Myanmar Halal Service
The most recognized and reliable Halal certifying body in Myanmar.
17/05/2026
ကမ္ဘာ့ဟလာလ်စံချိန်စံညွှန်းများနေ့ - World Halal Standards Day
"Halal" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရင် လူအများစုက ဘာသာရေးအရ သတ်မှတ်ချက်တစ်ခုလို့ပဲ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ Halal Standard ဆိုတာ ဘာသာရေးထက် ပိုမိုကျယ်ပြန့်ပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ "အရည်အသွေးနဲ့ ဘေးကင်းမှု" ဆိုင်ရာ အာမခံချက်တစ်ခု ဖြစ်လာနေပါပြီ။
လာမည့် မေလ ၁၇ ရက်တွင် ကျရောက်မည့် World Halal Standards Day အထိမ်းအမှတ်အဖြစ် ကျွန်ုပ်တို့နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ စိတ်ဝင်စားဖွယ်အချက် (၃) ချက်ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
၁။ အသားတင်မကဘဲ အရာရာတိုင်းမှာ ရှိနေတဲ့ Halal စံနှုန်း
ကျွန်ုပ်တို့ စားသုံးနေတဲ့ မုန့်တွေ၊ အသင့်စား အစားအသောက်တွေထဲမှာ ပါဝင်တဲ့ Food Additives (INS Codes) တွေကို သတိထားမိကြမှာပါ။ Halal စံနှုန်းဟာ ဒီလိုဓာတုပစ္စည်းတွေရဲ့ မူလရင်းမြစ်က ဘာလဲ၊ ဘေးကင်းရဲ့လားဆိုတာကို အသေးစိတ် စစ်ဆေးပါတယ်။ ဒါတင်မကသေးဘဲ ကျွန်ုပ်တို့ အသားအရေအတွက် သုံးနေတဲ့ အလှကုန်တွေနဲ့ ကျန်းမာရေးအတွက် သောက်သုံးနေတဲ့ ဆေးဝါးတွေအထိ ဒီစံနှုန်းက လွှမ်းခြုံထားတာပါ။
၂။ တစ်ကမ္ဘာလုံး တစ်ပြေးညီဖြစ်လာတဲ့ ယုံကြည်မှု
အရင်ကတော့ နိုင်ငံအလိုက် စံနှုန်းတွေ ကွဲပြားနေခဲ့ပေမဲ့ SMIIC ရဲ့ ကြိုးပမ်းမှုကြောင့် အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်း (OIC/SMIIC Standards) တွေ ပေါ်ပေါက်လာပါပြီ။ ဒါဟာ နိုင်ငံတကာ ကုန်သွယ်မှုမှာ လမ်းကြောင်းတစ်ခုတည်း ဖြစ်သွားစေသလို၊ စားသုံးသူတွေအနေနဲ့လည်း ဘယ်နိုင်ငံကထုတ်တဲ့ ပစ္စည်းဖြစ်ဖြစ် ဒီတံဆိပ်ပါရင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
၃။ သိပ္ပံနည်းကျ စစ်ဆေးမှုနဲ့ ဘေးကင်းစိတ်ချရမှု
Halal Audit တစ်ခုကို လုပ်ဆောင်တဲ့အခါမှာ ဘာသာရေး ရှုထောင့်တစ်ခုတည်းတင် မဟုတ်ပါဘူး။ HACCP နဲ့ ISO လိုမျိုး ကမ္ဘာ့အဆင့်မီ အစားအသောက် ဘေးကင်းလုံခြုံရေး စနစ်တွေနဲ့ပါ ပေါင်းစပ် စစ်ဆေးတာပါ။ ဆိုလိုတာက Halal Certified ရထားတဲ့ ထုတ်ကုန်တစ်ခုဟာ ကျန်းမာရေးအတွက် အဆင့်မြင့်မားတဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို ကျော်ဖြတ်ထားတယ်လို့ အာမခံနိုင်တာပဲ ဖြစ်ပါတယ်။
"Halal Standard သည် လူသားအားလုံးအတွက် ဘေးကင်းစိတ်ချရသော လူနေမှုစနစ်ကို ဖော်ဆောင်ပေးပါသည်။"
15/05/2026
✅ ဟလာလ်အရည်အသွေး ထောက်ခံချက်လက်မှတ် ပေးအပ်ခြင်း။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၊ ပုလဲမြို့သစ်၊ မြတ်လေး လမ်းရှိ ရွှေအုပ် (ဆန်မှုန့်၊ ပြောင်းကော်မှုန့်) လုပ်ငန်းမှ တာဝန်ရှိသူများက ၎င်းတို့ထုတ်လုပ်ရောင်းချနေသည့် ထုတ်ကုန်များအတွက် Halal ထောက်ခံချက်လက်မှတ်ရယူရန် MHS သို့ လျှောက်ထားလာမှုအပေါ် MHS Auditors များက လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ ၎င်းတို့ ထုတ်လုပ်ရောင်းချသည့်စားသောက်ကုန်၏ ကုန်ကြမ်းအဆင့်မှ ကုန်ချောဖြစ်သည်အထိလုပ်ငန်းစဥ်အသေးစိတ်နှင့် အသုံးပြုသည့်စက်ပစ္စည်းကိရိယာများကို စနစ်တကျစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးတွေ့ရှိချက်များအနက် ၄င်းတို့အသုံးပြုနေသော ကုန်ကြမ်းများနှင့်ထုတ်လုပ်မှုလုပ်ငန်းစဥ်များသည်လည်း ဟလာလ်စံချိန်စံညွှန်းပြည့်မီကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့နောက် 6.5.2026 On-site Audit စစ်ဆေးမှုများ အောင်မြင်စွာပြီးစီးခဲ့ပါသည်။
သို့ရှိရာ ရွှေအုပ် (ဆန်မှုန့်၊ ပြောင်းကော်မှုန့်) လုပ်ငန်းအား MHS အရည်အသွေးအကဲဖြတ်အတည်ပြုရေးအဖွဲ့ က ထောက်ခံအတည်ပြုခဲ့ပြီး MHS ၏ နာယကဆရာတော်တစ်ပါးဖြစ်သည့် ဟဇရသ် မောင်လာနာ အရှ်ရဖ်အလီ ဆွာဟိဗ်က 13-5-2026 ရက်တွင် 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗛𝗔𝗟𝗔𝗟 𝗦𝗘𝗥𝗩𝗜𝗖𝗘 𝗖𝗼.,𝗟𝘁𝗱. ရုံးချုပ်၌ လျှောက်ထားသူ လုပ်ငန်းပိုင်ရှင်အား ခေါ်ယူတွေ့ဆုံ၍ တစ်နှစ်သက်တမ်းရှိ Halal suitable according to Islamic rules (အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ်ထောက်ခံချက်လက်မှတ်) အား ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း စားသုံးသူများကို အသိပေးအပ်ပါသည်။
✅ 12.5.2027 တွင် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 သက်တမ်းကုန်ဆုံးပါမည်။
𝐅𝐚𝐜𝐞𝐛𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
http://m.me/100642292432120
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐇𝐚𝐥𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/MyanamarHalalService
📞 – 01-8203282, 09-954093000
📧 – [email protected]
📍အမှတ် ၆၉ / ၇၁ ၊ ၃ လွှာ၊ မြယာကုန်းလမ်းမကြီး နှင့် ၁၂၇ လမ်းထိပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
#ဟလာလ်စားသောက်ကုန်
#ဟလာလ်ဆန်မှုန့်_ပြောင်းကော်မှုန့်
#ဟလာလ်ထောက်ခံချက်လက်မှတ်
13/05/2026
✅ ဟလာလ်အရည်အသွေး ထောက်ခံချက်လက်မှတ် သက်တမ်းတိုးပေးအပ်ခြင်း။
ပြင်ဦးလွင်မြို့ ၊ နှင်းဆီလမ်း ၊ အမှတ် စ /၂/၈၁ ရှိ Maple Syrup (အချိုရည်အဆီလုပ်ငန်း) သည် ၂၀၂၅ ခုနှစ်တွင် MHS ထောက်ခံချက်လက်မှတ်ရယူထားပြီး သက်တမ်းပြည့်သွားသည့်အတွက်ကြောင့် ပြန်လည်သက်တမ်းတိုးလျှောက်ထားလာသည့်အပေါ် MHS Auditors များက လိုအပ်သည့် စာရွက်စာတမ်းများ၊ ကုန်ကြမ်းများနှင့် လုပ်ငန်းစဥ်အစအဆုံးအားအသေးစိတ် ပြန်လည်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးတွေ့ရှိချက်အရ Maple Syrup ၏ အသုံးပြုသောကုန်ကြမ်းများနှင့် ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစဥ်များသည် စံချိန်စံညွှန်းမီကြောင်းတွေ့ရှိခဲ့ရပါသည်။ ထို့နောက် Maple Syrup (အချိုရည်အဆီလုပ်ငန်း) အား ဟလာလ်အာမခံစနစ်ကိုတည်ဆောက်ပေးခဲ့ပြီး 30.4.2026 ရက်တွင် On-site Audit စစ်ဆေးမှုများ အောင်မြင်စွာပြီးစီးခဲ့ပါသည်။
သို့ရှိရာ Maple Syrup (အချိုရည်အဆီလုပ်ငန်း) အား MHS အရည်အသွေးအကဲဖြတ်အတည်ပြုရေးအဖွဲ့ က ထောက်ခံအတည်ပြုခဲ့ပြီး MHS ၏ နာယကဆရာတော်တစ်ပါးဖြစ်သည့် ဟဇရသ် မောင်လာနာ အရှ်ရဖ်အလီ ဆွာဟိဗ်က 13-5-2026 ရက်တွင် 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗛𝗔𝗟𝗔𝗟 𝗦𝗘𝗥𝗩𝗜𝗖𝗘 𝗖𝗼., 𝗟𝘁𝗱. ရုံးချုပ်၌ လျှောက်ထားသူ လုပ်ငန်းပိုင်ရှင်၏ ကိုယ်စားလှယ်အား ခေါ်ယူတွေ့ဆုံ၍ တစ်နှစ်သက်တမ်းရှိ Halal suitable according to Islamic rules (အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ်ထောက်ခံချက်လက်မှတ်) အား ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း စားသုံးသူများကို အသိပေးအပ်ပါသည်။
✅ 12.5.2027 တွင် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 သက်တမ်းကုန်ဆုံးပါမည်။
𝐅𝐚𝐜𝐞𝐛𝐨𝐤 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
http://m.me/100642292432120
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐇𝐚𝐥𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/MyanamarHalalService
📞 – 01-8203282, 09-954093000
📧 – [email protected]
📍 တည်နေရာ – 📍 အမှတ် ၆၉ / ၇၁ ၊ ၃ လွှာ၊ မြယာကုန်းလမ်းမကြီး နှင့် ၁၂၇ လမ်းထိပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
(Google Map) https://maps.app.goo.gl/YV1gP5VjxpGJEPs58
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/MyanamarHalalService
#ဟလာလ်ထောက်ခံချက်လက်မှတ်
04/05/2026
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗛𝗮𝗹𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲 က စီစဥ်တင်ဆက်လျက်ရှိသည့် ဟလာလ်အသိပညာပေး အစီအစဥ် အမှတ်စဥ် ၀၀၃/ ၂၀၂၆ ကို မေလ ၃ ရက်၊ (တနင်္ဂနွေနေ့) ဇိုဟိုရ် နမားဇ်အပြီးတွင် ပြည်မြို့၊ ကာကာဗလီ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
📃 ပညာပေးအစီအစဉ်များ ပြီးဆုံးပြီးနောက် တက်ရောက်လာသည့် ဧည့်သည်များက သိလိုသည်များကိုမေးမြန်းကြရာ သင်တန်းမှူးများက ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားအစီစဉ်ကို ဒိုအာဖြင့်ရုတ်သိမ်းခဲ့ပါသည်။ 🤲
မုစ်လင်မ့်လူ့အဖွဲ့အစည်းအတွင်း ဟလာလ်အသိပညာတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် 𝗠𝗛𝗦 ၏ တာဝန်ရှိသူများမှ ဤကဲ့သို့သော"ဟလာလ်အသိပညာပေးအစီအစဥ်" များအား အလျဥ်းသင့်သလို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/MyanamarHalalService
Viber Channel
https://invite.viber.com/?g2=AQA3%2Bo1mov97llG5F444oFEX9Zzx24Juwft06B5xVCBQjYgXc2gNsqaj975pktE9
#ဟလာလ်သင်တန်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 69/71, Myayarkone Street, Mingalar Taungnyunt Tsp
Yangon
11221
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 03:00 |
| Thursday | 09:00 - 15:00 |
| Saturday | 09:00 - 15:00 |