PDF Channel

PDF Channel

Share

စစ်မိစ္ဆာကိုအမြစ်ပြတ်အောင်တိုက် PDF Channel

Photos from PDF Channel's post 27/11/2023

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းကုန်းကို မန္တလေး PDF နှင့် TNLA တို့ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး‌ပြီး ၄ ဦး အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ ရရှိ

ရန်ကုန်၊ နိုဝင်ဘာလ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းကုန်းကို မန္တလေး PDF နှင့် TNLA တို့ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး‌ပြီး ၄ ဦး အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ ရရှိကြောင်း မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မတ္တရာမြိုနယ်အတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ တပ််ဖွဲဝင်(၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး အလောင်း ၁၅ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

27/11/2023

တနင်္သာရီမှာ တပ်ဖွဲ့သုံးဖွဲ့ပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစုစစ်ကြောင်း ဖွဲ့စည်း

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၇

တနင်္သာရီမြို့နယ်အခြေစိုက် မဟာမိတ်တပ်ဖွဲ့သုံးခုပေါင်းပြီး တောင်ပိုင်းညီနောင်တပ်ပေါင်းစု - Southern brothers army (SBA) အမည်နဲ့ စစ်ကြောင်းတစ်ခုဖွဲ့စည်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး KTLA-tcjf၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနဲ့ People Liberation Army(PLA) တို့ ပူးပေါင်းဖွဲ့စည်းခဲ့တာလို့ စစ်ကြောင်းရဲ့ ပြန်ကြားရေးအရာရှိ ကိုစိုင်းညီက ပြောပါတယ်။

KTLA-tcjf တပ်ဖွဲ့ဟာ ကော်သူးလေအာမီ KTLA ထီးစမယ်ယွာတပ်ရင်းရဲ့ တပ်ခွဲ(၃) ဖြစ်ပါတယ်။

ကိုစိုင်းညီက “စည်းလုံးညီညွတ်ခြင်း၊ ယုံကြည်မှုပိုမိုခိုင်မာခြင်းရဲ့ရလဒ်ကတော့ ကျနော်တို့အတွက် အားသာချက်ပေါ့။ မြေပြင်မှာ အုပ်ချုပ်ကွပ်ကဲရတာကအစ ပိုကောင်းသွားတာပေါ့။” လို့ပြောပါတယ်။

အားလုံးတစုတစည်းထဲဖြစ်သွားတဲ့အတွက် အင်အားတွေများလာကာ စားဝတ်နေရေးကအစ ရဲဘော်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေအဆုံး ပိုပြီးရုန်းကန်ရမှာဖြစ်တယ်လို့ ကိုစိုင်းညီက ဆက်ပြောပါတယ်။

စစ်ကြောင်းဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက် ထူးထူးခြားခြားတုံ့ပြန်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းကို တော်လှန်ရေးအင်အားစုအချင်းချင်းစည်းလုံးညီညွတ်ပြီး ခိုင်မာတဲ့ယုံကြည်ချက်နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်ပေါ်ထွန်းလာဖို့အတွက် အာဏာရှင်စနစ်ကိုအမြစ်ပြတ်တွန်းလှန်နိုင်ဖို့ရည်ရွယ်ပြီး ဖွဲ့စည်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

စစ်ကြောင်းဖွဲ့စည်းတဲ့နေ့က KTLA ထီးစမယ်ယွာတပ်ရင်းရဲ့ တပ်ရင်းမှူး အဖူးစောလှမြင့်၊ စစ်ကြောင်းမှူး ဗိုလ်ပါးမွေး၊ဒု-စစ်ကြောင်းမှူး ဗိုလ်သားနီနဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ ဗိုလ်စိုင်းညီ တို့က အမှာစကားပြောခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ မဟာမိတ်ပြုပြီးစစ်ကြောင်းတွေ ဖွဲ့စည်းတဲ့အပေါ် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ (တနင်္သာရီ ပကဖ) SWDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ တစ်ဖွဲ့တည်းလှုပ်ရှားနေမယ်ဆိုရင် လက်နက်အင်အားမလုံလောက်တာတို့၊ မပြည့်စုံတာတို့များတယ်။ မဟာမိတ်ဖွဲ့လိုက်တော့ Selection ရွေးထုတ်လို့ ရတယ်လေ။ ဒါက ကောင်းကျိုး အများကြီးထဲက တစ်ခုပေါ့” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ တနင်္သာရီမဟာမိတ်တပ် ပေါင်းစု စစ်ကြောင်း ၁ နဲ့ စစ်ကြောင်း ၂ တို့ရှိတယ်လို့ SWDF ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - KTLA-tcjf

(တနင်္သာရီတိုင်းမ်သတင်းဌာနရဲ့သတင်းတွေကို https://www.tntynews.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)

Photos from PDF Channel's post 27/11/2023

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၊ ပို့ကုန်ဝင်းအတွင်းရှိ ဂိုဒေါင်လည်း မီးလောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ၁၀၅ မိုင် ဗျူဟာကုန်း အတက်တောင်ခြေရှိတဲ့ ပို့ကုန်ဝင်း အတွင်း ဂိုဒေါင် မီးလောင် နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီခန့်တွင်လည်း မူဆယ် ၁၀၅ မိုင် ဖရဲကွင်း နောက်ဘက်ရှိ ဝေလုရွာဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။

၁၀၅ မိုင်တွင် ယမန်နေ့ ညပိုင်းက စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဗျူဟာကုန်းနှင့် ကုန်သွယ်ရေးဇုန် ရုံးကြီးဝန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကာ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲချကာ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ နမ့်ပေါ် တံတားစခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" ဒီနေ့ မွန်းလွဲ ၂ နာရီလောက်ကစပြီး ၁၀၅ မိုင် ဗျူဟာကုန်း အတက်တောင်ခြေမှာရှိတဲ့ ပို့ကုန်ဝင်းအတွင်းမှာရှိတဲ့ ဂိုဒေါင် မီးလောင် နေတယ်။ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ညနေ ၄ နာရီမှာ ၁၀၅ မိုင် ဖရဲကွင်းနောက်ဘက် ဝေလုရွာဘက်ကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Photos from PDF Channel's post 27/11/2023

လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အ များအပြားကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အများအပြားကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားကြောင်း ရှေ့တန်းရောက် တော်လှန်ရေး သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ နေရာ ၂ ခုကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါဥခူရပ်ကွက် အပါအဝင် နေရာ ၂ ခု၌ မီးလောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြာင်း သိရသည်။

ထို့ပြင် လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး EPC ရုံးအပါအဝင် ဌာန ဆိုင်ရာ ရုံးအများအပြားကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထားကြောင်း သိရသည်။

“ဒီနေ့တော့ လေယာဉ်လာတာ မတွေ့ရဘူးဗျ၊ လွိုင်ကော်မြို့ထဲက ရုံးတော်တော်များများတော့ ရထား ပြီပါပြီ၊ မြို့ရဲ့ ၅ ပုံ ပုံရင် တစ်ပုံလောက်ပဲ ရသေးတယ်၊ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ မယ်စဲ့မြို့ဘက်က တပ်အင်အားတွေကလည်း လွိုင်ကော်မြို့ ဘက်ကို ပြန်ပေါင်းထားတာ၊ သူတို့ ရဟတ်ယာဉ်နဲ့ သယ်ပြီး တော့ ပို့ထားတာဆိုတော့ စစ်တပ်အင်အားက တော်တော်များသေးတယ်လို့ ပြောလို့ရတာပေါ့၊ လက်နက်ချ အလင်းဝင်တာတွေတော့ မကြားမိသေးဘူး၊ ဖမ်းမိတာရှိတယ်လို့တော့ကြားတယ်၊ အခုတော့ ပြည်သူ့နေအိမ် တစ်လုံးမီးလောင် နေတယ်” ဟု ရှေ့တန်းရောက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11041