Brave New World

Brave New World

Share

Trusted discount sale buyer in Bangkok

06/10/2022

** DV လျှောက်ဖို့အတွက်အချက်အလက်တွေပြင်ဆင်နေတယ်ဆိုရင် ဒါလေးအရင်ဖတ်ပေးပါ

တစ်နှစ်တစ်ခါဖွင့်နေကြ DV program က မြန်မာနိုင်ငံသားတိုင်းကံစမ်းလို့ရတဲ့ အခွင့်အရေးရှိနေပါတယ်။ Passport မလိုတော့တာမို့ အထက်တန်းအောင်မြင်ပီးသူတိုင်း လွယ်လွယ်ကူကူလျှောက်ထားနိုင်ပါတယ်။

❗ အရေးကြီးတာက လူတစ်ဦးကို တစ်နှစ်မှာ တစ်ခါသာ လျှောက်ထားနိုင်ပါတယ်။ တစ်ခါထက်ပိုလျှောက်မိရင် auto reject ပယ်မဲဖြစ်မှာပါ ❗

======================================
📣 DV လျှောက်ထားခြင်းအတွက် မည်သည့် စာရွက်စာတမ်းမှ မလိုအပ်သေးပါ။ 📣

ဘာတွေသတိထားပြင်ဆင်ရမလဲ ?

1. DV လျောက်ရန် အဓိကလျောက်မယ့်သူအနေနဲ့ passport ရှိစရာမလိုတော့ပါ။ သို့ရာတွင် DV ပေါက်ပါက passport လိုမည်ဖြစ်သောကြောင့် ခုထဲက QR code ယူပီး passport လုပ်ထားသင့်ပါတယ်။

ဂရုပြုရန်။ DV လျှောက်ချိန်မှာ ထည့်တဲ့ အချက်အလက်များဟာ အခြားစာရွက်စာတမ်းများ (မွေးစာရင်း၊ သန်းခေါင်စာရင်း၊ အောင်လတ်မှတ်) ပါအချက်အလက်များနဲ့ ကိုက်ညီမှုရှိရပါမည်။

Passport မရှိသေးသူများက DV လျှောက်တုန်းမှာ ဖြည့်ခဲ့တဲ့ အချက်အလက်များကိုသိမ်းဆည်းမှတ်ထားပီး Passport လုပ်သည့်အခါ ကိုက်ညီမှုရှိအောင်သတိပြုပါ။ DV ပေါက်ပါက အရင်ဦးဆုံးတိုက်စစ်မည့်အရာက passport ပါအချက်အလက်များဖြစ်ပါသည်။

သင့်တွင် passport ရှိပါကရှေ့စာမျက်နှာ ကို ဓါတ်ပုံရိုက်ပို့ပေးပါရန်။ (Passport သက်တမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ Passport ပါအချက်အလက်များနှင့်ကိုက်ညီမှုရှိစေရန်အတွက်ပါ)

2. နာမည် English စာလုံးပေါင်း

ဂရုပြုရန်။ Passport ထဲက နာမည်စာလုံးပေါင်းနဲ့ တူရပါမယ်။ Passport မလုပ်ရသေးရင် အခြားစာရွက်စာတမ်းများက နာမည်စာလုံးပေါင်းနဲ့တူရပါမယ်။ Passport လုပ်တဲ့အခါ ပေးထားတဲ့နာမည်စာလုံးပေါင်းနဲ့ တူညီအောင် သတိထားပေးပါရန်။

3. မွေးဖွားရာမြို့သည်သင့်
မွေးစာရင်းထဲကအတိုင်း တူရပါမယ်။

4. ၂လက်မပတ်လည် နောက်ခံအဖြူရောင်၊ ခြောက်လအတွင်းရိုက်ကူးထားသော ကာလာပတ်စပို့ ဓါတ်ပုံ soft copy

ဂရုပြုရန်။ အရင်နှစ်က တင်ထားဖူးသည့်ဓါတ်ပုံဖြင့် ဒီနှစ်ပြန်တင်၍မရပါ။

ကျွန်တော်တို့ဆီ service အပ်ထားသည့် မိတ်ဆွေများအနေဖြင့် ဓါတ်ပုံရိုက်ပီးပါက ပြင်စရာလုံးဝမလိုပါဘူး။ သတ်မှတ် ချက်နှင့်အညီ ရွေးချယ် ဆောင်ရွက်ပေးပါတယ်။ လုံးဝ အသုံးပြုလို့မရသော ဓာတ်ပုံများကိုသာ ပြန်လည် ရိုက်ခိုင်းပါတယ်။

5. နေရပ်လိပ်စာ
ဂရုပြုရန်။ လက်ရှိနေရပ်လိပ်စာကို ထည့်ရင် ရပါတယ်။ သန်းခေါင်စာရင်းမှလိပ်စာနှင့် မတူလည်းရပါတယ်

6. အမြင့်ဆုံးပညာအရည်အချင်း
(ဆယ်တန်းအောင်၊ တက္ကသိုလ်တက်နေဆဲ၊ ဘွဲ့ရ၊ မာစတာတန်းတက်နေဆဲ၊ မာစတာဘွဲ့၊ ဒေါက်တာတန်းတက်နေဆဲ၊ ဒေါက်တာဘွဲ့ )

ဂရုပြုရန်။ နောက်ဆုံး မိမိ ရောက်နေသော ပညာ အရည်အချင်း ကို အတိအကျ တင်ဖို့ လိုအပ်ပါတယ်

7. အိမ်ထောင်ဘက် သား၊ သမီး ရှိ၊ မရှိ

သတိပြုရန်။ အိမ်ထောင်ရှိ၊ သားသမီးရှိရင် ထိုသူများရဲ့ အချက်အလက်များအကုန်လိုပါတယ်။ DV ပေါက်လျှင်အိမ်ထောင်ဘက်ကို မခေါ်လိုပါက DS260 form ဖြည့်သည့်အချိန်တွင် ချန်လှပ်ထားခဲ့နိုင်ပါသည်။ ကိုယ်တစ်ယောက်တည်းသွားမှာမို့ အိမ်ထောင်နဲ့ သားသမီးအချက်အလက်မဖြည့်ဘဲ Single အနေနဲ့ဖြည့်ခဲ့ရင် အချက်အလက်လိမ်သလိုဖြစ်သွားပါမယ်။

အိမ်ထောင်ဘက်/ သားသမီးရှိလျှင် ထိုသူများ၏ ဓါတ်ပုံလိုအပ်ချက်များက ဦးဆောင်လျှောက်သူနှင့် တူတူပါပဲ။

မိမိအိမ်ထောင်ဖက်နှင့် 21 နှစ်အောက်သား၊သမီးနဲ့သာ အတူတွဲလျှောက်ခွင့်ရှိပါတယ်။ ပေါက်ရင် အတူသွားခွင့်ရှိပါတယ်။ မိဘ၊ ညီအကို၊ မောင်နှမ၊ ညီအမ၊ ဆွေမျိုး၊ သူငယ်ချင်း အတူတွဲလျှောက်ခွင့်မရှိ။ ပေါက်ရင် အတူသွားခွင့်မရှိပါ။

======================================

🛑 အချက်အလက်များကို မလိမ်ပါနဲ့။ မှန်မှန်ကန်ကန်တင်ပေးပါ။ လိမ်ထားတာပါရင် DV ပေါက်လို့ visa အတွက် သံရုံးဝင်ရင် အပါယ်ခံရပါမယ်။ DV ပေါက်တဲ့အခွင့်အရေးနစ်နာသွားပါမယ်။ 🛑

======================================

လိုအပ်သောအကူအညီများကို page messenger မှ‌သော်လည်းကောင်း၊ ဖုန်းဆက်ပီးသော်လည်းကောင်း အချိန်မရွေးမေးမြန်းဆက်သွယ်နိုင်ပါတယ်။

📞 Ph Number : 09954004814

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon