Chuu May May
ကလေးလေးတွေကို ချစ်ပေးကြပါ ဂရုစိုက်ပေးကြပါ စိတ်ရှည်ပေးကြပါ
20/07/2023
အဓိကကတော့ အမျိုးသမီးတွေကို ပြောချင်တာပါ..
ကျမတို့အမျိုးသမီးတွေအနေနဲ့ ကောင်းတဲ့ပြောင်းလဲခြင်းတွေကို လက်ခံကြိုဆိုသင့်ပါတယ် ဘယ်သူ့ကြောင့်ပြောင်းလဲတာပဲဖြစ်ဖြစ်ပါ...
ဥပမာ မွေးထားတဲ့သားက ချွေးမကြောင့်ဖြစ်စေ မြေးကြောင့်ဖြစ်စေ အရက်မသောက်တော့တာ ဆေးလိပ်မသောက်တော့တာဆိုရင် ဝမ်းသာပေးသင့်ပါတယ် အဲ့လိုမဟုတ်ဘဲ တခြားမကောင်းတဲ့ဘက်ကနေပြီး " ဟွန်း ငါ မသောက်နဲ့ ပြောတုန်းက သောက်တယ် ခုမှ မိန်းမပြောမှ မသောက်တော့တာ တော်တော် မွေးရကျိုးနပ်တဲ့သား " အဲ့လိုမတွေးကြပါနဲ့ ဘယ်သူ့ကြောင့်ပဲ ပြောင်းလဲပါစေ ကောင်းသောပြောင်းလဲခြင်းတွေကို ကောင်းတဲ့ဘက်ကနေတွေးပြီး လက်ခံပေးကြပါလို့ တိုက်တွန်းပါရစေ...
#ယောက္ခမ
#ချွေးမ
#ကောင်းသောပြောင်းလဲခြင်း
14/07/2023
ယနေ့ခေတ်လက်ရှိအခြေအနေအရ လင်မယားနှစ်ယောက်လုံးရှာမှသာ မိသားစုစားလောက်တဲ့အချိန်ဖြစ်နေတော့ သားသမီးကိုပစ် အဘိုးအဘွား သို့ အိမ်အကူတွေနဲ့ ထားခဲ့ပြီး အလုပ်ထွက်လုပ်ကြတာ တွေ့နေရပါတယ်
ကျွန်မပတ်ဝန်းကျင်မှာတွေ့နေရတဲ့မိသားစု ၃ စု အကြောင်း ပြောပြချင်ပါတယ်....
ပထမမိသားစုကတော့ အလယ်အလတ်တန်းစားပါပဲ အဖေက အရက်တခါတလေသောက်ပါတယ် ပြောရမယ်ဆို ကိုကောင်းပေါ့နော် အမေကတော့ အလှအပရယ် ကားလေးတစ်စီးရယ် အလုပ်ရယ်မှာ အသားကျနေတဲ့ မေမေတစ်ယောက်ပေါ့ သူတို့မှာ နှစ်နှစ်ကျော် သမီးလေးတစ်ယောက်ရှိပါတယ် ကလေးလေးက အရွယ်နဲ့မလိုက်အောင် ညှက်လွန်းပြီး အစားအစာလည်း ဂရုစိုက်ကျွေးပုံမရပါဘူး လင်မယားနှစ်ယောက်လုံးအလုပ်လုပ်တဲ့အတွက် နှစ်နှစ်ကျော်ကလေးကို တနေကုန် မူကြိုပို့ထားပါတယ် အဲ... ညနေဆိုလင်မယားနှစ်ယောက်လုံးပြန်လာသလို ကလေးလေးကိုလည်း မူကြိုကနေကြိုလာခဲ့ပေမယ့် ကလေးအပေါ် အချိန်မပေးကြပါဘူး မိန်းမဖြစ်သူက ဖုန်းသုံးနေသလို ယောက်ျားလုပ်တဲ့သူက ကောင်းနေတတ်ပါတယ် တခါတလေ အသံသဲ့သဲ့ကြားရတာကတော့ "နင့်ကိုငါစိတ်မရှည်တော့ဘူး သတ်ပစ်လိုက်ရမလားတဲ့"... အသံကြားပြီး နောက်နေ့ကျွန်မနဲ့ လမ်းမှာ မတော်တဆဆုံမိတဲ့အခါ အဲ့အစ်မက ချိုသာစွာ ပြုံးပြပြီး နှုတ်ဆက်ပါတယ် " ကျွန်မလေ သူနှုတ်ဆက်တဲ့အချိန် သူ သူများတွေကို လောကွတ်တွေပြုနေတဲ့အချိန်မှာ တွေးမိတာက ဘာလို့ ကိုယ့်ကလေးအပေါ်ကျ အဲ့လို ပြုံးပြုံးလေး စိတ်မထားနိုင်ရတာလဲ? ???
ဒုတိယမိသားစုကလည်း လင်မယားနှစ်ယောက်လုံးအလုပ်လုပ်ပါတယ် Company ဝန်ထမ်းတွေပေါ့ နှစ်ယောက်လုံးအစောကြီးအလုပ်သွားကြပြီး ၃နှစ်အရွယ်သမီးလေးကို အဘိုးနဲ့ထားခဲ့ပါတယ် ယောက်ျားရော မိန်းမရောက အရမ်းဂေါ်ကြပါတယ် မိန်းမက ဖုန်းအမြဲပြောနေတတ်သလို ယောက်ျားကလည်း သူ့တက်တူးနဲ့ဆံပင်နဲ့ကို အမြဲသနေတတ်ပါတယ် တနေ့ Store ဆိုင်တစ်ခုမှာ ၁၀၀တန်ပူဖောင်းလေးဝယ်ပေးဖို့ ပူဆာနေတာ တွေ့မိပါတယ် အမေဖြစ်သူက ဖအေလာမှ ဝယ်ပေးမယ်လို့ပြောပါတယ် ဒါပေမယ့် ဖအေလာပေမယ့်လည်း ဖအေက ဝယ်မပေးတဲ့အတွက် ကလေးခဗျာ တက်မတတ် ငိုနေခဲ့ပါတယ် အဲ့အချိန် ကျွန်မတွေးဖြစ်တာက ဆံပင်တွေဆေးဆိုးတာနဲ့ တက်တူးနဲ့ဆို သိန်းချီနေမှာသေချာပါတယ် ဘာလို့ ကလေးလေး ၁၀၀ကျ နှမြောနေလဲ... စည်းကမ်းလို့မပြောပါနဲ့ တခါတလေကျ ဘာမဟုတ်တာလေးဝယ်ပေးလို့ ရသွားတဲ့ ကိုယ့်သားသမီးလေးရဲ့ ပျော်ရွှင်မှုကလေ ဘာနဲ့မှ မလဲနိုင်တာ သတိထားမိရင် မြင်မှာပါ
တတိယမိသားစုကတော့ ငွေလျှံပါတယ် ယောက်ျားလုပ်သူက စီးပွားရှာတော်သလို မိန်းမဖြစ်သူကလည်း တော်ပါတယ် ဝန်ထမ်းတွေပေါ့ ကလေးနှစ်ယောက်ရှိပါတယ် အဲ့ကလေးလေးတွေကတော့ မိဘအနားမကပ်ရပါဘူး အားရင်လည်း Golf ရိုက်တယ် လင်မယားနှစ်ယောက် date တယ် Spa သွားတယ် စုံလို့ပါပဲ အဲ့ကလေးလေးတွေခဗျာ အဘိုး အဘွားနဲ့ပဲ နေရပါတယ် လင်မယားနှစ်ယောက်က လုံးဝ အဆင့်အတန်းမြင့်မြင့်နေပါတယ် ဘာသာစကား မိတ်ဆွေကအစပါပဲ ဒါပေမယ့် သူတို့ကလေးနှစ်ယောက်ကတော့ သူတို့နဲ့တခြားစီပါပဲ အမြဲ နေမကောင်းဖြစ် ၁၂လလုံးနှာစေးလိုက် ချောင်းဆိုးလိုက် လုံးလည်ချာလည်လိုက်နေပါတယ် အမြဲတမ်း ညစ်တီးညစ်ပတ်ပုံစံလေးပေါက်ပြီး ၅ နှစ်လောက်ထိ Diaper ဝတ်ပေးထားတုန်းပါပဲ တနေ့သူ့အဘွားနဲ့တွေ့တော့ သူမြေးက ဘာအသားမှ မစားတဲ့အကြောင်း မျှစ်တစ်မျိုးသာစားကြောင်း ပြောတော့ ကျမ ဘာပြန်ပြောရမှန်းမသိဖြစ်နေပေမယ့် သူ့အဘွားကတော့ အရေးမကြီးတဲ့ပုံနဲ့ပဲ ပြောသွားပါတယ် ကြားရတဲ့ကျမကတော့ ကလေးအတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ အစုံတွေးမိပြီးကလေး ၂ ယောက်နေမကောင်းဖြစ်တာ ဘာ့ကြောင့်ဆိုတာ သွယ်ဝိုက်စွာတွေးမိနေပါတော့တယ် ထပ်မကြာခင် သူ့အမေနဲ့တွေမိတော့လည်း သူ့အမေရဲ့ Fashion မိတ်ကပ်တွေက အရမ်းမိမိုက်နေပြီး သူ့အလုပ်မှာ ဘယ်လောက်ပင်ပန်းကြောင်း သူဘယ်လောက်တော်ကြောင်းတွေကို သူ့အမျိုးသားက ပြောပြနေခဲ့တဲ့အချိန် မှာ ကျမကတော့ နှာရည်လေးတွေနဲ့ သူ့ကလေးလေးတွေရဲ့မျက်နှာလေးတွေရယ် အမေနဲ့အတူတူ ဆော့နေတဲ့ ကလေးကို ငေးကြည့်နေတဲ့ သူတို့ရဲ့ ညှိုးငယ်နေတဲ့မျက်နှာလေးတွေကိုပဲ မြင်ယောင်မိနေပါတော့တယ်...
ဘယ်အရာပဲဖြစ်ဖြစ် အစွန်းမရောက်ဖို့ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့ပါတယ် အလုပ်ထွက်လုပ်ခဲ့ရင်တောင် အားတဲ့အချိန် ကလေးကို အချိန်ပေးပါ သူတို့လေးတွေ လိုအပ်တာ ကြိုက်တာမှန်သမျှ ဝယ်ပေးဖို့ပဲလေ လို့ မပြောပါနဲ့ သူတို့လိုချင်တာ မေမေ ဆိုရင်ရော ဘယ်လိုလုပ်မလဲ... Ok me time လိုချင်တယ်ဆို ကလေးမမွေးပါနဲ့ အိမ်အကူနဲ့ ထားခဲ့မယ်ဆို မမွေးပါနဲ့ ၂၄ နာရီ ထိန်းနေတဲ့မေမေတွေကို မေးကြည့်ပါ အဲ့အရွယ်လေးတွေကို စိတ်တိုတဲ့အချ်န် ရိုက်ချင်တဲ့အချိန် မရှိဘူးလားလို့ ရှိပါတယ်နော် မိဘတောင် တခါတလေ စိတ်တိုမိသေးတာ မူကြိုက ဆရာမက ဘာသားနဲ့ထုထားလို့လဲ အိမ်အကူအမျိုးသမီးကရော ဘာမို့လို့လဲ အသက်ကြီးပြီး သူ့ခန္ဓာကိုယ်ရဲ့ ယန္တရားကို မှန်အောင်လည်ပတ်နိုင်ဖို့ မနည်းထိန်းနေတဲ့အဘိုးအဘွားတွေကရော BLW တွေ ECCD တွေ Montessories နည်းတွေထားလိုက်အုန်း sleep routine တွေ ဘယ်လိုလုပ်ပေးနိုင်မလဲ အစားအစာကို မျှတအောင်ဘယ်လိုကျွေးမလဲ အီးအီးပါဖို့ ဘယ်လို train မလဲ? ?
ကဲ အဲ့တော့ မိဘတွေအနေနဲ့ မထိန်းနိုင်ရင်မယူကြပါနဲ့ ယောက်ျားနားကပ်ချင်ရင်လည်း ကလေးမယူကြသေးပါနဲ့အုန်း အလုပ်မှ အလုပ်ဆိုလည်း ကလေးမယူပါနဲ့ လွတ်လပ်ချင်ရင်လည်း မယူပါနဲ့ ကိုယ်ကိုယ့်ကိုကျ တာဝန်တွေဇွတ်ကျေပြီး me time ပေးရတာနဲ့ skincare ရတာနဲ့ bar သွားရတာနဲ့ ကလေးကျ ဖြစ်သလိုထားပြီး မအားဘူးဆိုတဲ့ခေါင်းစဥ်အောက်မှာ ကလေးလေးတွေရဲ့ စိတ်ဓာတ်တွေကို မရိုက်ချိုးကြပါနဲ့လို့ပဲ အကြံပေးပါရစေ....🙏🙏🙏
13/07/2023
မိဘတွေဖတ်ဖို့စာ
အဓိကကတော့ သမီးမိန်းကလေးမွေးထားတဲ့ မေမေ ဖေဖေတွေ ဖတ်ကြည့်သင့်ပါတယ် မြန်မာပြည်မှာ မိန်းကလေးမွေးရင် ဗိုင်းကောင်းကျောက်ဖိနေရမယ် သွန်သင်ရမယ် ရည်းစားမထားနိုင်အောင် တင်းကျပ်မယ် အိမ်ပြင်ပေးမထွက်ဘူး မျိုးစုံ ထိန်းချုပ်ထားကြပါတယ်
အဲ့အယူအဆက လုံးဝမှားပါတယ် မေမေဖေဖေတို့ရေ
သဘာဝကို ဆန့်ကျင်လို့မရပါဘူးနော် ဘယ်လိုပျိုးထောင်သင့်သလဲဆိုတော့ အဓိကက မေမေက သူငယ်ချင်းလို အမေလို ငယ်ငယ်ကတည်းက စောင့်ရှောက်သင့်ပါတယ် ဒါမှ သူ့ကိစ္စအဝဝ ကောင်းသည် ဆိုးသည် အကုန်သိရမှာပါ မဟုတ်ရင်တော့ အမေကို အရမ်းကြောက်ရတယ် မပြောရဲတဲ့အခြေအနေဆိုရင်တော့ သူစိမ်းတွေကို ပိုအားကိုးပါလိမ့်မယ် ဥပမာ သူငယ်ချင်း ချစ်သူပေါ့ သူတို့က အကောင်းကို ညွှန်ပြပေးရင်တော့ မဆိုးဘူးပေါ့ လမ်းမှားသာအရောက်ပို့လိုက်ရင် မေမေတို့ရင်ကွဲနာ ကျပါလိမ့်မယ် အဲ့တော့ ခံစားချက်ကို ထိန်းချုပ်ပြီး သူငယ်ချင်းပေါင်း ပေါင်းပါ....
နောက်တစ်ချက်ကတော့ ဟိုမသွားရဘူး ဒီမသွားရဘူးမလုပ်ပါနဲ့ စည်းကမ်းတကျ သွားခိုင်းပါ ယုံကြည်မှုပေးပါ ဥပမာ semester တခုနဲ့တခုကြား အိမ်မှာနေရတဲ့အချိန်ဆို ဇွတ် တချက်လွှတ်အမိန့်နဲ့ အိမ်တွင်းမပုန်းခိုင်းပါနဲ့ ကြောက်လို့ မဖြစ်တဲ့အခြေအနေမို့သာ ငြိမ်နေချင်နေမယ် ကျောင်းစဖွင့်တာနဲ့ သွားပြီ ဒိုးပြီ တခြားကလေးထက် နှစ်ဆပျက်စီးတတ်ပါတယ် လူငယ်သဘာဝရဲ့ လွတ်လပ်မှုကို သွားပြီး ထိန်းချုပ်ရင် ယောက်ျားနောက်လိုက်ပြေးတတ်ပါတယ် မဆိုင်ဘူးလို့ မတွေးပါနဲ့ မေမေတို့ရေ ဆိုင်ပါတယ်နော် မအေမိဘဆိုတာသိပ်ချစ်တတ်တာလေ ကိုယ့်သမီးလေး လေဝှေ့ရင်တောင် ကြိုက်တာမဟုတ်ဘူး သူ့ချစ်သူကတော့လား သူမွေးထားရတာမှမဟုတ်တာ အကုန်ခေါ်သွားမှာပဲ အဲ့တော့နေရတာ ပျော်ပြီပေါ့ ချစ်သူနဲ့နေရတဲ့အချိန် သွားချင်ရာသွား စားချင်ရာစား ဘဝကြီးက လွတ်လပ်ပြီး ပျော်ဖို့အရမ်းကောင်းသလောက် အိမ်ရောက်တာနဲ့ အခန်းထဲမှာ မွန်းကြပ် ဒီကြားထဲ ဖအေက ကြပ်ကြပ်သတိထားနော်ဆိုတဲ့အကြည့် မအေက ရည်းစားများထားနေသလားဆိုတဲ့ သံသယအကြည့်တွေအောက်မှာ နေရတာ မပျော်တော့ဘူး အဲ့တော့ ရိုင်းရိုင်းပြောရရင် " လင်နောက်လိုက်ပြေးပြီပေါ့"
သေချာစဥ်းစားကြည့်ပါ အဲ့လိုအခြေအနေတွေဖြစ်စေချင်လား မဖြစ်စေချင်ရင် ပညာရှိနည်းနဲ့ ပျိုးထောင်ပါ စိတ်ကိုထိန်းပါ လျော့ပါ အတ္တလျော့ပါ ငါမွေးထားတာပဲဆိုပြီး လုပ်ချင်တိုင်းလုပ်လို့မရပါဘူး သူတို့လေးတွေက သက်ရှိပါ ခံစားချက်ရှိပါတယ် အဲ့ဒါကြောင့် သေချာနူးညံ့စွာကိုင်တွယ်ဖြေရှင်းကြဖို့ပဲ အကြံပေးချင်ပါတယ်
❤ မိဘရဲ့အချစ်တွေကို သားသမီးတွေကနားလည်ပြီး မိဘတွေကလည်း အတ္တကင်းကင်းနဲ့ ချစ်နိုင်ကြပါစေ❤
Click here to claim your Sponsored Listing.
Category
Website
Address
Yangon