EarnestVentures
より良い未来の為に🌤️🌳
29/04/2024
京都ノートルダム女子大学⛪️
ဒီနေ့ကတော့ Tourist တွေအကြိုက်ဆုံးမြို့ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားတွေစုဝေးရာနေရာလေးဖြစ်တဲ့ Kyotoက လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်🌷
အားနည်းချက် အားသာချက် ၂ခုလုံးကိုပါ ဖော်ပြသွားပါမယ် 💎
#1 2nd year/3rd year က Transfer လုပ်နိုင်ဖို့ chance များခြင်း။
ဂျပန်ပြည်တွင်းသာမက ပြည်ပကတက္ကသိုလ်တွေကပါ Transfer student အနေနဲ့ Try လို့လွယ်တဲဲ့အတွက် ... မြန်မာပြည်တက္ကသိုလ်ကျောင်းသားတွေအတွက်ပါ အချိန်ကုန်ငွေကုန်သက်သာပြီး Graduate ဖြစ်နိုင်မယ့်အခွင့်အရေးရပါတယ်
(GPA 3 အထက်နဲ့ Credit ကောင်းဖို့တော့လိုပါမယ်)✍️
2 # International student တွေအတွက် scholarship program များစွာရှိခြင်း
ကိုယ့်အလှည့်တုန်းကတော့ ကျောင်းစလျှောက်တည်းက scholar တွေပါ တစ်ခါတည်း
လျှောက်ခဲ့တာပါ
3 # International teaching system🗾
ကျောင်းမှာ Australia/USA /France စတဲ့နိုင်ငံပေါင်း၉နိုင်ငံလောက်ကဆရာတွေရှိတဲ့အတွက် .. အခြားတက္ကသိုလ်တွေလို ဂျပန်ဆရာတွေရဲ့ ပုံသေနည်းအတိုင်းသွားတာမဟုတ်တဲ့အပြင် ဂျပန်စာသာမက အာရှနဲ့အနောက်နိုင်ငံတွေကLanguage class တွေနဲ့ ... သူတို့အထူးပြုထားတဲ့ အခြားmajorတွေကိုပါ joinလို့ရမှာဖြစ်ပါတယ်
___________________________________
အားနည်းချက်
1 # english လိုပဲသီးသန့်သင်တဲ့ E track ရယ်လို့မထားပါဘူး ။ ကိုယ်ဆိုလည်း English Literature major ယူထားပေမယ့် အချို့စာတမ်းစာပေနဲ့ပတ်သတ်တာတွေဆို ဂျပန်လိုပါ Reportတွေ Quiz တွေဖြေရပါတယ်
ဒါကြောင့် English ရော Japanese ရောပြင်ဆင်ထားမှရမှာပါ
2 # ကျောင်းစရိတ်
Private University ဖြစ်တဲ့အတွက် Scholar သာမရရင် ကျောင်းစရိတ်တော်တော်ထောင်းပါတယ်...
scholar ပေးတဲ့ amount ကများပေမယ့် သူများကျောင်းတွေထက် တင်းကြပ်တဲ့ထဲပါတာမို့လို့ ... ..Scholar အတွက် requirement တွေနဲ့ညီအောင် တစ်နှစ်လောက်ကြိုပြီး ပြင်ဆင်ထားတာပိုကောင်းပါတယ်
3 # Women university ပါ 🙋🏻♀️
Catholic အခြေခံထားတဲ့ uni ဖြစ်ပြီး မိန်းကလေးသီးသန့်ထားပါတယ်
မိန်းကလေးတွေကိုတော့ ဝါသနာပါတာအကုန်လုပါလို့ရအောင် အတော် support တဲ့နေရာပါ🌈
အသေးစိတ်ကိုတော့ နောက်လာမယ့် Video နဲ့ Live လေးတွေမှာ ဆက်လက်ဖော်ပြပြီး အကြံပြုသွားပါ့မယ်နော်🌷
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon