Reiwa Language School

Reiwa Language School

Share

Language School for Youth , Japanese Language Classroom in Yangon & Nyaung Shwe .

14/07/2024

もしもし 🌿🌿🌲🌲
မင်ဂလာပါရှင့် 💙💙 လာမယ့်ဒီဇင်ဘာမှာ JLPT စာမေးပွဲအတွက်ရည်ရွယ်ပြီးပြင်ဆင်နေကြတဲ့ ကလေးတို့အတွက် ကိုယ်ပိုင်စာကျက်ချိန်ဇယားလေးမျှဝေပေးပါမယ်ရှင့် ☺️☀️
(အတန်းချိန်မဟုတ်ပဲ ကိုယ်တိုင်စာလေ့လာချိန်ဖြစ်ပါတယ်။)
တစ်ပါတ်ကို ၆ ရက်နဲ့ လာမယ့်နို၀င်ဘာလကုန်ထိ ခန့်မှန်းချိန်နာရီ ၂၀၀ နဲ့ ဆွဲပေးထားပါတယ်။ တနေ့ကို တစ်နာရီခွဲတော့ စာကျက်ချိန်သီးသန့်အချိန်ပေးပါနော်။ ☺️☺️
ဒီတပတ်ကနေ စမယ်ဆိုရင် လေ့လာချိန် ရက်သတ္တပါတ်ပေါင်း ၂၀ ရှိနေပါတယ်။ တပါတ်တာတပါတ် ဒီအချိန်ဇယားအတိုင်းလုပ်သွားမယ်ဆိုရင် ပုံမှန်လည်ပတ်သွားတဲ့အခါမှာ တိုးတက်လာတာကို ကိုယ်တိုင်ခံစားရပါလိမ့်မယ်။
တပါတ်မှာ ၆ ရက်ပဲ စာကျက်ချိန်ဆွဲထားပေးပါတယ်။ မိမိတို့ရဲ့နားရက်/ အတန်းချိန်/ အလုပ်ရှိတဲ့ရက်ကိုတော့ မိမိဘာသာသတ်မှတ်လိုက်ကြပါနော်။ N2 ဖြေဆိုမယ့်သူတွေအတွက် အဓိကရည်ရွယ်တယ်ဆိုပေမယ့် အခြားကျောင်းသားတွေလည်း ပျမ်းမျှအားဖြင့်ဒီဇယားကိုအသုံးချလို့ရပါတယ် ။ 💙💙
အားလုံးရဲ့ လေ့လာချိန်တွေမှာ တထောင့်တနေရာကနေ အကူအညီရတယ်ဆိုရင် ၀မ်းသာပါတယ်ရှင့်။ စိတ်ကိုစုစည်းပြီး စနစ်တကျကြိုးစားကြည့်ပါ။ မိမိရဲ့တိုးတက်မှုကို မိမိကိုယ်တိုင်ခံစားသိရှိရတဲ့အချိန်ဟာ အဓိပ္ပါယ်အရှိဆုံးအချိန်လို့ထင်ပါတယ်။
စနစ်ကျတဲ့လေ့လာမှုဖြစ်စေဖို့ မျှဝေပေးလိုက်ပါတယ်ရှင့်။ အားလုံးပဲအဆင်ပြေကြပါစေ။
ကြိုးစားကြပါရှင့် 🌲🌿🌲🌿။

Photos from Reiwa Language School's post 08/07/2024

မင်္ဂလာပါ ☀️🌿☀️🌿
2024 April Intake ရဲ့ Kaigo Scholarship Programme ကို ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ပြီး လက်ရှိမှာဂျပန်နိုင်ငံရဲ့ IUHW တက္ကသိုလ်တွေမှာ ကြိုးပမ်းလေ့လာလျက်ရှိတဲ့ ကျောင်းသား၊ကျောင်းသူလေးများရဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုပါတယ်။
ဆက်လက်ပြီးတော့လည်းကြိုးစားပေးကြပါဦး။ ဆက်လက်ပြီးတော့လည်း ပျော်ရွှင်‌စွာထပ်ဆင့်တိုးတက်အောင်မြင်ပေးနိုင်ကြပါစေရှင့် ။ ♥️♥️♥️♥️🌿🌲🌿🌲

Reiwa Language School

Photos from Reiwa Language School's post 06/07/2024

Mingalarpar 🥳🥳
၀၅.၀၇.၂၀၂၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသော ကျောင်းသူသုံးဦးဖြစ်ပါတယ်။ ယနေ့နံနက်မှာ ဂျပန်နိုင်ငံသို့ ချောမောစွာရောက်ရှိသွားကြပါပြီရှင့်။
ကိုယ်စီကိုယ်စီ ပိုမိုတိုးတက်အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Photos from Reiwa Language School's post 24/08/2023

🍎 Speech Contest at Our School 🍎 စိတ်ဝင်စားဖွယ်ရာ ခေါင်းစဥ်အမျိုးမျိုးနဲ့ဝင်ရောက်ယှဥ်ပြိုင်ပေးခဲ့ကြသော သားသမီးများအားလုံးရဲ့ ကြိုးစားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
တက်ရောက်နားထောင်အကဲဖြတ်ပေးသော သားသမီးများလည်း ပိုမိုကြိုးစားချင်စိတ်၊ တိုးတက်လိုစိတ် တိုးပွားဖို့ရည်ရွယ်ပါတယ်။
ဆက်လက်ပြီး မတူညီသော လေ့ကျင့်ရေးခေါင်းစဥ်များစွာကို စနစ်တကျကျော်ဖြတ်ကြပါစို့ 🍎🍎

Photos from Reiwa Language School's post 05/08/2023

🌟🌟こんばんは🌟🌟
ပညာတော်သင်ကျောင်းသား၊ ကျောင်းသူလေးများရဲ့ ပုံရိပ်လေးများကိုလည်းမျှဝေလိုပါတယ် ။ IUHW ရဲ့ Scholarship Programme မှာ ရွေးချယ်ခံခဲ့ရတဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူများဖြစ်ပါတယ်။ 2023 ခုနှစ် ဧပြီလရဲ့ Kaigo Scholarship ကို ဖြေဆိုအောင်မြင်ခဲ့ကြသူများဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ လူနေမှုဘဝ ၊ မတူညီတဲ့နေ့ရက်တွေနဲ့ ကွဲပြားခြားနားတဲ့ယဥ်ကျေးမှုတွေကိုတက်ကြွစွာနဲ့ ရင်ဆိုင်ဖြတ်သန်းလျှက်ရှိကြပါတယ်။ ♪♪
ပိုမိုလှပကောင်းမွန်တဲ့အနာဂတ်နေ့ရက်တွေကို ပိုင်ဆိုင်မယ်လို့ မျှော်လင့်ယုံကြည်နေပါတယ်။ ☆☆
Big Congracts to:
Khun Mg Sein
Khun Aung Kyaw
Kay Thwe Moe
Myat Thu Kyaw

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Building D , N0. 804 , 8th Floor , Mahabandoola Tower , Mahabandoola Street , Pazundaung Township
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00