Noble Education Center
Children are our future
ဂျပန်ဆရာတို့၏အရည်အချင်း (စာမြည်း)
-----------------------------
ဂျပန်နိုင်ငံတွင် သင်ကြားခြင်း (ဆရာ) အလုပ်သည် အလွန်လေးစားဖွယ်ကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ ကျောင်းဆရာများသည် အခြားသော ဝန်ထမ်းများထက်လည်း လစာကောင်းကြသည်။ လုပ်သက် ၁၅ နှစ်ခန့်ရှိသည် အလယ်တန်းပြအဆင့် ဆရာတစ်ဦးသည် OECD နိုင်ငံများမှ ဆရာများထက် လစာများသည်။ OECD နိုင်ငံများက ကျောင်းဆရာများသည် ဒေါ်လာ ၄၁,၇၀၁ မျှသာရပြီး ဂျပန် မူလတန်းဆရာတစ်ဦးက ဒေါ်လာ ၄၉,၄၀၈ ခန့်ရခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
ဂျပန်တွင် ကျောင်းဆရာလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မြင့်မားသည့် လုပ်ငန်းတစ်ရပ်ကို ရွေးချယ်လိုက်ခြင်း လည်းဖြစ်သည်။ အထက်တန်းကျောင်းများတွင် ခန့်အပ်သည့် ဆရာ ၉၈ ရာခိုင်နှုန်းမှာ မိမိတို့သင်ကြားမည့် ဘာသာရပ်များကို အထူးပြုယူထားသည့် ဘွဲ့ရများဖြစ်ကြသည်။ ဂျပန်ကျောင်းဆရာအများစုကလည်း ကျောင်းဆရာဘဝကို ပင်စင်ယူသည်အထိ လုပ်ကိုင်သွားကြကြောင်းတွေ့ရသည်။
ကျောင်းဆရာစုဆောင်းခြင်း
ဂျပန်နိုင်ငံတွင် ကျောင်းဆရာခန့်ထားခြင်းကို ပညာရေးပရိုဂရမ်ကျောင်းဆင်း ဘွဲ့ရလာသူများအား ဦးစားပေး ခန့်ထားလေ့ရှိသည်။ ပညာရေး ဆရာအတတ်သင်ပရိုဂရမ်များကို ဂျူနီယာကောလိပ်နှင့် တက္ကသိုလ်များတွင် ဖွင့်လှစ်ပေးထားသည်။ ဆရာလုပ်ချင်သူတစ်ဦးအနေဖြင့် ထိုပရိုဂရမ်ကိုတက်ပြီး ဘွဲ့လက်မှတ်တစ်ခုခု ရယူထားရန် လိုအပ်ပါသည်။ အနိမ့်ဆုံးဆရာအတတ်သင်လက်မှတ်သည်ပင် ကျောင်းဆရာအလုပ်ကို ၁၅ နှစ် လုပ်ကိုင်ခွင့်ရှိသည်။ ထိုလက်မှတ်ကို ဂျူနီယာကောလိပ်များတွင် ရယူနိုင်သည်။
အဆင့်မြင့် ဆရာအတတ်သင်လက်မှတ်များကို Master ဘွဲ့များဆက်တက်၍လည်း ရယူနိုင်သည်။ ဂျပန်နိုင်ငံ တွင် ဆရာများသည် အနိမ့်ဆုံး ဘာသာရပ်ဆိုင်ရာ ဘွဲ့တစ်ခုခုကို ရယူထားသူများဖြစ်ကြသည်။ ဆရာ တစ်ဦးတွင် ဆရာအတတ်သင်လက်မှတ် သုံးဆင့်မျှ ကိုင်ထားရန်လိုသည်။ ဆရာအတတ်သင်လက်မှတ်၊ ဘာသာရပ်ဆိုင်ရာ အထူးပြု လက်မှတ်၊ ပညာရပ်ဆိုင်ရာ ဘာသာရပ်များ မဟုတ်သော ဂီတ သို့မဟုတ် ပန်းချီ တစ်ခုခုတွင် ထူးချွန်လက်မှတ်ရထားသူများလည်း ဖြစ်ရန်လိုသည်။
ဂျပန်နိုင်ငံတွင် ဆရာလုပ်ခြင်းမှာ အလယ်အလတ်တန်းစားအဆင့် အသက်မွေးလုပ်ငန်းဟု သတ်မှတ်သည်။ ဆရာအလုပ်ကို လစာကောင်းသော လုပ်ငန်းဟု သတ်မှတ်ခြင်းကြောင့်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလများတွင် ဝန်ကြီးချုပ်ကိုယ်တိုင်က ဆရာအလုပ် လုပ်သူများကို အခြားဝန်ထမ်းများထက် ၃၀ ရာခိုင်နှုန်း လစာတိုးမြှင့်ပေးရန် ဆုံးဖြတ်ပေးထားသည်။ ဆရာတစ်ဦး၏ ဝန်ထမ်းလစာသည် အင်ဂျင်နီယာတစ်ဦး ထက်လည်း ပိုများသည်။ ၂၀၀၉ ခုနှစ်ကစတင်ပြီး အလယ်တန်းပြဆရာတစ်ဦး၏ လစာမှာ တစ်နှစ် ၂၇,၉၉၆ ဒေါ်လာ ဟု သတ်မှတ်ထားပြီး ထိပ်တန်းဆရာများမှာ ၆၂,၄၄၁ ဒေါ်လာခန့်ရရှိကြသည်။
ဆရာအတတ်သင်တန်းများ
ကျောင်းဆရာများသည် အဆင့်မြင့်ပညာရေးဌာနက ပေးအပ်သည့် ဘွဲ့လက်မှတ်တစ်ခုခုကို ကိုင်ဆောင်ထား သူများဖြစ်ရန်လိုသည်။ ဆရာအတတ်သင်ကျောင်းများတွင် သင်ကြားသည့် သင်ရိုးများကို ပညာရေးဝန်ကြီး ဌာနက သတ်မှတ်သည်။ ဆရာအတတ်သင်တန်းများကို ဝင်ရောက်လိုသူများအနေဖြင့် ဝင်ခွင့် စာမေးပွဲကို ဖြေဆိုကြရသည်။
ဆရာအတတ်သင်ကျောင်း ဝင်ခွင့်စာမေးပွဲများတွင် နယ်ပယ် ငါးရပ်စစ်ဆေးသည်။ ဂျပန်ဘာသာစကား၊ နိုင်ငံခြားဘာသာစကား၊ သင်္ချာ၊ သိပ္ပံနှင့် လူမှုရေးဘာသာရပ်များဖြစ်သည်။ ဝင်ခွင့်စာမေးပွဲများကို ဆရာ အတတ်သင် ကောလိပ်နှင့် တက္ကသိုလ်များက သတ်မှတ် စစ်ဆေးသည်။ ဆရာအတတ်သင်ကျောင်းများတွင် ဆရာအတတ် ပညာရပ်များအပြင် ဘာသာရပ်ဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်စွာ သင်ကြားနိုင်ရန် လေ့ကျင့်ပေးသည်။
ဆရာအတတ်သင်တန်းများမှ စာမေးပွဲများကို ဖြေဆိုပြီးလျှင် လက်တွေ့တန်းကို သုံးပတ်ဆင်းကြရသည်။ မူလတန်းနှင့် အလယ်တန်းဆရာလောင်းများသည် ကလေးသူငယ် စောင့်ရှောက်မှုသင်တန်းကို တစ်ပတ် ထပ်တက်ရသည်။ ဘက်စုံထူးချွန်သည့်ဆရာများကိုသာလျှင် သက်ဆိုင်ရာကျောင်းများက ငှားရမ်းခန့်ထားလေ့ ရှိသည်။ ဆရာများကို ခန့်ထားရန်အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို စစ်ဆေးခြင်း၊ အင်တာဗျူး ခေါ်ယူစစ်ဆေးခြင်း၊ စာစီစာကုံးများ ရေးခိုင်းခြင်း၊ ဆရာလုပ်ငန်း ကျွမ်းကျင်မှုကို စစ်မေးခြင်း၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတို့ကို စစ်ဆေးခြင်းများ ပြုလုပ်ပြီး စိတ်ကြိုက်မှ ခန့်ကြသည်ကများသည်။ အထူးသဖြင့် လက်တွေ့သင်ခိုင်းပြီး သဘောကျမှခန့်သည်။
ဆရာကိုခန့်ရာတွင်လည်း တစ်နှစ် အစမ်းခန့်အနေဖြင့် စတင်ခန့်သည်။ တစ်နှစ်အတွင်း သင်ကြားမှု အရည် အသွေးကို စောင့်ကြည့် အကဲခတ်သည်။ ထိုအလုပ်သင်တစ်နှစ်အတွင်း စီနီယာဆရာကြီးများ၏ လမ်းညွှန်မှု အကြံဉာဏ်များကို ယူရသည်။ ကျောင်းဆရာ သမဂ္ဂတွင် ဝင်ပြီး လှုပ်ရှားရသည်။ ဆရာတိုင်းထံက အကြံဉာဏ် အကူအညီကို ရယူရန်မလိုသော်လည်း ကိုယ့်ကိုစောင့်ကြည့်နေသူများရှိကြောင်း သတိပြုရသည်။ အစမ်းခန့် တစ်နှစ်ကို ကျော်ဖြတ်နိုင်မှ ဆရာဆိုသည့်လမ်းကို ဆက်ပြီးလျှောက်လှမ်းကြရသည်။
လုပ်ငန်းအဆင့်တက်လှမ်းခြင်း
ဂျပန်နိုင်ငံမှဆရာများသည် လုပ်ငန်းခွင်အတွင်းကသာ အဆင့်ဆင့် တိုးမြင့်သွားရသည့်သဘောရှိသည်။ သူတို့ နိုင်ငံတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းအုပ် စသည်ဖြင့် ရာထူးအဆင့်ကို ခွဲခြားခြင်း မရှိဘဲ ကျောင်းအုပ်ချုပ်ရေးအဆင့်ရောက်ရန် Teacher > Head Teacher > Principle ဟူ၍သာ ခွဲခြားထားကြောင်း တွေ့ရသည်။ လုပ်သက်နှင့် အရည်အချင်းကို ဦးစားပေးထားသည့်သဘောဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ သင်ကြားမှုကောင်းသည့်အပေါ် မူတည်ပြီး လစာလည်းမတူညီပေ။ မူလတန်းလစာသည် ကျောင်းအုပ်ထက် လည်း များကောင်းများနိုင်သည်။
အချို့သော ဆရာများသည် ကျောင်းအုပ်ဘဝမရောက်ပေ။ ကျောင်းဆရာဘဝတွင် ဒေါ်လာ ၂၇,၀၀၀ မှ ဒေါ်လာ ၇၀,၀၀၀ အထိ ပင်စင်မယူမချင်း အရည်အချင်းအပေါ်မူတည်ကာ ခံစားခွင့်များရှိနိုင်သည်။ လစာတိုးခြင်း အတွက် အဆင့်ပေါင်း ၃၆ ဆင့်လောက်ကို ဖြတ်သန်းကြရသည်။ လစာခံစားခွင့်ဆိုင်ရာ အဆင့် ၂၀၊ ကျောင်းအုပ်ဖြစ်ခွင့် ၁၅ ဆင့်လောက်ဖြတ်သန်းပြီးမှ ရာထူးရကြသည်။ ကျောင်းအုပ်ဖြစ်တိုင်း လစာမကောင်း၊ သို့သော် ဂုဏ်ရှိသည့်ကျောင်းအုပ်ချုပ်ရေး အာဏာပိုင်ဖြစ်ခြင်းကိုတော့ မက်မောကြသည်။
(Ref : Center on International Education Benchmarking)
တင်ညွန့်
၁၃.၆.၂၀၂၀
01/06/2020
ယနေ့ခေတ်၏ အရေးကြီးဆုံးအရာမှာ
''မေတ္တာတရား" ထားတတ်ခြင်းသည်အရေးကြီးဆုံးဖြစ်ပါသည်။ မေတ္တာဓာတ်ဖုံးလွှမ်းသည့်မည်သူမဆို အေးချမ်းဖွယ်ရှိသည်။ မေတ္တာသက်ဝင်စရာနည်းလမ်းမျိုးစုံဖြင့်ပုံဖော်ရည်ညွှန်းကြသော်လည်း မိဘ၏ချစ်ခြင်းမေတ္တာကို အခြားသောအရာများနှင့်ပုံဖော်ရည်ညွှန်းသည့်အခါ မိဘတို့၏ချစ်ခြင်းမေတ္တာသည်သာ၍သာမြဲ၏။
ပတ်ဝန်းကျင်တစ်ခုဖြစ်လာသည်နှင့်အမျှ၎င်းပတ်ဝန်းကျင်နှင့်လိုက်လျှောညီထွေစွာနေထိုင်သင့်သည်။
ပတ်ဝန်းကျင်မှာလိုက်လျှောညီထွေနေထိုင်တတ်ရန်မိဘ ဆရာပူးပေါင်းပြီးကလေးငယ်များကိုပြုပြင်ထိန်းသိမ်းပေးတတ်ရမည်။ "အတုမြင် အတတ်သင်"ဆိုသော ယနေ့ကမ္ဘာကြီးမှာ လူငယ်အတော်များများဟာ ပျက်လွယ်ကြတော့ကျွန်တော်တို့အနေဖြင့်စိတ်ပူကြရသည်။ တခြားသောပျက်စီးခြင်းမျိုးကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်သော်လည်း စ်ိတ်ဓာတ်၏ညံဖျင်းမှုသည် မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲတတ်ရမည်။ ထိုအခါစိတ်ဓာတ်မကောင်းခြင်း၏ အကျိုးဆက်သည်တပါးသူ၏ မေတ္တာပျက်ခြင်းမျိုးဖြစ်လာတတ်သည်။
မိဘများသည် မိမိ၏သားသမီးများကိုပုံဖော်ထုဆစ်တတ်ရန်အရေးကြီးပါသည်။ ယနေ့ခေတ်မိဘတွေက သားသမီးများအလိုလိုက်ခြင်းများစွာရှိသည်။ မိမိသားသမီးများကိုအချိန်ယူဆုံးမတတ်ပေးရန်လိုအပ်သည်။ တပါးသူအပေါ်မေတ္တာတရားထားတတ်မှု တာဝန်သိတတ်မှု နာခံတတ်မှုစသည်တို့ကို မိဘများကသာလျှင်ဦးစွာသင်ကြားဆုံးမပေးရပါသည်။ မိမိ၏သားသမီးများ၏လိုအင်ဟူသမျှကိုလိုက်လျောနေခြင်းသည် သားသားမီးမီးတို့၏အနာဂတ်မှေးမှိန်စေမည်ဖြစ်သည်။မိမိကလေးငယ်များကိုချော့တလှည့် ခြောက်တလှည့်
သွင်သင်ဆုံးမပေးသင့်သည်။မကောင်းဟူသမျှကိုဖြစ်ပျက်ခဲ့သော ရှိခဲ့ဖူးသော ဥပမာဇာတ်လမ်းများ ပုံပြင်များကိုပြောပြစေခြင်းဖြင့် မိမိ၏သားသမီးများ ကိုဆုံးမလမ်းညွှန်ပေးသင့်သည်။ ကျောင်းနေအရွယ်ရောက်သည့်အခါလည်း သူငယ်ချင်းများနှင့်အတူ လိုက်လျောညီထွေစွာနေထိုင်တတ်မှုနှင့် သင့်တင့်လျှောက်ပတ်စွာနေထိုင်တတ်ရန်အရေးကြီးသည့်အချက်များကို ပြောပြစရာနည်းလမ်းများဖြင့်လမ်းပြပေးရမည်ဖြစ်သည်။
ခွဲခြားဆက်ဆံမှုတွေကြောင့်မေတ္တာတရားသည်ဝေးကွာသည်ဟုထင်မိသည်။ ကျွန်တော့်အတွေ့အကြုံအရပြောပြရလျှင် ''တပည့်နှင့်ဆရာ" တို့၏ခွဲခြားဆက်ဆံမှု လေးတွေအနည်းငယ်တွေ့ရတတ်သည်။ တော်သူကိုလွန်စွာချီးမြှောက်ပြီး ညံ့သူကိုပြစ်ပယ်ထားတတ်တာများတွေ့ရတတ်သည်။တချို့သောကျောင်းသူ/သားတိူ့သည် ပညာအရာမှာသာလွန်ပြီး တချို့သည်အလယ်အလတ်ရှိကြသည် တချို့သည်ညံဖျင်းကြသည်။ ညံဖျင်းသောကလေး၏စိတ်ထဲတွင်အားငယ်သိမ်ငယ်ခြင်းမျိုးဖြစ်ပေါ်တတ်သည်။အားငယ်သိမ်ငယ်ခြင်းမဖြစ်စေရန်ငယ်စဥ်ကတည်းကထိန်းကျောင်းလေ့လာပေးသင့်သည်။ သူတို့၏စိတ်ထဲတွင် မေတ္တာမရခြင်းကိုသာခံစားရသည်။''စာမရလို့ပြစ်ဖယ်ထားလိုဆိုသောအသိဥာဏ်ကဦးနှောက်ထဲ သံမှိုစွဲသလိုထည့်ထားသည့်အခါ ပြစ်ပယ်ထားခြင်းခံရပြီးတဖြေးဖြေးသိမ်ငယ်လာတတ်ပါသည်။ တချို့သောတပည့်နှင့်ဆရာကြားခွဲခြားဆက်ဆံတာမျိုးလေးတွေတွေ့ရပါတယ်။
ကလေးတယောက်ကိုငယ်စဥ်ကတည်းက ခွဲခြားတတ်မှုများမရှိစေရန် လိုက်လျောညီထွေစွာနေထိုင်တတ်ရန်နည်းလမ်းများကိုနည်းစနစ်မှန်ကန်စွာဖြင့်ပြုစုပျိုးထောင်ပေးရန်လိုအပ်ပေသည်။ ထိုမှသာလျှင် လှပသာယာသောအနာဂတ်ဖြစ်လာမည်ဟုယုံကြည်မိပါသည်။ 🌟🌟✨✨✨✨✨✨✨✨✨✨
30.5.2020
Nay Min Htet
Noble Garden Education Center
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
1111
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |