Lethwei Journey

Lethwei Journey

Share

Myanmar Traditional Fighting Organization(Non Gov;)

23/09/2023
10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၂)
#စောကဲဒို (Holly Power) VS #ထူးစေးဝါး (ရွှေဖူး)

လာမယ့် စက်တင်ဘာလ ၁၀ရက်(တနင်္ဂနွေ)နေ့မှာ ကျင်းပမယ့် 360 Fight Club မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် လက်ဝှေ့ကျော် စောကဲဒို (Holly Power) နဲ့ ထူးစေးဝါး (ရွှေဖူး) တို့ရဲ့ ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၃)
#လောကွာဒူး(တော်ဝင်ရိုးရာ) VS #ဝင်းဗိုလ်(ရာဇာဓိရာဇ်)

ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

20/08/2023

မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး MLWC8 မှာ

#ထွန်းထွန်းမင်း Vs သွေးသစ်ဝင်းလှိုင်
ပူးတွဲသရေ

#ထွန်းမင်းအောင် Vs တိုခဲရှီ (ဂျပန်)
ပူးတွဲသရေ

#ကျော်စွာဝင်း Vs အာဝသန် (ထိုင်း)
ပူးတွဲသရေ

#စိန်လုံးချော Vs မိုးထက်အောင်
မိုးထက်အောင် အနိုင်

#ဟန်သာဝတီ Vs စီတိုး
ပူးတွဲသရေ

#တိုင်းကျော် Vs ဝူသောဒို
တိုင်းကျော်အနိုင်

ရလဒ်များနဲ့ ပွဲပြီးခဲ့ပါတယ်။

သုံးသပ်ချက်များကို ဆက်လက်တင်ဆက်ပေးပါမယ်။



#လက်ဝှေ့

#ဟန်သာဝတီ

#စိန်လုံးချော

#ထွန်းထွန်းမင်း

#ကျော်စွာဝင်း

#ထွန်းမင်းအောင်

#တိုင်းကျော်

15/08/2023

#ထွန်းထွန်းမင်း Vs #သွေးသစ်ဝင်းလှိုင်

သူတို့နှစ်ဦးရဲ့ ပထမဆုံးကြိမ်အဖြစ် TGL မှာ တွေ့ဆုံခဲ့ကြရာမှာတော့ (၅)ချီပြီးဆုံးတဲ့အထိ အလဲမထိုးနိုင်ခဲ့တာမို့ အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာတော့ ဒိုင်(၃)ဦးစလုံးက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်မှာ တစ်ယောက်က တိုက်စစ်၊ တစ်ယောက်က ခံစစ်၊ တစ်ယောက်က ခွန်အားကို ဗဟိုပြုပြီး တစ်ယောက်က လျင်မြန်မှုအားထားတယ်။ ထွန်းထွန်းမင်းက ခြေတံလက်တံမှာ အားသာပြီး သွေးသစ်ဝင်းလှိုင်က သက်လုံပိုင်ပိုကောင်းတယ်လို့ သတ်မှတ်ရပါမယ်။ ထွန်းထွန်းမင်း သက်လုံကျတာက တိုက်စစ်ဖွင့်ပြီး အားကုန်တိုက်တာကြောင့်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ နှစ်ဦးစလုံးကို ကိုယ့်ဗျူဟာနဲ့ကိုယ် အကောင်းဆုံးပြင်ဆင်လာခဲ့ကြပေမဲ့ ထွန်းထွန်းမင်းက သွေးသစ်ဝင်းလှိုင်ရဲ့ ဗျူဟာထဲမှာ ရောက်ရှိသွားခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာတော့ အမှတ်ပေးပွဲမဟုတ်ပဲ အလှဲထိုးစနစ်နဲ့ယှဉ်ပြိုင်ရမှာမို့ အနိုင်အရှုံးကွဲပြားဖို့ဆိုတာ ပြောရခက်ပါလိမ့်မယ်။
နင်မပြီး ငါပြီးရမယ်ဆိုတဲ့စိတ်နဲ့ အသဲဇွဲကို အရင်းတည်ပြီး အပြတ်သားဆုံး ရင်ဆိုင်နိုင်မှသာ လိုချင်တဲ့ရလဒ်ကို တွေ့ရမှာဖြစ်ပါတယ်။

ထွန်းထွန်းမင်းအတွက် အကြိုက်တွေ့မဲ့စနစ်လို့ပြောလို့ရပေမဲ့ ပြီးခဲ့တဲ့ပွဲမှာ သွေးသစ်ဝင်လှိုင်ကြောင့် အမှတ်စဉ် (၂)ကြိမ်ရေခံခဲ့ရတာမို့ ထင်သလောက်မလွယ်နိုင်ပါဘူး။
သွေးသစ်ဝင်းလှိုင်ကတော့ ဒီပွဲမှာလဲ သူ့ပုံစံအတိုင်းပဲ ပြင်ဆင်ပြီးပွဲထွက်လာမယ်လို့ မြင်မိပါတယ်။ အစောပိုင်းအချီတွေမှာ ထွန်းထွန်းမင်းရဲ့ တိုက်ချက်တွေကြားကနေအမှားစောင့်ရင်းကစားသွားလိမ့်မယ်။ ထွန်းထွန်းမင်း သက်လုံအကျပိုင်းနဲ့ ဒါဏ်ရာရရှိမှုအပေါ်မှာမူတည်ပြီး ပြန်လည်တိုက်စစ်ဖွင့် သွားပါလိမ့်မယ်။ ဒီအတိုင်းဆိုရင်တော့ သွေးသစ်ဝင်လှိုင်က အစီးသရေ သို့မဟုတ် အနိုင်ရသွားနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
ထွန်းထွန်းမင်းအနေနဲ့လဲ ပိုပြီးတိကျ အားပါအောင် ပြင်ဆင်လာမယ်လိုပဲထင်ပါတယ်။ ဒါပေမဲ့ မထိရောက်တဲ့ တိုက်ချက်တွေ တရစပ်တိုက်နေတာထက် တိတိကျကျနဲ့ ချက်မှန်မှန်တိုက်နိုင်ဖို့လိုပါလိမ့်မယ်။ ဒါမှ သက်လုံကို ချွေရာရောက်ပြီး အမှားနည်းပါလိမ့်မယ်။ အကျွံတိုက်တာထက် အားမလွန်စေဖို့အတွက် ဂရုစိုက်ရပါမယ်။
ပြင်းထန်အားပါတဲ့ အောက်ခတ်နဲ့ အမြင့်ကန်ချက်တွေကို လက်သီးချက်တွေနဲ့ ဟန်ချက်ညီညီ ကစားသွားနိုင်မယ်ဆိုရင်တော့ ထွန်းထွန်းမင်းရဲ့ပွဲဖြစ်သွားမှာပါ။
ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ ဘယ်သူက ဘယ်သူ့ဗျူဟာထဲဝင်သွားမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ အချီရေများလာတာနဲ့ သွေးသစ်သာသွားလိမ့်မယ်လို့မြင်မိပါတယ်။
နှစ်ယောက်လုံးက အကောင်းဆုံးသူတွေဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်ပါတာမို့ ပွဲနေ့မှာပဲ စောင့်ကြည့်ရအောင်ပါ။ နှစ်ဦးစလုံးနိုင်လိုစိတ် ပြင်းထန်မယ်ဆိုရင်တော့ အနိုင်အရှုံးပေါ်သွားလိမ့်မယ်လို့ မြင်မိပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်ဖို့တော့ သေချာပါတယ်။

သွေးသစ်က ဒီတိုင်းပွဲထွက်လာတာ အကြောင်းမဟုတ်ပေမဲ့ ထွန်းထွန်းမင်းအနေနဲ့တော့ ပါးနပ်ပြီး မိမိထက်သက်လုံကောင်းတဲ့ ကစားသမားကို ယှဉ်ပြိုင်ရမှာမို့ တိကျမှုနဲ့ ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် အတော်လေး ပြင်ဆင်ရလိမ့်မယ်လိုပြောချင်ပါတယ်။

ယခုတစ်ကြိမ် MLWC မှာတွေ့ဆုံကြရာမှာရော ဘယ်လို အဆုံးသတ်တွေထွက်ပေါ်လာမှာလဲ ?

သွေးသစ်ဝင်းလှိုင်ကပဲ အနိုင်ရလဒ်ကို ဆက်ပြီးထိမ်းနိုင်မလား ? ထွန်းထွန်းမင်းကပဲ ရှုံးကြွေးဆပ်ပြီး သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်သွားမလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။

ဘယ်သူနိုင် ဘယ်သူရှုံးမယ်ဆိုတာ ဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်လိုပါပဲ။



#ပွဲအကြိုသုံးသပ်ခြင်း

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Insein Road
Yangon