Forward Education
မဂၤလာပါ။
Forward Education Services မွႀကိဳဆိုပါတယ္။
01/05/2023
“စနစ်သစ် ပညာရေး အကြောင်း
ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”
Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ
အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။
အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။
# Grade 10 (ဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 11 (ဧကဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
# Grade 12 (ဒွာဒသမတန်း)
-ကျောင်းတွင်းစစ်စာမေးပွဲ
-နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲ “နှစ်ခု” ရှိပါသည်။
Grade 12 (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။
ထိုလက်မှတ်ဖြင့်
-ကောလိပ်များ
-Instituteများ
-ပညာရေးကောလိပ်
-GTI အစရှိသည့်တို့တွင်
ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။
သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Grade 12 (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်သည်။
ထိုရလဒ် “Grade” အနေအထားအပေါ်မူတည်ပြီး “တက္ကသိုလ်များ” ကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
A ရရှိသောကျောင်းသား/သူများသည် ကြိုက်နှစ်သက်ရာ”တက္ကသိုလ်များ”ကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သည်။
B နှင့် C အစရှိသဖြင့် ရရှိသောကျောင်းသား/သူများသည်ထိုGrade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
များသည်လည်း ဘာသာရပ်တိုင်းအတွင်ကောင်းရန်မလိုပါ။
# သို့သော် မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
@ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
-English
-Physics
-Chemistry
-Biology စသည့်ဘာသာ လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
@ Engineering နှင့် IT တက္ကသိုလ်များအတွက်ဆိုလျှင်
-English
-Math
-Physics
-Chemistry စသည့်ဘာသာ လေးဘာသာ၏ Grade များကိုသာ ကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မည်ဖြစ်သည်။
# ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်များကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
12 (ဒွာဒသမတန်း)မှာ Gradeကောင်းဖို့လိုသလို “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” ဖြေရာမှာလည်းအဆင်ပြေ အောင်မြင်စေဖို့ Grade 10,11,12 သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုပါတယ်။
ကောင်းရုံနဲ့လည်း တက္ကသိုလ်တက်ခွင့်ရရှိမည်မဟုတ်ပါ။
# ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်
# ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
✔️မှတ်ချက် ✔️
တတ်မြောက်အောင်သင်ခြင်းသည်
သင့်ကလေးငယ်၏ ဘဝ ဖြစ်သည်
Crd: MGHL
နေ့စဉ်သုံး လျှပ်တစ်ပြက် အင်္ဂလိပ်ဝါကျတိုများ
******************************************
Don't sit near me! = ငါ့နား လာမထိုင်နဲ့။
Don't sit up late! = အိပ်ရေးပျက်မခံပါနဲ့။
Don't sit idle! = အလကား ထိုင်မနေနဲ့။
Don't sleep too much! = အကြာကြီး မအိပ်နဲ့။
Don't smoke. = ဆေးလိပ် မသောက်နဲ့နော်။
Don't sn**ch it! = ဇိုးကနဲ ဇတ်ကနဲ မလုပ်နဲ့။
Don't speak dryly! = စကားကို မပြောချင် ပြောချင် မလုပ်ပါနဲ့။
Don't speak evil of anyone! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak ill of others! = သူများ မကောင်းကြောင်း မပြောပါနဲ့။
Don't speak in anger! = ဒေါသနဲ့ မပြောပါနဲ့။
Don't speak Myanmar in the class! = အတန်းထဲမှာ မြန်မာစကား မပြောပါနဲ့။
Don't speak to me coaxingly! = ငါ့ကို လာချွဲပြီး ပြောမနေနဲ့။
Don't spend the time! = အချိန် မဖြုန်းနဲ့။
Don't spin your wheel! = မလိုအပ်ဘဲ အချိန်တွေ ဖြုန်းမနေနဲ့။
Don't spit! = တံတွေး မထွေးပါနဲ့။
Don't spit on the floor! = ကြမ်းပြင်ပေါ် တံတွေးမထွေးနဲ့။
Don't spoil anything! = ဘာကိုမှ မပျက်စီးပါစေနဲ့။
Don't spy at what others do! = သူတစ်ပါးလုပ်တာကို လိုက်မချောင်းနဲ့။
Don't stand on ceremony! = သိပ်ပြီး ကိန်းကြီး ခန်းကြီး လုပ်မနေနဲ့။
Don't stand on your dignity! = အထာကြီးနဲ့ဆရာကြီးလို မနေပါနဲ့။
Don't stay here! = ဒီမှာ မနေပါနဲ့။
Don't stay out in the sun for too long. = နေပူထဲ အကြာကြီး ထွက်မနေနဲ့။
Don't steal anything of others! = သူတစ်ပါးပစ္စည်း မခိုးဝှက်ပါနဲ့။
Don't suck your fingers. = မင်းလက်ကို မစုပ်ပါနဲ့။
Don't suspect me! = ငါ့ကို သံသယ မဖြစ်ပါနဲ့ကွာ။
Don't swear in front of the children! = ကလေးတွေရှေ့မှာ မဆဲပါနဲ့။
Don't swear it! = မကျိန်ဆဲပါနဲ့။
Don't sweat it! = စိတ်ပူမနေနဲ့။
Don't sweet talk! = မြှောက်ပင့်ပြီး မပြောပါနဲ့။
Don't switch off the light! = မီးမပိတ်ပါနဲ့။
Don't switch on the light! = မီး မဖွင့်ပါနဲ့။
Don't take a shot in the dark! = ရမ်းသမ်း မှန်းသမ်းပြီး စွတ်မလုပ်နဲ့။
Don't take an air! = ဟိတ်ဟန်လုပ်မနေနဲ့။
Don't take a rest! = အနားမယူပါနဲ့ဦး။
Don't take care! = ဂရုမစိုက်ပါနဲ့။
Don't take it amiss! = ဒါကို တစ်မျိုးမထင်ပါနဲ့။
Don't take it for granted! = သေချာပြီဆိုပြီး အပိုင်မတွက်ပါနဲ့။
Don't take it serious! = ဗွေ/အပြစ် မယူပါနဲ့ ဗျာ။
Don't take my nose in vain! = ငါ့နာမည်ကို အလွဲသုံးစား မလုပ်ပါနဲ့။
Don't take offence! = ဗွေမယူပါနဲ့ ဗျာ။
Don't take things lying down! = အရာရာ ခေါင်းငုံ့မခံနဲ့။
Don't take this the wrong way! = နားလည်မှုလွဲကာ အထင်မလွဲပါနဲ့။
Don't talk an an air! = ဟိတ်ဟန်လုပ် မပြောပါနဲ့။
Don't talk and do without knowledge! = မသ်ိ မတတ်ဘဲ မလုပ်/မပြောပါနဲ့။
Don't talk about that! = အဲ့ဒီ အကြောင်း မပြောစမ်းပါနဲ့ကွာ။
Don't talk back to me! = ငါ့ကို ပြန်ကာ လှန်ကာ မပြောနဲ့။
Don't talk back your parents! = မင်းမိဘတွေကို ပြန်မပြောနဲ့။
Don't talk during study hours! = စာသင်ချိန်မှာ စကားမပြောပါနဲ့။
Don't talk ill of other! = သူတစ်ပါးမကောင်းကြောင်း မပြောပါနဲ့။
Don't talk like that! = အဲ့ဒီလို မပြောပါနဲ့။
Don't talk on your cell phone while driving! = ကားမောင်းနေတုန်း ဖုန်းမပြောပါနဲ့။
Don't talk rot! = မဟုတ်တာ မပြောပါနဲ့။
Don't talk so loud! = အကျယ်ကြီး မအော်နဲ့။ စကား အကျယ်ကြီး မပြောပါနဲ့။
Don't talk so much! = စကားအများကြီး မပြောပါနဲ့။
Don't talk through your hat! = ပေါက်ကရတွေ လျှောက်မပြောစမ်းပါနဲ့။
Don't talk to strangers! = လူတစိမ်းတွေနဲ့ စကားသွားမပြောနဲ့။
Don't talk when the mouth is full! = ပါးစပ် ပလုတ်ပလောင်းနဲ့ စကားမပြောနဲ့။
Don't tease him. He is very toughy! = သူ့သွားမစ နဲ့ ။ ဆတ်ဆတ်ထိ မခံဘူး။
Don't tease me! = ငါ့ကို မစ ပါနဲ့။
Don't tell a lie! = လိမ်ညာစကား မပြောပါနဲ့။
Don't tell anybody! = ဘယ်သူ့မှ မပြောပါနဲ့နော်။
Don't tell anyone about this! = ဒီအကြောင်းကို ဘယ်သူ့မှ မပြောပါနဲ့ဗျာ။
Don't they have to sell the house? = သူတို့ အိမ်ရောင်းဖို့ မလိုဘူးလား။
Don't think anything! = ဘယ်လိုမှ မထင်ပါနဲ့ ဗျာ။
Don't think it! = ဒါက်ို မစဉ်းစားပါနဲ့။
Don't think of the past! = အတိတ်အကြောင်းကို တွေးမနေပါနဲ့။
Don't throw a fit! = ဒေါသ မထွက်ပါနဲ့ကွာ။
Don't tickle me! = ငါ့ကို ကလိမထိုးပါနဲ့ ဟ။
Don't touch me! = ငါ လာမထိနဲ့နော်။
Don't touch anything! =ဘာကိုမှ သွားမထိနဲ့။
Don't track me again! = ငါ့ကို နောက်တစ်ခါ မလှည့်စားပါနဲ့။
Don't tread them knowing it! = ဒါကို သူတို့သိမှာ မစိုးရိမ်ပါနဲ့။
Don't trust him! = သူ့ကို မယုံနဲ့ နော်။
𝗖𝗿𝗲𝗱𝗶𝘁 𝘁𝗼 𝗢𝗿𝗶𝗴𝗶𝗻𝗮𝗹 𝗨𝗽𝗹𝗼𝗮𝗱𝗲𝗿
17/11/2021
မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++
၁။ ကလေးအိပ်ရေး၀ပါစေ
ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေး၀မှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။
၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။
အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။
၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။
မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။
၄။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။
တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်၀င်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။
၅။ ကလေးကိုယ့်၀န်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း
ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်၀န်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်၀တ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျုိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ
တကယ်လို့ ကျောင်း၀တ်စုံရှိရင် ကျောင်း၀တ်စုံပဲ ၀ယ်၀တ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျုိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်၀င်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။
၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။
၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။
ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။
၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။
စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။
၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်၀င်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျုိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။
၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။
မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျုိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။
၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း
လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။
၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း
ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်၀င်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။
၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံး၀လက်ခံထားရမှာက စိတ်ဆရာ၀န်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။
Ref : WeChat
Credit : Sayar Aung Ko Latt
မူရင်းရေးသားသူအား credit ပေးပါသည်။
Photo credit
25/01/2021
Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမြ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ
#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။
Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade မ်ားကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖွရေနျမလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ္မ်ား
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
:to original writer
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |