံး ၃ မြို့လောက်ထိပဲထည့်ပါ ရန်ကုန်ဆို ရန်ကုန် Only ပဲထည့်ရင် ပိုကောင်းပါတယ် km ကိုသာမြို့ကို ခြုံမိအောင်ထားပါ ဥပမာ Yangon +40km ၊ နောက် တခြား Post တွေ Boost တဲ့အခါကျမှ တခြားမြို့ ပြောင်း Boost ချင် Boost ပါ
8. Detail Targeting မှာ ကိုယ့် Items နဲ့ ဆိုင်တဲ့ Interest, Demographic , Behavior တွေ ရိုက်ရှာပြီးထည့်ပါ ဆယ်မျိုးလောက်ထိထည့်စဥ်းစားပြီးထည့်လို့ရပါတယ် အဲဒီထက်ပိုပြီးတော့ မထည့်ပါနဲ့ ငါးမျိုးလောက်ဆို လည်းရပါတယ် Interest 3 ခု Demographic တစ်ခု Behavior တစ်ခုစီလောက်တော့ အနည်းဆုံးရအောင် စဥ်းစားပြီးထည့်ပါ
ကိုယ့် Item ကို ဝယ်ဖို့ စိတ်ဝင်စားနိုင်ခြေရှိတဲ့ လူအမျိုးအစားတွေပါ ( Boost လုပ်နေကျလူ တော်တော်များများကတော့ သိပြီးသားပါ )
9. Save Audience နဲ့ ထွက်ပါ
10. Duration ထည့်ပါ 3 ရက်ဆို 3ရက် 2 ရက်ဆို 2ရက် ၊ + - Sign နဲ့ အတိုးအလျော့ လုပ်လိုက်ပါ
11. Total Budget ချိန်ပါ 2$ ဆို 2$ ၊ 4$ ဆို 4$ ၊
အဲဒီ အဆင့်ဆင့်တွေ ပြီးရင်တော့ Boost Post Now နှိပ်ပြီး Engagement အတွက် Boost Review တင်ထားလိုက်လို့ရပါပြီ
ပြီးရင် အဲဒီ Post ကိုပဲ More Message အတွက်ပါ Boost တခါတည်း တင်ရမှာပါ More Message အတွက် အဆင့်ဆင့်လေးတွေကတော့.....
1. Post အောက်က Boost Again ခလုပ်နှိပ်ပြီး သွားလည်းရပါတယ်
2. Goal မှာ Change ကိုဝင်ပြီး Get More Message ကို ရွေးပါ Save နဲ့ထွက်ပါ
3 ကနေ 7 အထိက အရင် Engagement အတွက် Boost ဖို့ Setting လုပ်တုန်းကနဲ့ အတူတူပါပဲ အားလုံးတူအောင်ထားရမှာဖြစ်ပါတယ်
8.. Detail Targeting မှာ ဒီမှာကျတော့ ဘာ Interest ,Demographic ,Behavior မှာမထည့်ပဲထားရပါမယ် Auto ဝင်နေတာတွေရှိရင်လည်း ဖြုတ်ပါ ရှင်းပစ်ပါ ဘာမှ မထည့်ရသေးတဲ့အတိုင်း Blank ထားရမှာပါ
9 နဲ့ 10 ကလည်း Engagement အတွက် Boost ဖို့ Setting လုပ်တုန်းကနဲ့ အတူတူပါပဲ
11. Total Budget ချိန်ပါ 3$ ဆို 3$ ၊ 6$ ဆို 6$
ပြီးရင်တော့ Boost Post Now နှိပ်ပြီး More Message အတွက် Boost Review တင်ထားလိုက်လို့ရပါပြီ
အဲဒီ Post မှာ Boost ၂ ခုလုံး Active ဖြစ်ပြီဆိုရင်တော့ ...
ဒါ TBS ကပြန် မျှဝေပေးချင်တဲ့ Online Shop လုပ်တဲ့သူတွေအတွက် လတ်တလောချက်ချင်း ထိရောက်စေမယ့် Boost လုပ်နည်းလေး နဲ့ Boost နေတာ ဖြစ်သွားပါပြီ
ကိုယ့် Page အတွက် ကိုယ်တိုင် Boost လုပ်နေတဲ့သူတွေလည်း ဒီ နည်းစနစ်လေးသုံးပြီး Boost တင်ကြည့်လို့ရအောင်လို့ပါ😊
မှတ်ချက်။ ။Boost ၂ မျိုး တပြိုင်တည်း ပြုလုပ်ခြင်းကို Ad Account တစ်ခုတည်းဖြင့်သာ ပြုလုပ်ရပါမည် ။
ဒါမှမဟုတ် ကိုယ်တိုင်ပြုလုပ်ဖို့အခက်ခဲတစ်ခုခုရှိလို့ဖြစ်ဖြစ် ကိုယ်တိုင်ပြုလုပ်လေ့မရှိတဲ့သူဖြစ်ဖြစ် ဆိုရင်လည်း.....
TBS ကို Boost Service အပ်လို့ရပါတယ်နော်❤
အခုလို ထိရောက်မယ့် နည်းစနစ်လေးတွေသုံးပြီး ဒီကာလအတွက် Boost လုပ်တာကို စိတ်တိုင်းကျဖြစ်အောင်လည်း ဆွေးနွေးတိုင်ပင်ပေးပြီး သေချာလေး Boost ပြုလုပ်ပေးတာမို့ အခုပဲ TBS ကို ဆက်သွယ်လိုက်လို့ရပါတယ်✅
20/12/2021
Post Boost ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့တော့ လုပ်ကြပေမယ့်
အရောင်းအတွက် အမှန်တကယ်ရောင်းအားတက်ဖို့ဆိုရင် < အပိုင်း ၃ >
အရောင်းကြော်ငြာကောင်းတစ်ခု ဖြစ်ဖို့ ထည့်စဥ်းစားသင့်တဲ့အချက်တချို့ကို ပြောပြပေးလိုက်ပါတယ်
ရှေ့အပိုင်း ပြန်သွားဖတ်ချင်သူများအတွက် Link ပါ 👉 https://www.facebook.com/targetpostboostservicemyanmar/posts/260413359413233
ဒီတစ်ခါ ပြောမှာကတော့ ကိုယ့် Product ရောင်းအားကောင်းဖို့အတွက် အရေးကြီးဆုံးလို့လည်းပြောလို့ရတဲ့ ကြော်ငြာရဲ့ နိဂုံးပိုင်း အဆုံးသတ် နှစ်ကြောင်းသုံးကြောင်းပါ
ကိုယ့် Post တွေရဲ့ အဆုံးသတ်ဖြစ်တဲ့ နိဂုံးပိုင်းကိုရော ဘယ်လိုတွေ ရေးလေ့ရှိသလဲ❓ အရောင်း Post တစ်ခုမှာ ပါသင့်တဲ့ အကြောင်းအရာလေးတွေနဲ့ ရေးသင့်တဲ့ ပုံစံလေးတွေ ထည့်စဥ်းစားထားတာရော ဟုတ်ရဲ့လား❓
ဘယ်လို အကြောင်းအရာ ဘယ်လိုပုံစံလေးတွေ ရေးသင့်သလဲ❓ ပြန်မစဥ်းစားတော့ပဲ အလွယ်ရေးပြီးတင်လိုက်တာလား❓ သို့မဟုတ် ဘာမှမရေးပဲ ဒီအတိုင်းပဲ တင်နေတတ်တာလား❓
ကိုယ်ရောင်းတဲ့ ပစ္စည်းဟာ လတ်တလော လူတွေကြားမှာ Hot ဖြစ်နေတဲ့ Item သို့မဟုတ် လူတွေလိုအပ်လွန်းလို့ မဖြစ်မနေ လိုက်ရှာဝယ်နေရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူးဆိုရင်
Post ရဲ့ အဆုံးသတ်ပိုင်းကိုလည်း ထိရောက်မယ့် အရာလေးတွေနဲ့ သေချာယှဥ်ထိုး စဥ်းစားပြီး ရေးသင့်ပါတယ်
ဘယ်လို အရာလေးတွေလဲ❓ ဆိုရင် ကိုယ့်ရော ကိုယ့်အတွက် တစ်ခုခုလိုချင် နေတဲ့အခါ ဒါမှမဟုတ် တခြားသူကို ဝယ်ပေးချင်နေတဲ့အခါ ကြော်ငြာရဲ့ ဘယ်လိုအဆုံးသတ်ပိုင်းလေးတွေက စိတ်ထဲပိုကျန်ခဲ့ပြီး ဝယ်ဖို့ အမြန်ဆုံးဖြတ်ဖြစ်စေခဲ့ သလဲ ❓ဘယ်လိုစာသားလေးတွေက တွန်းအားဖြစ်စေသလဲ သတိထားကြည့်ကြည့်ပါ
ပိုမြင်အောင်ပြောရမယ်ဆိုရင် ...
" ဒီProductလေးက ရောင်းအားသွက်ပြီး In stock အမြန်ပြတ်တတ်လို့ ရတုန်းမြန်မြန် မှာထားနော် အခုပဲဆက်သွယ်လိုက်တာက မြန်မြန်လက်ထဲရောက်ဖို့ ပိုသေချာစေပါမယ် " ဆိုတာမျိုးလေးတွေ ထည့်ရေးလိုက်လို့ရသလို ...
"ပစ္စည်းအရည်အသွေးအတွက်တော့ အာမခံတယ် လက်ထဲရောက်မှ မကြိုက်ရင် ချက်ချင်းပြန်လဲပေးပါတယ် ၊ မတော်ရင် နောက်တထည်နဲ့ လဲပေးပြီး အဲဒီအတွက် Deli Free ပို့ပေးတယ် " ဆိုသလိုမျိုး လေးတွေ ထည့်ရေးလို့လဲရပါတယ် ✔️
"မတန်ရင် ၂ဆ ပြန်ရော်ပေးပါမယ် " ဆိုရင်ရော ကိုယ့်ဘက်ကသာ အမှန်အကန်ဆိုရင် ထည့်ရေးလို့ရတာလေးတွေ စဥ်းစားမိအောင်ပါ စဥ်းစားရင်း စဥ်းစားရင်းနဲ့ အများကြီး ရှိအုံးမှာပါ ဆက်တွေးဖို့ ပြောတာပါ ...
နောက်တခုက ဖြစ်နိုင်ရင် အဆုံးသတ်မှာ Offer လေး တစ်ခုခုပါရင်လည်း Message တွေပိုဝင်ပြီး ပိုအရောင်းသွက်စေပါမယ် ဥပမာ" ပထမဦးဆုံး လာသူ 50 ကို ဘယ်လောက် Discount နဲ့ ပေးမယ်ဆိုတာမျိုး ၊ငါးဗူးဝယ်ရင် တစ်ဗူးလက်ဆောင် သို့မဟုတ် 3ဗူးဝယ်ရုံနဲ့ Free Delivery " စသဖြင့်ပေါ့ ကိုယ်အဆင်ပြေသလို ပေးနိုင်မယ့် Offer လေးတွေပါ ပါတယ် ဆိုရင်လည်း ကောင်းပါတယ်
ရှေ့ကပြောခဲ့ဖူးသလိုပဲ Boost ပြုလုပ်မယ့် Post တခုအနေနဲ့ဆိုရင် ခေါင်းစဥ်ပိုင်းနဲ့ အဆုံးသတ်ပိုင်း/နိဂုံးပိုင်းဟာ တော်တော်အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် ✔️
ကိုယ့်ငွေတွေသုံးပြီး Boost တွေ လုပ်တဲ့အခါ ကြော်ငြာစာသားအတွက် အဲဒီလို စ /လယ် /ဆုံး စဥ်းစားသင့်တာ လေးတွေ ထည့်စဥ်းစားရင် ရောင်းရဖို့အခွင့်အလမ်းတွေ ပိုကောင်းနိုင်ပါတယ်✅
နောက်ထပ်အနေနဲ့လည်း ဒီ Post မှာလို Post မှာတွဲပါအုံးမယ့် Image /Video တွေရဲ့ အရေးကြီးတဲ့ အပိုင်းလေးတွေလည်း ထည့်စဥ်းစားရဖို့ ရှိပါသေးတယ်
< အပိုင်း ၄ >ဆက်ရန်....
ဒီ Page လေးမှာ Boost ပြုလုပ်ခြင်း ၊ Page / ကြော်ငြာအတွက်ပြင်ဆင်ခြင်း နဲ့ အရောင်းအတွက် နည်းလမ်းရွေးချယ်ခြင်း တွေနဲ့ဆိုင်တဲ့ ...
အခြေခံ ဗဟုသုတ နဲ့ အတွေးအမြင်လေးတွေကို ရှင်းလင်းမယ့်ပုံစံနဲ့ ရေးသားပြီးတော့ စိတ်ဝင်စားသူများအတွက် အမြဲမပြတ် တင်ပေးသွားမှာ ဖြစ်လို့...
