CG Myanmar

CG Myanmar

Share

An ISO 9001:2015 certified company for construction, interior decor and mechanical & electrical work.

Photos from CG Myanmar's post 29/04/2024

ဆောက်လုပ်ရေးဆိုင်ရာ project‌ တွေကို သတ်မှတ်ဘတ်ဂျက်အတွင်း အချိန်မီပြီးစီးနိုင်ဖို့ဆိုရင် ထိရောက်တဲ့ Project Management က အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Project Team က အချိန်ဇယားဆွဲခြင်း၊ အရင်းအမြစ်ခွဲဝေပေးခြင်း၊ Risk Management လုပ်ဆောင်ခြင်းနှင့် စီမံကိန်းအောင်မြင်မှုသေချာစေရန် သက်ဆိုင်သူများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အမြဲ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။

လူကြီးမင်းတို့လည်း ကိုယ့်ရဲ့ အိမ်၊ Showroom၊ Office Tower၊ Hotel၊ ဆေးရုံ project များကို အချိန်၊ ငွေကြေး အလေအလွင့်မရှိ အချိန်မှီ တည်ဆောက်ချင်တယ်ဆိုရင် CG Myanmar မှာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။



Effective project management is crucial for delivering construction projects on time, within budget, and to the required quality standards. Thus, our Project Team is always overseeing the scheduling, resource allocation, risk management, and coordination among stakeholders to ensure project success.

26/04/2024

1. Project Manager / Senior Engineer (Mechanical – ACMV / P&S / Fire)

Job Responsibilities:
• Involved in M&E (ACMV / P&S / Fire) projects
• Coordinate with clients, consultants, suppliers and sub-contractors
• Coordinate to produce coordinated services drawings (CSD) and shop drawings
• Coordinate with other departments within company (Structure, Interior & Architecture, Electrical)
• Manage project schedule, cost, quality and site safety
• Manage, plan and lead project teams
• Ensure successful, cost-effective and timely project delivery
• Project procurement
• Submit weekly reports to project director and clients
• Attend meetings with clients / consultants / sub-contractors
• Perform other tasks as required
Job Requirements:
• BE or BTech Degree in (Mechanical or Electrical)
• 6 – 8 years of relevant experience in small to mid-sized building projects
• Strong knowledge of Air-conditioning & Mechanical Ventilation, Plumbing & Sanitary
• Proficiency in Auto CAD and Microsoft office
• Strong leadership and supervision skills
• Able to work under pressure to meet deadlines

2. Senior Quantity Surveyor (Mechanical – ACMV / P&S / Fire)

Job Responsibilities:
• Source for quotations for items required in tenders
• Preparation of price comparison and costing summary
• Preparation of tender submission and tender pricing verification
• Site verification of variation and taking records for submission of claim
• Lead and guide junior QS(s) at work
• Responsible for claims, variation orders, budget & cost control.
• Taking the BQ for ACMV, Fire Protection and Plumbing & Sanitary Systems
Job Requirements:
• BE or BTech Degree in Mechanical or Electrical
• Minimum 6 years of relevant experience in small to mid-sized building projects
• Well verse in MS Office applications with strong Auto CAD background.
• Strong knowledge of Air-conditioning & Mechanical Ventilation, Plumbing & Sanitary Systems
• Strong leadership and supervision skills
• Able to work under pressure to meet deadlines

3. Senior Site Engineer (Interior Decoration & Construction) – 1 Post
Job Responsibilities:
• To set out the works in accordance with the drawings and specification
• To liaise with the project manager regarding construction programme and assist PM in the supervision and management of construction activities to assigned project
• To liaise with procurement to ensure that purchase orders adequately define the specified requirements
• To check materials and work in progress for compliance with the specified requirements
• To act as day-to-day managers on a construction site and provide technical advice as well as quality control for everyone working on it
• To perform as part of the site management team and take some of the responsibility for security, health & safety and supervising materials and people
• To attend coordination meetings organized by client and consultants etc., to solve technical issues and other related matters
• To comply with company policies, procedures and instructions at all times
• To enforce the relevant safety rules at site and make sure personal protective equipment is worn as and where required by the staff under their responsibility
• To conduct regular inspections and assess the work performance done by all subcontractors, installers
• To take immediate corrective action to avoid any cumulative effect of such deviation and recover the delay to finish the task in due time
• To evaluate and resolve any discrepancies and problems arising during construction which affect the quality of works performed
• To provide data in respect of variation orders and site instructions
• To coordinate the handing over of completed work to client and completion of necessary rectification works
• To report to the Project Manager/ Project Director of Construction.
Job Requirements:
• Bachelor's degree in civil engineering
• Must know process of work as well as sequence of works for work arrangement.
• 3-5 years of working experiences in interior related fields.
• AutoCAD and MS office is a must.

If you are interested, please send your detailed CV to [email protected]. Please indicate your expected salary (in Myanmar Kyats) in your CV.

12/03/2024

သင့်အိမ်ကို ပြင်ဆင်မွမ်းမံမှု ပြုလုပ်တော့မယ်ဆိုရင် ဂရုတစိုက်နဲ့ စနစ်တကျ စီမံကိန်း ရေးဆွဲပြင်ဆင်ခြင်းက သင့်ရဲ့ လိုအပ်ချက်နဲ့ နှစ်သက်သဘောကျတဲ့ လိုအင်အတိုင်း ရရှိစေမှာဖြစ်ပြီး ကောင်းမွန်အောင်မြင်စွာ ပြီးစီးဖို့အတွက်လည်း အရေးကြီးဆုံး အခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ပြီးပြည့်စုံတဲ့ ပြင်ဆင်မွမ်းမံမှု ဖြစ်လာစေဖို့အတွက် စီမံကိန်း ချမှတ်ရာမှာ ပါဝင်သင့်တဲ့ အဓိက အဆင့်တွေနဲ့ တဆင့်ချင်းစီရဲ့ အထောက်အကူပြုမှုတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပြင်ဆင်မွမ်းမံမှု ပြုလုပ်မယ့်နေရာနဲ့ အဓိက ရည်ရွယ်ချက်ကို သတ်မှတ်ခြင်း။
အဓိကထား အာရုံစိုက်မွမ်းမံချင်တဲ့ နေရာများ နဲ့ ရည်ရွယ်ချက်ကို ကြိုတင်သတ်မှတ်ခြင်းဖြင့် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ နေရာအနေအထား၊ အသုံးဝင်မှု ကို ရရှိစေတဲ့ အပြင် အလှအပပိုင်းအရလည်း ပိုမို တင့်တယ်သော နေရာတခုအဖြစ် ဖန်တီးနိုင်ပါတယ်။

၂။ ကုန်ကျသုံးစွဲမယ့် ငွေကြေး ပမာဏ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံမှု လုပ်ငန်းမှာ လက်တွေ့ကုန်ကျမယ့် အသုံးစရိတ်များဖြစ်တဲ့ ပစ္စည်းဖိုးနဲ့ လက်ခ၊ အထွေထွေ လုပ်သားစရိတ်၊ ဌာနဆိုင်ရာ ခွင့်ပြုမိန့်အတွက် ပေးသွင်းရမယ့် ငွေကြေး များအပြင် မမျှော်လင့်ဘဲ ဆက်စပ်ကုန်ကျနိုင်တဲ့ အသုံးစရိတ် များကိုပါ ထည့်သွင်းစဉ်စားပြီး လျာထားဖို့ လိုပါတယ်။ ဒါမှသာ တကယ်ကုန်ကျနိုင်တဲ့ ပမာဏကို ပြင်ဆင်မွမ်းမံမှု မစခင် ကတည်းက ကောင်းစွာ သိရှိသတ်မှတ်ပြီး ဖြစ်ပါမယ်။

၃။ ပြင်ဆင်မွမ်းမံခြင်းမှာ ထည့်ဝင်အသုံးပြုချင်တဲ့ အရာများကို စူးစမ်းရှာဖွေ စုဆောင်းခြင်း။
ပြင်ဆင်မွမ်းမံခြင်းမှာ ထည့်သွင်းအသုံးပြုလိုတဲ့ အပြင်အဆင် အခြယ်အသများ၊ စိတ်ကူးစိတ်သန်းနဲ့ လိုက်လျောညီတဲ့ အလှဆင် ပစ္စည်းများ၊ အရောင် အစပ်အဟပ်များ စသဖြင့် နှစ်သက်သဘောကျတဲ့အရာတွေကို အတွင်းပိုင်း ပြင်ဆင်ခြင်းဆိုင်ရာ မဂ္ဂဇင်းတွေနဲ့ အင်တာနက်ပေါ်က ဓာတ်ပုံတွေအပြင် ပြင်ဆင်မွမ်းမံထားမှုတွေကို လူတိုင်း အလွယ်တကူ ကြည့်ရှူလေ့လာနိုင်အောင် စုဆောင်း ဖန်တီးထားတဲ့ အင်တာနက်ပေါ်က ပရိုဂမ်တွေမှာ ရှာဖွေစုဆောင်းပြီး ကိုယ့်ရဲ့ နှစ်သက်သဘောကျတဲ့ စိတ်ကူးပုံစံတွေကို အလွယ်တကူ မှီငြမ်းနိုင်အောင် ပြုစုထားဖို့ လိုပါတယ်။

၄။ ဦးစားပေးရမယ့်အရာ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံချင်တဲ့ နေရာ၊ ပုံစံတွေနဲ့ အသုံးပြုမယ့် ငွေကြေးပမာဏပေါ် အခြေခံပြီး ဘယ်အရာက မဖြစ်မနေ ပြင်ဆင်ရမယ့်အရာ၊ ဘာတွေက နောက်မှ ပြင်ဆင်ရင် ရနိုင်တဲ့အရာ ဆိုပြီး လိုအပ်ချက်နဲ့ ချင့်ချိန်ကာ ဦးစားပေးအဆင့် သတ်မှတ်ဖို့ လိုပါတယ်။ ဒါမှသာ စီမံကိန်း ချမှတ်ပြင်ဆင်တဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။

၅။ ကျွမ်းကျင် ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ငန်း ဆောင်ရွက်ခြင်း။
ကျွမ်းကျင် ပညာရှင်များဖြစ်တဲ့ ဗိသုကာ၊ အင်ဂျင်နီယာ၊ ဒီဇိုင်းနာ တွေကို လိုအပ်သလို ခန့်အပ်ပြီး ပြင်ဆင်မွမ်းမံတဲ့ ကိစ္စတွေအတွက် တိုင်ပင်ဆွေးနွေး အကြံပြုချက် ယူဖို့လိုသလို ကျွမ်းကျင်တဲ့ ကန်ထရိုက်တာကို ခန့်အပ်ပြီး လုပ်ငန်းဆောင်ရွက်တာ လုပ်ဖို့ လိုပါတယ်။ ဒါမှသာ သူတို့ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံတွေအရ ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲတွေကို ကြိုမြင်ပြီး လိုအပ်တဲ့ ပြင်ဆင်မှု၊ ညှိနှိုင်းပြောင်းလဲမှုတွေ လုပ်နိုင်မှာဖြစ်တဲ့အပြင် သူတို့ရဲ့ ဖန်တီးနိုင်စွမ်းအရ ကိုယ်နှစ်သက်တဲ့ အပြင်အဆင် အခြယ်အသပိုင်းတွေမှာပါ ပိုပြီး သင့်လျော်လိုက်ဖက်ကောင်းမွန်အောင် အကြံပြုပေးနိုင်မှာ ဖြစ်ပါတယ်။

၆။ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအတွက် အချိန်ကာလ သတ်မှတ်ခြင်း။
ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအဆင့်ဆင့်အတွက် လိုအပ်တဲ့ လုပ်ငန်းကြာမြင့်ချိန်၊ လုပ်ငန်းဆောင်ရွက်မယ့် ကန်ထရိုက်တာမှ စတင်လုပ်ဆောင်နိုင်မယ့် အချိန်အပိုင်းအခြား၊ လုပ်ငန်းဆောင်ရွက်ဖို့ သင့်လျော်တဲ့အချိန်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်မွမ်းမံဖို့ အချိန်ဇယားနဲ့ ကာလကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါမှသာ အစီအစဉ် စနစ်တကျ ဖြစ်ပြီး သွေဖည်မသွားအောင် စောင့်ကြည့်တည့်မတ်နိုင်ပါမယ်။

၇။ ပြင်ဆင်မွမ်းမံမှုအတွက် လိုက်နာရမယ့် အချက်များနဲ့ ခွင့်ပြုမိန့် လိုအပ်ချက်များကို စစ်ဆေးခြင်း။
ပြင်ဆင်မွမ်းမံခြင်းအတွက် သက်ဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများရဲ့ သတ်မှတ်ထားတဲ့ လိုက်နာရမယ့် အချက်များအပြင် ခွင့်ပြုမိန့် လိုအပ်ခြင်း ရှိ၊မရှိ ကိုပါ ရှာဖွေစုံစမ်းထားပြီး လိုက်နာဆောင်ရွက်ဖို့လိုပါမယ်။ ဒါမှသာ ဥပဒေကြောင်းအရ ညှိစွန်းလို့ လုပ်ငန်းတားမြစ်ခံရခြင်းမျိုး မရှိနိုင်သလို လုပ်ငန်းခွင်မှာလည်း အန္တရာယ်ကင်းပြီး အရည်အသွေးပိုင်းမှာပါ ကောင်းမွန်သေချာမှု ရှိလာမှာ ဖြစ်ပါတယ်။

၈။ အသုံးပြုမယ့် ပစ္စည်းများနဲ့ အလှဆင် ပစ္စည်းများကို ရွေးချယ်ခြင်း။
အသုံးပြုမယ့် ပစ္စည်းများနဲ့ အလှဆင် ပစ္စည်းများကို တာရှည်ကြံ့ခိုင်မှု၊ အသုံးခံမှု၊ ထိန်းသိမ်းပြုပြင်မှု အပြင် လုံလောက်သော အရေအတွက် ရရှိနိုင်မှု စတဲ့ အချက်များနဲ့ စိစစ် ရွေးချယ်ပြီး စနစ်တကျ စာရင်းပြုစုထားဖို့လိုပါတယ်။ ဒါမှသာ နောက်ဆုံးအချိန်ကပ်မှ ပြောင်းလဲရတာမျိုး ကင်းဝေးပြီး လျာထား ကုန်ကျစရိတ်ထက် ကျော်လွန်ကျသင့်တာအပြင် လုပ်ငန်းပြီးစီးမှုက သတ်မှတ်အချိန်ထက် ကျော်လွန်သွားတာမျိုးကို ရှောင်ရှားနိုင်စေမှာ ဖြစ်ပါတယ်။

၉။ လုပ်ငန်းအတွက်လိုအပ်တဲ့ အသေးစိတ် ပုံများ ပြင်ဆင် ပြုစုခြင်း။
ခန့်အပ်ထားတဲ့ ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြင်ဆင်မွမ်းမံခြင်းအတွက် လိုအပ်မယ့် အသေးစိတ် ပုံတွေကို ပြင်ဆင်ဆွဲသားထုတ်လုပ်စေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကန်ထရိုက်တာဘက်က လုပ်ဆောင်ရမယ့် လုပ်ငန်းအသေးစိတ်ကို တိကျသေချာစွာ သဘောပေါက်နေမှာ ဖြစ်ပြီး နားလည်မှု လွဲမှားလို့ အချိန်နဲ့ ငွေ ထပ်ကုန်မယ့် ပြန်လည်ပြင်ဆင်ရတာမျိုး ကင်းဝေးစေမှာ ဖြစ်ပါတယ်။

၁၀။ အစဉ်တစိုက် ပြောဆိုဆွေးနွေးခြင်းနဲ့ လိုက်လျောညီထွေ ရှိခြင်း။
ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း လုပ်နေစဉ် တလျှောက်လုံး ခန့်အပ်ထားတဲ့ ပညာရှင်တွေနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အခြေအနေနဲ့ အချိန်အခါအရ ဖြစ်လာတဲ့ အပြောင်းအလဲတွေအပြင် မျှော်မှန်းမထားဘဲ ပေါ်လာတဲ့ အခက်အခဲ၊ လျာထားတဲ့အတိုင်း ဆက်လုပ်လို့ မရနိုင်တဲ့ အလုပ် စတာတွေကိုလည်း လိုက်လျောညီထွေဖြစ်စွာနဲ့ ပြောင်းလဲလက်ခံ ပေးဖို့ လိုအပ်ပါတယ်။

အနစ်ချုပ်အနေနဲ့ သင့်အိမ်ကို ပြင်ဆင်မွမ်းမံမှု ပြုလုပ်ဖို့ရာမှာ စနစ်တကျနဲ့ စီမံကိန်း ပြင်ဆင်ရေးဆွဲခြင်းက အလွန်တရာမျှ အရေးကြီးပြီး အထက်မှာ ဖော်ပြထားတဲ့ အချက်တွေက အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် သင့်အိမ် မွမ်းမံပြင်ဆင်တော့မယ်ဆိုရင် အချိန်သေသေချာချာ ပေးပြီး အထက်ပါအချက်တွေကို သုံးသပ်လို့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခြင်းက ဆုံးဖြတ်ချက် ချရာမှာ လွယ်ကူစေပြီး သင် စိတ်ကူးမျှော်မှန်းထားတဲ့၊ သင့်ရဲ့ လိုအပ်ချက်နဲ့ နှစ်သက်သဘောကျတဲ့ လိုအင်ဆန္ဒအတိုင်း ကောင်းမွန်အောင်မြင်စွာနဲ့ ပြင်ဆင်မွမ်းမံနိုင်မှာပဲ ဖြစ်ပါတယ်။

Planning a home renovation involves several key steps to ensure a successful and well-executed project. Here's a step-by-step guide to help you get started:
1. Define Your Goals:
Clearly outline your objectives for the renovation. Identify the specific areas of your home that need attention and the goals you want to achieve, whether it's creating more space, improving functionality, or enhancing aesthetics.
2. Set a Budget:
Establish a realistic budget for your renovation. Consider all potential costs, including materials, labor, permits, and unexpected expenses. It's essential to have a clear understanding of your financial constraints from the beginning.
3. Research and Inspiration:
Gather inspiration for your project. Look for design ideas, color schemes, and materials that resonate with your vision. Use magazines, websites, and platforms like Pinterest to create a mood board that reflects your style.
4. Prioritize:
Prioritize the renovation tasks based on your goals and budget. Identify critical areas that need immediate attention and those that can be addressed later. This will help you make informed decisions during the planning process.
5. Consult Professionals:
Engage with professionals such as architects, contractors, and interior designers. Their expertise can be invaluable in providing insights, identifying potential challenges, and offering creative solutions. Obtain multiple quotes and references before making decisions.
6. Create a Timeline:
Develop a realistic timeline for your renovation project. Consider the scope of work, the availability of contractors, and any external factors that could impact the schedule. Having a timeline will help you stay organized and on track.
7. Check Building Codes and Permits:
Research local building codes and permit requirements. Ensure that your renovation plans comply with regulations in your area. Obtaining the necessary permits is crucial to avoid legal issues and ensure the safety and quality of the work.
8. Select Materials and Finishes:
Choose the materials, finishes, and fixtures for your renovation. Consider factors such as durability, maintenance, and style. Create a detailed list of all the items needed to avoid last-minute changes that could affect your budget and timeline.
9. Create a Detailed Plan:
Work with your professionals to create a detailed plan that includes floor plans, elevations, and any necessary construction drawings. This plan will serve as a guide for the project and help prevent misunderstandings during the construction phase.
10. Communication and Flexibility:
Maintain open communication with your professionals throughout the process. Be flexible and prepared for unexpected challenges. Regular updates and discussions will help ensure that the project stays on course.
Remember that careful planning is crucial to the success of your home renovation. Taking the time to thoroughly assess your goals, budget, and resources will help you make informed decisions and create a space that meets your needs and preferences.

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 8 Kyuntaw Road , SanChaung Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 13:00