RSA - Rangoon Success Academy
Partner for Growth, Source for Success
ကြော်ငြာတွေ အများကြီးလုပ်ပြီး Marketing Budget တွေ သုံးနေပေမဲ့လည်း ထင်သလောက် အရောင်းမတက်လာဘူးဆိုရင်တော့ ဒါဟာ Distribution လမ်းကြောင်းမှာ အားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ဝယ်သူက ရှာတဲ့အချိန် ဆိုင်တိုင်းမှာ ပစ္စည်းမရှိတဲ့အခါ တခြား Brand တွေကို အလွယ်တကူ ပြောင်းသုံးသွားတတ်ပြီး သင့်လုပ်ငန်းအတွက် ကြီးမားတဲ့ အရောင်းအခွင့်အလမ်းတွေ ဆုံးရှုံးသွားတတ်ပါတယ်။ 📉📉
ဒီလို အခက်အခဲတွေကို လက်တွေ့မြေပြင်မှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို Distribution Consultant တစ်ဦးဖြစ်တဲ့ ဦးဝင်းထွန်းက ဒီဗီဒီယိုထဲမှာ အသေးစိတ် လမ်းပြဆွေးနွေးပေးထားပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ထုတ်ကုန်ကို ဈေးကွက်ထဲ ထိထိရောက်ရောက် ဖြန့်ဖြူးချင်တဲ့ လုပ်ငန်းရှင်တွေ၊ နေ့စဉ် အရောင်းပိုင်းကို တာဝန်ယူနေရသူတွေအနေနဲ့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ 👇👇
သင့်လုပ်ငန်းရဲ့ ဖြန့်ဖြူးရေးစနစ်ကို စနစ်တကျ ပြန်လည်တည်ဆောက်ပြီး ပြိုင်ဘက်တွေထက် အသာစီးရယူချင်တယ်ဆိုရင်တော့ 𝗥𝗮𝗻𝗴𝗼𝗼𝗻 𝗦𝘂𝗰𝗰𝗲𝘀𝘀 𝗔𝗰𝗮𝗱𝗲𝗺𝘆 ကနေ မကြာခင် ဖွင့်လှစ်သွားမယ့် 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 ကို အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။ ✅📋
📌 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗗𝗲𝘁𝗮𝗶𝗹𝘀
𝗡𝗮𝗺𝗲 - 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 - 𝟮 𝗗𝗮𝘆𝘀
𝗗𝗮𝘁𝗲 - 𝐉𝐮𝐥𝐲 𝟏𝟏 - 𝟏𝟐
𝗧𝘆𝗽𝗲 𝗼𝗳 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 - 𝗢𝗳𝗳𝗹𝗶𝗻𝗲
𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 - 𝟮𝟴𝟱,𝟬𝟬𝟬 𝗠𝗠𝗞 (𝗢𝗻𝗹𝘆 𝟭𝟬 𝗣𝗲𝗼𝗽𝗹𝗲)
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 - 𝟯𝟮𝟬,𝟬𝟬𝟬 𝗠𝗠𝗞 (𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗦𝗲𝗮𝘁𝘀)
12/06/2026
Marketing ပိုင်းမှာ ဘယ်လောက်ပဲ ပိုက်ဆံသုံးသုံး Distribution စနစ် မခိုင်မာဘူးဆိုရင် သင် မျှော်မှန်းထားတဲ့ Sales Target ကို ရောက်ဖို့ ခက်ခဲနေမှာပါ။ ဒီလို အခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့အတွက် 𝗥𝗮𝗻𝗴𝗼𝗼𝗻 𝗦𝘂𝗰𝗰𝗲𝘀𝘀 𝗔𝗰𝗮𝗱𝗲𝗺𝘆 ကနေ အချိန် (၂) ရက်တာ သင်ကြားပေးသွားမယ့် 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 သင်တန်းက သင့်အတွက် အသင့်ရှိနေပါပြီ။
📌 ဒီသင်တန်းမှာတော့...
Module 1: Distribution Framework Enablement - ခိုင်မာတဲ့ ဖြန့်ဖြူးရေးစနစ်ကြီးတစ်ခု တည်ဆောက်နည်းနဲ့ အကောင်းဆုံး ဖြန့်ဖြူးရေးဗျူဟာများ ချမှတ်နည်း။
Module 2: Salesforce Management - အရောင်းအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းစီမံခြင်းနဲ့ စွမ်းဆောင်ရည်မြှင့်တင်နည်းများ။
Module 3: Distribution Goals and Operations - နေ့စဉ် ဖြန့်ဖြူးရေး လုပ်ငန်းစဉ်များ ချောမွေ့စေရန် လက်တွေ့အကောင်အထည်ဖော် လည်ပတ်ခြင်း။
Module 4: Warehouse and Inventory Management - ဂိုဒေါင်သိုလှောင်မှုစနစ်နဲ့ ကုန်လက်ကျန်စာရင်း (Inventory) ကို စနစ်တကျ ထိန်းချုပ်စီမံနည်း။
Module 5: Pricing and Credit Sales Policy - ကုန်ပစ္စည်း ဈေးနှုန်းသတ်မှတ်ခြင်းနည်းဗျူဟာများနဲ့ အကြွေးရောင်းချမှုဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း။
Module 6: Sales KPI and Reporting - အရောင်းစွမ်းဆောင်ရည်ကို တိကျစွာ တိုင်းတာမယ့် KPI များ သတ်မှတ်ခြင်းနဲ့ Report များ စနစ်တကျ ရေးဆွဲခြင်း အစရှိသည်တို့ကို အသေးစိတ် လေ့လာသင်ယူခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
💡✨ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချလို့ရမယ့် ဖြန့်ဖြူးရေးလမ်းကြောင်းတွေကို ဘယ်လိုအချိုးကျကျ တည်ဆောက်မလဲ၊ ဘယ်လိုစီမံခန့်ခွဲပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အပြင် ဆိုင်တိုင်းမှာ သင့်ကုန်ပစ္စည်းတွေ အလွယ်တကူ ဝယ်လို့ရနေစေဖို့၊ Distributor တွေကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့နဲ့ Data တွေပေါ်အခြေခံပြီး Field Ex*****on ပိုင်းမှာ အရောင်းသက်ရောက်မှု အမြင့်ဆုံးရအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုပါ သေချာလေ့ကျင့်ပေးသွားမှာဖြစ်လို့...
နေ့စဉ် အရောင်းနဲ့ ဖြန့်ဖြူးရေးယန္တရားကို တိုက်ရိုက်ကိုင်တွယ်နေရတဲ့ Sales Executives တွေနဲ့ Distribution Supervisors တွေ၊ ကုန်ပစ္စည်း ထောက်ပံ့မှုအပိုင်းကို တာဝန်ယူရတဲ့ Operations နဲ့ Supply Chain Coordinators တွေနဲ့ ကိုယ့်ထုတ်ကုန်အတွက် အမာခံ ဖြန့်ဖြူးရေးစနစ်တစ်ခုကို တည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဒီသင်တန်းကို အထူးတက်ရောက်သင့်ပါတယ်။ 👈👈
ဖြန့်ဖြူးရေးစနစ် သေချာမှသာ အရောင်းကလည်း ကိုယ်မှန်းထားသလို ရလာနိုင်မှာပါ။ ဒါကြောင့် ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာနေဖို့ 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 သင်တန်းကို အခုပဲ စာရင်းသွင်းပြီး သင့်လုပ်ငန်းရဲ့ Distribution System ကို အမြန်ဆုံး ပြန်တည်ဆောက်လိုက်ပါ။ 📝📝
📌 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗗𝗲𝘁𝗮𝗶𝗹𝘀
𝗡𝗮𝗺𝗲 - 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 - 𝟮 𝗗𝗮𝘆𝘀
𝗗𝗮𝘁𝗲 - 𝐉𝐮𝐥𝐲 𝟏𝟏 - 𝟏𝟐
𝗧𝘆𝗽𝗲 𝗼𝗳 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 - 𝗢𝗳𝗳𝗹𝗶𝗻𝗲
𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 - 𝟮𝟴𝟱,𝟬𝟬𝟬 𝗠𝗠𝗞 (𝗢𝗻𝗹𝘆 𝟭𝟬 𝗣𝗲𝗼𝗽𝗹𝗲)
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 - 𝟯𝟮𝟬,𝟬𝟬𝟬 𝗠𝗠𝗞 (𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗦𝗲𝗮𝘁𝘀)
12/06/2026
မြန်မာနိုင်ငံရဲ့ ထိပ်တန်း Vocational Training And Business Consulting Institution တစ်ခုဖြစ်တဲ့ 𝗥𝗮𝗻𝗴𝗼𝗼𝗻 𝗦𝘂𝗰𝗰𝗲𝘀𝘀 𝗔𝗰𝗮𝗱𝗲𝗺𝘆 (𝗥𝗦𝗔) ရဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုတိုးချဲ့ပြီး အောင်မြင်မှုမှတ်တိုင်သစ်တွေ အတူတကွ စိုက်ထူသွားဖို့အတွက် အောက်ပါရာထူးနေရာတွေမှာ အရည်အချင်းပြည့်ဝတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ခေါ်အပ်ပါတယ်။
📌 1. Position: Assistant Sales Manager
🏢 Department: Sales & Business Development
📍 Location: Yangon, Myanmar (On-Site)
💼 Type: Full-Time
Requirements
✅ Bachelor's Degree In Business Administration, Marketing, Sales, Or A Related Discipline.
✅ အနည်းဆုံး B2B Sales အတွေ့အကြုံ (၄) နှစ်နဲ့အထက် ရှိရမှာဖြစ်ပြီး Supervisory Role (သို့) Senior Role နဲ့ (၂) နှစ် အတွေ့အကြုံ ရှိရပါမယ်။
✅ Myanmar နဲ့ English ဘာသာစကားတွေကို (ရေး/ဖတ်/ပြော) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမယ်။
✅ CRM Tools တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး Sales Methodologies တွေကို ကောင်းမွန်စွာ နားလည်သဘောပေါက်ရပါမယ်။
Job Descriptions
🔰 Sales Pipeline & Revenue Generation: 𝗥𝗦𝗔 ရဲ့ ဝန်ဆောင်မှုတွေအားလုံးအတွက် Lead Generation ကနေစတင်ပြီး စာချုပ်ချုပ်ဆိုတဲ့အထိ Sales Pipeline တစ်ခုလုံးကို တာဝန်ယူစီမံရပါမယ်။
🔰 Team Leadership: Senior Sales Executives နဲ့ Sales Officers တွေအတွက် နေ့စဉ်နဲ့ အပတ်စဉ် Target တွေ ချမှတ်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနဲ့ လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးခြင်း။
🔰 Corporate Pitching: 𝗥𝗦𝗔 ရဲ့ Consulting နဲ့ Training Services တွေအတွက် C-Suite အဆင့်ရှိသူတွေနဲ့ HR Directors တွေဆီကို တိုက်ရိုက် Presentation တွေ ပြုလုပ်ရပါမယ်။
🔰 Reporting & CRM: နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ် Pipeline Reports တွေ၊ Sales Forecasts တွေကို စနစ်တကျ ပြုစုတင်ပြရမှာဖြစ်ပြီး CRM Records တွေကို တိကျစွာ ထိန်းသိမ်းရပါမယ်။
📌 2. Position: Senior Sales Executive
🏢 Department: Sales & Business Development
📍 Location: Yangon, Myanmar (On-Site / Field)
💼 Type: Full-Time
Requirements
✅ Bachelor's Degree In Business, Marketing, Communications, or A Related Field.
✅ အရောင်းပိုင်းဆိုင်ရာ B2B (သို့) B2C အတွေ့အကြုံ အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထိ ရှိရပါမယ်။
✅ Product-Based Selling, Demos ပြုလုပ်ခြင်းနဲ့ Digital Subscription သို့မဟုတ် App ရောင်းချခြင်းတွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရပါမယ်။
✅ မြန်မာဘာသာစကားကို ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရမှာဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကား အသုံးပြုနိုင်ရင် ပိုမိုဦးစားပေးပါမယ်။
Job Descriptions
🔰 𝗥𝗦𝗔 𝗛𝘂𝗯 Sales: 𝗥𝗦𝗔 ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ RSA Hub (On-Demand Digital Learning App) ကို B2B နဲ့ B2C သုံးစွဲသူတွေဆီ ရောက်ရှိအောင် မိတ်ဆက်ရောင်းချပေးရပါမယ်။
🔰 Full Portfolio Selling: 𝗥𝗦𝗔 ရဲ့ Consulting Services, Public Workshops နဲ့ Corporate In-House Training တွေကိုပါ တက်ကြွစွာ ရောင်းချပေးရပါမယ်။
🔰 Product Demonstrations: 𝗥𝗦𝗔 𝗛𝘂𝗯 App အသုံးပြုပုံကို Live, Virtual (သို့) Recorded Walk-Through တွေနဲ့ သုံးစွဲသူတွေကို ရှင်းလင်းပြသရပါမယ်။
🔰 Pipeline Management: ဖောက်သည်တွေနဲ့ တွေ့ဆုံမှုတွေ၊ Proposals တွေနဲ့ ရောင်းချမှု မှတ်တမ်းအားလုံးကို CRM မှာ အတိအကျ မှတ်တမ်းတင်ရပါမယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ မိမိတို့ရဲ့ Updated CV နဲ့တကွ အလုပ်လျှောက်ထားရခြင်း ရည်ရွယ်ချက်နဲ့ အရောင်းပိုင်းဆိုင်ရာ အောင်မြင်မှုမှတ်တမ်းတွေကို ဖော်ပြထားတဲ့ Cover Letter ကို [email protected] ဆီ အမြန်ဆုံး ပေးပို့လျှောက်ထားနိုင်ပါတယ်။
10/06/2026
⚡️ ဖြန့်ဖြူးရေးယန္တရား အားနည်းနေသရွေ့ သင်မျှော်မှန်းထားတဲ့ Sales Target ကို ရောက်ဖို့ အမြဲတမ်း ခက်ခဲနေမှာပါ။
🌟 ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် ခြေလှမ်းသွက်ပြီး အရောင်းကွန်ရက်ကို စနစ်တကျ ချဲ့ထွင်နိုင်ဖို့ 𝗥𝗮𝗻𝗴𝗼𝗼𝗻 𝗦𝘂𝗰𝗰𝗲𝘀𝘀 𝗔𝗰𝗮𝗱𝗲𝗺𝘆 ရဲ့ 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (၂) ရက်တာ သင်တန်းကြီး ရှိပါတယ်။
ဒီသင်တန်းဟာ သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အလုပ်ဖြစ်မယ့် မဟာဗျူဟာတွေကိုသာ အသားပေးပြီး သင်ကြားသွားမှာပါ။
ဒီသင်တန်းကနေတစ်ဆင့် လုပ်ငန်းရဲ့ ကုန်ပစ္စည်း ဖြန့်ဝေရေး လမ်းကြောင်းများကို အထိရောက်ဆုံး ဒီဇိုင်းဆွဲပြီး စီမံခန့်ခွဲနိုင်မှာဖြစ်တဲ့အပြင် ဆိုင်ရောက်ရှိမှု ရာခိုင်နှုန်းကို ပိုမိုတိုးတက်လာစေပြီး ဝယ်သူတိုင်း ကုန်ပစ္စည်းကို အလွယ်တကူ ဝယ်ယူရရှိနိုင်အောင် စွမ်းဆောင်နိုင်လာမှာပါ။
ဒါ့အပြင် တိကျတဲ့ ဒေတာအပေါ် အခြေခံတဲ့ ချဉ်းကပ်မှုတွေကို အသုံးပြုကာ Field Ex*****on ရဲ့ အကျိုးသက်ရောက်မှုကိုပါ အမြင့်ဆုံးအထိ မြှင့်တင်နိုင်မှာဖြစ်ပြီး မိမိလုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Distributor တွေနဲ့ စနစ်တကျ လက်တွဲစီမံခန့်ခွဲနိုင်စွမ်းတွေလည်း ရှိလာမှာ သေချာပါတယ်။
🎯 ဘယ်သူတွေ မဖြစ်မနေ တက်ရောက်သင့်လဲ။
နေ့စဉ် အရောင်းအဖွဲ့ကို ဦးဆောင်နေရတဲ့ Sales Manager များနှင့် Supervisor များ၊ ကိုယ်ပိုင် ဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များ၊ ကိုယ့်အရောင်းအဖွဲ့ကို Data အခြေခံပြီး စနစ်တကျ စီမံချင်သူများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်ပါတယ်။
📚 သင်ယူရမည့် Modules များ
Module 1 - Distribution Framework Enablement
လုပ်ငန်းနှင့်ကိုက်ညီမည့် ဖြန့်ဖြူးရေးပုံစံနှင့် အကောင်းဆုံး မဟာဗျူဟာများ ချမှတ်နည်း။
Module 2 - Sales Force Management
အရောင်းဝန်ထမ်းအင်အား စီမံခြင်းနှင့် ရာသီအလိုက် Sales Target တွက်ချက်နည်း။
Module 3 - Distribution Goals and Operations
ဖြန့်ဖြူးရေး ရည်မှန်းချက်များ သတ်မှတ်ခြင်းနှင့် နေ့စဉ်လုပ်ငန်းစဉ်များ ချောမွေ့စွာ လည်ပတ်နိုင်အောင် စီစဉ်နည်း။
Module 4 - Warehouse and Inventory Management
ကုန်လက်ကျန် (Stock) စိစစ်ခြင်းနှင့် ဂိုဒေါင်သိုလှောင်မှု တွက်ချက်စီမံနည်း။
Module 5 - Pricing and Credit Sales Policy
ဈေးနှုန်းသတ်မှတ်ခြင်းနှင့် အကြွေးရောင်းချမှု မူဝါဒ (Credit Policy) ရေးဆွဲနည်း။
Module 6 - Sales KPI and Reporting
အရောင်း KPI များ သတ်မှတ်ခြင်းနှင့် တိကျသော အရောင်း Report များ ပြုစုနည်း။
ဈေးကွက်ထဲမှာ အခိုင်မာဆုံး ရပ်တည်နိုင်ဖို့ 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 သင်တန်းမှာ စာရင်းပေးသွင်းပြီး သင့်ရဲ့ Distribution System ကို အဆင့်မြှင့်တင်လိုက်ပါ။
သင်တန်းအတွက် လူဦးရေ အကန့်အသတ်ရှိတဲ့အပြင် Early Bird Discount ကို ပထမဆုံး စာရင်းသွင်းသူ (၁၀) ယောက်အတွက်သာ သီးသန့် သတ်မှတ်ထားတာမို့ အခွင့်အရေး လက်မလွတ်ရအောင် အမြန်ဆုံး နေရာယူထားဖို့ အကြံပြုချင်ပါတယ်။
📌 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗗𝗲𝘁𝗮𝗶𝗹𝘀
𝗡𝗮𝗺𝗲 - 𝗧𝗵𝗲 𝗙𝘂𝗻𝗱𝗮𝗺𝗲𝗻𝘁𝗮𝗹𝘀 𝗼𝗳 𝗗𝗶𝘀𝘁𝗿𝗶𝗯𝘂𝘁𝗶𝗼𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 - 𝟮 𝗗𝗮𝘆𝘀
𝗗𝗮𝘁𝗲 - 𝐉𝐮𝐥𝐲 𝟏𝟏 - 𝟏𝟐
𝗧𝘆𝗽𝗲 𝗼𝗳 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 - 𝗢𝗳𝗳𝗹𝗶𝗻𝗲
𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 - 𝟮𝟴𝟱,𝟬𝟬𝟬 𝗠𝗠𝗞 (𝗢𝗻𝗹𝘆 𝟭𝟬 𝗣𝗲𝗼𝗽𝗹𝗲)
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 - 𝟯𝟮𝟬,𝟬𝟬𝟬 𝗠𝗠𝗞 (𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗦𝗲𝗮𝘁𝘀)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No (A-501), 5th Flr, Tower A, The Leaf Office Tower, Dhamathuka Kyaung Street, Hlaing Tsp
Yangon
11051