Myanmar Arbitration Centre MAC

Myanmar Arbitration Centre MAC

Share

Myanmar Arbitration Centre

Photos from Myanmar Arbitration Centre MAC's post 30/11/2024

စီရင်ထုံးများကပြောသည့် အာမခံသဘောတရားများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
=================================================================
မြန်မာနိုင်ငံ၏ အာမခံဝန်ဆောင်မှုလုပ်ငန်းများ
လုပ်ကိုင်ကြရာတွင် အာမခံဝယ်ယူနှင့်ရောင်းချသူများ အကြား ဖြစ်လေ့ဖြစ်ထရှိသော အငြင်းပွားမှုပြဿနာ
ရပ်များကို ဖြေရှင်းကြရာ၌ ခေတ်ကာလများ ပြောင်းလဲသည့်တိုင် စီရင်ထုံးများ၏ အရေးပါပုံ ၊ သဘာဝ
ပကတိအရှိတရားကို အခြေခံ၍ အာမခံဆိုင်ရာအငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းကြရာတွင် ယထာဘူတကျကျ လေ့လာသုံးသပ်နိုင်စွမ်းမြင့်မားလာနိုင်စေရန် ဖြစ်ရပ်မှန်အမှုဖြစ်စဉ်များဖြင့် မြန်မာ့အာမခံလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော ဆရာကြီးဒေါက်တာမောင်မောင်သိမ်းက
“စီရင်ထုံးများကပြောသည့် အာမခံသဘောတရားများ” ခေါင်းစဉ်ဖြင့် ၂၃.၁၁.၂၀၂၄ ရက်၊ စနေနေ့၊ နေ့လယ် (၁) နာရီ ၊ ကုန်သည်စက်မှုအသင်းချုပ်၌ ဆွေးနွေးဟောပြောမျှဝေခဲ့ပါသည်။

အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ်၏
ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက အဖွင့်အမှာစကား ပြောကြား၍ မြန်မာအနုညာတစီရင်ဆုံးဖြတ်ဗဟိုဌာန၏
မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝက စင်တာ၏ လက်ရှိဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအာမခံအသင်း၏ အတွင်းရေးမှူး
ဒေါ်မာလာညွှန့် က ကျေးဇူးတင်စကားတို့ကိုလည်းကောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံအာမခံအသင်း(MIA)၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်း
ဗဟိုဌာန(MAC) နှင့် မြန်မာခုံသမာဓိများအဖွဲ့(CMA)
တို့ကို ကြီးမှူး၍ ကျင်းပခဲ့ကြပြီး အာမခံလုပ်ငန်းလုပ်ကိုင်နေကြသူများ၊ ၎င်းတို့နှင့်ဆက်စပ်သော ဘဏ်များ၊အေးဂျင့်များနှင့် အာမခံလုပ်ငန်းအကြောင်း စိတ်ပါဝင်စားကြသူများ စုစုပေါင်း (၄၀၀) ဝန်းကျင်ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ (၄) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

#23.11.2024

25/10/2023

#ခုံသမာဓိသင်တန်းအပတ်စဉ် - ၆ ဖွင့်လှစ်ကြောင်း ကြေညာခြင်း #
====================================================
၁၁.၁၁.၂၀၂၃ ရက်နေ့မှ ၁၇.၁၂၂၀၂၃ ရက်နေ့အထိ ခုံသမာဓိသင်တန်း
အပတ်စဉ် - ၆ သို့ တက်ရောက်လိုသူများအနေဖြင့် ၃.၁၁.၂၀၂၃ ရက်နေ့နောက်ဆုံးထား၍ Google Forms:
https://forms.gle/d5SguHgvfNkkjiTy7 တွင် တက်ရောက်
မည့်ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များ ကြိုတင်လျှောက်ထားနိုင်ပြီး
သင်တန်း တက်ရောက်ခွင့်ရသူများကို Email/Phone တို့ဖြင့် အကြောင်း
ကြားဆက်သွယ်မည်ဖြစ်ကြောင်း ဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်စုံစမ်းရန် ဖုန်း - 09450200670

Photos from Myanmar Arbitration Centre MAC's post 16/10/2023

အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၅ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၁ မှ ၅ အထိ ခုံသမာဓိသင်တန်းသား၏ စုံညီညစာစားပွဲအခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန (Myanmar Arbitration Centre – MAC) မှ အနုညာတခုံသမာဓိ သင်တန်းအပတ်စဉ် - ၅ သင်တန်းဆင်းပွဲနှင့် ခုံသမာဓိသင်တန်းအပတ်စဉ် ၁ မှ ၅ အထိ ခုံသမာဓိသင်တန်းတက် ရောက်ခဲ့ကြသော သင်တန်းသူ/သားများ၏ စုံညီညစာစားပွဲကို ၁၄.၁၀.၂၀၂၃ ရက် ၊ စနေနေ့ ၊ ညနေ (၄) နာရီတွင် အတွင်းဝန်များရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ခုံသမာဓိသင်တန်းတွင် ပို့ချပေးခဲ့သော မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း ၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ ၊ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန၏ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်ဒေဝ နှင့် ဒါရိုက်တာအဖွဲ့ဝင်များ ၊ အပတ်စဉ် ၅ နှင့် ယခင်အပတ်စဉ်များမှ သင်တန်းသူ/သားများပါဝင်တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲမစတင်မီ ခုံသမာဓိသင်တန်းအပတ်စဉ် - ၅ တွင် သင်ကြားပို့ချပေးခဲ့သော ဒေါက်တာမောင်မောင် သိမ်း အား သင်တန်းသူ/သားများက ဂါရဝါပြုလက်ဆောင်ဖြင့် ကန်တော့ခဲ့ကြပါသည်။

အခမ်းအနားတွင် ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ က အဖွင့်အမှာစကားပြောကြားရာတွင် အသင်းချုပ်၌ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေမည့် သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း၊ ယခုသင်တန်းသည် ၂၀၁၆ ခုနှစ်၏ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ ကို အကောင်အထည်ဖော်ရွက်ရာ ၌ ပုဂ္ဂလိကစီးပွားရေးများတွင် ကြုံတွေ့ရသော အငြင်းပွားမှုပြဿနာများကို အနုညာတနည်းဖြင့် ဖြေရှင်းကြတွင် အရည်အချင်းပြည့်ဝသော ခုံသမာဓိများပေါ်ထွက်လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အငြင်းပွားမှုပြဿနာများကိုလည်း ပြည်တွင်း၌ ဖြေရှင်း ဆောင်ရွက်ကြခြင်းဖြင့် အချိန်ကုန် ၊ ငွေကုန်သက်သာ၍ ဥပဒေပါအတိုင်း ဖြေရှင်းနိုင်မည့် အကျိုးကျေးဇူးရရှိနိုင် မည်ဖြစ်ကြောင်း၊ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တို့တွင်လည်း စင်္ကာပူနိုင်ငံရှိ Arbitration Institute တစ်ခုမှလည်း သင်တန်း များ လာရောက်ပို့ချပေးခဲ့ပြီး International Arbitration များနှင့်ပတ်သက်၍ အသိပညာများမျှဝေပေး နိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်းအပတ်စဉ် - ၅ အပါအဝင် သင်တန်းဆင်း ဦးရေ (၂၇၀) ကျော်ခန့်ကိုလည်း ပို့ချ ပေးခဲ့ပြီး ခုံသမာဓိ အဆင့်မြင့် သင်တန်းများဖွင့်လှစ်နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ သင်တန်းပို့ချပေးသော ဒေါက်တာမောင်မောင်သိမ်း က ယခုသင်တန်းအပတ်စဉ်တွင် နားလည် တတ်မြောက်မှု စစ်ဆေး၌ အမှတ်အပြည့်ရရှိသော သင်တန်းသူ (၂) ဦး ပေါ်ထွက်သည့်အတွက် ဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ ယနေ့အခမ်းအနားကို သမိုင်းမှတ်တမ်းများဖြင့် ပြည့်စုံသော မြန်မာနိုင်ငံ၏ လွှတ်တော်နှင့် လွတ်လပ်ရေးတို့ စတင်ခဲ့သည့် မင်္ဂလာရှိသောနေရာတွင် ကျင်းပရခြင်းအတွက် ပိုမို၍ ဂုဏ်ယူမိပါကြောင်း၊ ထို့နောက် သမိုင်းဝင်အဆောက်အဦဖြစ်သည့် အတွင်းဝန်ရုံး၏ သမိုင်းကြောင်းနှင့် စတင်တည်ဆောက်ခဲ့မှုများအကြောင်းကို သင်တန်းသူ/သားများ သိရှိနိုင်စေရန်မျှဝေခဲ့ပြီး ခုံသမာဓိအဖြစ်ဆောင်ရွက်ကြမည့်သူများကို လမ်းညွှန်အမှာစကားများ ချီးမြှင့်ခဲ့ပါသည်။
အစီအစဉ် ဒုတိယအပိုင်းအဖြစ် ခုံသမာဓိသင်တန်း အပတ်စဉ် ၁ မှ ၅ အထိ သင်တန်းတက်ရောက်ခဲ့သူများ၏ စုံညီ ညစာစားပွဲအခမ်းအနားကို ညနေ (၆:၃၀) နာရီတွင် ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ စုံညီညစာစားပွဲသို့ ဖိတ် ကြားထားသော ယခင် သင်တန်းဆင်း သင်တန်းသူ/သားများ ၊ MAC ဒါရိုက်တာအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ စုံညီစွာပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားအစီအစဉ်ကို ည (၈:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန
Arbitration Centre MAC
#14.10.2023(Saturday)
#16:00-20:30

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 29, Min Ye Kyaw Swar Street, Lanmadaw Township
Yangon