World Delivery Service
Welcome �
09/10/2022
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဆရာသမား ဖိုးဖိုး ဖွားဖွား လူကြီး မိဘ များကို ဂါရဝပြုကန်တော့ရင်း ပျော်ရွှင်ချမ်းမြေ့သော သီတင်းကျွတ်အခါ သမယလေး ဖြစ်ပါစေကြောင်း World Delivery Service မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🪔🪔🪔 ....
15/01/2022
🤗
ကန်စွန်းရွက်ကိုအစိမ်းလိုက်တို့စား၊ ရေနွေးနဲ့ ပြုတ်စား၊ မှိုကန်စွန်းကြော်စား၊ ကန်စွန်းရွက် ချဥ်ရည်ဟင်းလည်း ချက်စားလို့ရသလို ကန်စွန်းရိုးနီကို ချဥ်ဖတ်လုပ်ပြီးတော့လည်း စားတတ်ကြပါတယ်။
ကန်စွန်းရွက်က ဆံကေသာကို အားဖြည့်ပေးပါတယ်။ ဆံပင်ကျွတ်တာကာကွယ်ပေးပြီး ဆံသားကို တောက်ပြောင်စေပါတယ်။ ဝမ်းမှန်စေတဲ့ သဘာဝဓာတ်စာဖြစ်ပြီး အစာခြေဖျက်ရာမှာလည်း အထောက်အကူဖြစ်စေတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်လို့ ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ ကန်စွန်းရွက်ဟာ သွေးအားနည်းရောဂါကာကွယ်ပေးပြီး သံဓာတ်ကြွယ်ဝလို့ သွေးအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ စားသောက်ဆိုင်ကြီးတွေမှာတင်မက လူတန်းစားအားလုံးနီးပါး လက်လှမ်းမှီပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ကန်းစွန်းရွက်ကို ဗားရှင်းမျိုးစုံနဲ့ မရိုးရအောင် ကိုယ်ကြိုက်တဲ့ အရသာကို ချက်စားလို့ရတယ်နော်။
ကန်စွန်းရွက်က ဈေးသက်သက်သာသာနဲ့ ဝယ်ရလွယ်ကူပြီး အရသာကောင်းမွန်တဲ့ ဟင်းပွဲတစ်ပွဲပြင်ဆင်လို့ရတဲ့အတွက် Diet လုပ်တဲ့ သူတွေအတွက်လည်း အထူးသင့်တော်လို့ ကန်စွန်းရွက်ကို စားဖို့မမေ့ပါနဲ့နော်...
14/01/2022
ဒါလေးတကယ် စားကောင်းတယ် order တင်လို့ရတယ်နော်။
02/01/2022
Happy Karen New Year ပါ❤️🤍💙
ကရင်အမျိုးတို့ရေ🙆
31/12/2021
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်းများပိုင်ဆိုင်ပြီး စီးပွားဥစ္စာ ဒီရေအလားတိုးပွားပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ...🥳🥳🥳
21/11/2021
ဆီးချိုရောဂါကိုထိန်းချုပ်ပေးနိုင်တဲ့ရွှေပဲသီး
ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလှပြီး ဆီးချိုရောဂါ စတင် ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေဟာ အများအပြားပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်တော်တဲ့ အစားအစာတွေထဲကမှ ဆီးချိုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ရွှေပဲသီးအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ကယ်လိုရီပါဝင်မှု နည်းပါးတယ်
ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။
(၂) ပရိုတင်းဓာတ် ကြွယ်ဝတယ်
အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တခု အပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။
(၃) ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်
ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၄) ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တယ်
ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
17/11/2021
Delivery - ဟုတ် မဖိပါဘူး ဖွဖွလေး သယ်ပြီး ပို့ပေးပါမယ်🥺
Photo credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon