ROSE LADEY

ROSE LADEY

Share

Best Service For You

14/04/2022

ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့် အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက်

အရွယ်အလိုက်ဆံပင်ဖြူနိုင်ခြေ
လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင်

အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပါတယ်။
အမေရိကန်လူမျိုးတွေလည်း အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။
အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။
ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။

ဆံပင်ဖြူတာကို ကာကွယ်နိုင်လား……
ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။

အာဟာရမပြည့်ဝတဲ့ စားသောက်မှုကြောင့် ဗီတာမင်ချို့တဲ့တာ
စိတ်ဖိစီးမှုများတာကြောင့်
Oxidative Stressတွေကြောင့်
ဆံပင်ဆိုးဆေးတွေကြောင့်
ဆံသားအတွက်သုံးတဲ့ပစ္စည်းတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့်
သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်
မျိုးဗီဇကြောင့်
ဆေးလိပ်သောက်တာကြောင့်
နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကြောင့် ဆံပင်တွေဖြူရတာပါ။
ဘယ်လိုကာကွယ်မလဲ……..
ဆံပင်မဖြူစေဖို့ဆိုရင်

ဗီတာမင်ချို့တဲ့မှုမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားမယ်
နေရောင်ထဲထွက်ရင် ဆံသားတွေကို ကာကွယ်မယ်
ဆေးလိပ်ဖြတ်မယ်
ဆံသားအတွက်သဘာဝပစ္စည်းတွေကို သုံးမယ်
ဆံပင်ဆေးခဏခဏဆိုးတာကိုရှောင်မယ်။
ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ……..
ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကတော့

အုန်းဆီ -ခေါင်းမလျှော်ခင်တစ်ရက်မှာ ဆံသားကို အုန်းဆီလိမ်းလို့ ဦးရေပြားကို နှိပ်နယ်ပေးပါ။နောက်တစ်နေ့မနက်မှာခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။

ချင်း (ဂျင်း) -နေ့တိုင်း ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားထဲမှာ ချင်း (ဂျင်း) အရွယ်တော်တစ်ပြားလောက်ထည့်စိမ်လို့ ပုံမှန်စားပေးပါ။ ချင်း (ဂျင်း) ကိုနုတ်နုတ်စဉ်းထားရင် ပိုအဆင်ပြေပါတယ်။

ဇီးဖြူသီး -နေ့တိုင်း ဇီးဖြူသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတစ်ခွက်စာလောက်သောက်ပေးပါ။ ဒါမှမဟုတ် အုန်းဆီလေးထဲမှာ ဇီးဖြူသီးထည့်စိမ်ထားတဲ့ ဆီကို ဦးရေပြားမှာ လိမ်းပြီးနှိပ်နယ်ပေးပါ။

နှမ်းနက်စေ့ – တစ်ပတ်ကို ၃ ကြိမ်လောက် နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ စားသုံးပေးတာက ဆံပင်ဖြူတာကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်နီ – ကြက်သွန်နီကို ကြိတ်ပြီးရလာတဲ့အရည်ကို ဆံသားမှာလိမ်းပေးပြီး ခဏလောက်ထားလို့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လော် ပုံမှန်လုပ်ပေးပါ။

မုန်လာဥနီဖျော်ရည် -နေ့တိုင်း မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်သုံးတာက ဆံပင်ဖြူတာကို သိသိသာသာသက်သာစေမှာပါ။

ပျဉ်းတော်သိမ်းရွက် – ပျဉ်းတော်သိမ်းရွက်ကို ဒိန်ချဉ်နဲ့ရောလို့ခေါင်းမလျှော်ခင်ပေါင်းတင်လိုက်ပါ။ တစ်ပတ်ကို ပုံမှန် ၃ ကြိမ်လောက်လုပ်ပေးရင် ဆံပင်ဖြူတာကို သိသိသာသာရပ်တန့်စေနိုင်မှာပါ။

ဒါတွေစားပါ
ဆံပင်ဖြူတာကို ရပ်တန့်နိုင်စေဖို့ ဒါတွေစားပေးလို့ရပါတယ်။

မုန်လာဥနီ
ဂေါ်ဖီထုပ်
ကန်စွန်းဥ
ကိုက်လန်
ပန်းဂေါ်ဖီစိမ်း
အယ်လ်မွန်စေ့
ဇီးဖြူသီး
ချင်း (ဂျင်း)
နှမ်းနက်စေ့
ပျားရည်
ငါး
သံလွင်ဆီ
လက်ဖက်စိမ်းရေနွေးကြမ်းတို့ကို စားသုံးပေးပါ။
ဆံပင်ဖြူတွေကြောင့် စိတ်ညစ်ခံမနေနဲ့တော့နော်။ အနှစ်သက်ဆုံးနည်းလမ်းတစ်ခုကိုရွေးပြီး ရပ်တန့်လိုက်ရအောင်လား………………….

28/03/2022

🛎The Body Shop -25% Off Sale

🌸Body Yogurt-200ml

🌸48hr ကြာအောင်အစိုဓာတ်ထိန်းပေးထားတဲ့ ရနံ့မွှေးမွှေးလေးနဲ့ Body Lotion.

🌸Price -28,500Ks

🌸Waiting time -2 or 3weeks

🌸cash on delivery (or) Kpay, UAB Pay တို့ဖြင့်လဲ ငွေပေးချေလို့ရပါတယ်ရှင့် (%အပိုဆောင်းပေးရန်မလိုပါ)

🌸မှာယူလိုပါက Page Messenger (or) Viber Ph-09261533956 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

🌸ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် 🚚delivery charges ရှိပါတယ်နော်

🌸(ဝယ်ယူအားပေးမူ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်❤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tharkayta
Yangon