Days With Sar Lone

Days With Sar Lone

Share

spend your "EVERYDAY" with "Sar Lone"

20/01/2026

“ချစ်ခင်မှုဟာလည်း မလိုသူအတွက် ဝန်ပိုပါပဲ”

This is the collaboration of Emily and the writer Noshi’s pieces.

Stay tuned for more.

Photos from Days With Sar Lone's post 26/01/2025

𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 (Day 1)

𝐒𝐚𝐫 𝐋𝐨𝐧𝐞 နဲ့ The Willowတို့ ပူးပေါင်းကျင်းပတဲ့ 𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 ပွဲလေးရဲ့ (Day 1) အမှတ်တရပုံလေးတွေကို မျှဝေလိုက်ရပါတယ်…💕

Day 1 နေ့လေးမှာ တက်ရောက်ပေးကြတဲ့ လူငယ်လေးတွေဟာ Sar Lone Founder Ma Emily နဲ့ The Willow မှ Ko Henry တို့ရဲ့ Training တွေကို စိတ်ဝင်တစား နားထောင်ရင်း

ကိုယ်ပိုင်ပရောဂျက်တွေ လုပ်နိုင်တဲ့အထိ တိုင်ပင်ဆွေးနွေးကာ လုပ်ဆောင်ခဲ့ကြပါတယ်။
Training ပြီးတဲ့အခါ ပေးအပ်မယ့် Prize တွေအတွက်လည်း သေချာလေးကြိုးစားခဲ့ကြပါတယ်။

𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 လေးကို အားတက်သရော တက်ရောက်ပေးကြတဲ့ လူငယ်လေးတွေ တစ်ဦးချင်းစီအတွက် ကျေနပ်မိသလို ဒီလူငယ်လေးတိုင်းဟာ Training Days တွေ ပြီးဆုံးတာနဲ့ Sar Lone နဲ့ The Willow မှာ သတ်မှတ်လစာတစ်ခုနဲ့အတူ Internship ဆင်းခွင့်ရရှိဦးမှာပဲ ဖြစ်ပါတယ်…🤗

အခုလို ပွဲလေးဖြစ်မြောက်အောင် Venue စီစဉ်ပေးတဲ့ 3ZERO House Myanmar ကိုလည်း ကျေးဇူးတင်ရှိပါတယ်ရှင်။

မနက်ဖြန် 𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 (Day 2) မှာ ပြန်ဆုံကြမယ်နော်…🥰🫶🏻

#360°HolisticJobTrainingforYouth

25/01/2025

ကိုယ့်ရဲ့ Professional Development ကို Professional တွေရဲ့ လမ်းညွှန်ပြသမှုတွေနဲ့အတူ Skills မြှင့်လိုကြတဲ့ လူငယ်တိုင်းအတွက် 𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 (Internship Opportunities Included)

လုပ်ငန်းခွင်ကို ဝင်ရောက်နိုင်ဖို့ ကိုယ့်ရဲ့ Professional Development ပိုင်းကို အရှိန်အဟုန်မြင့် ပြင်ဆင်နေကြတဲ့ လူငယ်လေးတိုင်း တက်ရောက်နိုင်မယ့် အမိုက်စား Job Training တစ်ခုကို 𝐒𝐚𝐫 𝐋𝐨𝐧𝐞 မှ ယူဆောင်လာပြီပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပမယ့် 𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 ပွဲလေးမှာဆိုရင် လုပ်ငန်းခွင်ရောက်တဲ့အခါ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်ရည် အမြင့်ဆုံးဖြစ်နေဖို့ သိကို သိထားသင့်တဲ့

✅ Project Management and Planning
✅ Branding, Marketing, Sales
✅ Content Creation
✅ Understanding SDGs goals
✅ Understanding Business Models
✅ Teamwork Skill
✅ Professionalism စတဲ့ ကိုယ့်ရဲ့ Professional Development ကို ပိုမိုတိုးတက်စေပြီး Job တစ်ခုဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေစေမယ့် Skills & Knowledge Sharing Session တွေအပြင် Discussion Time / On Ground Activities တို့ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

ဒါ့အပြင် Training Days (၃) ရက်လုံး အပြည့်တက်ရောက်သူတိုင်းကို Certificate ပေးအပ်မယ့်အပြင် Learning Session နဲ့ Activities တွေမှာ Performance ကောင်းကောင်း ပြနိုင်မယ်ဆိုရင် Prize တွေလည်း စီစဉ်ထားသေးတာမို့ ပါဝင်ဆင်နွှဲဖို့ကိုသာ အသင့်ပြင်ထားလိုက်‌တော့နော်။

ဒါ့အပြင် ဒီ Job Training ကို တက်ရောက်တဲ့ လူငယ်လေးတိုင်းဟာ 𝐒𝐚𝐫 𝐋𝐨𝐧𝐞 ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် Project တွေမှာ Internship တန်းဆင်းရမှာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။

𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 ပွဲလေးဟာ

အခုလက်ရှိမှာ Digital Marketing / Art Products နဲ့ Collaboration Event ပိုင်းတွေကို ဆောင်ရွက်နေပြီး ကြိုးစားလိုစိတ်ရှိတဲ့ Creative Mind ကို ပိုင်ဆိုင်ထားကြတဲ့ လူငယ်တိုင်းကို Career လမ်းကြောင်းပေါ် ရောက်ရှိအောင် လုပ်ဆောင်ပေးနေတဲ့ Social Enterprise Business တစ်ခုဖြစ်တဲ့ 𝐒𝐚𝐫 𝐋𝐨𝐧𝐞 နဲ့အတူ

