Origin Fertility Center
We bring a team of specialist committed to providing the best care in infertility.
29/04/2026
"ကလေးယူဖို့ နောက်ကျသွားပြီလား?" ဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတယ်ဆိုရင်တော့ ဒီစာလေးကို အဆုံးထိဖတ်လိုက်ပါ။
ဘဝရဲ့ ရည်မှန်းချက်တွေနောက်ကို လိုက်ရင်း၊ အလုပ်တွေနဲ့ လုံးပန်းရင်း... ပြန်ကြည့်လိုက်တော့မှ "ငါ ကလေးယူဖို့ နောက်ကျသွားပြီလား" ဆိုတဲ့ အတွေးမျိုး ဝင်လာတတ်တာ သဘာဝပါ။ အထူးသဖြင့် အသက် ၃၀ ကျော်၊ ၄၀ နား နီးလာတဲ့အခါမှာ ဒီစိုးရိမ်စိတ်က ပိုပြီး ကြီးထွားလာတတ်ပါတယ်။ 😓
တကယ်တော့ ခေတ်မီတဲ့ မျိုးဆက်ပွားနည်းပညာတွေရှိနေတဲ့ ယနေ့ခေတ်မှာ "စောခြင်း၊ နောက်ကျခြင်း" ထက် "စနစ်တကျ အဖြေရှာခြင်း" က ပိုပြီး အရေးကြီးပါတယ်။
💡 အဲဒီအတွက် Origin Fertility Center မှာ အဖြေရှိနေပါတယ်။
✳️ မျိုးအောင်နိုင်စွမ်း စစ်ဆေးခြင်း
✳️ IVF (ဖန်ပြွန်သန္ဓေသား)၊ ICSI တို့လို ခေတ်မီကုထုံးတွေနဲ့အတူ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို ကူညီပေးခြင်း
✳️ စိတ်ပူပန်မှုတွေကို အတူတူရင်ဆိုင်ပေးမယ့် အထူးကုဆရာဝန်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ နွေးထွေးတဲ့နှစ်သိမ့်မှုများပေးခြင်း
စတဲ့ အရာတွေကြောင့် ဒီထက်ပိုပြီး နောက်မကျသွားစေဖို့နဲ့ စိုးရိမ်စိတ်တွေကို ယုံကြည်မှုတွေအဖြစ် ပြောင်းလဲပစ်ဖို့ Origin Fertility Center ကို လှမ်းလာပြီး လိုအပ်တဲ့အကြံဉာဏ်တွေနဲ့ ကုသမှုတွေရယူလိုက်တော့နော်...။
ရင်သွေးလေးကို ပွေ့ပိုက်ရမယ့် အိပ်မက်ဟာ လက်တစ်ကမ်းမှာပဲ ရှိနေနိုင်ပါတယ်။ 🤍
📩 ပိုမိုသိရှိလိုပါက Messenger ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်တွေကနေတစ်ဆင့်ဖြစ်စေ အသေးစိတ် မေးမြန်းတိုင်ပင်နိုင်ပါတယ်။
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]
#မျိုးဆက်ပွားကျန်းမာရေး
25/04/2026
"အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးတဲ့ Origin Fertility Center 🏥✨
သားသမီးရတနာ ထွန်းကားဖို့ ခက်ခဲနေတဲ့စုံတွဲတွေအတွက် နောက်ဆုံးပေါ် IVF နည်းပညာတွေ၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေရဲ့ စောင့်ရှောက်မှုတွေနဲ့အတူ အောင်မြင်မှုနှုန်း (Success Rate) အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပေးနေပါတယ်။
လူတိုင်းရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာဖို့ Origin က အမြဲရှိနေမှာပါ။ 👶✨
24/04/2026
လေထုညစ်ညမ်းမှုတွေကြားမှာ သင့်ရဲ့ သန္ဓေသားလောင်းလေးအတွက် တကယ်ပဲ လုံခြုံမှုရှိရဲ့လား? 🤱
လက်ရှိ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်း (AQI) ဟာ အလွန်စိုးရိမ်ရတဲ့ အနီရောင်အဆင့်ထိ ရောက်ရှိနေပါတယ်။ ဒါဟာ လူသားတွေအတွက်တင်မကဘဲ အလွန်နုနယ်တဲ့ "သန္ဓေသားလောင်းလေးတွေ" အတွက်ပါ စိန်ခေါ်မှုတစ်ခု ဖြစ်စေပါတယ်။ 🔴💨
ဒါပေမဲ့ Origin Fertility Center မှ မိဘလောင်းတွေအနေနဲ့ စိုးရိမ်စရာမလိုဘဲ သက်သောင့်သက်သာ ရှိနေနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ IVF Laboratory အတွင်းမှာ သန္ဓေသားလောင်းလေးတွေ ရှင်သန်ကြီးထွားဖို့အတွက် အသန့်ရှင်းဆုံးနဲ့ အလုံခြုံဆုံး ပတ်ဝန်းကျင်ကို အဆင့်မြင့်နည်းပညာတွေနဲ့အတူ အပြည့်အဝ ဖန်တီးပေးထားလို့ပဲ ဖြစ်ပါတယ်။ 🛡️
✨ IVF Laboratory က ဘယ်လိုကာကွယ်ပေးထားတာလဲဆိုတော့ -
💢 အဆင့်မြင့် HEPA နဲ့ VOC Filters
ပြင်ပက ဖုန်မှုန့်အမှုန်အမွှား (PM 2.5) တွေသာမက သန္ဓေသားလောင်းရဲ့ ဆဲလ်ပွားမှုကို ထိခိုက်စေနိုင်တဲ့ ဓာတုအငွေ့အသက် (VOCs) များကိုပါ အထူးလေသန့်စင်စနစ်တွေကိုသုံးပြီး ၂၄ နာရီပတ်လုံး စစ်ထုတ်ပေးနေပါတယ်။
💢 Positive Pressure စနစ်
ဓာတ်ခွဲခန်းအတွင်းက လေဖိအားကို ပြင်ပထက် မြင့်အောင်ထားတဲ့ (Positive Pressure) စနစ်ဖြစ်လို့ ပြင်ပက ညစ်ညမ်းတဲ့လေတွေ ဓာတ်ခွဲခန်းအတွင်းကို အပေါက်တွေကနေတစ်ဆင့် လုံးဝဝင်ရောက်နိုင်ခြင်း မရှိပါဘူး။
💢 ISO Standard စည်းကမ်း
ဓာတ်ခွဲခန်းတွင်း ဝင်ရောက်မယ့် ကျွမ်းကျင်ပညာရှင်တိုင်းဟာ အထူးသန့်စင်ထားတဲ့ ဝတ်စုံများ ဝတ်ဆင်၊ လေမှုတ်သန့်စင်စနစ် (Air Shower) များ ဖြတ်သန်းရတဲ့ Standard လုပ်ငန်းစဉ်တွေကို တိကျစွာ လိုက်နာဆောင်ရွက်နေပါတယ်။
🌱 ပြင်ပမှာ လေထုက ညစ်ညမ်းနေပေမယ့် Origin Fertility Center ရဲ့ ဓာတ်ခွဲခန်းအတွင်းမှာတော့ သင့်ရဲ့ အဖိုးတန်သန္ဓေသားလောင်းလေးတွေဟာ မိခင်ဝမ်းဗိုက်အတွင်းမှာလိုပဲ အကောင်းဆုံး အကာအကွယ်တွေအောက်မှာ လုံခြုံနွေးထွေးစွာ ကြီးထွားနေမှာပါ။
မိဘလောင်းများအားလုံးလည်း ကျန်းမာရေး ဂရုစိုက်ကြဖို့နဲ့ အပြင်ထွက်တိုင်း Mask (N95/KN95) တပ်ဆင်ကြဖို့ လုံးဝမမေ့နဲ့နော်...။ 🤍
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081