Instinct Myanmar
Business account. If you're looking for niche supplements, you've come to the right place.
04/03/2022
Creatine ရဲ့ အကျိုးကျေးဇူးများ။
Creatine ဟာ supplement ပေါင်းမျိုးစုံထဲက ကျန်းမာရေးနှင့်ညီညွတ်ပြီး အထိရောက်ဆုံး ဖြတ်တဲ့ဖြတ်စွက်စာတစ်ခုဖြစ်ပါတယ်။ သုတေသနမြောက်များစွာထဲက တွေ့ရှိရတဲ့ creatine ရဲ့အကျိုးကျေးဇူးအချို့ကိုဒီ post မှာအတိုချုံးရှင်းပြထားပါတယ်။ 👇
ဒီအကြောင်းပိုဖတ်ချင်တဲ့သူတွေအတွက်သက်ဆိုင်တဲ့သိပ္ပံဆောင်းပါးတွေကို အောက် 👇 က References section မှာဖော်ပြထားပါတယ်။
၁။ Creatine ဟာကြွက်သားရဲ့အားကိုတိုးမြင့်ပေးပါတယ်။ ⚡
Creatine ဓါတ်က လူတိုင်းရဲ့ကြွက်သားထဲမှာ အတိုင်းအတာတစ်ခုအထိတော့ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တဲႉအခါ ကြွက်သားတွေအားထုတ်ဖို့ မဖြစ်မနေပါဝင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါကြောင်ႉ Creatine ဓါတ်နည်းရင် ကြွက်သားက အားထုတ်နိုင်စွမ်း လျော့ကျနိုင်ပါတယ်။
Creatine supplement သောက်ခြင်းက ကြွက်သားထဲက Creatine Level ကိုမြှင့်တင်ပေးနိုင်တဲ့အတွက်၊ အလေးပိုမ နိုင်ပြီး 🏋 ကြွက်သား ကြီးထွားနှုန်း ပိုမြန်စေပါတယ်။
၂။ Creatine ဟာ ကြွက်သားနှင့် ခန္ဒာကိုယ်အရွယ်အစားကို ပိုကြီးထွားစေပါတယ်။ 💪
ကြွက်သားထဲမှာ Creatine ဓာတ်ပိုများလာတဲ့အခါ ကြွက်သားဆဲလ်ထဲမှာ ရေဓါတ်ကိုပိုပြီး ထိန်းသိမ်းနိုင်စေပါတယ်။ ဒါကြောင့် creatine သောက်ခြင်းဟာ ခန္ဒာကိုယ်ဝိတ် အနည်းငယ်တက်ပြီး ကြွက်သားကြီးထွားတဲ့ပုံ ပေါ်လာနိုင်ပါတယ်။
၃။ Creatine နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်။ 💭
Creatine ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်များအကြောင်း သုသေတနများစွာရှိပေမဲ့ ထိထိရောက်ရောက် ကောင်းကျိုးကို သက်သေပြနိုင်တာတော့ နည်းပါတယ်။ အချို့သုတေသန အရတော့ creatine နဲ့ဖြည့်စွက်ခြင်းဟာ တုံ့ပြန်မှု (reflex) နဲ့ မှတ်ညဏ် စသည်တို့ကို တိုးမြှင့်ပေးနိုင်တယ်လို့ပြောပါတယ်။
Creatine သုံးပုံသုံးနည်းရဲ့ guide ကို ဒီမှာဖတ်လို့ရပါတယ်။ 👇
https://www.facebook.com/InstinctMM/posts/476800347559957
References
https://pubmed.ncbi.nlm.nih.gov/11828245/
https://pubmed.ncbi.nlm.nih.gov/31652853/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7916590/
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
459, New University Avenue, Bahan
Yangon
11201
Opening Hours
| Monday | 11:00 - 17:00 |
| Tuesday | 11:00 - 17:00 |
| Wednesday | 11:00 - 17:00 |
| Thursday | 11:00 - 17:00 |
| Friday | 11:00 - 17:00 |
| Saturday | 11:00 - 17:00 |
| Sunday | 11:00 - 17:00 |