Technology Sharing

Technology Sharing

Share

Technology Sharing | For All People

Photos from Technology Sharing's post 08/05/2022

💻mi Notebook Air ရောင်းရန် 💻

Programming, Graphic Design, Online Class, Gaming တွေအပြင် ဘက်စုံသုံးလို့ရပြီး Adobe Software ကို Latest Version အသုံးပြုလို့ရပါတယ်။ 99% အသန့်ပါ။ လိုအပ်ပါက ဆက်သွယ်မှာယူနိုင်ပါတယ်။

▫️Laptop Specification -

Device name DESKTOP-9INM0BF
Processor Intel(R) Core(TM) i7-8550U CPU @ 1.80GHz 1.99 GHz
Installed RAM 8.00 GB
Graphic - NVIDIA GeForce 940MX
Storage - 256 GB SSD
Product ID 00330-80000-00000-AA172
System type 64-bit operating system, x64-based processor
Pen and touch No pen or touch input is available for this display

▫️Window Specification -

Edition Windows 11 Pro
Version 21H2
Installed on ‎4/‎22/‎2022
OS build 22000.613
Experience Windows Feature Experience Pack 1000.22000.613.0

💸Price - 800,000 Ks

မြန်မာတနိုင်ငံလုံး SBS Express, Royal Express ရောက်ရှိသောနေရာတိုင်း ပို့ဆောင်ပေးပါသည်။ Mobile Banking နဲ့ 100% အပြည့်ပေးချေနိုင်ပြီး % ထပ်မံပေးရန် မလိုပါ။ 🤍

Banking အနေနဲ့ KBZ, CB, AYA, KPay, WavePay, AYAPay တို့နဲ့ပေးချေနိုင်ပါတယ်။ အသေးစိတ်ကို Message Box ကနေဆက်သွယ်မေးမြန်းနိုင်သလို 09 260 771 700 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🤩

15/11/2020

No Problem My Mon 😅

11/11/2020

Hacker ဆို ဆံပင်ရှည်ရှည်နဲ့ စုတ်တီးစုတ်ပြတ်ပုံစံလို့ယူဆထားတဲ့သရုပ်ဆောင်အကြောင်းရယ်၊ မြန်မာပြည်က Top Hacker Group က ဒါတွေပါဆိုပြီး Hacker Group Name ( ၅ ) ခုလောက်ချပြပြီး ဘုမသိဘမသိနဲ့ ရမ်းဖြီးထားတာလေးတွေ့တော့ ဒါလေးကို ရေးချင်စိတ်ပေါက်သွားလို့ ချရေးလိုက်တာ၊ မင်းကဆရာကြီးလားတော့လာမမေးနဲ့ စောင်တလွဲတွေကိုမြင်လို့ အဲ့ဒီစောင်တလွဲတွေကို သောက်ဖောင်းထိုင်ထုတယ်လို့ပဲသဘောထားပေးလိုက်ရင်ရပြီ။

၁။ Hacker ဆိုတာ ဆံပင်ရှည်ရှည်နဲ့ စုတ်တီးစုတ်ပြတ်ပုံစံလို့ပြောထားသူ၊ ထင်နေသူတွေအတွက်။
Hacker ဆို ဆံပင်ရှည်ရှည်စုတ်ဖွားနဲ့ စုတ်တီးစုတ်ပြတ်ပုံစံလို့သိထားတဲ့စောက်ပိန်းကျပ်မပြည့်ကို အကုန်ဝုိင်းဖုတ်ထားလို့ Hacker ဆိုတာ ပုံစံအမျိုးမျိုးနဲ့ အလွှာအမျိုးထဲမှာရှိတယ်ဆိုတာသိလောက်ပါပြီ ဒါကြောင့် နံပါတ်( ၁ ) ကိုကျော်လိုက်ပြီ။

၂။ Myanmar ပြည်တွင်းက Top Hacker Group တွေက ဒါတွေပါဆိုပြီး ဘုမသိဘမသိ ဘူမသိကိုးမသိပြောနေသူတွေအတွက်။
အောက်မှာ List လုပ်ပေးထားတယ်၊ နံပါတ် 1 က Role Number one လို့သဘောထားပြီးကြည့်၊ အားလုံးသိတဲ့ ဆိုတာ 11 မှာပဲရှိတယ်၊ အဲ့ဒါဆို သူ့အထက်က Team တွေက စီနီယာပိုကျတယ်ဆိုတာ သဘောပေါက်ကြမှာပါ။