အသစ်အသစ်သော အရာတွေကို လေ့လာသင့်ယူလိုစိတ်ရှိပြီး စိတ်အားထက်သန်ကြတဲ့ လူငယ်တိုင်းအတွက် Quality Education ကို ဦးစားပေးပြီး အတွေ့အကြုံနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို ဖန်တီးပေးနေတဲ့ Organisation တစ်ခုဖြစ်တဲ့ 𝐓𝐡𝐞 𝐖𝐢𝐥𝐥𝐨𝐰 တို့ လက်တွဲပူးပေါင်းကာ ကျင်းပပေးမယ့် Job Training တစ်ခုပဲ ဖြစ်ပါတယ်။

Job Training ပိုင်းနဲ့ ပတ်သတ်ပြီး စိတ်ကြိုက် လက်တွေ့လေ့လာသင်ယူနိုင်အောင် Training Session အပြည့် Training Plan / Activities / Assessments များစွာကို ထည့်သွင်းပေးထားတာကြောင့် (၃) ရက်အပြည့် တက်ရောက်ချင်စိတ် ပြင်းထန်နေမှ လျှောက်ပေးဖို့ကို မေတ္တာရပ်ခံချင်ပါတယ်။ 𝐒𝐚𝐫 𝐋𝐨𝐧𝐞 နဲ့ 𝐓𝐡𝐞 𝐖𝐢𝐥𝐥𝐨𝐰 ဘက်မှ ရာခိုင်နှုန်းအပြည့် အိတ်သွန်ဖာမှောက် Train မှာမို့ Training ဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်မယ်၊ ရာခိုင်နှုန်းအပြည့် ပေးသမျှကို ယူသွားပစ်မယ်ဆိုတဲ့ စိတ်လေးလည်း တစ်ပါတည်းယူလာဖို့ အကြံပေးချင်ပါတယ်နော်…🤗

𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 ပွဲလေးကို တက်ရောက်ဖို့ Ready ပဲဆို အောက်က Form ကို ဖြည့်ပြီး စာရင်းပေးလို့ရပါပြီ။ ပွဲတက်ရောက်ဖို့ ရွေးချယ်ခံရသူများကို ပြန်လည်အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

📌 Form Link - https://docs.google.com/forms/d/1i0tW8OjCvznjCoZ7wzl7E7GIKpirGKrzx4ynBWs_v7Y/edit

📌 Important Notes:
Training Days (၃) ရက်လုံးအပြည့်တက်ရောက်မှ Certification ပေးအပ်ဖို့အတွက် ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။ နေ့လယ်စာကို ကိုယ်တိုင်ယူဆောင်လာပေးဖို့ လိုပါသည်။
📌 Materials to Bring:
Notebook and pen.
Laptop or device for online and project work.
A positive and collaborative attitude.

အားလုံးပဲ…𝟑𝟔𝟎° 𝐇𝐨𝐥𝐢𝐬𝐭𝐢𝐜 𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐟𝐨𝐫 𝐘𝐨𝐮𝐭𝐡 ပွဲလေးမှာ ဆုံတွေ့ကြမယ်နော်…🥰🫶

အသေးစိတ်နဲ့ သိလိုရာများအတွက် Days With Sar Lone ရဲ့ Page Messenger ကို ဆက်သွယ်နိုင်ပါတယ်။

#360°HolisticJobTrainingforYouth

Photos from Days With Sar Lone's post 20/01/2025

Sar Lone ရဲ့ January လအတွက် ပွဲလေးဖြစ်တဲ့ “𝐂𝐫𝐚𝐟𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐈𝐧 𝟐𝟎𝟐𝟓 𝐄𝐯𝐞𝐧𝐭” လေးရဲ့ ပျော်ရွှင်ဖွယ် အမှတ်တရ ပုံရိပ်လှလှလေးတွေကို မျှဝေလိုက်ရပါတယ်ရှင် …💚🫶🏻

ကိုယ့်ရဲ့ တစ်နှစ်တာ Dreams & Goals တွေကို လမ်းကြောင်းဖော်ပေးမယ့် 𝐕𝐢𝐬𝐢𝐨𝐧 𝐁𝐨𝐚𝐫𝐝 လေးကို Professional Psychologist တစ်ဦးဖြစ်တဲ့ “Ma Yindhu Myat Noe” ရဲ့ ဆွေးနွေးတိုင်ပင်မှုတွေနဲ့အတူ သေချာချမှတ်ခဲ့ပြီး Sar Lone ရဲ့ Founder Ma Emily ရဲ့ Art & Creativity အပိုင်း ကူညီမှုတွေနဲ့ပေါင်းစပ်ကာ အလှပဆုံး ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

တက်ရောက်ပေးတဲ့သူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိသလို ကိုယ်တိုင် ဖန်တီးထားတဲ့ 𝐕𝐢𝐬𝐢𝐨𝐧 𝐁𝐨𝐚𝐫𝐝 လေးအပေါ်က အရာတွေအားလုံး အပြည့်အဝ အကောင်အထည် ဖော်နိုင်ပါစေလို့ Sar Lone မှ ဆုတောင်းစကားပါးလိုက်ပါရစေရှင်…🥰

နောက်ထပ်လတွေမှာလည်း တမူထူးခြားပြီး လာရကျိုးနပ်စေမယ့် ပွဲလေးတွေကို အကောင်းဆုံး စီစဉ်ကျင်းပသွားဦးမှာမို့ Sar Lone ရဲ့ Page လေးကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

- နေ့ရက်တိုင်းမှာ စာလုံးနဲ့ပါ -

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon