Hanuman Foot Patch Yangon
ကျီးပေါင်းဝေဒနာအမျိုးမျိုးအတွက်Hanumanသဘာဝတိုင်းရင်းဆေး🍀🍀🍀🍀
25/10/2025
#ပဋ္ဌာန်းအကျိုးပေး
🙏🙏🙏🙏🙏🙏🙏
တစ်ချို့ က ပဋ္ဌာန်း ရွတ်တယ်။
သိပ် မကြာဘူး ထူးခြား လာတယ်။
တစ်ချို့က နှစ်ပေါက်အောင်ရွတ်တယ်။
ထူးခြားမှု မရှိဘူး။
ဘာကွာလည်းမေးရင်
အထုံကွာတယ်ပဲ ဖြေကြတယ်။
ဒါပေမယ့် တကယ်လုပ်ရင်
တကယ်ဖြစ်ပါတယ်။
ပဋ္ဌာန်းရွတ်ရင် ဘာအရေးကြီးဆုံးလဲ။
အချိန်မှန်ဖို့၊ နေရာမှန်ဖို့ ၊
အသံမှန်ဖို့ က နောက်မှ
အရင်ဆုံး မှန်ရမှာ သီလပါ။
ငါးပါးသီလ အကုန်လုံရင်
ပဋ္ဌာန်းကို သဒ္ဓါလေးနဲ့ ရွတ်ကြည့်
နေ့ချင်းထူးခြားတယ်။
ရေချိုးနံ့သာလိမ်း ရွတ်လည်း ...
သီလ မစင်ရင် ပုပ်စော်နံမှာပဲ။
ကိုယ်မသိပေမယ့် တရားလာနာတဲ့
သူတော်ကောင်းတွေ သိတယ်။
နောက်တစ်ခု ပဋ္ဌာန်းရွတ်တာ
အထုံယူတာပဲ။
ပဋ္ဌာန်း အနက်ဖတ်ကြည့်...
ဘေးကင်းဖို့၊ ပွားများနေဖို့၊
စီးဖြန်းနေဖို့
မရေးထားဘူး။
အာရုံ ၆ ပါးနဲ့ ဆိုင်တဲ့
အကြောင်း အကျိုးတရားပဲ။
ဒါကို သူတော်ကောင်းတွေက နာလိုတယ်။
ရွတ်ရင် တရားကို လာနာကြတယ်။
သူရင်ထဲက လိုချင်တဲ့ သဒ္ဓါပြည့်လို့
သြော် .....ဒီလူ့ကိုလည်း လိုနေတာ
ဖြည့်ပေးမှပဲဆိုမှ ဆန္ဒပြည့်တာ။
သိပ်သေချာတာက ပဋ္ဌာန်းရွတ်ရင်
လိုချင်စိတ်နည်းနည်း
ပေးလိုစိတ်များများ
ပြည့်ဝတဲ့ သီလနဲ့ ရွတ်ကြည့်ပါ။
တစ်ပတ်မကြာဘူး။
ကိုယ့်ဘုရားခန်း နံ့သာ မထွန်းဘဲ
မွှေးလာလိမ့်မယ်။
နောက်တစ်ဆင့်လုပ်ရမှာက
ပဋ္ဌာန်း အနက်သိအောင်လုပ် .....
ရသလောက် သတိကပ်ပြီးနေ .....
ဘဝတစ်ခုအတွက်
နေတတ်သွားသလို...
သေတတ်သွားလိမ့်မယ်။
လေးစားစွာ #𝐂𝐫𝐞𝐝𝐢𝐭 ပေးပါသည်
24/10/2025
ခါးခွဲစိတ်ထားတဲ့ သူ
ညအိပ်ရင် နာတတ်လွန်းလို့
Hanuman ဆေးကပ်ခွာနဲ့ သက်သာမှုယူလိုက်တာ
ကောင်းကောင်းအိပ်ပျော်ပြီး
နောက်ရက်မနာတော့ဘူးဆိုပဲ.
အားလုံးကြိုက်ကြတဲ့ တိုင်းရင်းဆေးလေး
၁၀ခုပါတစ်ဘူး 23500 ks
☎09797751544
Crd U Pyae Phyo Aung
24/10/2025
#ခါးနာခြင်းအကြောင်းသိထားဖို့
➡ရိုးရိုးခါးနာတာလား❓
➡စိုးရိမ်ရမယ့် အနေအထားလား❓
⏩ခါးနာတယ်ဆိုတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။
⏩ခါးနာတယ်ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။
➡ဘာတွေကများ ခါးနာစေတာလဲ………..❓
⏩ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။
➡အလေးအပင်မတာ
➡ရုတ်တရက် အထိုင်အထ လုပ်မိတာ
➡ကိုယ်နေဟန်ထား မမှန်တာ
➡ပြုတ်ကျတာ
➡ချော်လဲတာ
➡လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
➡မတော်တဆ ထိခိုက်မိတာ
➡အဆစ်ရောင်နာ
➡အရိုးပြတာ
➡အာရုံကြောညပ်တာ
➡ကြွက်သားရောင်တာ
➡ကျောက်ကပ် ရောဂါ စတဲ့ ပြဿနာ အမျိုးမျိုးကြောင့် ခါးနာတာကို ခံစားရနိုင်ပါတယ်။
⏩ရိုးရိုး ခါးနာတာလား……..❓
⏩ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခါးနာတဲ့အခါ
➡ရေသောက်တာ
➡ရေနွေးအိတ်ကပ်တာ
➡ရေခဲဝတ် ကပ်တာ
➡နှိပ်နယ်ပေးတာ
➡ဆေးလိမ်းတာ
➡လေ့ကျင့်ခန်းလုပ်တာ
➡အနားယူတာမျိုးတွေ လုပ်ပေးရပါမယ်။ ဒီလို လုပ်ဆောင်ပေးမှုနဲ့အတူ ၃ ရက် အကြာမှာ ခါးနာတာက သက်သာသွားမယ်ဆိုရင် ဒါက ရိုးရိုး ခါးနာတာပါ။
⏩ဘယ်လို အခြေအနေဆို စိုးရိမ်ရမလဲ……….❓
➡တကယ်လို့ အပေါ်မှာပြောသလိုတွေ လုပ်ဆောင်တယ်။ ဒါပေမယ့် ၃ ရက်ကျော်တဲ့အထိ ခါးနာတာက မသက်သာဘူး။ ခါးနာတာ မသက်သာတာနဲ့အတူ အခုလိုတွေပါခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုနေပါပြီ။
👉 ခါးထဲက စူးခနဲနာကျင်မယ်
ဒါက ကြွက်သား ဒါမှမဟုတ် အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။
👉 ခါးထဲနေရာ အနှံမှာ တဆစ်ဆစ် နာမယ်
နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။
👉 ခါးနာရင်းက ခြေထောက်တွေထဲ အားမရှိသလို ခံစားရမယ်
ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပဆုံက အာရုံကြောတွေ ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။
👉 ဆီး၊ ဝမ်းမနိုင်တာမျိုး ဖြစ်မယ်
ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။
👉 ပေါင်ရင်းက ထုံနေတာ (သို့မဟုတ်) တစ်ဆစ်ဆစ်စူးပြီး နာမယ်
ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင် အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်တာ ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။
➡ခါးနာက အဆိုးရွားဆုံးအနေနဲ့ အောက်ပိုင်းသေသွားတာမျိုးအထိ ဖြစ်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon