Triple Burma Professions
Believe Your Future with Us!
28/05/2025
Guys Edit: source information various institute
ACCA ကတော့ ACCA ပါပဲ တစ်ခြား organization နဲ့ ယှဉ်လို့မရဘူးဆိုတာ သူကိုယ်တိုင်က hit ထွက်နေလို့ 🤭
♠️ OBU နဲ့ Bsc မရတော့ပေမဲ့ အခုထက်ပီ သွားမဲ့ UOL Bsc Professional Accountancy မှာ အဓိက လိုအပ်ချက်လေးတွေနည်းနည်းပြောပြမယ်
University of Landon ရဲ့ Bsc မှာ
✅ 1. Part1 Paper 3 ခုပီးထားရမယ် F1,F2, F3 ( exemption ကြောင့်ဆိုလည်းရတယ် )
✅ 2 . Part2 paper 6 ခုပီးထားရမယ် အဲ့ဒီထဲမှာ FR, TX , AA ကို exemption ကြောင့်အောင်ထားတာမဖြစ်ရဘူးလို့ပြောတာ ။ part2 ထဲက PM နဲ့ FM နဲ့မပီးသေးလဲ Research လုပ်တဲ့နေရာမှာ လုပ်ပေးရင် PM , FM ကို exemption ရမယ်လို့လဲပြောတယ်
Financial Management (FM) နဲ့ Performance Management (PM) စာမေးပွဲတွေကို မအောင်မြင်သေးသူများအတွက် University of London BSc ဘွဲ့အစီအစဉ်အတွင်း FM နဲ့ PM module တွေကို ပြီးမြောက်ခြင်းဖြင့် ACCA စာမေးပွဲကြေးနဲ့ အခြားစရိတ်များကို လျော့နည်းစေနိုင်ပါတယ်။
အကျိုးကျေးဇူးများ
♠️ FM နဲ့ PM ACCA စာမေးပွဲကြေး မပေးရတော့ပါဘူး
♠️ BSc မှ FM နဲ့ PM module အောင်မြင်ပြီးပါက ACCA FM နဲ့ PM စာမေးပွဲကြေးတွေ ပေးဆောင်စရာ မလိုတော့ပါ။
♠️ သင်တန်းကြေးတွေရှိခဲ့ရင်လည်း ထပ်မံပေးဆောင်ရမှာ မဟုတ်ပါဘူး။
♠️ ပုံမှန်အားဖြင့် ACCA exemption ရဖို့ exemption fee ပေးရတတ်ပေမယ့်၊ University of London BSc မှ FM နဲ့ PM module အောင်မြင်ထားတာကြောင့် ACCA part2 FM , PM , exemption fee ကို လုံးဝမပေးရပါဘူး။
ဒီ exemption တွေကို ACCA မှာ မင်းအတွက် အလိုအလျောက် လျှောက်ထားပေးမှာ ဖြစ်ပြီး လျှောက်ထားဖို့မလိုပါဘူး။
If you’re an ACCA student and have yet to complete the Financial Management (FM) and Performance Management (PM) exams, completing elements of the BSc can save you money on ACCA exam fees and other associated costs. Because the BSc's Financial Management and Performance Management modules provide exemptions for ACCA's FM and PM exams, you will not need to:
1. Pay any FM and/or PM ACCA exam fees, in addition to any tuition costs which may have otherwise applied.
2. Pay for FM and/or PM exemption fees (if applicable). These will automatically be applied (if applicable) to your ACCA student record without the requirement of an exemption fee.
✅ 4. ACCA Applied Skills အဆင့်စာမေးပွဲမျအောင်မြင်ပြီး
UoL ရဲ့ Module ၃ ခုဖြစ်သော
♠️ Financial Management (FM)
♠️ Performance Management (PM)
♠️ Research Project
Module တွေက သူတို့ဆီမှာ ပဲတတ်ရမယ်လို့ပြောတယ် means သူတို့ university ကအတန်းတက်ရင်လည်းတက်ရလိမ့်မယ် online or smth ) or OBU လို မျိုး ဒီကဆရာမတွေလုပ်ပေးတာပဲလည်းရှိရင်ရှိနိုင်တယ် ။ zaw Business School, Excellent choice မှာစုံစမ်း
ဆိုလိုတာက part2 ပီးတာနဲ့ Try လို့ရတယ်ဆိုတဲ့
===================================
🌟 University of London (UoL) နဲ့ ACCA ပူးပေါင်း BSc (Hons) Professional Accountancy ဘွဲ့အစီအစဉ်
✅။ အရေးကြီးရက်များ။ ( နှစ်တိုင်ရှိလောက်မယ်လို့တော့ထင်ပါတယ် အဲ့ဒါလေးသိရင် ပြန်လာ edit ပေးပါ့မယ်လောလောဆယ်တော့ )
( နှစ်တိုင်ရှိပါတယ် Expected to be twice yearly, every March and September ) တစ်နှစ်မှာနှစ်ကြိမ် OBU အတိုင်းပဲလို့တော့ပြောတာပဲ
♠️ လျှောက်လွှာ စတင်ဖွင့်လှစ်မည့်ရက် — ၂၀၂၅ ဒီဇင်ဘာ
♠️ ပထမဆုံး သင်တန်း စတင်မည့်ရက် — ၂၀၂၆ မတ်
♠️ Oxford Brookes University BSc Applied Accounting အစီအစဉ် ပိတ်သည့်ရက် — ၂၀၂၆ မေလ
==================================================================
✅ ACCA နဲ့ University of London တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဘွဲ့အစီအစဉ်ဖြစ်ပြီး၊ ACCA ရဲ့ စာမေးပွဲတွေ ဖြေဆိုရင်း တပြိုင်နက် University of London မှ BSc (Hons) Professional Accountancy ဘွဲ့ကို ရရှိနိုင်ပါတယ်။
သင်ကြားမှုနည်းလမ်းမှာ အွန်လိုင်းသင်ကြားမှုနဲ့ မျက်နှာချင်းဆိုင် သင်တန်း (Recognised Teaching Centres - RTC) များ ရွေးချယ်ပြီး လေ့လာနိုင်ပါတယ်တဲ့
♠️ ဝင်ခွင့်အခြေအနေ ထပ်ပြောပြပေးပါ့မယ်
ACCA Applied Knowledge (F1-F3) ကို အောင်မြင်ပြီး သို့မဟုတ် အထောက်အပံ့ (exemption) ရရှိထားသူ။
ACCA Applied Skills (F4-F9) မှ Financial Reporting (FR), Taxation (TX), Audit and Assurance (AA) စသည့် စာမေးပွဲများကို ဖြေဆိုပြီး အောင်မြင်ထားသူ။
၃။ ဘွဲ့ရရှိရန် လိုအပ်ချက်များ
University of London မှ ဖွဲ့စည်းထားတဲ့ Module ၃ ခုဖြစ်သည့်
♠️ Financial Management (FM)
♠️ Performance Management (PM)
♠️ Research Project (သုတေသန စာတမ်း)
ကို အောင်မြင်စွာ ပြီးမြောက်ရမည်။
FM နဲ့ PM Module ကို အောင်မြင်ရင် ACCA FM နဲ့ PM စာမေးပွဲများအတွက် ခွင့်လွှဲ (exemption) ရရှိမှာ ဖြစ်ပါတယ် module ၃ ခု ပြီးမြောက်ရင် BSc (Hons) Professional Accountancy ဘွဲ့ ရရှိပါမည်။
Module တွေကိုသူတို့ University of London ရဲ့ Virtual Learning Environment (VLE) မှာ သင်ယူရေလာက်တယ် ။ အဲ့မှာ university exam မှာ စစ်တယ်လို့လဲပြောကြတယ် ။
♠️ သင်တန်းကြေးနှင့် ငွေပေးချေမှု
သင်တန်းကြေးမှာ နိုင်ငံအလိုက်၊ သင်ကြားနည်းအလိုက် ကွဲပြားသည်။
အွန်လိုင်းသင်ကြားမှုအတွက် £3,000 ခန့်ဖြစ်ပြီး RTC မှာ သင်တန်းကြေးပို ပေးဆောင်ရနိုင်သည်။
Visa, MasterCard စသည့် အွန်လိုင်းငွေပေးချေမှု နည်းလမ်းများ ရရှိသည်
=================================================================
လောလောဆယ်တော့ students တွေဆီ အကျယ်တပွင့် mail တွေမပို့သေးပါဘူးတဲ့နော် platinum တို့ gold member တို့ရထားတဲ့ institue တွေဆီပဲပို့ပေးသေးတာပါ ကိုယ်တွေကတော့ ရင်တမမနဲ့စောင့်ကြည့်ရမှာပေါ့ 28 may ဆိုတော့ ဒီနေ့တစ်ခုခုထပ်ထွက်လာမှာပဲ fees ကသေချာပေါက်များမှာ ဒါပေမဲ့ ပေးရတာနဲ့ တန်မယ်ဆိုတာကတော့သေချာပေါက်ယုံတယ် online, remote နဲ့ ဒီလို TOP university ကပေးတဲ့ Bsc Professional Accountancy ကို ရမှာဆိုတော့ ရင်းတာကို ACCA နဲ့တွေ့မှမကြောက်တော့တာ 😬 ကိုယ့်ဆရာမကတော့ စာကြီးပဲစွတ်သင်မနေနဲ့တော့ မှီအောင်လုပ်တေယ့ဆိုပြီမြှောက်နေပီ ဟိဟိ Research Project နဲ့ပဲဆို နှစ်ဆကြိုးစားရမှာ။ လောလောဆယ်တော့ သင်တန်းကျောင်းတွေကထုတ်ပြန်တာစောင့်ကြည့်ယုံပေါ့
🔂 ACCA UK exam တွေပြန်ဖြေကြပါနော် ဘွဲ့မရသေးတဲ့လူတွေအဝပျော်လို့ရပါပြီ ကြိုးစာဖို့ပဲကျန်တော့တာ
🔂 ACCA ရွေးထားတာကကိုယ့်အတွက်အာသာချက်လို့ယူဆပြီ အခွင့်ရေး လာနေတုန်း knowledge လဲရှိနေပီဆို အေးဆေးသွားလို့ရပြီ
Credit to original owner
်းခွဲသစ်
29/03/2024
April 01က စပြီနော်
23/02/2024
FYI
KSHAL Audit Firm တွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်း အလိုရှိပါသည်
1.Audit Senior (1) Post
- CPA (CPA II passed)
- Minimum 2 years experiences in auditing field
2. Audit Junior (1) Post
- CPA Part I or Part II တတ်ရောက်ပြီးသူ
- Minimum 1 year experiences in auditing field.
* အသက် (20-30) နှစ် အတွင်းဖြစ်ရမည်
* Microsoft excel, word & email အသုံးပြုနိုင်ရမည်
* English အရေးအပြော သင့်တင့်ရမည်။
* ရိုးသားကြိုးစားသူဖြစ်ရမည်။
* သင်ယူလိုစိတ်ရှိရမည်။
* အသစ်ကို စူးစမ်းလေ့လာလိုစိတ်ရှိရ မည်။
* ပေါင်းသင်းဆက်ဆံရေးပြေပြစ်ရမည်။
* Probation period - 3 months
လျှောက်ထားလိုသူများ အနေဖြင့် [email protected]သို့
31 March 2024 နောက်ဆုံးထား၍Email ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်.
21/01/2024
❤ knowledge sharing - Inventory Format
==================================
🔯 dataတွေထည့်လိုက်တာနဲ့ inventory report ကို လိုသလိုဆွဲထုတ်လို့ရအောင် pivot tableလေးကိုဘယ်လိုသုံးမလဲ??? warehouseတွေဘယ်လောက်ဘဲများနေပါစေ တနေရာထဲမှာလက်ကျန်တွေကိုကြည့်လို့ရအောင်pivotကိုဘယ်လိုသုံးမလဲ??? ဂိုဒေါင်လက်ကျန်တွေကိုreport ဆွဲထုတ်နည်းလေးပါ။
🔯 ပညာဒါနအနေနဲ့sharingလုပ်ပေးမှာပါ။
🔯 ဘာတွေလိုအပ်မလဲ??? တဖက်ကဖုန်းကိုကြည့်တဖက်က computerနဲ့လိုက်ဆွဲကြည့်မယ်ဆိုအကောင်းဆုံးပါ။ zoom နဲ့သင်ကြားပြသပေးပါ့မယ်။
25.1.2024 ညနေ 6:00-8:00 pivot table
26.1.2024 ညနေ 6:00-8:00 pivot table
27.1.2014 ညနေ 6:00-8:00 inventory format
pivot table ကိုကျွမ်းကျင်ပြီးသားဖြစ်နေရင်တော့ ပထမရက် မှာမတက်လဲရပါတယ်။
09796937144 viberကို joinပေးပါ။
သင်ဆရာမြင်ဆရာ..ဆရာအပေါင်းတို့အားဦးညွှတ်လျက်....
18/12/2023
Hello... Monday with TBP Program မှပြန်လည်ကြိုဆိုလိုက်ပါတယ်...
မရေးပေးဖြစ်တာကြာပြီဆိုတော့ အားလုံးအတွက် နှစ်သစ်မှာ အကျိုးရှိစေမယ့် အရာလေးတခုနဲ့ စတင်ပေးလိုက်ချင်ပါတယ်...
2024လဲ ရောက်တော့မှာဆိုတော့ နှစ်သစ်မှာ လူသစ်..စိတ်သစ်နဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပိုင်ဆိုင်ဖို့ ကျင့်သုံးသင့်တဲ့ အချက်၁၂ချက်ကို ဝေမျှပေးလိုက်ပါတယ်...
1) You are the only one (Who you are inside???)
– မင်းဘဝအတွက်တော့ မင်းဟာ အရှင်သခင်ပါပဲ...
မင်းလိုလူမျိုး...မင်းတစ်ယောက်ပဲရှိပါတယ်..မင်းဘယ်တော့မှ အားငယ်စရာမလိုပါဘူး....မင်းအကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ သိပြီး..ယုံကြည်နေဖို့ပါပဲ
2) Being Fareless (Dreams Fly)
- ကြောက်ရွံ့မှုနည်းအောင်..ကြိုးစားကြည့်ပါ...
အိပ်မက်တွေ အကောင်အထည်ဖော်နိုင်အောင် လုပ်ကြည့်ပါ..
👉 ကိုယ့်ဘဝမှာ ကြောက်တယ်ဆိုတဲ့ အရာတွေကို တဖြေးဖြေးချင်းတိုးပြီး လုပ်ကြည့်ပါ...နောက်ပိုင်း ကိုယ်တကယ်လုပ်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်..
3) Always Explore new opportunities
အခွင့်အလမ်းတွေကို အမြဲရှာဖွေနေပါ....
👁👀 တချို့လူတွေက အခွင့်အရေး မရှိလို့ဆိုပြီး ငြီးတွားနေကြတာ...အခွင်အရေးပေးလာမယ့် အချိန်ကိုချည်း ထိုင်စောင့်နေလို့ မရပါဘူး... ရှာဖွေတတ်ရမယ်...
အခွင့်အရေး ပေးလာတဲ့အချိန်မှာ ကိုယ်တကယ်ဆုပ်ကိုင်ပြီး (Catch Up)မိနိုင်ဖို့...ကိုယ့်ရည်ကိုယ်သွေးတွေကို အမြဲသွေးထားရပါမယ်..မဟုတ်ရင်..ကောင်းမွန်တဲ့ ကအခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံ ရပါလိမ့်မယ်..
4) Be hungry for your ambitions
ကိုယ့်ရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လာရင်.. အမြဲ ဆာလောင်မှုရှိပါစေတဲ့....
🍜🍔 ကိုယ်ရည်ရွယ်ချက်တွေအတွက် ကောင်းမွန်တဲ့ ဘယ်လမ်းကြောင်းကိုမဆို ဖြည့်ဆည်းဖို့ အမြဲအသင့်ရှိနေပါစေ..ကျွန်မဆို မျှဝေရတာ..သင်ပေးရတာ စိတ်ဝင်စားတဲ့သူမို့..ကျွန်မ ဝမ်းစာပြည့်ဖို့...ဘယ်သူ့ဆီက ဖြစ်ဖြစ်...သင်ယူလေ့လာဖို့ အမြဲတောင့်တရှာဖွေ နေသူတစ်ဦးပါ
5) Do not compromise your dreams
ကိုယ့်အိပ်မက်တွေ အတွက် စျေးဆစ်လာရင်..
ကိုယ့်လမ်းကြောင်းကို သွေဖယ်စေနိုင်တဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးကိုမှ လက်မခံမိပါစေနဲ့.....
👑ကိုယ့် Passion..အိပ်မက်ပန်းတိုင်သာ အမှန်ဖြစ်ခဲ့ရင် ရူးသွပ်စွာ လျှောက်လှမ်းပါ....သေချာဖို့နဲ့ ဉာဏ်နဲ့ချင့်ချိန်ဖို့တော့ လိုတာပေါ့....တခါတလေ အိပ်မက်တွေက စျေးကြီးလို့ပါ
6) Fail, fail, fail again… Then rise Phoenix
Phoenix ဌက်တွေ ဘယ်လိုပျံသန်းလဲ သိကြတယ်မလား...
မီးပုံထဲကတောင် ရုန်းထွက်ပျံသန်းနိုင်တဲ့ အစွမ်းရှိတဲ့သတ္တဝါပါ..
💪💪 ဘယ်လောက်ကျရှုံး..လဲပြိုလဲ...အကြိမ်ကြိမ် ပြန်ထဖို့ Phoenix ဌက်လို အစွမ်းအစတွေနဲ့ ဘဝမှာ တခါလောက်တော့ ကြိုးစားကြည့်လိုက်ကြစမ်းပါ
7) Be Bold….. Take a risk
အောင်မြင်တဲ့သူတော်တော်များများဟာ..Riskယူရဲပြီး စွန့်စားရဲတဲ့ သတ္တိရှိသူတွေများပါတယ်..
🤔🤔သူတပါးထက် ထူးချွန်အောင်မြင်ချင်ရင်တော့ သာမန်လိုတွေးပြီး...ဘဝကိုပုံဖော်လို့တော့ မရဘူးလေနော့...
ထိုက်သင့်တဲ့ စွန့်စားမှုပြုလုပ်ပါ
8) Surround yourself with the right people
ကိုယ့်ဘေးနားမှာ ရှိတဲ့ ပျမ်းမျှလူ၅ယောက်..(နေ့စဉ် ကိုယ်ပေါင်းသင်းနေတဲ့ လူ၅ယောက်ရဲ့ အရည်အချင်းဟာ) ကိုယ်ပဲမို့...ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ...ကိုယ်ရဲ့ အပေါင်းအသင်းတွေက တဆင့်ဖော်ပြပေးနေပါတယ်..
👭ဒါကြောင့် ကိုယ့်ဘဝကို ဘယ်လိုဖြတ်သန်းနေလဲဆိုတာ ပြောပြပေးနေတဲ့ အပေါင်းအသင်းတွေကို ရွေးပေါင်းပါ...
Energy က ကူးစက်ပါတယ်...မီးပူရင်တော့ အရှိန်ဟပ်တတ်သေးတယ်ဆိုတာ သတိရပါ...
9) You can never please all the time
2023မှာ ပြင်ခဲ့ရတဲ့ ကျွန်မရဲ့ အခက်ခဲဆုံးအကျင့်တွေထဲမှာ '' People Pleaser'' လုပ်တတ်တဲ့ အကျင့်ပါ...
😏😒'' မဖြစ်နိုင်တာတွေ ပြောလာတဲ့အခါ...
တာဝန်ပေးလာတဲ့အခါ...အနိုင့်ကျင့်ခံရတဲ့အခါ..ကိုယ်တကယ်
မလုပ်ချင်တဲ့အရာကို အားနာလို့ လိုက်လျောရတဲ့အခါ....''
ဟင့်အင်းလို့ ပြောတတ်အောင် သင်ယူပါ...
Self-Boundary ထားပြီး..ကိုယ်တိုင်လဲ လေးစားလိုက်နာပါ
10) Don’t take yourself too seriously ( Have Fun/ Clam down) (Light Hearted….)
လေးနက်စွာ စဥ်းစားဆုံးဖြတ်တာ မှန်ကန်ပေမယ့် တချို့အရာတွေ.. စကားလုံးတွေ..ဖြစ်ရပ်တွေပေါ်မှာ...တအားကြီး Serious မဖြစ်မိပါစေနဲ့....နေရာတိုင်းမှာ ရင်ဘတ်ကြီးနဲ့ တအားမခံစားပါနဲ့
🤠😁 ပေါ့ပေါ့ပါးပါးတွေးပြီးနေထိုင်ပါ....လူတွေနဲ့ဆက်ဆံရာမှာ
Be Approachable ချဥ်းကပ်လွယ်တဲ့သူဖြစ်ပါစေ
(အညှာလွယ်...အယုံလွယ်တာ..မဟုတ်ဘူးနော်)
11) Give Back..အလှူဒါန ပြုလုပ်ပါ...(နေ့စဉ် မိမိတို့ ကိုးကွယ်ရာ.. ယုံကြည်ရာအလိုက်ဖြစ်စေ..လူ(သို့) သတ္တဝါလေးတွေကိုလဲ တခုခု ကျွေးမွေးလိုက်တာလဲ အလှူဒါနပြုတာပါပဲ)
☺😊....Gratitude နဲ့ နေ့စဉ် နေထိုင်တာဟာလဲ ကိုယ်ရော.. ပတ်ဝန်းကျင်မှာပါ..ငြိမ်းချမ်းစေတာမို့..ဒါလဲ ဒါနတခုပါပဲ
12) Don’t ever forget your roots and where your are came from
ဆိုလိုရင်းကတော့ ဘဝမမေ့လိုက်ဖို့ပါပဲ...
ကိုယ်ဘယ်အခြေအနေကလာလဲ..
ကိုယ်ဒီနေရာရောက်လာအောင် ဘယ်အရာတွေ...ဘယ်သူတွေက ကူညီပေးခဲ့ဖူးလဲဆိုတာ..မေ့မပစ်လိုက်ဖို့ပါပဲ👌👌
ဒီလောက်ဆိုရင်တော့ စာလဲရှည်နေပြီမို့ လိုက်နာသင့်တဲ့ အချက်လေးတွေ မျှဝေပေးခဲ့ပါပြီ...
အားလုံးလဲ ကျင့်သုံးဖူးတဲ့ အချက်လေးတွေ.. ကိုယ်နဲ့ကိုက်ညီတဲ့ အချက်လေးတွေ ရှိရင် Comments မှာ မျှဝေသွားလို့ရပါတယ်
ဖတ်ရှုပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်..
နောက်တခေါက် ပြန်ဆုံကြမယ်နော် 😍😘
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon