Ti Kay 2.0

Ti Kay 2.0

Share

There is nothing impossible to him who will try......💪🏻

13/04/2021

မျှော်လင့်ခြင်း စမ်းသပ်ချက်

၁၉၅၀ ခုနှစ်တွေမှာ ဟားဗတ်တက္ကသိုလ်က
ပြုလုပ်တဲ့ ပြင်းထန်တဲ့ စမ်းသပ်မှုတစ်ခုမှာ
ဒေါက်တာ ကတ်ထ် ရစ်ခ်ျတာ ကြွက်တွေကို
ရေကန်တစ်ခုထဲ ထည့်ပြီး ရေပေါ် ဘယ်လောက်ကြာအောင် ကိုယ်ဖော့ထားနိုင်မလဲ စမ်းပါတယ် ။

ပုံမှန် ပျမ်းမျှအရဆိုရင် ကြွက်တွေဟာ ဆယ့်ငါးမိနစ်ကျော်တာနဲ့ လက်လျော့ပြီး ရေထဲ မြုပ်သွားကြတယ် ။

ဒါပေမယ့် သူတို့ မောပန်းမှုကြောင့် လက်လျော့တာ
မလုပ်ခင်မှာ သုတေသနပြုသူတွေက သူတို့ကို ဆွဲထုတ်ပြီး ရေစင်အောင် ‌အခြောက်ခံပေးတယ် ၊ မိနစ်အနည်းငယ် နားစေပြီး နောက်တစ်ခေါက်အတွက် ရေကန်ထဲ ပြန်ထည့်တယ် ။

ဒုတိယအသုတ် စမ်းသပ်မှုမှာ ကြွက်လေးတွေ
ဘယ်လောက်ထိ ကြာကြာခံနိုင်မယ် သင်ထင်လဲ

မှတ်မိတယ်ဟုတ် . . . လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကတင် သူတို့ မကျရှုံးခင်လေးအထိ ကူးခတ်ခဲ့တယ်

အခု ဘယ်လောက်ကြာနိုင်မယ် ထင်လဲ

နောက် ဆယ့်ငါးမိနစ်လား

ဆယ်မိနစ်လား

ငါးမိနစ်လား

မဟုတ်ဖူးးးးး !!!

နာရီ ခြောက်ဆယ် ။

ဒါက အမှားတစ်ခု မဟုတ်ဘူး ။

အမှန်ကြီးပဲ ၊ နာရီခြောက်ဆယ်ကို ရေကူးခဲ့တာ ။

နိဂုံးချုပ်ဆိုရရင် ကြွက်လေးတွေက နောက်ဆုံးမှာ
သူတို့ဟာ ကယ်ဆယ်ခြင်း ခံရမယ်လို့ ယုံကြည်ခဲ့တာကြောင့် သူတို့မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာထက်
ပိုသာလွန်စွာ သူတို့ ခန္ဓာကိုယ်တွေကို ရုန်းနိုင်ခဲ့တယ် ။

သင့်ကို ဒီအတွေးလေးနဲ့ ချန်ခဲ့လိုက်မယ် ။

အကယ်၍ မျှော်လင့်ချက်တစ်ခုက မောပန်းနေတဲ့
ကြွက်တွေကိုတောင် ဒီလောက် ကြာအောင်
ရေကူးနိုင်စေတယ်ဆိုရင်

သင့်ကိုသင်နဲ့ သင့်အရည်အချင်းတွေအပေါ်
ယုံကြည်တဲ့ ယုံကြည်ချက်က ဘယ်လောက်ထိ
သင့်အတွက် တာသွားစေနိုင်မလဲ ။

ဆက်ပြောရရင်

"ဒီတော်လှန်ရေးကို နောက်ဆုံးမှာ အောင်နိုင်လိမ့်မယ်"

"သူခိုးတွေ မရှိတဲ့နောက် ‌တိုင်းပြည်က အဆပေါင်းများစွာ ဖွံဖြိုးတိုးတတ်လာမယ်"

"သိက္ခာရှိရှိ နိုင်ငံတကာမှာ ရပ်တည်နိုင်လာလိမ့်မယ်"
ဆိုတဲ့ မျှော်လင့်ချက်နဲ့ဆိုရင်

ကျနော်တို့ ကြံ့ကြံ့မခံနိုင်တဲ့အရာ ရှိပါအုန်းမလား ။



Plz Like and Share 🙏

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon