May Lay

May Lay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Lay, Shopping & retail, Bahan, Yangon.

Photos from May Lay's post 13/05/2023

ကျွန်တော်တို့ကိုလည်း ခေါ်သွားပေးကျပါ

မခေါ်သွားနိုင်ခဲ့ရင်တောင် ကျွန်တော်တို့က သခင်တို့ကို အပြစ်မတင်ရက်တာမို့ ကျွန်တော်တို့ရဲ့ ကြိုးလေးတွေကို ဖြည်ထားပေးခြင်း၊လှောင်အိမ်တံခါးဖွင့်ထားပေးခြင်းတွေတော့ ပြုလုပ်ပေးခဲ့ကျဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်🙏

အကယ်၍ ကျွန်တော်တို့ ကွဲကွာခဲ့ရင်တောင် ဒီအန္တရာယ်ကြီးပြီးရင် ပြန်ဆုံကျမယ်နော်

ဒါကြောင့်မို့ သခင်တို့လည်း အန္တရာယ်ကင်းအောင်နေပါနော် ။ သခင်တို့အားလုံး အန္တရာယ်ကင်းဘေးရှင်းပါစေ။

Credit

13/06/2022

....စပါးလင် ​ရေ​နွေးကြမ်း....

စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြားအနည်းငယ်နဲ့သန့်စင်ထားသော စပါးလင် ၁ချောင်းပါးပါးလှီးထည့်ပြီး , အဖုံးခနလောက် အုပ်ထားလိုက်ရုံပါပဲ .. အနေတော် ခပ်နွေးနွေး အနေအထားဖြစ်ရင် သောက်နိုင်ပါပြီ .. အရသာလည်း ကောင်းပါတယ် ..
...

စပါးလင်၏ ကောင်းကျိုးဂုဏ်သတ္တိ

စပါးလင်ဟာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်စတာတွေကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ် .. အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို သေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာ အစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ် .. နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ..

စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ် .. ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို သေစေနိုင်စွမ်းရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ် ..

ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကိုက်၊ ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး အရည်ကိုသောက် ပေးနိုင်ပါတယ် .. ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ အခြားသော အဆစ်အမြစ် နာကျင်တာတွေကို စပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ် .. နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေးငယ်တွေကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ် ..

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေးတစ်ခုပါ .. ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ် .. ခြေ လက် အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုပါတယ် ..

12/06/2022

#လူတစ်ယောက်ကျန်းမာချင်ရင် -

- ဝမ်းနှုတ်ဆေးမစားဘဲ ဝမ်းမှန်သူ ဖြစ်ရပါမယ်။
- ဆီးရွှင်ရွှင် သန့်သန့်သွားနိုင်သူ ဖြစ်ရပါမယ်။
- အရည်အချင်းမီသော သွေးပိုင်ရှင် ဖြစ်ရပါမယ်။

ဒီလိုဖြစ်ဖို့က ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတဖို့ လိုပါတယ်။ ညီညွတ်မျှတရာမှာလည်း သန့်သန့်စင်စင်လေးဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့် -
- လေ သန့်ရမယ်။
- သွေး သန့်ရမယ်။
- ဆီး သန့်ရမယ်။
- ဝမ်း သန့်ရမယ်။

#လေသန့်အောင်စွမ်းဆောင်မယ်။
- ကရမက်ရည်ကျဲကျဲလေး လိမ်းအိပ်ပါ။
- ညှော်နံ့တွေ ရှောင်ပါ။
- အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန်တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးပါ။

#သွေးသန့်အောင်ပြုပြင်မယ်

သွေးသန့်ဖို့အတွက် ကန်စွန်းရိုးနီကို စားရပါမယ်။ ကန်စွန်းရိုးနီဟာ အဆိပ်ကို နိုင်တယ်ဆိုတာလည်း ကြားဖူးမှာပါ။

အဆိပ်မိလာတဲ့ခွေးလေးတွေကို ကန်စွန်းရိုးနီသတ္တုရည်လေးနဲ့ ထန်းလျက်လေးပါးစပ်ထဲထည့် ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး ပတ်ချာလှည့်လိုက်ရင် အန်ထွက်လာမယ်။ နောက်ထပ် သတ္တုရည်နဲ့ ထန်းလျက်ထပ်ကျွေးလိုက်ရင် အသက်မသေဘဲ ပြန်ရှင်နိုင်ပါတယ်။

ဒါကြောင့် ကန်စွန်းရိုးနီနဲ့ သွေးကို ပြင်တဲ့နေရာမှာ -
- ကန်စွန်းရိုးနီ ၁၅- ၂၀ ပင်လောက်ကို သန့်စင်ပြီး တောက်တောက်စင်းပါ။

- ရေမြုပ်ရုံထည့်ပြီး ပြုတ်ပါ။
- ပွက်ပွက်ဆူလာရင် ကန်စွန်းရွက်အိသွားပြီး အရောင်ဖြူသွားပါလိမ့်မယ်။ ပြုတ်ရည်က ကော်ဖီရောင် ပြောင်းသွားပါလိမ့်မယ်။

- အဖတ်ကို စစ်ယူပါ။ သုပ်စားနိုင်ပါတယ်။ ပြုတ်ရည်ထဲကို ထန်းလျက်တစ်ခဲနဲ့ ဆားလှော်အနည်းငယ်ထည့်ပြီး မီးမျှဉ်းမျှဉ်းလေးနဲ့ တစ်ပွက်နှစ်ပွက်ဆူအောင် ပြန်တည်ပါ။ အဲသည့်ပြုတ်ရည်ကို မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

ဆီးသန့်အောင် ဆောင်ရွက်မယ်

- ဆီးအောင့်မထားပါနဲ့။
- အထူးသဖြင့် မနက်လေးနာရီလောက်မှာ သွားချင်တဲ့ဆီးကို အောင့်မထားပါနဲ့။ အောင့်ထားပါက ဆီးပုပ်ပြီး အဆိပ်ပြန်ဖြစ်ကာ ဒုက္ခပြန်ပေးပါယ်။

- ကျောက်ဖရုံသီးအစိမ်းကို ကြော်ချက်၊ ဟင်းချို၊ အသားနဲ့ ရောနှောကာ ချက်စားပါ။

- ဆေးကုလားမ ဖျော်ရည်သောက်ပါ။

- အုန်းနုဇွန်းခြစ်ကို ရက်ခြားသောက်ပေးပါ။

#ဝမ်းသန့်ဖို့အောက်ပါတစ်ခုခုစားသောက်ပါ။

- မန်ကျည်းမှည့်ချဉ်ချိုလေးကို ထန်းလျက်နဲ့ ဖျော်သောက်ပါ။ (ဆီးချိုသမားများလည်း သောက်သုံးနိုင်ပါတယ်။) ချဉ်ချိုအရသာ ပြဌာန်းဦးစီးရပါမယ်။

- ဒိန်ချဉ်လည်း သောက်သုံးနိုင်ပါတယ်။ ထန်းလျက် မများရ၊ ရေခဲ မထည့်ရ၊ ဒိန်ချဉ်အရသာ ကဲပါစေ။

- ဖီးကြမ်းငှက်ပျောသီးမှည့်၊ ငှက်ပျော်ချဉ်မှည့်လေးလည်း စားနိုင်ပါတယ်။

(၂၁) ရက်တော့ လုပ်ဆောင်ပေးပါ

အထက်ကပြောခဲ့တဲ့ သန့်လေးသန့်ဖြစ်အောင် ၂၁ရက်လောက် နေထိုင်စားသောက်ပြီးရင် ဖောယောင်တာတွေ ကျသွားပါလိမ့်မယ်။ လေ၊ သွေး၊ ဆီး၊ ဝမ်း လေးမျိုးလုံး သန့်သွားရင် ကျောက်တည်တာကို ကာကွယ်ပြီးသား ဖြစ်သွားပါပြီ။

#ထပ်မှာချင်ပါတယ်။
- အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးပါ။
- ရေချိုးတိုင်း အခါးရွက်ပြုတ်ရည်လေးနဲ့ ချိုးပေးပါ။
- ရေချိုးပြီးတိုင်း ကရမက်ကို တစ်ကိုယ်လုံး လိမ်းပါ။
crd
ဆရာဦးရန်အောင်။

ဤစာကိုမေတ္တာဖြင့်ပြန်လည်၍ထပ်ဆင့်မျှဝေလိုက်ပါသည်ခမျာ
(မောင် ယဉ်ကျေး)


#တိုင်းရင်းဆေးနည်းများ
https://www.facebook.com/1555987857970217/posts/2746771695558488/

31/05/2022

ယခုအချိန်အခါ 📢📣📣

သတိနဲ့သွားလာပါ🚷
ရပ်ပြီး ဖုန်းမပြောပါနဲ့📵
ရွှေဆွဲကြိုး ရွှေ မဝတ်ပါနဲ့❌
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့🚷
ရှောင်သင့်တာကို ရှောင်သွားပါ🚫
ပိုက်ဆံအိတ် အိတ် မလွယ်ထားပါနဲ့❌
မလိုအပ်ဘဲမှတ်ပုံတင် အပြင်ယူမသွားပါနဲ့❌
ဆိုင်ကယ် ကလစ် စကိုဖီး စီးရင် သတိထားပါ🚳
သွားလာရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ⭕
လူသုံးယောက်လောက် အနားကပ်လာရင် မြန်မြန်စီးပါ🚨🏃

ဘယ်မြို့မှာနေနေ သတိထားသွားလာကြပါ🛑🚨🛑

မေတ္တာဖြင့်သတိပေးခြင်းမျှသာ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bahan
Yangon
11181

Opening Hours

09:00 - 17:00