Mala Queen

Mala Queen

Share

Special Homemade Mala Xiang Guo Paste

12/01/2022

🙏 "မာလာကွင်း" မာလာရှမ်းကောအနှစ်ကိုသုံးစွဲသူများအားလုံးမင်္ဂလာပါရှင့်

🎁 ဒီနေ့တော့ မာလာရှမ်းကောကြိုက်တဲ့ မိတ်ဆွေတွေကို မင်မင်တို့ရဲ့ မာလာရှမ်းကောအနှစ်ကိုသုံးပြီး မာလာရှမ်းကော ချက်ပြုတ်ပြင်ဆင်နည်းအသေးစိတ်လေးကို ဝေမျှပေးပါရစေ

🍤 မင်မင်ကတော့ မာလာရှမ်းကောချက်ဖြစ်ရင် ပုဇွန်ကိုအများဆုံးသုံးဖြစ်ပါတယ်

✅ အဓိက ပါဝင်ပစ္စည်းတွေ အနေနဲ့
===================
👍 ပုဇွန်ထုပ် ဂဏန်း ကြက်သား ( မိမိကြိုက်နှစ်သက်ရာ အသား ငါး)
👍 မာလာခေါက်ဆွဲဖြူ
👍 ကြာစွယ်
👍 အပ်မှို
👍 ကြွက်နားရွက်မှို
👍 ကျောက်ပွင့်
👍 ခေါက်ဆွဲခြောက်
👍 ပြောင်းဖူး
👍 ထိုင်ဝမ်မုန်ညှင်း
👍 ကန်စွန်းရွက်
☺ တခြား ကြိုက်နှစ်သက်တဲ့ အသားငါး (အသားလုံး) အသီးအရွက်တွေကိုလဲ ထည့်နိုင်ပါတယ်နော်

💯 ပြင်ဆင်ချက်ပြုတ်ပုံ အဆင်ဆင့်ကတော့
=======================
👍 ပထမဆုံး ပုဇွန်ကို အခွံမချွတ်ပဲ ဆီထဲမှာ မီးအေးအေးနဲ့ ပုဇွန်ခေါင်းထဲက အဆီအနှစ်တွေကျက်သည် အထိကြော်ပါတယ်

👍 အသီးအရွက်တွေကို ရေနွေးနဲ့ အနေတော် ပြုတ်ထားပေးပါ၊
👍 ရှမ်းကော ကြော်မယ့်အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး မာလာရှမ်းကော အနှစ် ထမင်းစားဇွန်း ၂ ဇွန်း (ကြိုက်နှစ်သက်လျှင်ပိုထည့်နိုင်ပါတယ်ရှင်) ကို မီးအေးအေးနှင့် ၁ မိနစ်ခန့် ဆီသတ်ပြီး ပြုတ်ထားတဲ့ အသီးအရွက်တွေကိုထည့်ပြီး မာလာရှမ်းကော အနှစ်တွေပျော်ဝင်သည်အထိ မွှေပေးပါ၊
👍 အရသာအပေါ့အလေးမြည်းပြီးရင် ပုဇွန်ကိုနောက်ဆုံးမှထည့်ပါတယ်၊
😋 ပြီးသွားရင်တော့ ပန်းကန်ထဲတွင်ထည့်ပြီး ငရုတ်ကြော်တောင့် မြေပဲကြော် နှမ်းလှော် တို့ကိုထည့်ပြီး အရသာရှိသော မာလာရှမ်းကောတစ်ပွဲ ကို သုံးဆောင်နိုင်ပါပြီရှင်

😍 "မာလာကွင်း" မာလာရှမ်းကောအနှစ် ဆိုတာ
===========================
💯 အခုလို သန့်ရှင်းလတ်ဆက်ပြီးတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ မင်မင်တို့ရဲ့ "မာလာကွင်း" မာလာရှမ်းကော အနှစ်ကို

👍 ကောင်းမွန်တဲ့ နေကြာဆီသန့် စစ်စစ်ကိုသာ ရွေးချယ်ပြီး အသုံးပြုထားပါတယ်။အမဲဆီ၊ ဝက်ဆီနှင့် အခြားသော တိရစ္ဆာန်ဆီတို့ကို အသုံးပြုထားခြင်းမရှိပါ။
👍 ငရုတ်သီးသန့်သန့် ကိုသာ ရွေးချယ်ပြီး အိမ်မှာပဲ အမှုန့်ကြိတ်စက်နဲ့ သေသေချာချာ ကြိတ်ပါတယ်။ မှိုတက်ငရုတ်သီးများကို လုံးဝ(လုံးဝ) သုံးစွဲခြင်းမရှိကြောင်း အာမခံပါတယ်။
👍 မာလာရှမ်းကော ကြိုက်သူများရဲ့ ကျန်းမာရေးအတွက် အချိုမှုန့်၊ ကြက်သားမှုန့် စတာတွေကို အသုံးပြုထားခြင်းမရှိပါဘူး။
👍 မာလာရှမ်းကောထဲမှာ ထည့်ထားတဲ့ မဆလာကိုလဲ ဈေးကွက်ထဲမှာ အလွယ်တကူရတဲ့ တစ်ခါသုံး အထုပ်များ အသုံးပြုထားခြင်းမရှိဘဲ အမွှေးအကြိုင်များနဲ့ ပါဝင်ပစ္စည်းများကို ကိုယ်တိုင် ရွေးချယ်ပြီးမှ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် အနံ့အရသာ တစ်မူထူးခြားနေတာကို ခံစားရမှာဖြစ်ပါတယ်။
👍 မာလာရှမ်းကောအနှစ်ရဲ့အရသာ၊ အချိုးအစားနဲ့ အရည်အသွေး ကောင်းမွန်စေရန်အတွက် တစ်ကြိမ်မှာ 200g ပါ ၅ ပွဲစာသာ ပြုလုပ်ပြင်ဆင်ပါတယ်၊ အနှစ်အများကြီးကို တစ်ပြိုင်နက်ထဲ ချက်ပြုတ်ပြင်ဆင်ပါက အချိန်ကုန်သက်သာပေမယ့် အရသာ နဲ့ အရည်အသွေးမှာ ထိခိုက်စေတဲ့အတွက် တစ်ခါချက်ရင် မာလာရှမ်းကောအနှစ် ၁၀ ပွဲစာသာ ချက်ပါတယ်။
👍 မာလာရှမ်းကောအနှစ်ချက်ပြုတ်မှု အဆင့်တိုင်းမှာ သန့်ရှင်းလက်ဆက်မှုကို သေသေချာချာ ဂရုတစိုက် ဆောင်ရွက်ပါတယ်။
👍 ကျန်းမာရေးကို ဘေးဥပဒ် ဖြစ်စေတဲ့ အရောင်ဆိုးဆေးမှုန့်နှင့် အစားအသောက်များ တာရှည်အထားခံအောင် သုံးတဲ့ ဓါတုဗေဒ ဆေးများ လုံးဝ သုံးစွဲထားခြင်းမရှိလို့ ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ပါတယ်ရှင့်။

🙏🙏 🙏 ဝယ်ယူအားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင့်
🙏 🙏 🙏 မာလာကွင်း ရှမ်းကောအနှစ်ကို ဝယ်ယူအားပေးသူများအားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး အမြဲတမ်း စိတ်ချမ်းသာ ပျော်ရွှင်ပါစေရှင့်

မာလာကွင်း မာလာရှမ်းကောအနှစ် မိသားစု

မာလာရှမ်းကောအနှစ် မှာယူရန် - ၀၉ ၄၀ ၄၀ ၈၉ ၈၉ ၁

01/01/2022

🙏🙏🙏 နှစ်သစ် မင်္ဂလာဆုတောင်း 🙏🙏🙏
===========================

🙏 ၂၀၂၂ ခုနှစ်မှာ မြန်မာ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေပြည့်ဝ ပါစေလို့ Mala Queen မာလာရှမ်းကောအနှစ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်..

☺ မင်မင်က ၂၀၂၁ အစောပိုင်းမှာ စတင်ပြီး မိတ်ဆက်ဖို့လုပ်ထားပေမယ့် အကြောင်းကြောင်းတွေကြောင့် မင်မင်တို့ရဲ့ မာလာရှမ်းကော အနှစ်လေးကို ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံးနေ့မှာ စတင်မိတ်ဆက်ပေးပါရစေရှင်..

👍 မာလာရှမ်းကော အနှစ်ကို မင်မင်ကိုယ်တိုင် စိတ်တိုင်းကျတဲ့အထိ အနံ့ အရသာ ကောင်းမွန်အောင် လုပ်ဆောင်ပါတယ်ရှင်
မဆာလာကို Ready Made အထုပ်တွေ အသုံးမပြုပဲ ကိုယ်တိုင် အချိုးကျ လှော်ပြီးအသုံးပြုထားပါတယ်...

👍 ဆီကိုလဲ နေကြာဆီ စစ်စစ်ကိုသာ အသုံးပြုပါတယ်...

👍 ငရုတ်သီးကိုတော့ သေချာရွေးချယ်ပြီး မှိုလုံးဝ ပါဝင်မှုမရှိအောင် အထူးဂရုပြုရွေးချယ်အသုံးပြုပါတယ်...

👍 ပါဝင်ပစ္စည်းတခုချင်းဆီတိုင်းကို သေချာစိစစ်ပြီး
မင်မင်ရဲ့ တန်ဘိုးထားချစ်ရတဲ့ စားသုံးသူတွေအတွက် လုံးဝ အန္တရာယ် မဖြစ်စေအောင် ရွေးချယ်ပြီး အသုံးပြု ထားလို့ စိတ်ချစွာ မှာယူ သုံးစွဲနိုင်ပါတယ်...

👍 မကြာခင်မှာပဲ မင်မင်ရဲ့ မာလာရှမ်းကော အနှစ် မှာယူရရှိနိုင်တဲ့ ဗူးအရွယ်အစား ဈေးနှုန်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ရှင့်

🧡🧡🧡ချစ်ရတဲ့ မာလာရှမ်းကောအနှစ် မှာယူသုံးစွဲသူများနှင့်တကွမြန်မာပြည်သူ ပြည်သားအပေါင်း
ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပြီး လိုချင်တဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ဝကြပါစေကြောင်း
Mala Queen မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

🙏 ကျေးဇူးအထူးတင်ရှိပါတယ်
Mala Queen မိသားစု

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon