KBP Real Estate
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBP Real Estate, Real Estate, Kamayut, Yangon.
08/11/2022
ကိုယ့်အမည်ပေါက်ဖြစ်မှ အိမ်ဆောက်/ခြံစည်းရိုးကာရတယ်....
မြေနှင့်အိမ်ဝယ်ယူပြီးလျှင် မိမိစိတ်တိုင်းကျ အိမ်ပြင်လိုကြသည်။ ခြံစည်းရိုးကာလိုသည်။ ငွေလိုလျှင် ဘဏ်တွင် ငွေချေးရန် လိုလာသည့်အခါ အခက်အခဲနှင့် ကြုံရသည်။ ကိုယ့်အိမ်ကိုယ်ပြင်တာပဲ၊ ကိုယ့်ခြံစည်းရိုး ကိုယ်ကာတာ ဘာဖြစ်လဲ ဆိုပြီး ပြင်ဆင်လိုက်သည်နှင့် အိမ်ရှေ့တွင် အုတ်ပုံ၊ သဲပုံ၊ သစ်ပုံတွေကို တွေ့ပြီး မြို့နယ်စည်ပင်က အကဲခတ်သည်။ အိမ်ပြင်သည့် တူရိုက်သံကြားသည်နှင့် အပြေးရောက်လာသည်။ အိမ်ဆောက်ခွင့်၊ ခြံစည်းရိုး၊ ကာခွင့်ရသည့် စာရွက်စာတမ်းအထောက်အထားများပြရန်တောင်းသည်။ ဝယ်ထား သောမြေမှာ မိမိအမည်မပြောင်းရသေးတော့ မပြနိုင်၊ မူလအမည်ပေါက်သူ၏ ဂရန်ကိုထုတ်ပြသည်။ မိမိ အမည်ပေါက်မဟုတ်၍ အိမ်ဆောက်ခွင့် ခြံစည်းရိုးကာခွင့် မရပေ။
မရွှေ့မပြောင်းနိုင်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဘဏ်ငွေချေးပြုလုပ်ဖို့ အိုးအိမ်၊စည်ပင်မှာ မြေပုံကူးနိုင်သည်။ မြေမှာ မိမိဝယ်ထားသည် မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက်မဟုတ်သဖြင့် အဆိုပါကိစ္စများ လုပ်ဆောင်ခြင်းမပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင်က မှတ်ပုံတင် General Power/Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များဆောင်ရွက်နိုင်သည်။
GP/SP ယူပြီး တစ်နှစ်အတွင်း မိမိအမည်ပြောင်းဖို့လိုပါသည်။ ယခု(၃)နှစ်အထိ စည်ပင်မြေယာဌာနက လက်ခံသဖြင့် ကိုယ့်ပစ္စည်းနှင့် ကိုယ်စိတ်ညစ်ရတတ်ကြောင်း အသိပေးဖော်ပြလိုက်ရပါသည်။
Credit
လွှတ်တော်ရှေ့နေမောင်ကောင်းဖေအိမ်ခြံမြေရောင်းဝယ်ငှား သိထားရမည့်အချက်များမှ
ပြန်လည်ကူးယူဖော်ပြပါသည်။
08/10/2022
#ကလောမြို့ မှ ကားနဲ့ဆို15 မိနစ်ခန့်
#ရေယားရွာ
#ပြည်ထောင်စုလမ်းမကြီးလမ်းဘေးမေးတင်အကွက်
>>>မျက်နှာစာ 45 ပေ
>>>အလျားပေ 300
>>>မြေပြန့်
>>>အနောက်မှာရေချောင်းလေးပါရှိ။
>>>ခြံစောင့်တဲတလုံးလည်းအသင့်။
***စာရွက်စာတမ်း ပုံစံ(၇) ရှိ***
လိုချင်တိုင်းမရနိုင်တဲ့နေရာကောင်းအကွက်လေး
#ခေါ်စျေးသိန်း650 (ညှိနှိုင်း)
အရှုပ်အရှင်းကင်း ပီး ခုကာလပေါက်စျေးနဲ့ဆို စျေးတန်ပီး မြေကျယ်တဲ့အကွက်လေးဖြစ်ပါတယ်။
မြေ ကို Investment လုပ်ချင်သူများအတွက်လဲထားကောင်းရောင်းစွံ လေးပါ။
စိတ်ဝင်စားတဲ့ မိတ်ဆွေများ
***cb or ph.. 09988457821***
သို့စုံစမ်းဆက်သွယ်နိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Kamayut
Yangon
11041