First GOAL

First GOAL

Share

"အားကစားသတင်းများစွာနဲ့ ရသဆောင်းပါးများကို အခမဲ့ ဖတ်ရှူနိုင်ပါတယ်" [First GOAL]

23/07/2023

🚨TRANSFER - ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ ဝုလ်ဗာဟမ်တန်အသင်းရဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဗြိတိန်နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Telegraph က ဆိုပါတယ်။

ဖူလ်ဟမ်က ဟီမီနက်ဇ်အတွက် ဝုလ်ဗ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅.၅သန်း ပေးချေရမှာ ဖြစ်ပြီး ဟီမီနက်ဇ်က မကြာခင်မှာပဲ ဖူလ်ဟမ်နဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ။ ဖူလ်ဟမ်က ဟီမီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့တိုက်စစ်မှူး မီထရိုဗစ်ရဲ့ နေရာအတွက် အစားထိုးဖို့ဖြစ်နိုင်ပါတယ်။ ✅

23/07/2023

🚨OFFICIAL - မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူ အဲလက်စ် တဲလက်စ်ဟာ အယ်လ် နာဆာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၆သန်းနဲ့အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ကစားခွင့် ရပါတော့မယ်။

18/07/2023

🚨 BREAKING!

လက်စတာအသင်းမှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဂျွန်နီ အီဗန်သည် ယူနိုက်တက်နှင့် ကာလတိုစာချုပ် ချုပ်ဆိုပြီး လာမည့် ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားသွားမည်ဖြစ်သည်။✅

18/07/2023

ယခုလက်ရှိမှာ စျေးအကြီးဆုံး အင်္ဂလန်ကစားသမား၃ယောက်ဖြစ်နေတဲ့ ဒီကလန်ရိုက်စ်၊ ဂျက်ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့၃ယောက်က အိုင်ယာလန်ကိုယ်စားပြုပြီး ကစားနိုင်ပါတယ်။

ဒီကလန်ရိုက်စ်ဆိုရင် အိုင်ယာလန်အသင်းကြီးအတွက် ၃ပွဲ ကစားဖူးသလို ဂျက်ဂရီးလစ်ရှ်ဆိုရင်လည်း အိုင်ယာလန်လူငယ်အသင်းနဲ့ ကစားခဲ့ဖူးပါတယ်။ ဘယ်လင်ဟမ်ကလည်း အဖွားဖြစ်သူက အိုင်ယာလန်နိုင်ငံသူဖြစ်တဲ့အတွက် အိုင်ယာလန်ကိုယ်စားပြုပြီး ဝင်ရောက်ကစားခွင့်ရှိပါတယ်။

ဒါပေမယ့်လည်း ဆရာကြီး၃ပါးကတော့ ယခုလက်ရှိမှာ အင်္ဂလန်အတွက် ကိုယ်စားပြုပြီး ကစားနေပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yae Kyaw Street
Yangon
11107