1. YEHG ( YGN Ethical Hacker Group )
2. BHG ( Blink Hacker Group )
3. MHU ( Myanmar Hacker Unite4m )
4. MCA ( Myanmar Cyber Army )
5.MCDA ( Myanmar Cyber Defend Army )
6. BMH ( Brotherhood of Myanmar Hacker )
7. BHA ( Black Hacker Area )
8. MNH ( Myanmar Noob Hacker )
9. GHT ( Gray Hat Teenager )
10. MHW ( Myanmar Hacker Warriors )
11. UGMH ( Union of Underground Myanmar Hacker )

အပေါ်က 1 ကနေ 11 အထိ နံပါတ်ထဲအဖွဲ့တွေကိုသိတဲ့သူတွေ တော်တော်တော့နည်းနေလောက်ပြီလို့ထင်တယ်၊ ကိုယ်တွေတော့ Myanmar Hacker Group or Myanmar Hacker Team ဆိုရင် 2007 တုန်းက ကနေ စသိခဲ့တယ်၊ 2008 - 2009 လောက်မှာ ကိုစသိပြီး 2010- 2011 မှာ ကို စသိခဲ့တယ်။

အဲ့ဒီတုန်းက Skill အကြမ်းဆုံးအဖွဲ့ကိုပြပါဆိုရင် BHG, နဲ့ MHU ပဲ Skill အကြမ်းဆုံးလို့ပြောလို့ရတယ်။ အဲ့ဒီကနေ ကျန်တဲ့ Hacker Group တွေကိုသိခဲ့တယ်၊ အားလုံးသိတဲ့ ဆိုတာကတော့ အပေါ်မှာပေးထားတဲ့ 1 to 10 Team တွေထဲ Member အချို့ကနေ 2015- 2016 မှာ စတင်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့လို့ပြောလို့ရတယ်။

အပေါ်က Hacker Group တွေအပြင် အခြား Group တွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမယ့် ဘောင်၀င် တန်း၀င် Hacker Team ကတော့ လက်ရှိ 1 to 11 Team ပဲ တွေ့ဖူးတယ်။

ဒီနေရာမှာ Comment လေးတခုတွေ့မိလိုက်သေးတယ် သူက ဘာပြောထားလည်းဆိုတော့ Myanmar Hacker ဆိုရင် နဲ့ ကိုပဲသိတယ်တဲ့..... သူ့ Comment ကိုမြင်တော့ ဟားတိုက်ပြီး၊ သရော်ပြီး၊ လှောင်ပြောင်ပြီးတော့ အားရပါးရကိုရယ်မိတယ်။

ဘာတဲ့ M4L, နဲ့ 9MC, တဲ့လား.... အဲ့ဒီ Team ၂ ခုက Hacker Group စာရင်းသွင်းလို့မရတဲ့ အောက်တန်းစားခွေးသူခိုးတွေနဲ့စုဖွဲ့ထားတဲ့ Facebook Account Recovery ဆွဲတဲ့ အဆင့်ပဲရှိတယ်။ ဘောင်လည်းမ၀င် တန်းလည်းမ၀င်တဲ့ စောက်ရှက်မရှိ Hacker အမည်ခံတဲ့ Hack Cat အဆင့်ပဲရှိတယ်။

Hacking Skill 0% ပဲရှိတဲ့သူတွေဖြစ်လို့ Hacker or Hacker Group, Hacker Team, တွေစာရင်းမှာထည့်လို့မရဘူး။

ဒါပေမယ့်... မြန်မာပြည်မှာက စောက်ရှက်မရှိ Anonymous Mask တပ်၊ Hacking Skill ဘာမှမရှိပဲ Hacker လို့ခံယူနေတဲ့ အော်နေတဲ့ Facebook Account သူခိုးတွေကြောင့် Hacker လို့ဆိုလိုက်တာနဲ့ ရွံမုန်းစရာ၊ ခွေးသူတောင်းစား၊ အောက်တန်းစား၊ တွေလို့ ယူဆခံ သတ်မှတ်ခံနေရပြီ။

တကယ်တော့ စစ်စစ်တွေနဲ့ မြန်မာပြည်က အောက်တန်းစား၊ ခွေးသူခိုး၊ သူတောင်းစား၊ Facebook account ခိုးပြီး Hacker လို့အော်နေသူတွေနဲ့က Role ချင်း လားလားမှ မတူပါဘူး။ ကျွန်တော်ပြောနေကျလို သူခိုးချင်းတူရင်တောင် Role ချင်းကတော့ လားလားမှမတူပါဘူး။

အဲ့ဒါလေးတွေတော့ သိထားစေချင်ပါတယ်။

မြန်မာပြည်က Mask တပ် Facebook account လောက်ထိုင်ခိုးပြီး လို့ခံယူနေသူတွေ စောက်ရှက်ရှိရင် ရှက်တတ်ကြစေဖို့ရယ်၊ Hacker တွေအကြောင်း၊ Myanmar ပြည်က Hacker Group တွေအကြောင်း ဘာမှမသိပဲ ဘုမသိဘမသိနဲ့ ရမ်းဖြီးနေကြသူတွေ နည်းနည်းလောက်ဖြစ်ဖြစ် ရှက်တတ်သွားအောင် သောက်ဖောင်းထုပေးလိုက်ပါတယ်။

Hack-Mirror တို Hack-DB တို့လို့ Mirror ဆိုက်တွေလစ်ကုန်လို့ Record ပေါင်းများစွာပျောက်ကွယ်သွားပြီ။ ဒါပေမယ့် Zone-H လို Mirror ဘိုးအေဆိုက်တွေကျန်နေသေးလို့ Record တွေ တော်တော်များများတော့ ကျန်နေပါသေးတယ်။

Myanmar Hacker တွေ ကမ္ဘာမှာ Hacking Space တခုရှိခဲ့တယ်၊ ရှိနေတယ်ဆိုတာတော့ Google ခေါက်ကြည့်ရင် သိနိုင်ပါတယ်။

တော်ပါပြီ ဒီလောက်ပဲရေးတော့မယ်၊ ဖုန်းနဲ့ထိုင်ရိုက်နေရတာ လက်ညောင်းတယ်။ ဂွက်....! ဒါပဲ...

Crd by original.

07/11/2020

အားလုံးပဲ မင်္ဂလာပါ🙋🏻‍♀️Technology Sharing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့sharing လုပ်ပေးသွားမှာက Google Slides app အကြောင်းလေးပဲဖြစ်ပါတယ်😮

ဒီ app ကလေးက presentation တွေအတွက် slides တွေ ပြင်ဆင်တဲ့အခါမှာ အသုံးပြုလို့ရပါတယ် သူရဲ့အားသာချက်ကတော့
🤩 ငွေကြေးအကုန်ခံစရာမလိုဘဲနဲ့ free သုံးခွင့်ရှိပါတယ်၊
🤩 Microsoft နဲ့ပြင်ဆင်ထားတဲ့ slides ကိုလည်း google slides ကနေတစ်ဆင့် convert လုပ်လို့ရမယ်၊
🤩 app လေးက flexibility လည်းဖြစ်တဲ့အပြင် features တွေလည်းအများကြီးပါရှိပါတယ်၊
🤩 assignment တွေလုပ်တဲ့အခါမှာ တစ်ခါတစ်ရံ Microsoft app မှာ update လုပ်မထားရင် edit လုပ်မရပါဘူး ဒါပေမယ့် Goolge slides ကတော့ အဲ့လိုဘယ်တော့မှမဖြစ်ပါဘူး။
ဒါဆို detail လေး ဆက်ကြည့်လိုက်ရအောင်။

𝗔𝗯𝗼𝘂𝘁
🔸 ဒီ app လေးဟာ Google က ထုတ်ထားတဲ့ Word processors, Spreadsheet တို့နဲ collaborate လုပ်ထားတဲ့ app တစ်ခုဖြစ်ပါတယ်။

🔸 website app, mobile app, desktop app အနေနဲ့သုံးမျိုးတောင် ရရှိနိုင်တယ်၊ storage မလောက်တော့ဘူးဆိုရင် website app ရှိနေတော့ website ကနေ slides တွေပြင်ဆင်နိုင်မှာပါ။

🔸 operation system အားဖြင့် >> Andriod, iOS, macOS, Windows, BlackBerry, ChromeOS တွေမှာအသုံးပြုနိုင်ပါတယ်

🔸 နောက်တစ်ချက်က ရွေးချယ်စရာ ဘာသာစကား 83 မျိုးပါဝင်ပါတယ်။ ဆိုတော့.... ကြိုက်နှစ်သက်ရာ ဘာသာစကားကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ ကိုယ်သင်ယူနေတဲ့ ဘာသာစကားကိုလည်း လေ့လာတဲ့အနေနဲ့ ပြောင်းလဲပြီးလည်း အသုံးပြုနိုင်ပါတယ်

🔸 Website app အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ Google Chrome, Mozilla Firefox, Internet Explorer, Microsoft Edge, နဲ့ Apple Safari web browser တွေကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်

𝗙𝘂𝗻𝗰𝘁𝗶𝗼𝗻𝘀 & 𝗳𝗲𝗮𝘁𝘂𝗿𝗲𝘀
Features အချို့ကိုဖော်ပြရမယ်ဆိုရင်တော့....

🔸 Microsoft နဲ့ ပြင်ဆင်ထားတဲ့ powerpoint slides တွေကိုလည်း Google slides ကနေ ဖွင့်ကြည့်နိုင်တယ်

🔸 media (image, audio, video) တို့ထည့်မယ်ဆိုရင်လည်း URL/ Drive/ From Computer တွေကနေလည်း ထည့်လို့ရနိုင်ပါတယ်။ URL တို့ Drive တို့ကနေ တန်းထည့်နိုင်တော့ download ဆွဲရမှာတွေနဲ့ အလုပ်မရှုပ်တော့ဘူးပေါ့

🔸 နောက် အခြားသော Table, Chart, Shapes, Diagram အစရှိတဲ့ tools တွေလည်းပါဝင်ပါသေးတယ်

🔸 comment နဲ့လည်း Notes တွေကို မမေ့အောင် မှတ်ထားလို့ရတဲ့အပြင် speaker's notes ဆိုပြီးတော့လည်း မှတ်ထားနိုင်ပါသေးတယ်

🔸 နောက်တစ်ချက်က slide ကို PDF/ image နဲ့အခြားသော extension တွေအနေနဲ့လည်း download ဆွဲလို့ရပါသေးတယ်

🔸 teamwork တွေအတွက်နဲ့ colleagues/ peers တွေနဲ့လည်း slides တွေကို share ပြီးတော့edit နိုင်ပါတယ်

🔸 color ပြောင်းရင်လည်း gradient/ solid ဆိုပြီးတော့ ၂မျိုးရနိုင်ပါတယ်။ gradient မှာဆိုလည်း linear or radial ဆိုပြီးတော့ ကိုယ်နှစ်သက်သလို ပြောင်းလဲပြီးသတ်မှတ်နိုင်ပါတယ် gradient stop တွေလည်း ထပ်ထည့်လို့ရသေးတယ်နော် 😉

🔸 animations တွေ effects တွေလည်းထပ်ထည့်ပြီး slides လေးကိုလှအောင်ဖန်တီးနိုင်ပါတယ် 😍

ကဲ...ဒီတော့ Google Slides ရဲ့ ကောင်းကွက်အနည်းအကျဉ်းကိုတော့ဖော်ပြပြီးသွားပြီ ဖြစ်ပါတယ် ဒီထက်မက စွမ်းဆောင်နိုင်ပေးတာဖြစ်တဲ့အတွက် app လေးကို download ဆွဲပြီး အသုံးပြုကြည့်လိုက်နော် 💁🏻‍♀️

Download link (mobile)-
Playstore: https://play.google.com/store/apps/details…

AppStore: https://apps.apple.com/us/app/google-slides/id879478102

Website app link: https://www.google.com/slides/about/

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon