CS Lingo Stars

CS Lingo Stars

Share

This page mainly aims to support STEAM education and create fun learning zone for students.ďż˝

Photos from CS Lingo Stars's post 09/01/2022

You can design everything in your eyes 🤩...

If you're interested, follow the link.
https://www.tinkercad.com/things/fxc9yEZBq3i

29/12/2021

3D Design in Winter Theme :3

ချမ်းအေးလှပတဲ့ ဆောင်းတွင်း ❄⛄❄🌨 ကို လူအများစု က ချစ်ကြတယ် မလား😊၊

မိမိ တို့ချစ်မြတ်နိုးတဲ့ Winter ကို စိတ်ကူးရှိရုံဖြင့် 3D Design ထဲမှာ အလွယ်တကူ ပုံပေါ်လို့ ရအောင် TinkerCAD websites လေးက ကူညီပေးပါလိမ့်မယ်။

ဒါတင် မကသေးပါဘူး၊ မိမိတို့ ဆွဲထားတဲ့ design တွေကို အပြင်မှာ အလှဆင်လို့ ရအောင် 3D printer ကနေလည်း ထုတ်ယူနိုင်ပါသေးတယ်။ 😊

မိမိစိတ်ကူးတွေကို 3D ရေးဆွဲပြီး ဖန်တီးပါစို့။

https://www.tinkercad.com/things/1RRAHBD9xq2

12/12/2021

မင်္ဂလာပါခင်ဗျာ 😊...

🎁
သားသား၊ မီးမီးတို့အတွက် ကျွန်တော်တို့ CS Lingo Stars ကနေပေးမယ့် ဒီဇင်ဘာလက်ဆောင်လေးထဲက တစ်ခုကိုတော့ အစပြုလိုက်ပါပြီခင်ဗျာ....🎁

ပထမဆုံးအနေနဲ့ 3D Design ရေးဆွဲခြင်း free class လေး တစ်ခုကို STEAM educational supporting website ဖြစ်တဲ့ TinkerCAD ကို အသုံးပြုပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

TinkerCAD အကြောင်းကို သိရှိလိုပါက အောက်ပါ link မှာ ပြည့်စုံစွာ လေ့လာနိုင်ပါတယ်။⬇
https://m.facebook.com/story.php?story_fbid=111529148039157&id=100811329110939

free class ဟာ အချိန်ကာလ အားဖြင့် နှစ်ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အောက်ပါ အချက်တွေကို ကြည့်ပြီး လူကြီးမင်းတို့၏ သားသား၊ မီးမီးတို့နဲ့ ကိုက်ညီမှုရှိမရှိ ဆန်းစစ်နိုင်ပါတယ်။

Time Schedule:

1️⃣6️⃣🕙
16.12.2021 (THURSDAY)
10 : 00 AM to 11 : 30 AM &&
1️⃣7️⃣🕙
17.12.2021(FRIDAY)
10 : 00 AM to 11 : 30 AM

👩👧👦🙋🙋♂️👼 Age Level :

အသက် 7 to 12 yrs သားသား၊မီးမီးတို့က 1st Batch အနေနဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ( မိဘများမှလည်း သင်ကြားမှုစနစ်အား ကလေးနဲ့အတူ လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။)

💻👩🏫 Teaching Platform:

Online မှ Face to face သင်ကြားမှာ ဖြစ်တဲ့ အတွက် Zoom အသုံးပြုတတ်ဖို့၊ Internet ရရှိဖို့ေတာ့ လိုအပ်ပါတယ်။

📒💻🖱Requirements:

Workshop မှာ ပါဝင်ဖို့ ကလေးတို့ အသုံးပြုနေကျ Laptop/ Desktop ပေါ်မှာ browser တစ်ခု ရှိရုံ၊ Design ရေးဆွဲမှာ ဖြစ်တဲ့ အတွက် Mouse ရိုရုံတင်နဲ့ 3D Design ကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။

🚩🚩🚩 စိတ်ပါဝင်စား၍ တက်ရောက်လိုပါက ဤ registration link မှ တဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/b8RYvcXS7pyo6nbf6

အသက်အရွယ် ေလျှာ်ညီသူများကို စီစစ်ရွေးချယ်ပြီး တက်ရောက်ခွင့်ရသူများထံသို့ class entry information များကို email မှ တဆင့် ပို့ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

08/12/2021

ဒီနေ့ Knowledge Sharing Session မှာတော့
ကလေးတွေဟာ coding ကို ဘာကြောင့် သင်ယူနေကြတာပါလဲ ဆိုတဲ့ ခေါင်းစဥ် နဲ့ ပတ်သက်ပြီးဆွေးနွေးပေးချင်ပါတယ်။

ယနေ့ခေတ်မှာ သားသား၊ မီးမီးတို့ကို coding သင်ကြားစေဖို့ ဖေဖေ၊မေမေတို့က ပိုမို အားစိုက်လာကြတာကို တွေ့ကြရမှာပါ။ မိဘတိုင်းလား၊ မဟုတ်ပါဘူး။ တချို့တွေလည်း မေးခွန်းထုတ်ဖူးကြပါတယ်၊ သားသား၊ မီးမီးတို့က ကြီးလာရင် programmer လုပ်မှာ မဟုတ်တဲ့အတွက် သင်ယူစရာ မလိုဘူးလို့ တွေးမိကောင်း၊ တွေးမိကြပါလိမ့်မယ်။ ဒါကြောင့် coding က ဘာကြောင့် သင်ကြားရမယ့် ပညာရပ်တစ်ခု အနေနဲ့ ရှိနေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

1️⃣Problem-solving
+++++++++++++++

ပထမဆုံးအချက်အနေနဲ့ coding ကနေ ကလေးတွေကို နေ့စဥ်ဘဝမှာ " better problem solver " တစ်ယောက် ဖြစ်စေနိုင်တဲ့ လမ်းကြောင်းပေါ်ရောက်​ေစပါတယ်။ ကျွန်တော်တို့ဟာ နေ့စဥ်ဘဝမှာ ပြသာနာမျိူးစုံကြုံတွေ့ရတတ်ပါတယ်။ ပြသာနာတစ်ခုကို ဖြေရှင်းရာမှာ အခြေအနေနှင့် အချိန်အခါကို လိုက်ပြီး ဖြေရှင်းတတ်ဖို့က အရေးကြီးလှပါတယ်။ coding သင်ကြားတဲ့အခါ target တစ်ခုကို ရောက်ဖို့ အတွက် နည်းလမ်းတကျနဲ့တွေးခေါ်ပြီး ထိရောက်တဲ့လမ်းတွေကို ရှာဖွေကာ ဖြေရှင်းနိုင်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးနိုင်ပါတယ်။ အဖြေရောက်အောင် ဘယ်လို သွားရမလဲ၊ ဘယ်နည်းလမ်းကနေ သွားရင် ပိုလွယ်မလဲ စသည်အားဖြင့် တွေးတတ်လာပြီး မြန်မြန်ဆန်ဆန်အဖြေရှာတတ်လာကြပါတယ်။

2️⃣Learn from mistakes
++++++++++++++++++

ယခင်က ကလေးတွေ အမှားလုပ်တဲ့အခါ လူကြီးတွေကဆူပူတတ်ကြပါတယ် ။ လူကြီးတွေက မိမိတို့ကလေးလုပ်မိတဲ့ အမှားတွေကနေ နောက်တစ်ကြိမ် ထပ်ပြီး မပြုလုပ်မိအောင် သင်ကြားပေးနိုင်ဖို့က အလွန်အရေးကြီးလှပါတယ်။ ထိုမှသာ ကလေးများသည် အရာတစ်ခုကိုအမှားတွေစိီကနေသဘောပေါက်ကာ ထပ်မှားတော့အောင်အမြဲကြိုးစားနေမှာဖြစ်ပါတယ်။ ဒီလိုပဲ ကလေးတွေက coding သင်ယူတဲ့အခါ သူတို့ရေးသမျှ code တိုင်းဟာ အမြဲတမ်း အဖြေကို တန်းရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ဒါပေမယ့်၊ သူတို့ target ရောက်ဖို့အတွက် မအောင်မြင် မချင်း၊ လိုချင်တဲ့ ရလဒ် မရမချင်း ထပ်ခါတလဲလဲ ပြုပြင်ကြိုးစားချင်စိတ် ရှိလာကြတယ်။ ဒါဟာ ကလေးတွေကို လွယ်လွယ် အလျှော့ မပေးချင်စိတ်နဲ့ ကြိုးစားနိုင်စွမ်းကို မြင့်တက်လာစေနိုင်ပါတယ်။

3️⃣Logical thinking
+++++++++++++++

Coding ဟာ ကလေးတွေ အကြောင်းအရာတစ်ခုကို ဘယ်လိုတွေ တွေးနိုင်သလဲ ဆိုတာကို လမ်းကြောင်းပြသနိုင်ပါတယ်။ Coder တိုင်းဟာ logical thinking ကို အသုံးချမှန်းမသိ အသုံးချနေကြပါတယ်။ အခက်အခဲတစ်ခုကို ေဖြရှင်းတဲ့အခါ၊ ကြီးမားတဲ့ ပြသာနာကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ်သို့ ခွဲထုတ်ရင်း၊ တစ်ခုချင်းစီကို ပိုမို ထိရောက်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်ကြပါတယ်။ coding သင်တယ်ဆိုတာ စာကြောင်းတွေ ရေးတတ်ဖို့ မဟုတ်ပါဘူး။ လိုချင်တဲ့ ရလဒ်တွေ ပိုင်ဆိုင်ဖို့ ဘယ်လိုလမ်းကြောင်းတွေကနေ တွေးခေါ်နိုင်သလဲ ဆိုတာ လမ်းဖွင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို တလှည့်ပြန်အသုံးချဖို့ ဖြစ်ပြီး ၊ ဖြေရှင်းလို့ မပြီးမချင်း ထပ်ခါ ထပ်ခါ စဥ်းစားကာ၊ ပိုကောင်းတဲ့အခြေအနေတွေကို ထပ်မံရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

4️⃣Creativity Mindset
+++++++++++++++++

ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ ဖန်တီးနိုင်စွမ်းတွေကိုလည်း အရောင်ထွက်စေနိုင်ပါတယ်။ Coding ဟာ ကလေးတွေကို ငယ်စဥ်ကတည်းက ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ပြီး လက်လှမ်းမှီတဲ့၊ ရလဒ်မြင်ရတဲ့ လက်တွေ့လုပ်ဆောင်ချက် တွေ ပြုလုပ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ သင်လွယ်၊ မြင်လွယ်၊ ဖန်တီးလွယ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်တာကြောင့် ကလေးတွေအတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။ သေးသေးလေးတွေကနေ စပြီး၊ တဆင့်ချင်းစီမှာ ဖန်တီးနိုင်စွမ်းမြင့်လာလေလေ၊ မိမိကိုယ်ကိုယုံကြည်မှု မြင့်မားလာလေလေ ဖြစ်ကာ positive impact နဲ့ ပိုမို ထက်မြက်လာကြပါတယ်။ သူတို့ဖတ်တဲ့ ပုံပြင်လေးတွေ၊ သူတို့ဆော့တဲ့ ဂိမ်းလေးတွေကနေ လက်လှမ်းမီသလောက် အကြံညဏ်ထုတ် ဖန်တီးချင်တတ်ကြတယ်။ဒါကြောင့် ကလေးတွေရဲ့ဖန်တီးနိုင်စွမ်းတွေတိုးတက်လာတာဖြစ်ပြီး၊ ဒါမြင်၊ဒါမှတ်စနစ်ကနေ ကွဲထွက်သွားမှာ ဖြစ်ပါတယ်။

5️⃣Own Environment in Future
++++++++++++++++

Coding ဟာ အနာဂတ်ကမ္ဘာကို ကြီးစိုးရာ ဖြစ်ပါတယ်။ ယနေ့ခေတ် နေရာတိုင်းမှာ ခေတ်စနစ်အညီ computer programming နည်းပညာကို အသုံးချနေကြတာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ပိုမိုယဥ်ပါးလာမယ့် ပညာရပ်တစ်ခု ဖြစ်တဲ့အတွက် တတ်မြောက်ထားရင် အကျိုးမယုတ်လျော့နိုင်ပါဘူး။ စက်ရုံ၊ အလုပ်ရုံကြီးတွေက အစပြု၍ လုပ်ငန်းအားလုံးတိုင်းနီးပါးက နည်းပညာကို အသုံးပြုလာကြတဲ့ အတွက် ကလေးတွေက young age ထဲက လေ့လာမယ်ဆိုရင် အနာဂတ်မှာ ပိုကောင်း၊ ပိုမြန်တဲ့ နည်းပညာအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာ၊ ဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။

6️⃣Learning Math with Fun
++++++++++++++++

Coding ဟာ ကလေးတွေကို math မှာ ပျော်မွေ့စေဖို့ ဖန်တီးပေးနိုင်ပါတယ်။ Coding ဟာ '' language of math '' ဖြစ်ပါတယ်။ ကလေးတိုင်းဟာ သချာ် ကို မကြိုက်ကြပါဘူး။ သို့သော် သူတို့မကြိုက်တဲ့ အရာကို သုံးမှန်းမသိသုံးရင်း ၊ ကျွမ်းဝင်​ေနအောင် coding က ပြုလုပ်နိုင်ပါတယ်။ လက်တွေ့မှာလည်း math မကြိုက်ဘူး အော်​ေနပေမယ့် တကယ့်၊ တကယ်တမ်း သူတို့ရဲ့ စိတ်ကူးတွေကို ဖော်ထုတ်ရေးသားတဲ့ အခါ အသုံးပြုနေမှန်း မသိ အသုံးပြုတတ်သွားကြပါတယ်။ ထိုနည်းနဲ့ ကလေးတွေဟာ သချ် ာ ကို ယဥ်ပါးလာပြီး ကောင်းမွန်စွာ အသုံးချတတ်သွားကြပါတယ်။

7️⃣ Coding is Fun
++++++++++++++++++++

Coding ဟာ ကလေးတွေ အတွက် ပျော်ရွှင်စွာ သင်ယူနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ရွယ်စဥ်က coding ဟာ ကြောက်စရာ၊ ခက်ခဲတဲ့ language တစ်ခု အဖြစ်မှတ်ယူခဲ့ကြရပါတယ်။ ခုခေတ်မှာ ဆိုရင်တော့ coding ဟာ ကလေးတိုင်းရဲ့ ပျော်မွေ့ရာ လမ်းကြောင်းဖြစ်လို့ လာပါပြီ။ ဂိမ်းဆော့ရင်း ဖြစ်စေ၊ ပုံဆွဲရင်းဖြစ်စေ၊ နေ့စဥ်ပြုလုပ်နေကျ activities လေးတွေကနေ ဖြစ်စေ coding ကို လွယ်ကူစွာ သင်ယူနိုင်ပြီ ဖြစ်ပါတယ်။ coding ဟာ ယနေ့ခေတ်မှာ ကွျန်တော်တို့ အတွက် ဖြစ်ပြီး အနာဂတ်နဲ့ လက်ရှိမှာ ပိုမိုကောင်းမွန်လာစေဖို့ ကလေးတွေ အတွက် coding ဟာ အရေးကြီးတဲ့ ပညာရပ်တစ်ခု ဖြစ်လာပါတယ်။

ဒီလို ခိုင်မာတဲ့ အကြောင်းအရင်းတွေကြောင့် Coding ဟာ STEAM ပညာရေးစနစ်၏ အဓိကလမ်းမကြီးတစ်ခု အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သားသား၊ မီးမီးတွေကို coding သင်ယူစေရင်း စနစ်တကျ ပျိုးထောင်ဖို့အကြံပြုချင်ပါတယ်။

Photos from CS Lingo Stars's post 28/11/2021

Hello! ...Take a moment! 🙆🏻‍♂️🌎

Today I would like to introduce our computer science language school ! ✨

☑ဒါဆို CS Lingo Stars ဆိုတာဘာလဲ ?💁🏻‍♂️
*******************************************
CS lingo stars ဆိုတာက မြန်မာနိုင်ငံက Engineering ဘွဲ့ရလူငယ်များဖွဲ့စည်းတည်ထောင်ထားတဲ့ Education Community တစ်ခုဖြစ်ပြီး STEAM education နည်းစနစ်များကိုအသုံးပြုကာ Computer science and coding ဘာသာရပ်များကိုအဓိက သင်ကြားဖို့ရည်ရွယ်ပါတယ်။

☑ဘယ်သူတွေကိုအဓိကထားသင်ကြားပေးသွားမှာလဲ?
*******************************************
မူလတန်း (အသက် ၇နှစ်) မှ အထက်တန်း ( အသက် ၁၆ နှစ်) ထိကျောင်းသားကျောင်းသူများကိုရှိရင်းစွဲပညာရေးစနစ်မှဖောက်ထွက်ပီး အဓိကထားသင်ကြားပေးသွားမှာဖြစ်ပါတယ်။

☑ဘယ်ဘာသာရပ်တွေကိုအဓိကထားသင်ကြားမှာလဲ?
*******************************************
၂၁ ရာစုမှာတတ်ကျွမ်းထားရမယ့် Digital Literacy / Computer Science / Coding / Design / Electronics အစရှိတဲ့ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။

ပါဝင်တဲ့ ဘာသာရပ်များရဲ့ အသေးစိတ်အချက်အလက်များကိုအောက်ဖော်ပြပါပုံလေးများအောက်တွင်ဖတ်ရှူနိုင်ပါတယ်🙆🏻‍♂️

Knowledge session များစွာကိုလည်းအပတ်စဥ် Wednesday / Sunday တိုင်းတင်ပေးသွားမှာဖြစ်တာမို့ Page လေးကို Like and Follow လေးလုပ်ဖို့မမေ့နဲ့နော် 😉😉

အချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် !
See you! 🙋🏻‍♂️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00