🔺ကိုယ့်အတွက် လိုအပ်နေတယ်ဆိုတဲ့ သူဆိုရင် ဒီPage လေးကို Like & Favorites ပြုလုပ်ထားပြီး အားပေးနိုင်ပါတယ်နော် 😊
13/12/2021
Post Boost ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့တော့ လုပ်ကြပေမယ့် အရောင်းအတွက် အမှန်တကယ် ရောင်းအားတက်ဖို့ဆိုရင် < အပိုင်း ၁ >
အရောင်းကြော်ငြာကောင်းတစ်ခု ဖြစ်ဖို့ ထည့်စဥ်းစားသင့်တဲ့အချက်တချို့ကို ပြောပြပေးလိုက်ပါတယ်
ကိုယ့် Post ခေါင်းစဥ် (အပေါ် ဆုံး 2ကြောင်း 3ကြောင်း) က ဝယ်သူတွေကို ဆွဲဆောင်နိုင်အောင် ရေးထားတာ ဟုတ်သလား ❓
ဒါမှမဟုတ် အလွယ်ပဲရေးလိုက်တာလား ❓ သို့မဟုတ်
ဘာမှကိုမရေးပဲ အရာင်း Post အားလုံးကို ဒီတိုင်းတင်နေတတ်တာလား ❓
ကိုယ်ရောင်းတဲ့ ပစ္စည်းဟာ လတ်တလော လူတွေကြားမှာ Hot ဖြစ်နေတာ သို့မဟုတ် လူတွေလိုအပ်လွန်းလို့ လိုက်ရှာဝယ်နေရတဲ့ ပစ္စည်းမျိုး မဟုတ်ဘူး ဆိုရင် ...
ကိုယ့်အရောင်း Post ရဲ့ ခေါင်းစဉ် အထူးသဖြင့် Boost လုပ်မယ့် Post ရဲ့ ခေါင်းစဥ်ကို ဝယ်သူတွေကို ဆွဲဆောင်နိုင်အောင် သေချာရေးတင်တတ်တဲ့ အလေ့အထလေး ရှိဖို့ လိုအပ်ပါတယ် တနည်းအားဖြင့် See more နှိပ်ပြီး ဆက်ဖတ်ချင်အောင် ရေးတာပါ
ကိုယ်ဆိုရင်ရော ဘယ်လို နိဒါန်းပျိုးထားတဲ့ ကြော်ငြာ Post တွေဆိုရင် See More နှိပ်ပြီး ဆက်ဖတ်ဖြစ်ပါသလဲ ❓ အဲဒီအချိန်မှာ ကိုယ်က ဘာအတွက် လိုအပ်နေလို့လဲ ဆက်ဖတ်မိတာလဲ ❓ကိုယ်က ရောင်းရင်ရော ဘယ်သူတွေကို ပြန် Target ထားမှာလဲ❓ အမြဲသတိထားကြည့်ပါ အဲဒီအတွက် Idea လေးတွေ ပိုရလာပါလိမ့်မယ်
"ဘယ်လိုလူတွေအတွက် ၊ဘယ်လိုကိစ္စ ဘယ်လိုအခက်ခဲလေး အဆင်ပြေသွားချင်သူတွေအတွက် ၊ ဘယ်လောက်ထိ လှ /အသုံးဝင်/ကောင်းပြီး ဘယ်လောက်ထိတောင် အကျိုးရှိသွားစေမယ့် " စသဖြင့် တင့်စားပြီး နိဒါန်းကို ကျစ်ကျစ်လစ်လစ်လေး ရေးလို့ရပါတယ်
ကိုယ့်ငွေတွေသုံးပြီး Boost တွေ လုပ်တဲ့အခါ အဲဒီအချက်လေးတစ်ခုတော့ အနည်းဆုံး စဥ်းစားမှ ပိုရောင်းရဖို့ သေချာပါလိမ့်မယ် ✅
< အပိုင်း ၂ >ဆက်ရန်....
အပိုင်း ၂ Link ပါ 👉 https://www.facebook.com/targetpostboostservicemyanmar/posts/260413359413233
အခုချိန်ကစပြီး ဒီ Page လေးမှာ Boost ပြုလုပ်ခြင်း ၊ Page / ကြော်ငြာအတွက်ပြင်ဆင်ခြင်း နဲ့ အရောင်းအတွက် နည်းလမ်းရွေးချယ်ခြင်း တွေနဲ့ဆိုင်တဲ့ ...
အခြေခံ ဗဟုသုတ နဲ့ အတွေးအမြင်လေးတွေကို ရှင်းလင်းမယ့်ပုံစံနဲ့ ရေးသားပြီးတော့ စိတ်ဝင်စားသူများအတွက် အမြဲမပြတ် တင်ပေးသွားတော့မှာ ဖြစ်လို့...
🔺ကိုယ့်အတွက် လိုအပ်နေတယ်ဆိုတဲ့ သူဆိုရင် ဒီPage လေးကို Like & Favorites ပြုလုပ်ထားပြီး အားပေးနိုင်ပါတယ်နော် 😊
07/12/2021
Page အသစ်ထောင်ထားသူတွေ ဖြစ်ဖြစ်
Boost ပြုလုပ်လိုသူတွေပဲ ဖြစ်ဖြစ်
Boost Service ပေးသူတွေပဲ ဖြစ်ဖြစ်
Boosting နဲ့ ပတ်သက်သမျှ မသိတာမေးလိုသူတွေပဲဖြစ်ဖြစ်
အားလုံး အဆင်ပြေလွယ်ကူစေရန် Facebook Group လေးတစ်ခု Create ထားပါတယ် 🥰
https://www.facebook.com/groups/319724290153755
မည်သူမဆို Join ထားနိုင်ပြီး လွတ်လပ်စွာ Post တင်နိုင်ပါတယ် 😊
06/12/2021
Page Admin တစ်ယောက်အတွက် 🚀Boost ပြုလုပ်လိုတဲ့ page တွေ /Post တွေကို ကိုယ်တိုင် Boost ဖို့ အခက်ခဲဖြစ်နေတဲ့ အချိန်လား ❓
ဒါမှမဟုတ် Page တစ်ခုအတွက် ရေရှည်လက်တွဲသွားလို့ ကောင်းမယ့် 👍 Boost Service လေးနဲ့ ချိတ်ပြီး စိတ်တိုင်းကျ Boost ပြုလုပ်လိုတဲ့ Page Owner တစ်ယောက်လား ❓
🟢 လူကြီးမင်းတို့ရဲ့ Business Page အသစ်/အဟောင်း များ Like & Follow တက်ဖို့နဲ့ Post များ Like တိုးဖို့အတွက်ပဲဖြစ်ဖြစ်...
🟢 အရောင်း Post များ Engagement ကောင်းပြီး ရောင်းအားတက်ကာ ဖောက်သည်များများရအောင် Boost လုပ်ချင်လို့ပဲဖြစ်ဖြစ်...
🎯 ဒီ Target' Post Boost Service လေးနဲ့ ဆက်သွယ်လို့ရပါတယ်နော် Page တစ်ခုအတွက် ရေရှည်မှာ ပိုကောင်းဖို့အတွက်ပဲ ဦးစားပေးပြီး Boost သွားပေးမှာပါ ❤️
🔵 တကယ်တော့ ဖောက်သည်တွေတိုးပြီး နောက်ပိုင်း Boost မလုပ်ရင်တောင် ထပ်ထပ်ရောင်းရနေဖို့ လိုတယ် ဆိုတော့ Admins တို့နဲ့ ဆွေးနွေးလိုလျှင်လည်း သေချာ ဆွေးနွေးပေးပါတယ် 😍
🔵 လုပ်ငန်းတစ်ခုဟာ...
ကြော်ငြာမှုရှိမှသာ ဖောက်သည်အသစ်တွေတိုးပြီး ရှေရှည်ရပ်တည်လို့ရတာပါ အဲဒါကြောင့် Boost Service အပ်လိုက်ပါ 😍
📣Page Promote လုပ်လိုပါသလား ? 🚀 Post Boost လုပ်လိုပါသလား ?
5$ ဖိုးကနေစတင်ပြီး ပြုလုပ်ပေးပါတယ် စျေးလည်း အရမ်းမများစေရပါဘူးနော် ❤️
👉 ယုံကြည်စိတ်ချစွာပဲ Boost Service အပ်နှံနိုင်ပါတယ်😊
အားလုံးစိတ်တိုင်းကျဖြစ်စေရပါမယ် လက်တွဲကြည့်လိုက်ပါ 🤝
Click here to claim your Sponsored Listing.
Category
Telephone
Address
Bahao Road, Mayangone
Yangon
11062