Atee Score

Atee Score

Share

Good for nothing food critic. Don't like honest review? Don't watch my posts.

Photos from Atee Score's post 23/08/2021

ကျော်ကြီးရဲ့ အာလူး​ကြော် Review

​ကျော်ကြီးကသူ့အကိုအတီး ခုမှ​နေပြန်​ကောင်းခါစ ပိန်သွားလို့ သူ့ထက်​ချောသွားမှာစိုးလို့တဲ့ သူ့ရဲ့အာလူး​ကြော် အရသာမျိုးစုံပို့လိုက်တယ်။ 🤣

ကိုယ်ကလည်းသိပ်​တော့မစားချင်ရှာဘူး၊ ​ရောက်လာတာနဲ့တန်းဆွဲတာ 😆

ညီအကို​တွေဆို​ပေမဲ့ Honest review ပဲ​ရေးမှာ ဘာမှလာမရှင်းပြနဲ့

ပထမဆုံးစမြည်းကြည့်ဖြစ်တာ Cheese Potato Chips 🍟
Cheese ဆို​တော့အငန်ဘက်သွားမယ်ထင်တာ၊ ထင်သ​လို အငန်မဟုတ်ဘူး။ Cheese Powder အချို​လေးနည်းနည်းနဲ့အာလူး​ကြော်အရသာ​လေးနဲ့ကွက်တိ။ ဆနွင်းမှုန့်နံ့​လေး​တော့နည်းနည်း​လေးရတယ်၊ အဲဒါ​တော့သိပ်သ​ဘောမ​တွေ့။

ဒုတိယတစ်ခုမြည်းဖြစ်တာ Corn Potato Chips 🍟
ဗူးဖွင့်လိုက်တည်းက Corn အနံ့လေး​မွှေး​နေတာ Corn အရသာချိုချို​လေးနဲ့ရှယ်ပဲ၊ အရသာ ၆မျိုးလုံးထဲမှာကိုယ်အကြိုက်ဆုံးတခုပဲ။

တတိယတစ်ခုမြည်းဖြစ်တာက Spicy Potato Chips 🍟
Spicy ဆိုတဲ့အတိုင်း စပ်စပ်​လေး အရသာ​က​တော့နည်းနည်း​လေးတဲ့ဘက်သွားတယ်။ ကိုယ်ကအငန်သိပ်မကြိုက်​ပေမဲ့ Spicy Potato chips အ​နေနဲ့ အဲ​လောက်​လေးမှစား​ကောင်းမှာဆို​တော့ Acceptable ပါ။

​နောက်တစ်ခုမြည်းဖြစ်တာက Tom Yum Potato Chips 🍟
ကိုယ်က Tom Yum အစတည်းကကြိုက်လို့လားမသိဘူး၊ ချဥ်ချဥ်စပ်စပ်​လေးနဲ့ အ​တော်သ​ဘောကျတယ်။ Tom Yum powder ​ရွေးတာ​တော်တယ်​ပြောရမယ် ကိုယ့်ဒုတိယအကြိုက်ဆုံးပဲ။

​နောက်တခုက Spicy seaweed Potato sticks 🍟
Seaweed ရဲ့အငန်အရသာ​​လေးကိုအစပ်ပါ​တော့ ပိုပြည့်စုံသွားတာ​​ပေါ့၊ အားနည်းချက်ဆိုရင်​တော့ Seaweed အဖတ်​လေး​တွေနည်းနည်း နည်းတယ်။

​နောက်ဆုံးတခုက Original Potato sticks 🍟
Original ဆိုတဲ့အတိုင်း အာလူး​ကြော်အရသာ​ပေါ့ဗျာ၊ ဒါ​ပေမဲ့ အရသာ​ပေါ့​ပေါ့​လေးနဲ့ ကိုယ့်လိုအငန်မကြိုက်တဲ့လူအတွက် အဆင်​ပြေတယ်။
တခုပဲ ဒီထက်ပိုပြီးပါး​အောင်လုပ်နိုင်ရင်ပိုကြွပ်ပြီးပိုစား​ကောင်းမယ်ထင်တယ်။

​နောက်ဆုံးအ​နေကနဲ့ပြောချင်တာက Packaging
အာလူး​ကြော်စားလို့ကုန်သွားရင်​တောင် ဗူးကို​သေချာ​ဆေးပြီး တခြား Snacks ​တွေဘာ​တွေပြန်ထည့်လို့ရတယ်၊ မီးဖို​ချောင်မှာဆားဘာညာထည့်လည်းရတယ် အဆင်​ကို​ပြေလို့။

13/01/2021

***မြန်မာကား vs အိန္ဒိယကား ရန်ဖြစ်နည်း ကွာခြားပုံ***

Cast - Lwin Min Thant(Lwin Gyi) x Ho Shu Rong

Website