Dhamma Digitize
တရား Dhamma
24/05/2026
“သတ္တ နာမကိ” ခုနစ်ခုဆိုတာ ဘာလဲ
မြတ်စွာဘုရား ဘာသင်ပေးတုန်းဆိုတော့ ခုနစ်ခုဆိုတာ အသိဉာဏ်ဖြစ်ဖို့ရာ အကြောင်းတရားခုနစ်မျိုးရှိတယ်တဲ့၊ ဘုန်းကြီးတို့တတွေ နားလည် နေတဲ့ ဗောဇ္ဈင်ခုနစ်ပါးပေါ့၊ ဗောဇ္ဈင်ဆိုတာ “ဗောဓိ+အင်္ဂ” ဆိုတဲ့ စကားလုံးကနေ ဖြစ်ပေါ်လာတာ၊ ‘ဗောဓိ” ဆိုတာ အသိဉာဏ် ဖြစ်ပေါ်လာတာ၊ “ဗောဓိ” ဆိုတာ အသိဉာဏ်၊ “အင်္ဂ” ဆိုတာ ရရှိခြင်းရဲ့အကြောင်းတရားတဲ့၊ အသိဉာဏ်ဖြစ်ပေါ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ်သန္တာန်မှာ အသိဉာဏ်ရအောင် လုပ်ရမယ်တဲ့၊ ဟော ဗောဇ္ဈင်ခုနှစ်ပါး၊ (၇)ခုပဲတဲ့၊ ၇-ဂဏန်းကို ဖော်ပြလိုက်တယ်။
ဗောဇ္ဈင် ၇ ပါး
၁။ သတိသမ္ဗောဇ္ဈင် (Sati)
မိမိ၏ ရုပ်နာမ်၊ အပြုအမူ၊ စိတ်အခြေအနေတို့ကို အစဉ်မပြတ် သတိရှိနေခြင်း၊ သတိကပ်ထားနိုင်ခြင်း။
၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် (Dhamma Vicaya)
ကုသိုလ်၊ အကုသိုလ်၊ အမှားအမှန်နှင့် ရုပ်နာမ်ဓမ္မတို့၏ သဘာဝကို ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ခြင်း။
၃။ ဝီရိယသမ္ဗောဇ္ဈင် (Viriya)
တရားဓမ္မ ကျင့်ကြံအားထုတ်မှုတွင် နောက်မဆုတ်တမ်း စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ခြင်း (ဝီရိယရှိခြင်း)။
၄။ ပီတိသမ္ဗောဇ္ဈင် (Piti)
တရားဓမ္မကို သိမြင်လာသည့်အခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု၊ အားရဝမ်းသာမှုနှင့် ကြည်နူးမှု။
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် (Passaddhi)
ရုပ်နှင့် စိတ် နှစ်ပါးလုံး ငြိမ်းချမ်းခြင်း၊ စိတ်လှုပ်ရှားတုန်လှုပ်မှု မရှိဘဲ တည်ငြိမ်အေးချမ်းခြင်း။
၆။ သမာဓိသမ္ဗောဇ္ဈင် (Samadhi)
စိတ်ကို တူရုတစ်ခုတည်း (အာရုံတစ်ခုတည်း) တွင် စူးစိုက်တည်ကြည်စွာ ထားနိုင်ခြင်း။
၇။ ဥပက္ခာသမ္ဗောဇ္ဈင် (Upekkha)
လောကဓံတရားများအပေါ်တွင် စိတ်လှုပ်ရှားခြင်းမရှိဘဲ မျှတစွာ ရှုမြင်နိုင်ခြင်း၊ လောဘ၊ ဒေါသ၊ မောဟ ကင်းပြီး အလယ်အလတ် သဘောဖြင့် နှလုံးသွင်းနိုင်ခြင်း။
21/04/2026
ဧကံ - တစ်ခု
‘ဧကံ နာမ ကိ' တစ်ခုဆိုတာဘာလဲ
အဖြေက
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ” တဲ့။
လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ ရှောင်လို့မရတဲ့တစ်ခုဟာ ဘာလဲလို့ဆိုရင် အစာအာဟာရပဲ။ သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်နေကြတယ်၊ အစာစားရလို့အသက်ရှင်ကြတယ်၊ တစ်ခုဆိုတာ အဲဒါကိုပြောတာ ပါတဲ့၊ သတ္တဝါအားလုံး အသက်ရှင်ဖို့ တညီတည်း အမှီပြုကြရတဲ့ အရာတစ်ခုကိုပြောတာ။ (တခြားတစ်ခုတွေကလည်း ရှိသေးဘ တယ်လေ၊ နေဆိုတာတစ်ခုပဲရှိတယ်၊ လဆိုတာတစ်ခုပဲရှိတယ်၊ အဲဒီတစ်ခုတွေကို ပြောတာမဟုတ်ဘူး)
“ဧကံ နာမ ကိ” တစ်ခု ဆိုတာဘာလဲ၊
“သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”
တို့နေ့စဉ်နှင့် အမျှ မှီခိုအားထားနေရတာ ဘာလဲလို့ဆိုရင် “အာဟာရ” ပဲ။
ဒါကြောင့်မို့ နေ့စဉ်နဲ့အမျှ လုပ်နေရတာကလည်းပဲ စိတ်ပျက်ငြီးငွေ့စရာကောင်းတယ်၊ နေ့တိုင်းစားနေရတဲ့ ဒုက္ခကို တရားသံဝေဂ ရစိမ့်သောငှာ မြတ်စွာဘုရားက ဂဏန်းနဲ့ တွဲဖက် ပြီးတော့ သင်ပေးတာ။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ဆက်ရန်
19/04/2026
ဘုန်းကြီး တွေနဲ့ စကားပြောရင်
လူတွေလို မပြောရဘူး
ကိုယ့်ကို ကိုယ် ငါ လို့မပြောရဘူး
တပည့်တော် လို့ပြောရမယ်
😁😛😁
13/04/2026
ရှေးလင်္ကာ…
အကြို - သပ္ပါယ်
ကျဝယ် - ဆွမ်းကပ်
အကြတ် - ခေါင်းလျှော်
တက်သော် - ကျွေးဖြစ်
နှစ်ဆန်းတစ် - နှစ်သစ် တရားနာ။
၁။ အကြိုနေ့ - ဘုရားစေတီကို ရေသပ္ပါယ်။
၂။ အကျနေ့ - အရုဏ် သစ်သီးဆွမ်းကပ်။
၃။ အကြတ်နေ့ - သက်ကြီးရွယ်အိုများအား ခေါင်းဆေးမင်္ဂလာပြုလုပ်။
၄။ အတက်နေ့ - စတုဒိသာ ခေါ်ကာကျွေး။
၅။ နှစ်ဆန်း(၁)ရက်နေ့ - နှစ်သစ် တရားနာ။
မြန်မာနှစ်သစ်ကူးအခါသမယမှာ သင်္ကြန်ရေနဲ့အတူ ချမ်းမြကြည်သာ ဘေးဘယာဝေးကွာကြပါစေလို့ ဆုတောင်းရင်း နှစ်သစ်ကိုကြိုဆိုလိုက်ရပါတယ်
Click here to claim your Sponsored Listing.
Category
Contact the place of worship
Website
Address
Yangon