BeautyAnglay

BeautyAnglay

Share

skin care

05/07/2023
05/07/2023

🔥 #ကော်လာဂျင်သောက်ပေးသင့်တဲ့အကြောင်းအရင်း၅ချက် 🔥💃

ဆရာဝန်တွေက အလှအပနဲ့ပတ်သက်လာရင် ဂုရုကြီးဖြစ်တဲ့ ကော်လာဂျင်ကို မေ့မထားနဲ့နော်လို့ ပြောတာကြားဖူးလား။ ဒါကတကယ်တော့ လိုကိုလိုအပ်တဲ့အချက်တစ်ခုပါ။ လေဒီတော်တေ်ာများများကအလှအပအတွက်လို့ပြောလိုက်ရင် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေနဲ့ အလှကုန်တွေကိုပဲအဓိက မဲရှာတတ်ကြတယ်လေ။ တကယ်တော့ စစ်မှန်ကျန်းမာတဲ့ လှပမှုကို ပိုင်ဆိုင်နိုင်စေဖို့ဆိုရင် ကော်လာဂျင်ကို မမေ့သင့်ပါဘူး။

❤️ ကော်လာဂျင်ဆိုတာ

ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှုးတွေကို အားဖြည့်ပေးထားပါတယ်။

⛔️ကော်လာဂျင်က အလှအပအတွက်ပဲအရေးပါတာလား……?

ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူ။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊ သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ပြောပြချင်တဲ့ အချက်တစ်ခုက ကော်လာဂျင်က အသားအရေလှရုံ၊ ဆံသားတွေသန်စွမ်းရုံ နဲ့ လက်သည်းခြေသည်းလေးတွေ ကျန်းမာရုံဆိုတာထက် ပိုတယ်ဆိုတာပါ။

⛔️ ခန္ဓာကိုယ်က ကော်လာဂျင်ကို ထုတ်ပေးနိုင်လား……….?

ဒီလိုဆိုတာနဲ့ ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးရမှာလားဆိုတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကော်လာဂျင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ကော်လာဂျင်ထုတ်နိုင်စွမ်းက ကျသွားပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အရေပြားတွေ လျော့ရဲလာတာ၊ ဆံသားတွေသန်စွမ်းမှုအားနည်းလာတာ၊ လက်သည်းတွေ ကြွပ်ဆတ်လာတာမျိုးဖြစ်နိုင်သလို အရွတ်တွေ အရိုးနုတွေထိခိုက်မိတာကြောင့် သွားလာလှုပ်ရှားရခက်တာ၊ အဆစ်တွေနာတာမျိုးတွေခံစားရနိုင်ပါတယ်။

⛔️ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အလေ့အထတွေက ဘာတွေများလဲ………?

နေ့စဉ်လုပ်မိနေတဲ့အလေ့အထအချို့ကလည်း ခန္ဓာကိုယ်ရဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။

🚬 ဆေးလိပ်သောက်တာ
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေစားတာရောဂါတစ်ခုခုကို ခံစားနေရတာတွေကြောင့် ကိုယ်တွင်းကော်လာဂျင်ထုတ်လွှတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

ဒီလိုအချိန်မှာ အရေးအကြောင်းတွေဖြစ်တာ၊ အသားအရေကျန်းမာမှုအားနည်းတာအပါအဝင် အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

🍷ကော်လာဂျင်သောက်ပေးသင့်တဲ့အကြောင်းအရင်းတွေကဘာများလဲ……….. ?

အဆစ်တွေနာတာကို သက်သာစေဖို့ အသက်အရွယ်ရလာတဲ့အခါ အရိုးနုတွေအားနည်းလာသလို တဖြည်းဖြည်းချင်း ပျက်စီးလာမှာပါ။ သွားလာလှုပ်ရှားရခက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဇရာကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကို သက်သာစေဖို့ဆိုရင် အသက် ၃၀ ကျော်လာတဲ့အခါ ကော်လာဂျင်သောက်ပေးသင့်ပါတယ်။

အဆစ်နာရောဂါရှိသူတွေဆိုရင်တော့ အသက် ၂၅ နှစ်အရွယ်လောက်မှာကတည်းက ကော်လာဂျင်သောက်ပေးသင့်တာပါ။

💪🏻အသားအရေကို ကျန်းမာနုပျိုစေဖို့

ကော်လာဂျင်က အသားအရေကို နုပျိုကျန်းမာစေတယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အသားအရေတင်းရင်းနုပျိုစေဖို့ လိုအပ်တဲ့ ပရိုတင်းဖြည့်တင်းပေးဖို့အတွက် ကော်လာဂျင်ကိုသောက်ပေးသင့်ပါတယ်။ အသားအရေက ကော်လာဂျင်နည်းလာတဲ့အခါ အရေးအကြောင်းတွေပေါ်လာတာ၊ အသားအရေလျော့ရဲလာတာ၊ ခြောက်သွေ့လာတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေကနေ ကင်းဝေးစေဖို့က ကော်လာဂျင်ကို မဖြစ်မနေသောက်သုံးပေးသင့်ပါတယ်။

💪🏻 အဆီတွေလောင်ကျွမ်းစေပြီး ကြွက်သားတွေကို သန်မာစေဖို့

ကြွက်သားတစ်ရှုးတွေ သန်မာနေစေဖို့ ကော်လာဂျင်က အဓိကအခန်းကဏ္ဍကနေပါဝင်နေတာပါ။ အသက်အရွယ်၇လာတဲ့အခါကြွက်သားတွေက ကျစ်လျစ်မှုအားနည်းပြီး လျော့ရဲလာတတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက ကော်လာဂျင်သောက်သုံးတာပါ။ ဒီတော့ ကော်လာဂျင်က လေဒီလေးတွေပဲ သက်ဆိုင်တာမဟုတ်ဘူးဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။

👩‍🦰 ဆံသားနဲ့လက်သည်းခြေသည်းတွေကို သန်စွမ်းစေဖို့

အသက်အရွယ်ရလာတဲ့အခါ ဆံပင်ကျွတ်တာတွေအပါအဝင် ဆံသားကျန်းမာမှုအားနည်းတာ ခြေသည်းလက်သည်းတွေ ကြွပ်ဆတ်လာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကင်းဝေးစေဖို့ဆိုရင်တော့ ကော်လာဂျင်ကို မဖြစ်မနေသောက်ပေးဖို့လိုပါမယ်။

🍱 အစာခြေစနစ်ကျန်းမာစေဖို့

ကော်လာဂျင်ရဲ့နောက်ထပ်အာနိသင်တစ်ခုက အူလမ်းကြောင်းထဲက တွယ်ဆက်တစ်ရှုးတွေကို ကျန်မားစေနိုင်ပြီး အူနံရံတွေကို သန်စွမ်းစေနိုင်ပါတယ်။ အစာခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို ကျန်းမာသန်စွမ်းစေတာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေကို ပြည့်ပြည့်ဝဝရရှိစေပြီး ကျန်းမာစေမှာပါ။

ကော်လာဂျင်ကိုသောက်ပေးတာက အလှအပအတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာဖို့အတွက်လည်းလိုအပ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကော်လာဂျင်ပြည့်ဝပြီး ကျန်းမာစေဖို့ ကော်လာဂျင်ပါတဲ့ အစားအစာတွေစားတာနဲ့ ကော်လာဂျင်ဖြည့်စွက်ဆေးသောက်သုံးတာမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်နော်။

credit: hello ဆရာဝန်

02/06/2023

🧡🧡🧡&💔💔💔

24/05/2023

သူကတော့ .....𝐁𝗼𝗼𝗺 𝐂𝗼𝐥𝐥𝐚𝐠𝐞𝐧 𝐅𝐚𝐧 ပါ😘😘😘

အများကြီးမပြောရဘူး ရလဒ်ကို ကြိုက်လို့

လတိုင်း အားပေး😘😘😘ညောင်လေးပင်ဖြူးသူလေး😘😘😘

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


3/ခရပ်ကွက် 7လမ်း မဂ်လာဒုံမြို့နယ်
Yangon