Chindwin Tiger Force
Revolution
14/05/2025
တော်လှန်ပြည်သူလူထုအပေါင်းအားအသိပေးအကြောင်းကြားချင်း
အကြောင်းအရာ......
23.4.2025ရက်နေ့တွင်ပြုလုပ်ခဲ့ေသာအစည်းအဝေး၌တက်ရောက်ခဲ့ကြသောရဲဘော်များ၏သဘောတူညီချက်အရ ယင်းမာပင်ခရိုင်ပ.က.ဖ လက်ရူံးတပ်(ULF)၏ အဖွဲ့ဝင်အဖြစ် အကြမ်းဖက်စစ်ကောင်စီ တပ်အား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသော ကျွန်ုပ်တို့ Chindwin Tiger Force နှင့် ထန်းတစ်ပင်တော်လှန်ရေးတပ်ဖွဲ့တို့သည် နောင်လာမည့် တော်လှန်ရေးကဏ္ဌများနှင့် စစ်ဘက်ရေးရာ ကဏ္ဌ အသီးသီးတို့တွင် ညီရင်းကိုပမာ တသွေးတည်း တစ်သားတည်း ပေါင်းစည်း၍ အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ သို့ဖစ်၍နောင်တွင်ထုတ်ပြန်မည့် တိုက်ပွဲသတင်း အချက်အလက်များ နှင့် အလှူရှင်များ၏မှတ်တမ်းများကို ယခုစာထုက်ပြန်သည့် အချိန်မှစတင်၍ DOUBLE DEFENSE FORCE ၏ page အသစ်တွင်သွားရောက်၍ ကြည့်ရှူနိုင်ပါသည်။
https://www.facebook.com/share/1TLESNFaDy/
#အရေးတော်ပုံနိုင်အောင်တိုက်မည်။
07/03/2025
တိုက်ပွဲသတင်းထုတ်ပြန်ချက်
(၂၀၂၅)ခုနှစ်၊ မတ်လ၊ (၇)ရက်
========================
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်(ပျူ)ရွာအား ဖေဖော်ဝါရီလ (၁၅)ရက် မနက် (၁၁)နာရီ (၂၃)မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ၊ တိုက်နယ်(၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် ကျနော်တို့ Chindwin Tiger Force အပါဝင် ယင်းမာပင်ခရိုင်အတွင်းမှ တော်လှန်ရေးအဖွဲ့များစွာဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး Union liberation front (ULF)စစ်ကြောင်း (ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ်တော်) မှ
စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားချိန်၏ (၁)နာရီခန့်အကြာတွင် ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံမွေးမြူရေး စစ်ကောင်စီအထိုင်စခန်းများမှ တိုက်ပွဲဖြစ်ပွားနေစဉ် (၁၂၀) မမ လက်နက်ကြီးများဖြင့် (၅၂)ကြိမ် ပစ်ကူပေးခဲ့ကြသည်။
ထို့အပြင် မိတ္ထီလာလေတပ် မှ FTC-2000G Jetfighter ဖြင့် ညနေ (၄)နာရီ (၁၂)မိနစ်တွင် လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ညနေ (၆)နာရီ (၁၇)မိနစ်ချိန် မုံရွာမြို့နယ် ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ် တောပုပျူစောထီးရွာမှ စ.ခ ပူးပေါင်းအင်အား (၂၀၀)ခန့်ရှိသော စစ်ကူစစ်ကြောင်းနှင့် မိမိတို့၏ လမ်းကြောင်းဖြတ်တောက်ရေးတာဝန်ယူထားသော ရဲဘော်များနှင့် (၁၅)မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
ကင်မွန်းတော်(ပျူ)ရွာ အရှေ့ဘက်ခြမ်းရှိ ဘန်ကာများ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ည (၈)နာရီခန့်တွင် စစ်ကူစစ်ကြောင်း ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာ၍ မိမိတို့ရဲဘော်များ ဆုတ်ခွာပေးခဲ့ကြသည်။
ဖေဖော်ဝါရီလ (၁၆)ရက်ညနေ (၅)နာရီ (၄၂)မိနစ်ချိန်တွင် ချောင်းဦးမြို့တွင်းရောက် မုံရွာနမခ မှအင်အား (၇၀)ခန့်ဖြင့် အင်အားဖြည့် ရိက္ခာပို့ စစ်ကြောင်းသည် မိမိတို့ အသင့်ထောင်ထားသော မိုင်းထိပြီးအထိနာခဲ့ပါသည်။
ထို့နောက် (၇)နာရီ (၂)မိနစ်ခန့်တွင် ၎င်းစစ်ကြောင်းနှင့် ကျွန်ုပ်တို့ ဖြတ်တောက်ရေး ရဲဘော်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိတွေ့ဖြစ်ပွားချိန်အတွင်း မြပုလဲ စကစ အထိုင်စခန်းမှ (၁၂၀) မမ လက်ကြီး (၂၁)ကြိမ် ပစ်ကူပေးခဲ့ပါသည်။
ထို့နောက် မိတ္ထီလာလေတပ်မှလည်း FTC-2000G Jet fighter ဖြင့် လေကြောင်းပစ်ကူ (၁)ကြိမ် ၊ နမခ မှ paramotor (၂)စီး ဖြင့် လေကြောင်း ပစ်ကူ (၂)ကြိမ် ပြုလုပ်ခဲ့ပါသည်။
ဖေဖော်ဝါရီလ(၁၇)ရက် ညနေ (၄)နာရီ (၃၀)မိနစ်ခန့်တွင် နမခ ၊ ညောင်ဖြူပင် စခန်း၊ တော်ပုပျူရွာမှ ကင်းမွန်တော်ရွာအတွင်းရောက်ရှိခဲ့သော စစ်ကူစစ်ကြောင်းမှ အင်အား အချို့ပြန်လည်ထွက်ခွာလာရာ မိမိတော်ရဲဘော်များနှင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၎င်းတိုက်ပွဲတွင် မြပုလဲ စကစ အထိုင်မှ (၁၂၀)မမ လက်နက်ကြီး (၂၃)ကြိမ်ပစ်ကူပေးခဲ့ပါသည်။ မိတ္ထီလာလေတပ်မှ Jet fighter ဖြင့် ည(၈)နာရီ (၃၁)မိနစ် နှင့် (၃၄)မိနစ်တို့တွင် လေကြောင်းတိုက်ခိုက် (၂)ကြိမ်ပစ်ကူပြုလုပ်ခဲ့ပါသည်။
၎င်းတိုက်ခိုက်မှုများအတွင်း ရန်သူ့ဘက်မှ (၂၃)ဦးခန့်သေဆုံးကာ ကျနော်တို့ စစ်ကြောင်းမှ ရဲဘော် (၂)ဦး နှင့်မဟာမိတ်တပ်ဖွဲ့မှ ရဲဘော် (၂)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။
ထို့နောက် (၂၀၂၅)ခု မတ်လ (၄)ရက် ညနေ (၃)နာရီ (၁၀)မိနစ် အချိန် မုံရွာမြို့တွင်းမှ ထွက်လာသော သံပြားကာကား (၂)စီးသည် ချောင်းဦးမြို့ကို ဖြတ်၍ မြင်းမူဘက်သို့ ဦးတည်ထွက်ခွာစဉ် မုံရွာ-မန္တလေး လမ်းတနေရာ မိမိတို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့ပါသည်။
၎င်းတိုက်ခိုက်မှုအတွင်း ချောင်းဦးမြို့ပေါ် စစ်ကောင်စီ အထိုင်စခန်းဖြစ်သော စိုက်ကွင်းရုံးနှင့် မြပုလဲ စကစ အထိုင်စခန်း တို့မှ (၁၂၀)မမ လက်နက်ကြီး (၁၀၆) ကြိမ်ပစ်ကူပေးခဲ့ကာ နမခ မှ အင်ဂျင်တပ်လေထီးဖြင့် (၂)ကြိမ် လေကြောင်းပစ်ကူပေးခဲ့ပါသည်။
၎င်းတိုက်ခိုက်မှုမှ စစ်ကောင်စီ၏ သံပြားကာကား (၂) စီး၊ MA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရရှိပါသည်။သံပြားကာ ကား (၂) စီးမှာ မောင်းနှင်မရတော့သဖြင့် မီးရှို့ဖျက်ဆီးခဲ့ပါသည်။
၎င်းတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ၊ တိုက်နယ်(၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် ကျနော်တို့ Chindwin Tiger Forceအပါဝင် ယင်းမာပင်ခရိုင်အတွင်းမှ တော်လှန်ရေးအဖွဲ့များစွာဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး Union liberation front (ULF)စစ်ကြောင်း (ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ်တော်) နှင့် ပူးတွဲတာဝန်ထမ်းဆောင်လျှက်ရှိသော ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ B21 PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့မှ ပူးတွဲ မစ်ရှင်ဆောင်ရွက်ခဲ့ကြသည်။
SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ်ဌာနေ လေကြောင်းအထိုင်မှ လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ပါသည်။
# အရေးတော်ပုံ မုချအောင်ရမည်။
# chindwintigerforce
09/08/2024
ကျွန်ုပ်တို့ Chindwin Tiger Force မှ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက် လက်နက်ခဲယမ်းဝယ်ယူသုံးစွဲရန် နှင့် တော်လှန်ရေးအတွက်လိုအပ်သည်များကို အသုံးပြုနိုင်ရန် ကူညီပေးပါသော အလှူရှင်များအား ကျွန်ုပ်တို့ရဲဘော်များမှ လေးလေးနက်နက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ ဆက်လက်ပြီး တိုက်ပွဲဝင်သွားပါမည်ဟု သစ္စာပြုပါသည်။
https://t.me/chindwintigerforce
#အရေးတော်ပုံမုချအောင်ရမည်
22/07/2024
တစ်နှစ်ပြည့် ဝမ်းနည်းကြေကွဲခြင်း
21.7.2023 ရက်နေ့တွင် ကျဆုံးသွား စုန်းချောင်းကျေးရွာမှ အပြစ်မဲ့ပြည်သူရဲဘော်(14)ဦးအား အောက်မေ့သတိရသောအားဖြင့်21.7.2024ရက်နေ့တွင် တစ်နှစ်ပြည့်ကုသိုလ်ပြုလုပ်ကာ အမျှအတမ်းပေးဝေခဲ့ပါသည်။
13/06/2024
ကျတော်တို့ Chindwin Tiger Force မှပါဝင်ပူးပေါင်း
ခဲ့သည်"
#တိုက်ပွဲသတင်း ကြေညာချက် #
၂၀၂၄ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ ညနေ(၅)နာရီခန့်က မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ မြောက်ဘက် တစ်မိုင်ခန့်အကွာ ထီးတော်တင်ရွာမှာ ယာယီတပ်စွဲထားသော အင်အား(၃၅)ယောက်ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို ကျနော်တို့ ULF(စစ်ကြောင်း)နှင့်မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသည်။
တိုက်ပွဲကြာချိန် မိနစ်(၃၀)ခန့်အပြီးမှာ ယင်းစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀)ခန့် သေဆုံးကာ၊ စစ်သုံ့ပန်း(၅)ဦးကိုတော့ အရှင်လက်ရဖမ်းဆီးမိခဲ့ပါသည်။
တိုက်ပွဲအပြီး သိမ်းဆီးရမိသော လက်နက်ပစ္စည်းများမှာ MA (1) ၆လတ်၊ MA (3) ၂လတ်၊ MA (2) ၁လတ်၊
BA (၁၀၀)စိန်ပြောင်း ၁လတ်၊ ၆၀မမ ဗုံးသီး ၅လုံး၊ ၅.၅၆ကျည် 1330တောင့်၊ ၇၉မမ ဗုံးသီး ၂လုံး၊ ကျည်ဘောက် ၂၅ဘောက် တို့ဖြစ်ပါသည်။
ယင်းမစ်ရှင်ကို ULF စစ်ကြောင်းမှ စစ်ကြောင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲရျ် ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊၉၊၁၀)ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter၊ CTLPDF၊ ထန်းတပင်၊ K2၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ် ၄၅ KLG PDF၊ 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင်ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local)၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တို့မှ ပူးတွဲမစ်ရှစ် ဆောင်ရွက်ခဲ့ပါသည်။
ULF(စစ်ကြောင်း)သည် စစ်အာဏာရှင်အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးအတွက် အမှတ်(၁)စစ်ဒေသမှ MOD၏လက်အောက်ခံတပ်ရင်းများ၊ပကဖများ၊Local တပ်ဖွဲ့များနှင့် ညီညွတ်စွာပူးပေါင်းတိုက်ပွဲဖော်ဆောင်လျှက်ရှိကြောင်း လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။
်ကြောင်း
ULF(ယင်းမာပင်ခရိုင် ပကဖ စစ်ကြောင်း )ထဲက အဖွဲ့ဝင် Chindwin Tiger Force ရဲ့ ရှေ့တန်းက မှတ်တမ်းလေးပါ။ပစ္စည်းရအောင် စွမ်းခဲ့ရတဲ့ ညီနောင်တပ်စုပါဗျ။
လက်တောင်းငယ်(ယင်းမာပင်မြို့နယ်)အနီး ပွဲလေးပါ။
25/01/2024
တိုက်ပွဲသတင်းထုတ်ပြန်ချက်
ရက်စွဲ။ (၂၂)ရက်၊ ဇန်နဝါရီလ၊ (၂၀၂၄)ခုနှစ်
အကြောင်းအရာ။ ဆားလင်းကြီးမြို့နယ်အတွင်းအကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စခစစ်ကြောင်းနှင့် (21.1.2024)နေ့လည် (1:30)အချိန်မှစပြီး ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးမှာ တိုက်ပွဲကြာချိန် (၄)နာရီး နီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
တိုက်ပွဲဖြစ်စဥ်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်
မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ချင်းတွင်းမြစ်ကြောင်းမှ ကူးတို့ကူးပြီး အင်အား(၈၀)ပါ စခစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်ထဲမှာ (၃)ရက်သာ စစ်ကြောင်းထိုးပြီး (21.1.2024)ရက်နေ့မှာ ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးမှာ ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ကျနော်တို့ ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များ မှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
တိုက်ပွဲကြာချိန် (၄)နာရီအတွင်းမှာ စခများဘက်မှ အထိနာပြီး ေ ခွးတေကောင် (၁၇)ကောင် မျက်မြင်တွေ့ရှိခဲ့ကာ ဒီထက်မကတေဆံုးမှုများလည်း ရှိနိုင်ပြီး ဒဏ်ရာရ ေခွးနာများလည်း ရှိခဲ့ပါသည်။
တိုက်ပွဲအတွင်း MA (3)တလက်၊ RPG အဖူး (4)ဖူး၊ 60 အဖူး (4)ဖူး၊ 40 မမ ဗုန်းသီး (15) လုံး၊ 5.56 ကျည် အတောင့် (2000)ကျော် နှင့် ခဲယမ်းပစ္စည်းအစုံ သိမ်းစည်းရမိခဲ့ပါသည်။
ULF(ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော်(5)ဦးလည်း အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါသည်။
ULF (ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)
Chindwin Tiger Force (ulfယမပခရိုင်ပကဖစစ်ကြောင်းအဖွဲ့ဝင်)
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon