Golden Vision Myanmar

Golden Vision Myanmar

Share

Vision
Become a world recognized Human Resource consulting firm and Myanmar's leading talent develop

28/05/2026

🌙 Eid Mubarak
မေလ (၂၈) ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော "အစ်ဒုလ်အဿွဟာ" (စွန့်လွှတ်အနစ်နာခံခြင်း အထိမ်းအမှတ် အစ်ပွဲတော်) နေ့တွင် မြန်မာနိုင်ငံသူ/သားများနှင့်တကွ ကမ္ဘာတစ်ဝှမ်းလုံးရှိ အစ္စလာမ်ဘာသာဝင်ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာရှိကြပါစေကြောင်း Golden Vision Myanmar (GVM) မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ယခုကဲ့သို့ စွန့်လွှတ်ခြင်း၊ မျှဝေခြင်းနှင့် ကရုဏာတရားတို့ ထွန်းကားရာ နေ့ရက်မှစ၍ မိသားစုတိုင်းထံသို့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် အောင်မြင်ခြင်းမင်္ဂလာအပေါင်း သယ်ဆောင်လာနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ✨

Eid Mubarak!

Photos from Golden Vision Myanmar's post 26/05/2026

ငွေသိန်းရာချီ မရင်းနှီးခင် ဒီ ၃ ချက်မစမ်းသပ်ရင် လုပ်ငန်းကျရှုံးနိုင်ခြေ ၄၂% အထိရှိပါတယ် 📉


လုပ်ငန်းရှင်အများစု ကျရှုံးရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ Idea မကောင်းလို့ မဟုတ်ပါဘူး။ ဈေးကွက်မှာ တကယ်မလိုလားတဲ့အရာကို ကိုယ်ပိုင်ထင်မြင်ချက် (Assumption) တစ်ခုတည်းနဲ့ အချိန်နဲ့ ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံမိလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

CB Insights ရဲ့ ကမ္ဘာလုံးဆိုင်ရာ သုတေသနဒေတာအရ လုပ်ငန်းအသစ်များ ကျရှုံးရခြင်းရဲ့ ၄၂ ရာခိုင်နှုန်း (42%) ဟာ "No Market Need" (ဈေးကွက် လိုအပ်ချက် အမှန်တကယ်မရှိခြင်း) ကြောင့် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။📝🚫

ဒီ post မှာတော့ အိတ်စိုက်ခ ငွေကြေးကုန်ကျမှုမရှိဘဲ သင့်စီးပွားရေး idea ကို စမ်းသပ်နိုင်မယ့် အဓိက အချက် ၃ ခုကို Golden Vision Myanmar မှမျှဝေပေးလိုက်ပါတယ်။✔️

✅ Intent Capture : Idea ကို ချပြပြီး "ဝယ်မလား" ဟု တိုက်ရိုက်မမေးပါနဲ့။ စားသုံးသူများ၏ အတိတ်က အပြုအမူနှင့် ဝယ်ယူမှုပုံစံ (Customer Nature) ကို အရင်ဆုံး နက်နက်ရှိုင်းရှိုင်း တူးဆွပါ။ ဒါမှသာ သင့်လုပ်ငန်း၏ 4Ps Marketing Mix ကို ဈေးကွက်နှင့် အံဝင်ခွင်ကျဖြစ်အောင် Adjust လုပ်နိုင်မှာ ဖြစ်ပါတယ်။
(Read in Photo 2)

✅ Market Scale Data: "ပြဿနာအကြောင်းရင်း" ကို သိပြီဆိုလျှင် ထိုပြဿနာသည် ဈေးကွက်တစ်ခုလုံးတွင် မည်မျှအတိုင်းအတာ (scale) ပမာဏကြီးမားလဲ ဆိုတာကို Micro-Polls များဖြင့် အရေအတွက်ပြ (Data-Driven Signals) ဖြင့်တိုင်းတာရမှာဖြစ်ပါတယ်။ ပြဿနာကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုဒေတာ မြင့်မားလေလေ၊ ထုတ်ကုန်၏ ဈေးကွက်တန်ဖိုး ကြီးမားလေလေ ဖြစ်ပါတယ်။
(Read in Photo 3)

✅ Behavioral Validation: စစ်မှန်တဲ့ စမ်းသပ်မှုဟာ စကားလုံးမဟုတ်ဘဲ စားသုံးသူရဲ့လုပ်ဆောင်ချက် (Action) ဖြစ်တယ်။ ထုတ်ကုန် အမှန်တကယ် မရှိသေးခင်မှာပင် Pre-Order (သို့မဟုတ်) စရန်ငွေ အနည်းငယ် ပေးသွင်းခြင်းကဲ့သို့ စားသုံးသူဘက်မှ အရင်းအနှီးတစ်ခုခု (Commitment) ပြုလုပ်လာအောင် Smoke Test ဖြင့် သက်သေပြပါ။
(Read in Photo 4)

Business Idea တစ်ခုကို အချိန်ဆွဲပြီး ငွေကုန်ကြေးကျများစွာဖြင့် အပြီးသတ်တည်ဆောက်ပြီးမှ စျေးကွက်မရှိတာကို သိရခြင်းက လုပ်ငန်းတစ်ခုလုံးကို ပြာကျစေနိုင်ပါတယ်။

"Fail Fast, Learn Faster" — အစောပိုင်းအဆင့်မှာတင် အထက်ပါအတိုင်း ဗျူဟာမြောက် Validate လုပ်နိုင်ခြင်းက ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်ခြေ (Risk Rate) ကို ၈၀% ကျော်အထိ လျှော့ချပေးနိုင်ပါတယ်။

ဒီလို ဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် မိမိတို့ စဉ်းစားထားတဲ့ Product Idea သစ်ကို ဘယ်နည်းလမ်းနဲ့ အရင်ဆုံး ဆန်းစစ်မလဲဆိုတာ ရွေးချယ်ပြီး Comment မှာ မျှဝေခဲ့ပေးပါ။

23/05/2026

Startupမှာ အောင်မြင်ဖို့ဆိုရင် Market Opportunity ကို အရင်ရှာပါ။

Startup တစ်ခု အောင်မြင်ဖို့ဆိုတာ စိတ်ကူးကောင်း (Idea) ရှိရုံနဲ့ မလုံလောက်ပါဘူး။ အဲဒီ Idea က တကယ်ရော အလုပ်ဖြစ်နိုင်စွမ်း ရှိရဲ့လားဆိုတာကို Market Opportunity ရှာဖွေရင်း Validation (စစ်ဆေးအတည်ပြုခြင်း) အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ✨
✅ Validate the Problem: သင်ဖြေရှင်းပေးမယ့် ပြဿနာဟာ တကယ်ရော လူတွေဆီမှာ ရှိနေလား? အဲဒီပြဿနာကို ဖြေရှင်းဖို့ လူတွေက တကယ်ရော အခကြေးငွေ ပေးချင်ကြရဲ့လား? ဆိုတာကို အရင်စစ်ဆေးရပါမယ်။
✅ Validate your Solution: သင့်ရဲ့ ဖြေရှင်းချက် (Product or Service) က လူတွေကြုံတွေ့နေရတဲ့ ပြဿနာကို တကယ်ရော ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်လား? ဆိုတာကို သေချာအောင် လုပ်ရပါမယ်။
ဒီလို Validation လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Idea က တကယ့်ကို ခိုင်မာတဲ့ အခွင့်အလမ်း (Opportunity) တစ်ခု ဟုတ်မဟုတ် ပိုမိုသေချာသွားစေဖို့ စီမံခန့်ခွဲမှုပညာရှင်ကြီး Peter Drucker လမ်းညွှန်ခဲ့တဲ့ "အခွင့်အလမ်းကောင်းများ ဆင်းသက်လာရာ အရင်းအမြစ် (၇) ခု" နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ် 💡📈

■ The Unexpected (မမျှော်လင့်ထားသော ဖြစ်ရပ်များ)

မမျှော်လင့်ထားတဲ့ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုတွေကနေ အခွင့်အလမ်းသစ် ရတတ်ပါတယ်။ ဥပမာ - COVID-19 ကာလမှာ မမျှော်လင့်ဘဲ Delivery ဝန်ဆောင်မှုနဲ့ Online Education လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာသလိုမျိုး ဖြစ်ပါတယ်။

■ The Incongruity (လက်ရှိအခြေအနေနှင့် ဖြစ်သင့်သောအခြေအနေ မကိုက်ညီခြင်း) 🧩
"ဒါကြီးက ဒီလိုဖြစ်နေတာ မဟုတ်သေးဘူး" လို့ လူတွေခံစားနေရတဲ့ ဟာကွက် (Gap) တွေဟာ Startup တွေအတွက် အခွင့်အလမ်းတခုဖြစ်ပါတယ်။ ဥပမာ - Local Clothing Brand တစ်ခုက ဈေးကြီးပေမယ့် Quality မကောင်းတဲ့အခြေအနေကို ဖြေရှင်းဖို့ "Affordable Premium" အဖြစ် ဈေးကွက်ထဲ ဝင်လာတာမျိုး ဖြစ်ပါတယ်။

၃။ Process Need (လုပ်ငန်းစဉ်အတွင်း လိုအပ်ချက်များ) ⚙️

လက်ရှိသွားနေတဲ့ အလုပ်တစ်ခုမှာ ပိုမိုမြန်ဆန်အောင် ဒါမှမဟုတ် ပိုမိုလွယ်ကူအောင် ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းကို ရှာတာမျိုးပါ။ ဥပမာ - ငွေပေးချေမှုမှာ ကြန့်ကြာနေတာကို Digital Payment System တစ်ခုနဲ့ အစားထိုးလိုက်တာမျိုးဖြစ်ပါတယ်။

၄။ Industry and Market Structure Change (ဈေးကွက်တည်ဆောက်ပုံ ပြောင်းလဲခြင်း) 📉

လုပ်ငန်းနယ်ပယ်တစ်ခုဟာ အပြောင်းအလဲမရှိတာ ကြာလာတဲ့အခါ အသစ်ဝင်လာမယ့် Startup တွေအတွက် အခွင့်အလမ်းဖြစ်လာပါတယ်။ ဥပမာ - ရိုးရာအထည်ဆိုင်တွေနေရာမှာ Subscription-based Fashion ဝန်ဆောင်မှုတွေ နေရာယူလာတာမျိုး ဖြစ်ပါတယ်။

၅။ Demographics (လူဦးရေနှင့် လူနေမှုပုံစံ ပြောင်းလဲခြင်း) 👥

လူဦးရေ တိုးပွားနှုန်း၊ အသက်အရွယ်အပိုင်းအခြား၊ ပညာရေးအဆင့်အတန်းနဲ့ ဝင်ငွေခွဲဝေမှု ပုံစံတွေ ပြောင်းလဲလာခြင်းဟာ ခန့်မှန်းရ အလွယ်ကူဆုံး အရင်းအမြစ်ပါ။
ဥပမာ - လူဦးရေမှာ သက်ကြီးရွယ်အို အရေအတွက် များပြားလာတဲ့ နိုင်ငံတစ်ခုမှာ သက်ကြီးစောင့်ရှောက်မှု ဝန်ဆောင်မှုနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းဈေးကွက်ဟာ အလားအလာ အကောင်းဆုံး ဖြစ်လာမှာပါ။

၆။ Changes in Perception (အမြင်နှင့် ခံယူချက်များ ပြောင်းလဲခြင်း) 👀

တစ်ခါတရံမှာ အချက်အလက်တွေက မပြောင်းလဲပေမယ့် လူတွေရဲ့ အမြင် (Perception) ပြောင်းလဲသွားတာကြောင့် အခွင့်အလမ်းသစ်တွေ ပေါ်လာတတ်ပါတယ်။
ဥပမာ - ယခင်က "ကွန်ပျူတာ" ဆိုတာ အလုပ်လုပ်ဖို့ သက်သက်လို့ မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ "ဖျော်ဖြေရေးနဲ့ လူမှုဆက်ဆံရေး" အတွက် မရှိမဖြစ်အရာလို့ အမြင်ပြောင်းလဲသွားတဲ့အခါ Gaming နဲ့ Social Media လောကဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

၇။ New Knowledge (ဗဟုသုတနှင့် နည်းပညာသစ်များ) 💡

ဒါကတော့ အခက်ခဲဆုံးနဲ့ အမြတ်အများဆုံး အရင်းအမြစ်ပါ။ နည်းပညာသစ် ဒါမှမဟုတ် သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုတွေကို အခြေခံပြီး စီးပွားရေးလုပ်တာပါ။ ဥပမာ - အဝတ်အထည်တွေမှာ AI သုံးပြီး Virtual Fitting လုပ်ပေးနိုင်တဲ့ နည်းပညာမျိုး ဖြစ်ပါတယ်။

ဒီ (၇) ချက်ထဲက သင့်လုပ်ငန်းနဲ့ ဘယ်အချက်က အကိုက်ညီဆုံးလဲဆိုတာကို အရင်ဆုံး ရှာဖွေကြည့်ပါ။ အခွင့်အလမ်းကို မြင်အောင်ကြည့်နိုင်ခြင်းဟာ အောင်မြင်တဲ့ Startup တစ်ခုရဲ့ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။
GVM ရဲ့ နောက်ထပ် Post မှာလည်း Startup လုပ်ငန်း​တွေအတွက် idea generation အကြောင်း​တွေ ဆွေးနွေးပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦး။ ✨

05/05/2026

Business Consultant တွေ လက်စွဲသုံးတဲ့ Growth Frameworks📊
လုပ်ငန်းရှင်အများစုဟာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စတင်တည်ထောင်နိုင်ကြပေမယ့်၊ ရေရှည်မှာ "System-driven" မဖြစ်ဘဲ "Human-driven" ဖြစ်နေတာကြောင့် လုပ်ငန်းကို Scaling လုပ်ပြီး ချဲ့ထွင်တဲ့အခါ အကျပ်အတည်းတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။

လုပ်ငန်းတစ်ခုကို အရှိန်အဟုန်နဲ့ ချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ Business Owner တွေ၊ SMEs တွေနဲ့ HR ခေါင်းဆောင်တွေအတွက် Business Consultant တွေ လက်စွဲအသုံးပြုလေ့ရှိတဲ့ Growth Frameworks (၃) ခု ကို GVM မှ အသေးစိတ် ဝေမျှပေးချင်ပါတယ်။

🔶၁။ Ansoff Matrix (Strategic Growth Options)📈
လုပ်ငန်းတိုးတက်ဖို့အတွက် လမ်းကြောင်းရွေးချယ်ရာမှာ အသုံးအများဆုံး Framework ဖြစ်ပါတယ်။ မိမိရဲ့ လက်ရှိထုတ်ကုန်နဲ့ ဈေးကွက် အခြေအနေပေါ်မူတည်ပြီး (၄) မျိုး ခွဲခြားစဉ်းစားနိုင်ပါတယ် —

🔹Market Pe*******on: လက်ရှိရှိပြီးသား ဈေးကွက်ထဲမှာပဲ မိမိရဲ့ ရှယ်ယာပိုရအောင် လုပ်ဆောင်တာပါ။ Promotion တွေပေးတာ၊ အရောင်းဗျူဟာအသစ်တွေ သုံးတာမျိုးဖြစ်ပြီး Risk အနည်းဆုံး လမ်းကြောင်းပါ။

🔹Market Development: လက်ရှိထုတ်ကုန်ကိုပဲ နယ်မြေအသစ် (သို့) Segment အသစ်တွေဆီ ချဲ့ထွင်တာပါ။ (ဥပမာ - ရန်ကုန်အပြင် အခြားမြို့ကြီးတွေမှာ ဘဏ်ခွဲထပ်ဖွင့်တာမျိုး)

🔹Product Development: မိမိရဲ့ Regular Customer တွေအတွက် လိုအပ်ချက်အသစ်ကို ဖြည့်ဆည်းပေးမယ့် ထုတ်ကုန်အသစ်တွေကို ထပ်မံဖန်တီးတာပါ။

🔹Diversification: လုံးဝအသစ်ဖြစ်တဲ့ ထုတ်ကုန်နဲ့ ဈေးကွက်ထဲကို တိုးဝင်တာပါ။ Risk အများဆုံးဖြစ်ပေမယ့် အောင်မြင်သွားရင် လုပ်ငန်းရဲ့ အကျိုးအမြတ်ကို အဆမတန် မြင့်တက်စေနိုင်ပါတယ် ✅

🔶၂။ OKRs (Objectives and Key Results)
Scaling လုပ်နေတဲ့ လုပ်ငန်းတွေမှာ "လူတွေအလုပ်ရှုပ်နေပေမယ့် ရလဒ်မထွက်တာ" ဟာ Alignment မရှိလို့ပါ။ Google နဲ့ Intel လို ကုမ္ပဏီကြီးတွေ အောင်မြင်ရခြင်းရဲ့ လျှို့ဝှက်ချက်က ဒီ OKR ပါပဲ။

🔹Objectives: "ကျွန်ုပ်တို့ ဘယ်ကို သွားချင်တာလဲ?" ဆိုတဲ့ ရှင်းလင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပန်းတိုင်ကို သတ်မှတ်ရပါတယ်။🚩

🔹Key Results: အဲဒီပိုင်တိုင်ကို ရောက်ကြောင်း ဘယ်လိုတိုင်းတာမလဲ? (ဥပမာ - Revenue ကို ၂၀% တိုးရမယ် (သို့) Customer Satisfaction Rate ၉၀% ရှိရမယ်) စတဲ့ ကိန်းဂဏန်း (Metrics) တွေနဲ့ သတ်မှတ်ရပါမယ်။📊

ဒီ Framework ဟာ HR တွေအတွက် ဝန်ထမ်းတွေရဲ့ Performance ကို ကုမ္ပဏီရဲ့ Vision နဲ့ တစ်သားတည်းဖြစ်အောင် ချိတ်ဆက်ပေးရာမှာ အလွန်ထိရောက်ပါတယ်။

🔶၃။ Value Chain Analysis (Internal Process Optimization)
လုပ်ငန်းတစ်ခုရဲ့ အတွင်းပိုင်းလည်ပတ်မှုတွေမှာ ဘယ်နေရာက "တန်ဖိုး (Value)" ထွက်နေပြီး၊ ဘယ်နေရာက "ကုန်ကျစရိတ် (Cost)" တွေ ပိုနေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာတာပါ။

🔹Primary Activities: ကုန်ကြမ်းဝယ်ယူမှုကနေ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ Marketing နဲ့ After-sales Service အထိ အဆင့်တိုင်းမှာ ပြိုင်ဘက်ထက် ဘာပိုသာသလဲဆိုတာကို ရှာဖွေရပါတယ်။

🔹Support Activities: ဒီအဆင့်တွေကို အထောက်အကူပြုတဲ့ HR စီမံခန့်ခွဲမှု၊ နည်းပညာ အသုံးပြုမှုနဲ့ ကုမ္ပဏီရဲ့ Infrastructure တွေကို စစ်ဆေးရပါတယ်။

ဒီအချက်တွေကို သေချာနားလည်မှသာ သင့်လုပ်ငန်းရဲ့ Competitive Advantage ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းတစ်ခု အရှိန်အဟုန်နဲ့ တိုးတက်ဖို့ဆိုတာ ပိုင်ရှင်တစ်ဦးတည်းရဲ့ ကြိုးစားမှုထက် ခိုင်မာတဲ့ System တစ်ခုရှိနေဖို့နဲ့ အဲ့ဒီစနစ်ကို လည်ပတ်နိုင်မယ့် Skilled Team ရှိဖို့က အဆုံးအဖြတ်ပါပဲ။

Golden Vision Myanmar (GVM) သည် သင့်လုပ်ငန်း Scaling လုပ်ရာတွင် လိုအပ်သော Strategy + System + Ex*****on အခြေခံများ ခိုင်မာစေရန် အောက်ပါအတိုင်း ဝန်ဆောင်မှုပေးလျက်ရှိပါတယ် -

✅ Practical Business Trainings: အထက်ပါ Growth Framework များကို လုပ်ငန်းခွင်အတွင်း တကယ်အသုံးချတတ်စေရန် ပိုင်ရှင်များနှင့် ဝန်ထမ်းများအတွက် အထူးစီစဉ်ထားသော သင်တန်းများ။
✅ HR Infrastructure Strengthening: လုပ်ငန်းကို စနစ်တကျ ချဲ့ထွင်နိုင်ရန် ခိုင်မာသော HR System များ တည်ဆောက်ပေးခြင်း။
✅ Capacity Development: ခေါင်းဆောင်များနှင့် Team တစ်ခုလုံး၏ စွမ်းဆောင်ရည် (Skillset) ကို မြှင့်တင်ပေးခြင်း။
✅ Scalable Solutions: လူအပြောင်းအလဲရှိသော်လည်း လုပ်ငန်းလည်ပတ်မှု မရပ်တန့်စေမည့် System-based လုပ်ငန်းခွင် ဖြစ်လာစေရန် ပံ့ပိုးပေးခြင်း။

“𝐖𝐞 𝐝𝐨𝐧’𝐭 𝐣𝐮𝐬𝐭 𝐚𝐝𝐯𝐢𝐬𝐞, 𝐰𝐞 𝐛𝐮𝐢𝐥𝐝 𝐬𝐲𝐬𝐭𝐞𝐦𝐬 𝐭𝐡𝐚𝐭 𝐬𝐜𝐚𝐥𝐞.”

Led by Founder Daw Yadanar Zaw, a seasoned expert with 22+ years of local and international experience in HR, Business Strategy, and Human Behavior Science.

📥 သင့်လုပ်ငန်းအတွက် လိုအပ်သော Training များနှင့် System Audit ပြုလုပ်လိုပါက Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

30/04/2026

🌕 ယနေ့ကျရောက်သည့် ကဆုန်လပြည့်နေ့ အခါသမယ 🙏

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးပါသောနေ့တစ်နေ့ဖြစ်ပြီး ဗောဓိပင်အား ရေလောင်းပူဇော်ခြင်းနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ဖြင့် သာယာသော စိတ်ဓာတ်များ ပြည့်ဝစေသော အချိန်ကာလလည်း ဖြစ်ပါသည်။
ဤနေ့ထူးနေ့မြတ်တွင် မြန်မာပြည်သူပြည်သားများအားလုံး စိတ်အေးချမ်းသာယာ၍ ကိုယ်ကျန်းမာသန်စွမ်းကြပါစေကြောင်းနှင့် ကောင်းမှုကုသိုလများ ပြုလုပ်နိုင်သော အခွင့်အလမ်းများ ပိုမိုရရှိကြပါစေကြောင်း Golden Vision Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

ချစ်ခင်လေးစားစွာဖြင့်
𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐢𝐨𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫

#ကဆုန်လပြည့်​နေ့ #​နေ့ထူး​နေ့မြတ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aye Yiek Thar 2nd Street, Bahan, University Avenue Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00