LingoBridge - Study Abroad Consultancy

LingoBridge - Study Abroad Consultancy

Share

LingoBridge - Study Abroad Consultancy is founded to perform as a consultancy to support Study Abroad for Myanmar Youths.

12/01/2026

Multilingual နိုင်ငံတစ်နိုင်ဖြစ်တဲ့ Belgiumမှာ ကျောင်းတက်ကြမယ် 🇧🇪🇧🇪🇧🇪

📍Belgium နိုင်ငံဟာ အနောက်ဉရောပမှာတည်ရှိပြီး Germany, France, Luxembourg, The Netherlands တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Multlingual ပြောတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

📍 France, English, Dutch (Flemish) ဘာသာစကား ၃မျိုးကို နိုင်ငံတွင်းတွင်ကျယ်စွာပြောကြပါတယ်။

📍 ရာသီဉတုကတော့ နည်းနည်းမှိုင်းတဲ့ထဲပါပေမယ့် အပူအအေး အရမ်းမပြင်းလှပါဘူး။

📍 University Tuition fees အနေနဲ့ €2000-€8000 per year ရှိပြီး (ကျောင်းနဲ့ Program ပေါ်မူတည်ပြီးစျေးကွာပါမယ်) Living cost ကတော့ အနည်းဆုံး တစ်လကို €850 လောက်ရှိနိုင်ပါတယ်။ (Accomodation ကို €650 လောက်နဲ့တွက်ပေးထားပါတယ်။)

📍 ကျောင်းသားတွေအနေနဲ့ Part time job 20 hours per week legally လုပ်လို့ရပြီး minimum wage €15 per hour လောက်ရှိပါတယ်။ English speaking only နဲ့တင် အလုပ်ရှာလို့လုံလောက်ပါတယ်။

📍Visa အတွက် blocked acc နဲ့ပြရတတ်ပြီး (လစဉ်ကျောင်းသား acc ထဲပုံမှန်ပြန်လွှဲပေးပါတယ်) ( blocked acc အကြောင်း post ကို ဒီမှာ ဖတ်လို့ရပါတယ်။ https://www.facebook.com/share/1A4Cr89fZ6/?mibextid=wwXIfr ) Visa processing time ကတော့ ၂ပတ်ကနေ အကြာဆုံး ၁၆ ပတ်ထိရှိနိုင်ပါတယ်။ သံရုံးက မြန်မာမှာ မရှိလို့ ဘန်ကောက်ကိုသွားဝင်ရပါမယ်။

📍 ကျောင်းသားအများစုတက်ကြတဲ့ မြို့တွေအနေနဲ့ Brussels (capital), Ghent, Antwerp, Leuven စသဖြင့်ရှိပါမယ်။ University တွေအနေနဲ့လည်း World ranking/ subject ranking အတော်လေးကောင်းကြပါတယ်။ (2026 အတွက် QS World ranking 60 ရထားတဲ့ KU LEUVEN အကြောင်းလည်း နောက်နေ့တင်ပေးပါမယ်။)

📍 Scholarship ရယ်လို့တော့ ပေးတာရှားပါတယ်။ ၅ နှစ်ဆက်တိုက်နေထိုင်ပြီးရင် PR အတွက်စလျှောက်လို့ရပါပြီ။ ကျောင်းတက်တဲ့နှစ်တွေကိုတော့ တစ်ဝက်ပဲ count လုပ်ပါတယ်။ (eg. ကိုယ်က Bachelor program ၃နှစ်တက်တယ်ဆိုရင် PR လျှောက်ဖို့ နေခဲ့တဲ့ နှစ်ကို count လုပ်ရင် ၂ နဲ့စားပြီး ၁နှစ်ခွဲ လို့ ယူပါတယ်။)

ကဲ ဒီလောက်ဆိုရင်တော့ အတော်လေးဆုံလင်ပြီလို့ထင်ပါတယ်။ Admission တွေလည်း ဖွင့်နေပြီ။ မင်မင်တို့ရဲ့ consultant လည်းရောက်နေတာ ၄နှစ်ရှိပြီဆိုတော့ အကောင်းမွန်ဆုံးသော service တွေလိုချင်ပြီဆိုရင် page chat box မှာ Hello လိုက်တော့နော်🫶🏻

21/11/2024

Hello, SACer တို့ရေ တစ်နှစ်ပတ်လုံး SACer တို့ အဆင်သင့်ဖြစ်တဲ့ အချိန် စပိန်နိုင်ငံကို language program နဲ့သွားလို့ရတယ်ဆိုရင် စိတ်ဝင်စားကြမလား??

ဟုတ်ပါတယ်။ European Union နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ Spain နိုင်ငံမှာ Spain Language Course နဲ့ 2024 record အရ ကမ္ဘာ့အပြောအများဆုံး ဘာသာစကားမှာ နံပါတ် (၄) နေရာကရပ်တည်နေတဲ့ Español လေ့လာရင်း Spain နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ် သမိုင်းနဲ့ ဗိသုကာပညာတွေ လေ့လာလို့ရမယ့်အပြင် ဘောလုံးဝါသနာရှင်လေးတွေအတွက်လဲ Madrid မှာရှိတဲ့ Legends (Football Museum) ကြီးကိုလည်ပတ်လို့လဲ ရနိုင်မယ့် အခွင့်အရေးပါ။

Spain language course ဟာဆိုရင် တစ်နှစ်ပတ်လုံး ဖွင့်တဲ့ ကျောင်းလဲရှိသလို တခြားကျောင်းတွေအတိုင်း intake နှစ်ခါခွဲဖွင့်တဲ့ကျောင်းတွေလဲရှိပါတယ်။

ဘာကြောင့် စပိန်စကားကိုလေ့လာသင့်တာလဲ?
- Spain စကား ဟာဆိုရင် အပြောအများဆုံး ဘာသာစကား top 5 ထဲပါပါတယ်။
- ကျောင်းတွေပြီးလို့ပဲဖြစ်ဖြစ် intern တွေလျှောက်တဲ့အခါ/ အလုပ်တွေလျှောက်တဲ့အခါ စပိန်နိုင်ငံတွင်းသာမက တခြားသောနိုင်ငံတွေထိပါခြေဆန့်ရှာဖွေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။
- ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်လာတာနဲ့အမျှ လူတိုင်းလိုလိုဟာ English စာကို ပိုပိုပြောတတ်လာကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ English တစ်ခုထဲတတ်သူဆိုတာ ရှားပါးလာပါတယ်။ အဲ့ဒါကြောင့် အပြောအများဆုံး ဘာသာတွေထဲကမှ တစ်ခုဖြစ်တဲ့ စပိန်ဘာသာစကားတတ်ထားရင် English တစ်ခုထဲ တတ်သူတွေထက် အခွင့်ပိုသာပါတယ်။

SCAer လေးတို့ကို ဘာသာစကား အပိုတွေတတ်ထားဖို့ ဘာကြောင့် အရေးပါလဲဆိုတာ အနည်းငယ်မျှဝေပြီးပြီဖြစ် တဲ့အတွက် အသေးစိတ်သိရှိလိုပါက consultant များနဲ့ ဆွေးနွေးနိုင်ပါတယ်ရှင်။

မင်မင်တို့ ကျောင်းတွေရဲ့ list လဲဖော်ပြထားဖူးတဲ့ post လေးရှိတာကြောင့် post အောက်လေးမှာပဲ link လေးချပေးပြီး အတူတွဲတင်လိုက်ပါတယ်

https://www.facebook.com/share/p/15cCa3q37m/?mibextid=WC7FNe

Spain ကို Language Program ယူပြီး စျေးသက်သက်သာသာနဲ့အမြန်ဆုံးသွားကြမယ်။

SACer တို့ရေ Page မှာလည်း အမေးများတာရော ဒီချိန်မှာအားလုံးအတွက် အထောက်အကူဖြစ်မယ်ထင်လို့ Spain ကို 9 months language program နဲ့ April လထဲ အမြန်ဆုံးထွက်ဖို့ ကျောင်းနာမည်လေးတွေတင်ပေးလိုက်တယ်နော်။

📍Starting date - April 2024
📍Application - Still opening for some universities
📍 Fees - €1600 (minimum per semester)
📍 Admission requirements - High School diploma + Transcripts

University list
📚 Salamanca University ( Salamanca )
📚 Barcelona University (UAB) (Barcelona)
📚Nebrija University (Madrid)
📚 Malaga University ( Malaga )
📚 Alicante University (Alicante)
📚 Santiago de Compostela University ( Santiago )

အသေးစိတ်သိချင်ရင် Chat box မှာစုံစမ်းနိုင်ပါတယ်။ February တစ်လ လုံး ဘယ် package မဆို (excluding consulting package & Accommodation package) ဝယ်ယူသူတိုင်းအတွက် special discount တွေလည်းပေးထားမှာမို့ အမြန်ဆုံးဆက်သွယ်လို့ရပါပြီ။ 🤗🤗

◾◾◾

ဥရောပနိုင်ငံများ နှင့် ထိုင်းနိုင်ငံသို့ ပညာသင်သွားလိုသူများအတွက် LB-SAC မှ လိုအပ်သော ဝန်ဆောင်မှုများကို ပေးနေပါပြီ။ UK, Italy, Hungary နိုင်ငံမှာ ပညာသင်ကြားလျက်ရှိတဲ့ Consultant များနဲ့ ဆွေးနွေးနိုင်ဖို့ Page Messenger မှတစ်ဆင့် appointment တွေရယူနိုင်ပါပြီ 📩

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon