Bosch Battery Myanmar Distributor
Bosch Battery Myanmar Distributor �
“အာမခံအခြေခံစည်းကမ်း/ မျဥ်းများ”
( နာမည်ကျော်/ စံမှီ/ အရည်အသွေးမှီBrandsများသည် နည်းပညာနှင့် ပစ္စည်းများအဆင့်/ စံမှီသုံးစွဲ ထား၍ အာမခံနှင့်ပတ်သတ်၍ စည်းမျဥ်း စည်းကမ်းများတိကျသေချာစွာချထားလေ့ရှိပါသည်။ )
၁။ အားအဝင်များ၍ရေခမ်းခြင်း၊ အညှော်နံ့ထွက်ခြင်း၊ ပလိပ်ပြားအရောင် ခဲရောင်မှ အညိုရောင်သန်းလာခြင်း၊ အညိုရောင်ဖြစ်လာခြင်း၊ အားအဝင်များ၍ ရေနောက်လာခြင်းတို့သည် ဘတ္ထရီ၏ အရည်အသွေးနှင့် သက်ဆိုင်ခြင်းမရှိ၍ အာမခံအကျူံးမဝင်ပါ။
၂။ အားအဝင်နည်းခြင်း နှင့်ဘက္ထရီ အားနည်းခြင်းများကို စနစ်တကျ အားပြန်သွင်းပေးခြင်း ဝန်ဆောင်မှု့ကိုသာ ပေးပါသည်။ အားအဝင် နည်းခြင်းသည် ဘတ္ထရီ၏အရည်အသွေးနှင့် သက်ဆိုင်ခြင်းမရှိ၍ အာမခံအကျူံးမဝင်ပါ။
၃။ ကုမ္ပဏီမှ သေချာကောင်းမွန်စွာ အားသွင်းစစ်ဆေးရန် ရက်အနည်းငယ် မဖြစ်မနေလိုအပ်ပါသည်။ စစ်ဆေးပြီး၍ ဘတ္ထရီ ကောင်းမွန်ကြောင်း တွေ့ရှိပါက အာမခံလှဲလှယ်ပေးမှု ပြုလုပ်ပေးမည်မဟုတ်ပါ။ မိမိယာဥ် (သို့) အသုံးအစွဲလိုအပ်ချက်အရလွဲချော်မှု့သည် အာမခံနှင့်မည်သို့မျှ သက်ဆိုင်ခြင်းမရှိသောကြောင့်ဖြစ်ပါသည်။
၄။ ဂျွိုင်းပျက်ခြင်း၊ အခန်းပျက်ခြင်း၊ အာမခံကာလအတွင်း အထက်ပါအချက်အလက်(၁၊ ၂၊ ၃) များ လက္ခဏာမရှိဘဲ အားသွင်း ပြီးနောက်တွင် ဗို့အားပြည့်ပြီးCCAသည် မော်တော်ယာဥ်နှိုးနိုင်လောက်အောင်မတက်လာတော့ခြင်း၊ ဝန်အဆွဲမခံနိုင်တော့ခြင်း(Load test) များသည် အာမခံအကျုံးဝင်ပါသည်။
၅။ မော်တော်ယာဥ်တွင် အားမခံ/ နေလျှင် ဘတ္ထရီဖြုတ်ထား၍အားသွင်းပြီး ၄၈နာရီ/ ၇၂နာရီ ပြင်ပ၌ထား၍ စမ်းသပ်ပြီး အား အမှန်တကယ်မခံ၍ ဗို့အား၊ CCA ကျဆင်းသွားပြီး load test မခံလျှင် လဲလှယ်ပေးပါမည်။
၆။ သက်သေပြရန် မလွယ်ကူသော အချက်အလက်များကို အာမခံ၌ထည့်သွင်းဆုံးဖြတ်၍မသင့်/ ရပါ။ မျက်မြင်နှင့် စမ်းသပ်ချက်ရလဒ်များ ပေါ်တွင်သာ အခြေခံဆုံးဖြတ်ပါမည်။
၇။ Maintenance Freeဘတ္ထရီ အားသွင်းစနစ်သည် ၁၃.၅မှ ၁၄.၂၊ ၂၇မှ ၂၈.၄အတွင်းရှိရပါမည်။ (ဘတ္ထရီနည်းပညာစံ - ၁၃.၈ - ၁၄.၂ / ၂၇.၆ - ၂၈.၄) ယင်းထက်နဲလျှင်/ များလျှင် ဘတ္ထရီ သက်တမ်းတိုစေပါလိမ့်မည်။
၈။ စတင်သုံးစွဲရန် ဝယ်ယူခဲ့သောယာဥ်သာအကျုံးဝင်ပါသည်။ အခြား ပြောင်းလဲသုံးစွဲမှု့ အကျုံးမဝင်ပါ။
၉။ ဘတ္ထရီကျိုးပဲ့ ၊ ထိခိုက် ၊ ပေါက်ခြင်း ၊ ကွဲခြင်းများ ၊ အိုးပွင့်ခြင်း၊ ရေခမ်းခြင်းများ အကျုံးမဝင်ပါ။
၁၀။ Maintenance free ဘတ္ထရီများ အဖုံးများမဖွင့်ရပါ။ အက်ဆစ်သွန်ဆေး လဲလှယ်ခြင်း လုံးဝမပြုလုပ်ရပါ။ ပြုလုပ်ခဲ့ပါက အာမခံပျက်ပြယ်ပါမည်။
၁၁။ Indicator စိမ်းနေခြင်းသည် ဘတ္ထရီတွင် ဗို့အား ၁၂.၂ ကျော်ရှိနေ၍ ဖြစ်ပြီး မဲနေခြင်းသည် ဗို့အား ၁၂.၂အောက်ရောက် အောင် သုံးစွဲခဲ့၍သော်လည်းကောင်း၊ အားအဝင်နည်းခြင်း (သို့) အားအဝင်မရှိ၍ အသုံးသာရှိပြီး အားကုန်ခမ်းခြင်းဖြစ်ကြောင်း ပြသနေခြင်းဖြစ်ပါသည်။ ယင်းဖြစ်စဥ်မှာ အသုံးစွဲလိုအပ်ချက်ကြောင့်သာဖြစ်စေနိုင်ပြီး ဘတ္ထရီ၏အရည်အသွေးကောင်း ၊ မကောင်း နှင့် လုံးဝမသက်ဆိုင်၍အာမခံနှင့်အကျူံးမဝင်ပါ။
၁၂။ (Automobile Battery Technology Technical Definition/ Limitation) မော်တော်ယာဥ်ဘတ္ထရီနည်းပညာအကန့်အသတ် သတ်မှတ်ချက်အရ မော်တော်ယာဥ်ဘတ္ထရီများကို ဗို့အား၅၀% အမှတ် ၁၂.၂ဗို့ အောက်ရောက်ရှိအောင် လုံးဝမသုံးစွဲသင့်ပါ။
၁၃။ ဘတ္ထရီအိုးများအား ကြာရှည်စွာ ထားသိုရောင်းချခြင်းမပြုလုပ်ရပါ။ ကြာရှည်စွာထားသိုရောင်းချပါက ဗို့အားနှင့်အရည်အသွေးများကျ ဆင်းပြီး စောလျင်စွာပျက်စီးမည်ဖြစ်ကြောင်း ဘတ္ထရီအရောင်းကိုယ်စားလှယ်များ အားလုံး အသိဖြစ်ပါသည်။ ယင်းသို့ပျက်စီးခြင်းများမှာ ဘတ္ထရီ၏အရည်အသွေးနှင့် သက်ဆိုင်ခြင်းမရှိ၍ အာမခံခံစားခွင့်နှင့်လည်း သက်ဆိုင်ခြင်းမရှိစေရ။ အရောင်းကိုယ်စားလှယ်များထံသို့ ဘတ္ထရီအိုးများ စတင်လက်ခံ ရရှိချိန်မှ (၄)လအတွင်းရောင်းချရန် မဖြစ်မနေလိုအပ်ပါသည်။ ယင်းအချိန်ကာလအတွင်း ရောင်းချခဲ့ခြင်းမရှိပါက ကုမ္ပဏီသို့အကြောင်းကြား၍ Quality Control ဝန်ဆောင်မှု မဖြစ်မနေရယူရန် လိုအပ်ပါသည်။
၁၄။ အာမခံနှင့် ပတ်သက်၍ အငြင်းပွားမှု တစုံတရာ ဖြစ်ပေါ်လာခဲ့ပါက မြန်မာနိုင်ငံဖြန့်ချီရေး ကိုယ်စားလှယ်၏ ဆုံးဖြတ်ချက် သာနောက်ဆုံးအတည်ဖြစ်ပါသည်။
Prime Auto Co Ltd
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
25, Lay Daunt Kan Road, Thuminglar Ward, Thingangyun
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |