BEST Purchasing AGENT - BPA
Mingalarpar! Our Company is the Purchasing Service for Government & Non Government Organization,Hos
28/10/2023
#သီတင်းကျွတ်လပြည့်နေ့🪔🪔🪔
သည်ထေရဝါဒသာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။
🙏မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရှိမယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကိုအကြောင်းပြု၍ မွေးကျေးဇူးဆပ်သည့်
အနေဖြင့်အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောတော်မူ၏။
🙏ထို့ကြောင့်အဘိဓမ္မာခုနစ်ကျမ်း ပေါ်ပေါက်လာခဲ့ရပေ၏။ပဌာန်းဒေသနာတော်ကို လူ့ပြည်၌
ဟောခဲ့ခြင်းမဟုတ် ။တာဝတိံသာ နတ်ပြည်၌ ဟောခဲ့ခြင်းဖြစ်၏။
🙏လူ့ပြည်၌အဘယ့်ကြောင့် ပေထက် အက္ခရာတင်နိူင်သနည်း ။ တာဝတိံသာနတ်ပြည်၌ ဟောတော် မူ ခဲ့သော အဘိဓမ္မာတရားများကို ပညာအရာတွင် ဧတဒဂ်ရသော ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား မေးလျောက်သဖြင့်
မြတ်ဘုရားက အကျဉ်းမျှပြန်ဟောပြ၏။ရှင်သာရိပုတ္တရာက နည်းတစ်ထောင် ခြံရံ၍ /နည်းလမ်းတစ်ထာင်အကျယ်ချဲ့၍ သ်ိတော်မူ၏။🙏🙏🙏
🙏ထို့ကြောင့်ဆင့်ကဲအာဂုံဆောင် လက်ဆင့်ကမ်းရာမှ ပေထက်အက္ခရာတင်နိူင်ခြင်းဖြစ်၏။ မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်နေ့မှသီတင်းကျွတ် လပြည့် နေ့ထိတာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာတရားဟောတော်မူ၏။
🙏ထိုကြောင့်အဘိဓမ္မာတရားတော် အဆုံးသတ်သည့် သီတင်းကျွတ် လပြည့်နေ့ကို ( အဘိဓမ္မာအခါတော်နေ့)
ဟုခေါ်ဆိုသမုတ်ခြင်းဖြစ်၏။
ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် ယမကပါဋိဟာရိယဥာဏ်ဖြင့်ရေအစုံမီးအစုံ တန်ခိုးတော်ကို ပြတော်မူ၏။ယမိုက်ပြာဋိဟာတန်ခိုးတော်ဟုခေါ်၏။
🙏လက်ဝဲနားတော်မှ ရေ /လက််ယာနားတော်မှမီး
လက်ဝဲမျက်လုံးတော်မှ မီး /လက်ယာမျက်လုံးတော်မှရေ စသည်အားဖြင့် ဒွါရတော်များမှ၎င်း ။ကိုယ်ခန္ဓာတော် အစိတ်အပိုင်းများမှ၎င်း ရေ မီး အစုံ တလှည့်စီ ထွက်ပေါ် ယိုစီးပြခြင်းယမိုက်ပြာဋိဟာတန်ခိုးတော်ဟုခေါ်ပါသည်။
ဤအရာများသည်မြတ်စွာဘုရားရှင် နင့်သာသက်ဆိုင်ပါသည်။ အခြားတန်ခိုးရှင်များနင့် မသက်ဆိုင်ပါ။ရှေးပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင်တို့၏ ပြုမြဲဓမ္မတာဖြစ်သောကြောင့်သာ ယမိုက်ပြဋိတန်ခိုးတော်ကို ပြခြင်းဖြစ်၏။ဂုဏ်သတင်းကျော်ဇောဖို့
လာ်လာဘ်ရဖို့တန်ခိုးပြခြငိးမဟုတ်ပါ။
🙏မြတ်စွာဘုရားသခင်သည် ယမိုက်ပြာဋိဟာတန်ခိုးတော် ပြပြီးနောက်လူ့ပြည်ရှိ အိန္ဒိယနိူင်ငံနေရာ သက်ဿနဂိုရ်ပြည် သို့နတ်မင်းဗြဟ္မာမင်းဖန်ဆင်းပေးသော ပတ္တမြားစောင်းတန်းမှ ကြွတော်မူ၏။လက်ယာဘက်ရွှေစောင်းတန်းမှဗြဟ္မာများက လိုက်ပါလာ၏။လက်ဝဲ ငွေ စောင်းတန်းမှ နတ်မင်းများကလိုက်ပါလာ၏။
🙏ပဉ္စသိက္ခနတ်သားက နတ်စောင်းကိုတီးလျက် / အချို့နတိသားများက နတ်ခရုသင်းကိုမူတ်လျက်/ဗြဟ္မာတစ်ဦးက ကနက္ကဒါန် ထီးဖြူတော်ကိုမိုးလျက်ဆင်းသက်လိုက်ပါလာကြ၏။
🙏ဤအချင်းအရာကို မြင်ရသောမြတ်စွာဘုရားရှင်၏ ထူးကဲသော အသရေတော်ကိုမြင်ရသော လူ/နတ်ဗြဟ္မာများသည်ဘုရားဆုပန်ကြကုန်၏။
🙏ထို့ကြောင့်သီတင်းကျွတ်လပြည့်နေ့ကိုဘုရားဆုပန်သောနေ့ ဟုလည်းခေါ်ကြ၏။
နောက်တမျိုးကတော့ -
သီ= ရဟနိး သံဃာတော်များသည် ပါတိမေက္သံသံ
ဝရသီလ = ဣန္ဒြိယသံဝရသီလ (ဣန္ဒြေခြောက်ပါးတို့ကိုစောင့်စည်းမူ)
အာဇီဝပါရိသုဒ္ဓိသီလ=(မသန့်ရှင်းသော အသက်မွေးမူကိုရှောင်ခြင်း)
ပစ္စယသန္နိဿိတသီလ ဆွမ်း ကျောင်း ဆေး သက်န်း ပစ္စည်းလေးပါးကို ဆင် ခြင် မှီဝဲခြင်း )
ဤ လေးပါးပေါင်းစု၍ စတုပါရိသုဒ္ဓိသီလဟုခေါ်၏။ အဆိုပါ သီလ လေးပါးအား မပေါက်ကြားအောင် မပျောက်ကြားအောင် ဝါတွင်းသုံလ၌ တစ်ရက်ချင်းအားဖြင့် ပန်းကုန်းသဖွယ် သကုန်းထိန်းသိမ်းရ၏။
တင်း =သံဃာတော်များအနေဖြင့် စောင့်ထိန်းရမည့် သီလလေးပါးအား / အာပတ် ခုနစ်ပါးအား တင်းရင်းရင်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရပေ၏သို့မှသာ ကထိန်ခင်းအပ်၏။
ကျွတ်=သံဃာတော်များအနေဖြင့် ဝါတွင်းသုံးလ
ပြည့်မှသာ အလိုရှိအပ်သော နေရာသို့ပဝါရဏာပြုပြီးမှသာ ကျွတ်ကျွတ်လွတ်လွတ်ကြွသွားခွငိ့ရှိ၏။ 🙏🙏🙏
( ဝါတွင်းကါလ၌ ညခြောက်နာရီမှ မနက်ခြောက်နာရီထိ ကျောင်းပြင်ပသို့ ထေကြီးဝါကြီးတံ ဝါပန်ပြီးမှကြွခွင့်ရှိ၏။ )
🙏မြတ်စွာဘုရားသည်ပင်လျှင် တာဝတိံသာနတ်ပြည်၌ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုပြီး မှသာ လူ့ပြည့်သို့ဆင်းသက်ကြွမြန်းတော်မူ၏။
ထိုနေ့ကိုပဝါရဏာပြုသောနေ့ ဟုလည်းခေါ်၏။မြတ်စွာဘုရား လူ့ပြည်သို့ဆင်းသက်ကြွမြန်းသည့်နေ့တွင် လူ့ပြည်လူသားများက ဆီးမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြ၏။
🙏ထိုနေ့တွင်မြတ်စွာဘုရားသခင်၏ လောကဝိဝရဏတန်ခိုးတော်ကြောင့် ငရဲပြည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အား စကြာဝဠာတစ်ခုလုံးအားတိုးလျိုပေါက် /ထုတ်ချင်းပေါက်မြင်ရ၏။လူ နတ်ဗြဟ္မာ ငရဲသား အားလုံးတို့သည်တစ်ဦး
ကို တစ်ဦး ထင်ထင်ရှားရှားမြင်ကြရ၏။
Credit to: Original uploader
တစ်ဆင့်ကူးယူပူဇော်ပါသည်🙏
18/08/2023
💐💜 မဂ်လာနံနက်ခင်းလေးပါ 💜💐
05/11/2022
💜☘ မဂ်လာနံနက်ခင်းလေးပါ ☘💜
ောင်းဝယ်ရေး #စားကောင်းဆန်ရောင်းဝယ်ရေး
22/08/2022
☘ မဂ်လာ နံနက်ခင်းလေးပါ ။☘
04/08/2022
🎀မဂ်လာ နံနက်ခင်းလေးပါ။🎀
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Shwedagon Pagoda
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |