Shop With Me

Shop With Me

Share

Health and Beauty

04/05/2024

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ။

ဖြည့်စွက်စာ ( supplements ) ဘယ်လိုသောက်မလဲ မေးကြသူတွေအတွက် ၂၀၂၀ ၊ ဇွန်လအထိ မှတ်သားမိသမျှ ရေးပါတယ်။

1. ဗိုက်တာမင် D3 ကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

2. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို တစ်လုံးတည်းသောက်တဲ့အခါ ညဘက်သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

3. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၂ လုံးသောက်ရမည်ဆိုလျှင် မနက် နှင့် ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

4. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၃ လုံးသောက်ဖို့လိုလျှင် မနက်၊ နေ့လည်၊ ည သောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

5. မက်ဂနီဆီယမ် ( magnesium) ဖြည့်စွက်စာများကို ၄ လုံးသောက်ရမည်ဆိုလျှင် မနက် ၂ လုံး နှင့် ည ၂ လုံးသောက်ပါ။ အစာစားပြီးသောက်ဖို့လိုပါမည်။

6. ဇင့် ( Zinc ) ကို 30 mg ကနေ 50 mg ထိ ညစာစားပြီးသောက်နိုင်ပါတယ်။ ဇင့်သောက်တဲ့အခါ တစ်ချို့လူများမှာ ပျို့အန်ချင်စိတ်ပေါ်လာတတ်ပါတယ်။

7. ဆယ်လီနီယမ်ကို တစ်ချို့က အစာမစားမီသောက်တဲ့အခါ အဆင်မပြေတတ်ပါ။
အစာမစားမီသောက်လို့ အဆင်မပြေတဲ့အခါ အစာစားပြီးသောက်ပါ။

8. ဗိုက်တာမင် K2 ဖြည့်စွက်စာများကို မနက် သို့မဟုတ် နေ့လည်အစာစားပြီးသောက်နိုင်ပါတယ်။

9. ပရိုဘိုင်အိုတစ်ကို အစာစားပြီးသောက်နိုင်ပါတယ်။ တစ်ချို့က အစာစားပြီးသောက်တဲ့အခါ လေပွတတ်ပါတယ်။ ပရိုဘိုင်အိုတစ် အစာစားပြီးသောက်တဲ့အခါ လေပွတတ်သူတွေအတွက် အစာမစားမီ မိနစ် ၃၀ ကြိုပြီး သောက်လို့ရပါတယ်။

10. Ox bile & digestive enzymes ဖြည့်စွက်စာကို အစာမစားမီ ၁၅ မိနစ် ကြိုသောက်ပါ။

11. Betaine HCl ကို အစာစားပြီး ၁၅ မိနစ်အတွင်းသောက်သင့်ပါတယ်။

12. Betaine HCl , Ox bile & digestive enzymes ပေါင်းထားတဲ့ ဖြည့်စွက်စာကို အစာစားပြီးမှသောက်ပါ။

13. Cold pressed virgin coconut oil ကို အစာစားပြီး သောက်ကြပါတယ်။ ဝမ်းသွားဖို့ သောက်ချင်သူတွေက မနက်စစောစောစီးစီး အစာမစားမီသောက်ကြပါတယ်။ မနက်စစောစောစီးစီး အစားမစားမီသောက်တဲ့အခါ ဗိုက်နာတတ်ပါတယ်။

14. MCT oil ကို ထမင်းစားပြီး 2 နာရီကျော်မှသောက်ပါ။

15. ဆီကို နနွင်းထည့်သောက်တဲ့အခါ အစာစားပြီးမှသောက်ပါ။

16. N acetyl cystiene ( NAC ) , L carnitine & L glutamine တွေ ကို အစာမစားခင် 2 နာရီ၊ အစာစားပြီး 2 နာရီကျော်မှ သောက်ပါ။

17. Melatonin , GABA & L theanine တွေကို တွေ ကို ညစာစားပြီး ၂ နာရီကျော်မှ သောက်ပါ။ ညအိပ်ချိန်မရောက်ခင် ၁ နာရီကြိုသောက်သင့်ပါတယ်။

18. Vitamin C နှင့် ငါးကြီးဆီကို အစာစားပြီးမှသောက်ပါ။ ငါးကြီးဆီးကို ညစာ နှင့် သောက်တဲ့ အချို့လူတွေမှာ အိပ်မပျော်ဖြစ်တတ်ပါတယ်။

19. ဗိုက်တာမင် B များ ( B1, niacin, B5, B2, B6, B12, folate ) ကို အစာနှင့်အတူ သောက်ပါ။ တသ်ချို့လူတွေ သောက်လို့မရပါ။

20. CoQ 10 ကို မနက်စာစားပြီးသောက်တာပိုအဆင်ပြေပါတယ်။ ကျောက်ကပ်အစားထိုးထားသူတွေကို CoQ10 (30 mg ) ကို တစ်နေ့ သုံးကြိမ်သောက်ခိုင်းပါတယ်။

21. R lipolic acid ကို အစာစားပြီး ၁ နာရီကျော်မှ သောက်သင့်ပါတယ်။

22. D ribose တွေကို အစာစားပြီးမှ သောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်၊ သံပုရာရည် ၊ အသီးဖော်ရည်များထဲ ထည့်သောက်နိုင်ပါတယ်။

23. Cod liver oil မှာ omega 3 အပြင် ဗိုက်တာမင် D နှင့် A အနည်းငယ်ပါဝင်ပါတယ်။ အစားစာပြီးမှသောက်ပါ။ နနွင်းနဲ့လည်း တွဲသောက်လို့ရပါတယ်။

24. Milk thistle ကို အစာစားပြီးသောက်ပါ။ Selenium နှင့် ဗိုက်တာမင် B တွေနဲ့ တွဲသောက်နိုင်ပါတယ်။

Brand name နှင့် ဖြည့်စွက်စာတွေအတွက်

1. Jarrow က ထုတ်တဲ့ collagen type -1 ကို အစားမစားမီ ၁ နာရီမှာ ၆ လုံးသောက်ရပါတယ်။ ကျွန်တော်ကတော့ မနက်စာ မစားမီ ၃ လုံး နေ့လည်စားမစားမီ ၃ လုံး ခွဲသောက်ပါတယ်။

2. CanPrev တံဆိပ်နဲ့ antioxidant network supplements ကို ကျွန်တော်သောက်တုန်းက တစ်ရက် နှစ်လုံးသောက်ပါတယ်။ အစာစားပြီးသောက်ရတာပါ။ နောက်ပိုင်း CanPrev antioxidant network supplement အစား Jarrow က ထုတ်တဲ့ S acetyl L glutathione ကို ပြောင်းသောက်ပါတယ်။

3. Jarrow က ထုတ်တဲ့ S acetyl L glutathione မှာ glutathione 100 mg ပါဝင်ပါတယ်။ Glutathione 100 mg ဆိုတော့ ပမာဏနည်းပါတယ်။ နေ့စဉ်အဆိပ်ထုတ်လုပ်ငန်းကို ဆိုးကျိုးမရှိစေဘဲ လုပ်ဆောင်နိုင်အောင် glutathione 100 mg လောက်ကိုသာ ထည့်ထားတယ်လို့ပြောပါတယ်။ ကျွန်တော်က မနက်စာစားပြီးသောက်ပါတယ်။

4. Allergy Research Group ကထုတ်တဲ့ 200 mg of zen ကိုတော့ ညအိပ်ယာမဝင်ခင် တစ်နာရီမှာ ၁ လုံး သို့မဟုတ် ၂ လုံးသောက်ပါ။

5. Allergy Research Group ကထုတ်တဲ့ Thyroid glandular supplement ကို မနက်စာစားပြီးသောက်ပါ။ ကျွန်တော်ကိုယ်တိုင်သောက်နေတာပါ။

6. D ribose အနေနဲ့ ကျွန်တော်အသုံးပြုနေတာ PowerfulHealth တံဆိပ်ပါ။ စျေးသက်သာတာကြောင့်သုံးတာတော့ မဟုတ်ပါ။ အနံ၊ အရသာမပါဝင်လို့ လိုသလို သုံးလို့ရတာပါ။ အခြားဓာတုပစ္စည်းမပါတာကြောင့် ခဲတတ်သော သဘောရှိပါတယ်။
မနက် ကော်ဖီသောက်တိုင်း ထမင်းစားဇွန်းနဲ့ကို ထည့်သောက်တာပါ။

7. Bio Tech တံဆိပ် D3 plus မှာ ဗိုက်တာမင် D3 အပြင် D3 ရဲ့ cofactors တွေပါပါတယ်။Serving size က နှစ်လုံးပါ။ D 3 (5000 iu) ပြည့်ဖို့ ၂ လုံးသောက်ရပါမည်။ သာမန်လူတွေအတွက်ပြသနာမရှိပါ။ ကျောက်ကပ်လုပ်ဆောင်မှု လွန်စွာနည်းသူ နှင့် ဇင့်သောက်ပြီး အန်ချင်သူတွေနဲ့ မတည့်ပါ။

8. Garlum တံဆိပ်နဲ့ ကြက်သွန်ဖြူဆေးကို ကျွန်တော်အမြဲသောက်ပါတယ်။ အန္တရာယ်ပြုမည့် အဆီပိုတွေလျော့ချပေးဖို့ ရည်ရွယ်ပါတယ်။ အစာစားပြီး နာရီဝက်လောက်ငုံပြီး ဝါးစားပါတယ်။ အရသာမကောင်းပါ။

9. Allmeric တံဆိပ်နဲ့ နနွင်းဆေးကို ငုံလို့ရပါတယ်။ ဝက်ခြံ၊ သွားကိုက်ခြင်းအတွက် ကောင်းပါတယ်။

10. Jarrow Magnesium optimizer ကို မနက်စာစားပြီး 1 ကြိမ် & ညစာစားပြီး 1 ကြိမ်သောက်ပါ။

ဒေါက်တာ ဖြိုးမောင်မောင် ( Dr.PHYO MAUNG )

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon