Burma Lethwei Gym

Burma Lethwei Gym

Share

“Experience Authentic Lethwei in a Clean & Safe Environment”

23/05/2026

BLG မှာ လာကစားကြတဲ့သူတွေရဲ့ ပန်းတိုင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ 🎯✨

တချို့က ဝိတ်ကျချင်လို့၊ တချို့က Muscle တည်ဆောက်ချင်လို့၊ တချို့ကတော့ တစ်နေ့တာ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ချင်လို့ပဲ ဖြစ်ပါတယ်။ 🥊🏋️‍♂️

ဒါပေမဲ့ အားလုံးရဲ့ တူညီတဲ့အရာတစ်ခုကတော့ "မနေ့ကထက် ပိုကောင်းတဲ့ သူတစ်ယောက် ဖြစ်လာဖို့" ပါပဲ။ ⚡️🦾

BLG ရဲ့ ခရီးစဉ်တစ်လျှောက်မှာ Gym စဖွင့်တဲ့နေ့ကစပြီး ယနေ့အထိ မပျက်မကွက် လာရောက်ပြီး မိသားစုဝင်တွေလို ဖြစ်နေကြတဲ့ Regular Members တွေရှိသလို၊ မိမိတို့လိုချင်တဲ့ Body Goal ကို ရရှိသွားလို့ပဲဖြစ်စေ၊ အလုပ်တွေမအားလို့ အချိန်မရတော့လို့ပဲဖြစ်စေ လာမကစားဖြစ်တော့တဲ့ Members တွေလည်း ရှိပါတယ်။

ဘယ်လို အခြေအနေမျိုးမှာမဆို... အားလုံးက BLG ရဲ့ သမိုင်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ် အမြဲတမ်း ပါဝင်နေပါတယ်ခင်ဗျာ။ 🤝❤️

ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အချိန်ပြန်ပေးချင်လို့ပဲ ဖြစ်စေ၊ ရပြီးသား Body Goal တွေကို ဆက်လက် ထိန်းထားချင်လို့ပဲ ဖြစ်စေ ကျွန်တော်တို့ BLG က သင့်နဲ့အတူ အမြဲတမ်းရှိပေးဖို့ အဆင်သင့်ပါဘဲ ခင်ဗျာ။

Your pause isn't your end. အားအင်အသစ်တွေနဲ့ ပြန်လည်စတင်ဖို့ BLG ကို ပြန်လာခဲ့ဖို့ အဆင်သင့်ပဲလား? 🤜🤛🦁🔥

📞 Phone: 09-409 003 088
📍 Location: 9/C, Thar Yar Shwe Pyi Street, Bauk Htaw, Yankin Township, Yangon.

🥊⚡️

20/05/2026

မိန်းကလေးတိုင်းက အသက်ကြီးတဲ့အထိ လှပကျန်းမာနေဖို့ လိုအပ်ပါတယ်။ ✨

မဆုမွန်လို ကျန်းမာကြံ့ခိုင်ပြီး Muscle တွေနဲ့ အရမ်းမိုက်တဲ့အမျိုးသမီးဖြစ်ချင်ရင်တော့... အချိန်ပေးရတာ သက်သာပြီး ခန္ဓာကိုယ်အတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရလဒ်ကို သိသိသာသာ မြင်နိုင်တဲ့ Lethwei အားကစားက ရွေးချယ်ဖို့အကောင်းဆုံးပါဘဲရှင်။ 🥊🧘‍♀️

14/05/2026

You Only Need Gloves & Hand Wraps. 🥊✨

BLG မှာ လေ့ကျင့်ဖို့အတွက် ပစ္စည်းကိရိယာတွေ အများကြီး ပြင်ဆင်ရမှာကို စိတ်ပူနေဖို့ မလိုပါဘူး။ 🙅‍♂️ ❌

သင့်အတွက် တကယ်လိုအပ်တာက Gloves တစ်စုံနဲ့ Hand Wraps တစ်စုံ ရှိရုံနဲ့ လုံလောက်ပါပြီ။ 🧤💯

ကျန်ရှိတဲ့ အဆင့်မြင့် လေ့ကျင့်ရေးကိရိယာတွေနဲ့ ကျွမ်းကျင်တဲ့ နည်းပြတွေက BLG မှာ အဆင်သင့် ရှိနေမှာဖြစ်လို့... သင်က "လေ့ကျင့်ဖို့ ပြင်းပြတဲ့ စိတ်ဓာတ်လေး" တစ်ခုပဲ ယူဆောင်လာခဲ့ပါ။ 🦾🦁

Focus on the Craft. Leave the rest to us.
Unlock Your Prime. 🤜🤛
📞 Call: 09-409 003 088
📍 Location: 9/C, Thar Yar Shwe Pyi Street, Bauk Htaw, Yankin Township, Yangon.

🥊🔥🦾

06/05/2026

"Silent Training" 🤫🥊

Gym ထဲမှာ (၁) နာရီ၊ (၂) နာရီ အပြင်းအထန် လေ့ကျင့်ရုံနဲ့ သင်လိုချင်တဲ့ ရလဒ်တွေကို အပြည့်အဝ မရရှိနိုင်ပါဘူး။

တကယ့်ထူးခြားတဲ့ ပြောင်းလဲမှုဆိုတာ Gym ကနေ ခြေလှမ်းထွက်လိုက်တဲ့အချိန်ကစပြီး ကျန်ရှိနေတဲ့ အချိန်တွေမှာ သင်ဘယ်လို စားသောက်နေထိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး စတင်တာပါ။

ဒါကို "Silent Training" လို့ ခေါ်ပါတယ်။ Gym မှာ ကိုယ့်ကိုယ်ကိုယ် အနိုင်ယူပြီးပြီဆိုရင် Gym အပြင်ဘက်မှာလည်း ကိုယ့်ရဲ့ စားသောက်မှုပုံစံ၊ အိပ်စက်မှုနဲ့ နေ့စဉ်အလေ့အထတွေကို စနစ်တကျ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။

🍱 Fueling: အစားအသောက်ဆိုတာ Gym မှာ လေ့ကျင့်စဉ်က Breakdown ဖြစ်သွားတဲ့ ကြွက်သားတွေကို အကောင်းဆုံး ပြန်လည်တည်ဆောက်ပေးတဲ့ "အုတ်မြစ်" ဖြစ်ပါတယ်။ အာဟာရမပြည့်ဝဘူးဆိုရင်တော့ သင် Gym မှာ အချိန်ကုန်၊ ပင်ပန်းခံပြီး ဆော့ခဲ့သမျှဟာ ရလဒ်မထွက်ဘဲ အလကား ဖြစ်သွားပါလိမ့်မယ်။

💤 Recovery: ကြွက်သားတွေက သင် Gym ဆော့နေတဲ့အချိန်မှာ ဖွံ့ဖြိုးတာမဟုတ်ဘဲ သင် "အိပ်ပျော်နေတဲ့အချိန်" မှာမှ ဖွံ့ဖြိုးတာပါ။ တစ်နေ့ကို (၇) နာရီကနေ (၈) နာရီအထိ အရည်အသွေးရှိရှိ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ကို အမြန်ဆုံး အားပြန်ဖြည့်ပေးနိုင်ပါတယ်။

💧 Daily Habits: ရေများများသောက်ခြင်း၊ အချိုနဲ့ ဆီကြော်တွေကို ရှောင်ကြဉ်ခြင်း၊ နေ့စဉ်မှန်မှန် လှုပ်ရှားသွားလာခြင်း စတဲ့ အလေ့အထလေးတွေက "သာမန် Gym ဆော့သူ" နဲ့ "Professional အားကစားသမား" တစ်ယောက်ရဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။

"Gym ထဲမှာ သင် ဘယ်လောက်ကြိုးစားခဲ့သလဲဆိုတာထက်၊ Gym အပြင်ဘက်မှာ သင့်ကိုယ်သင် ဘယ်လောက်ထိန်းသိမ်းနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။"
သင့်ရဲ့ Silent Training ကို ဒီနေ့ပဲ စတင်လိုက်ပါ။ 🦾✨

𝐁𝐮𝐫𝐦𝐚 𝐋𝐞𝐭𝐡𝐰𝐞𝐢 𝐆𝐲𝐦
📞: 09-409 003 088
📍: 14/B, Thar Yar Shwe Pyi Street, Bauk Htaw, Yankin Township, Yangon.

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 9/C, Thar Yar Shwe Pyi Street, Baukhtaw Pyi Tharyar Yankin
Yangon
11081

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00