Tiger Fiber Internet
Fiber Internet Service
14/05/2024
အင်တာနက်လိုင်း ကောင်းစေရန် ဒီလိုအချက်တွေ ပြုလုပ်ပေးပါ
၁. WIFI စက်ကို တနေ့လုံး တောက်လျှောက် ဖွင့်ထားခြင်းမှ ရှောင်ကြဉ်ပါ၊ (၅မိနစ်လောက် စက်ကို အနားပေးကာ ပါဝါအဖွင့်အပိတ်လုပ်ပြီးမှ ပြန်သုံးပါ)
၂. သင့်ရဲ့ WIFI စက်ကို တစ်ပတ် တစ်ကြိမ်လောက် သန့်ရှင်းရေး ပြုလုပ်ပေးပါ
၃. သင့် WIFI စက်ရဲ့ Password ကို WIFI Company မှဖွင့်ပေးတဲ့ Default PW ဖြင့် မသုံးပါနှင့်၊ Password ပြောင်းသုံးပေးပါ
၄. WIFI စက်ကို အခန်းထောင့် (သို့) နံရံနဲ့ နီးတဲ့ နေရာတွေမှာ ထားခြင်းမှ ရှောင်ကြဉ်ပေးပါ(space ကျယ်တဲ့နေရာမျိုးမှာ ထားသင့်ပါတယ်)၊
၅. WIFI စက်ရဲ့ cable အဝါရောင်ကြိုးတွေကို စစ်ဆေးပေးပါ(တခါတရံ ကြိုးတွေ ခေါက်နေတာမျိုး ဖြစ်တတ်လို့ပါ)၊
၆. WIFI စက်တပ်ဆင်ထားတဲ့ အနီးအနားမှာ သတ္တုပစ္စည်းများ(ဉပမာ- Microwave၊ မီးဖို၊ ကြည့်မှန်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်) အစရှိတဲ့ ပစ္စည်းများ မထားပါနှင့်၊ လိုင်းဆွဲအားကျတတ်လို့ပါ
၆. WIFI စက် တပ်ထားတဲ့ နေရာမှာ လိုင်းဆွဲအားကို အဟန့်အတားဖြစ်စေတဲ့ ပစ္စည်းတွေ ရှိနိုင်တာဖြစ်လို့ WIFI Repeater (သို့) Extender ခံ သုံးပေးပါ
၇. WIFI စက်ရဲ့ LOS ဆိုတဲ့နေရာမှာ တခါတရံ မီးနီလင်းတတ်ပါတယ် ထိုအခါ လိုင်းကျတာတွေ၊ လိုင်းသုံးလို့မရတာတွေ ဖြစ်တတ်လို့ တပ်ထားတဲ့ WIFI စက်ရဲ့ သက်ဆိုင်ရာ Service ပိုင်းကို ဖုန်းဆက်ပြီး ကြိုးလာစစ်ဆေးဖို့ ပြောပေးပါ။
ဒီအချက်လေးတွေကို သတိထားပြုလုပ်ပေးမယ်ဆိုရင်တော့ လူကြီးမင်းတို့ အင်တာနက်လိုင်း သုံးတဲ့အခါမှာ လိုင်းမထစ်ဘဲ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်ရှင့်။
05/05/2024
မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
29/04/2024
အင်တာနက် ဝိုင်ဖိုင်အတွက် စက်အသစ်တပ်ဆင်ချင်ပါသလား? ဘေလ်ကော ဘယ်လို ပေးဆောင်လို့ရပါသလဲ? အင်တာနက်လိုင်း အဆင်မပြေမှုများအတွက် မေးမြန်းချင်ပါသလား?...စသဖြင့် လူကြီးမင်းတို့သိရှိလိုသမျှ အကြောင်းအရာများကို စုံစမ်း မေးမြန်းရန် Tiger Net Fiber Call Center မှ ဖြေကြားပေးဖို့ အသင့်ရှိနေပါပြီ။
Tiger Fiber Internet နှင့်ပတ်သက်ပြီး မေးမြန်းစုံစမ်းလိုမှုများအတွက် အောက်ပါ Hotline နံပါတ်များသို့ ဆက်သွယ်ပြီး သိရှိလိုသမျှအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်ရှင့်။
Call Center & Hotline
-----------------------
0977 98 99 100
0940 98 99 100
0942 98 99 100
0945 98 99 100
0925 98 99 100
0926 98 99 100 နံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
23/04/2024
ယခုလိုအချိန်ခါမျိုးမှာ ဝိုင်ဖိုင်ဘေလ်တွေကို လွယ်လင့်တကူ ဖုန်းထဲမှာ ဆောင်လို့ရသလိုပဲ လူကြီးမင်းတို့နေထိုင်သည့် အင်တာနက်ဘေလ်ဝန်ဆောင်မှုပေးတဲ့ နီးစပ်ရာ စတိုးဆိုင်တွေမှာလည်း လွယ်ကူစွာ ပေးဆောင်လို့ ရနေပါပြီရှင့်
Tiger Net ရဲ့ လစဉ်ကြေးတွေကို Banking Account များနှင့်ပေးချေနိုင်သလို Kpay, Wavepay အစရှိတဲ့ Pay Account များဖြင့်လည်း လွယ်ကူစွာဖြင့် ပေးချေနိုင်ပါတယ်ရှင့်။ လစဉ်ကြေးပေးဆောင်တဲ့အခါ သတ်မှတ်ထားတဲ့ Official Account တွေကိုသာ ပေးဆောင်ဖို့တော့ လိုအပ်ပါမယ်နော်။🥰
💵Official Payment Account
🟣AYA - 100 039 266 77
🟣KBZ - 101 103 101 012 948 01
🟣CB - 007 810 050 000 1503
🟣YOMA - 007 810 243 000 133
wave pay နဲ့လစဉ်ကြေးပေးဆောင်ပုံ
https://bit.ly/wavepayopm
k pay နဲ့လစဉ်ကြေးပေးဆောင်ပုံ
https://bit.ly/kpayopm
-------------------------------------------------------------------
လစဉ်ကြေးပေးဆောင်ပြီးပါက Billing Form ဖြည့်ပေးဖို့မမေ့ပါနဲ့နော်
Billing Form- https://billmark.clappia.com/app/TIG205270
Billing Form ဖြည့်နည်း PDF- https://drive.google.com/file/d/149t60w_nGfN2HGSttIpjnIlGKjSjGqxP/view?usp=drive_link
Billing Form ဖြည့်နည်း YouTube Video File- https://youtu.be/k6ZfkX0WPDk?si=pkvffNvT1OwA9w7c
လစဉ်ကြေးနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းစုံစမ်းလိုပါက Viber နံပါတ် 0945 98 99 100 သို့ စာတိုပေးပို့ပြီး မေးမြန်းနိုင်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No 1370, Daewadaha St 38, Thanthumar Road, South Okkalapa Township
Yangon