Muscle Factory

Muscle Factory

Share

Fitness Gym

19/12/2025

GYM ကစားသူတိုင်းသိထားသင့်တဲ့
နှစ်ခြိုက်စွာ အိပ်စက်ခြင်းရဲ့ အရေးပါပုံ 😴

Muscle Factory Member များနဲ့ Fitness ချစ်သူများအားလုံးအတွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်ပြီးရင် တတိယအရေးအကြီးဆုံးအရာ ဖြစ်တဲ့ "အိပ်စက်ခြင်း" ရဲ့ အရေးပါပုံကို ဒီနေ့ Knowledge Sharing အနေနဲ့ ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းကို သေချာလုပ်ပြီး၊ အစားအသောက်ကို ဂရုစိုက်ပေမယ့် အိပ်ရေးပျက်နေရင် သင့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အရာမထင်ဘဲ ဖြစ်သွားနိုင်ပါတယ်။

၁။ Gym ကစားသူတွေအတွက် အိပ်စက်ခြင်း ဘယ်လောက်အရေးကြီးလဲ?

အိပ်စက်ခြင်းဟာ ကြွက်သားတည်ဆောက်မှု (Muscle Building) အတွက် အနားယူခြင်း (Recovery) ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။

ကြွက်သား ပြန်လည်တည်ဆောက်ခြင်း (Muscle Repair): Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားမျှင်တွေ ပျက်စီးသွားပါတယ်။ အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပြီး ပိုမိုကြီးမားသန်မာအောင် လုပ်ဆောင်ပေးပါတယ်။

ဟော်မုန်း ထုတ်လုပ်ခြင်း: အိပ်စက်တဲ့အချိန်မှာ Growth Hormone (ကြီးထွားဟော်မုန်း) ကို အများဆုံး ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုယ်ခန္ဓာမှ အဆီတွေကို လောင်ကျွမ်းဖို့ အဓိက ကျပါတယ်။

၂။ အိပ်ရေးပျက်ခြင်းက ကြွက်သားတည်ဆောက်မှုကို ဘယ်လို ထိခိုက်စေလဲ?

အိပ်ရေးမဝရင် လိုချင်တဲ့ Body Goal ကိုရောက်ဖို့က ပိုခက်ခဲသွားပါလိမ့်မယ်။

❌ Testosterone ကျဆင်းခြင်း: ကြွက်သားတည်ဆောက်မှုအတွက် အရေးပါတဲ့ Testosterone ဟော်မုန်းပမာဏကို သိသိသာသာ လျော့ကျစေပါတယ်။

⬆️ Cortisol မြင့်တက်ခြင်း: စိတ်ဖိစီးမှုဟော်မုန်း (Cortisol) မြင့်တက်လာပြီး ဒီဟော်မုန်းက ကြွက်သားတွေကို ပြန်လည်ချေဖျက် စေနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ အဆီပိုစုလာအောင် တွန်းအားပေးပါတယ်။

🤕 လေ့ကျင့်ခန်းစွမ်းဆောင်ရည် ကျဆင်းခြင်း: အိပ်ရေးပျက်ရင် Gym မှာ အားပြည့်ပြည့် မကစားနိုင်တော့ဘဲ Weight တွေမနိုင်ခြင်း၊ ခြေလက်မသယ်ချင်ခြင်း၊ ထိခိုက်ဒဏ်ရာရနိုင်ခြေ မြင့်တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဆို အိပ်ရေးဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲ?

✅ အိပ်ရေးဝဖို့အတွက်ဆို နေ့စဥ်ပုံမှန်အိပ်ချိန်ကို သတ်မှတ်ထားပါ။ ဥပမာ ည (၁၀) နာရီထိုးရင်အိပ်ရာထဲဝင်ပြီး အိပ်လိုက်တာမျိုးပေါ့။

✅ အိပ်ရာမဝင်မီ စိတ်ကို အနားပေးပါ။ ဥပမာ တရားထိုင်တာတို့၊ စာဖတ်တာ၊ ရေနွေးနဲ့ရေချိုးတာတို့ကို လုပ်လို့ရပါတယ်။

❌ ကော်ဖီနဲ့လက်ဖက်ရည်တို့ကိုရှောင်ပါ။
❌ Phone Screen ကို လျော့ချပါ။ (ဖြစ်နိုင်လျှင် အိပ်ရာဝင်ခါနီး အနည်းဆုံး နာရီဝက် ဖုန်းမသုံးတာအကောင်းဆုံးပါ)
❌ စိတ်ဖိစီးစရာဖြစ်စေတဲ့ အတွေးတွေကို မတွေးပါနဲ့။
❌ အိပ်ခါနီးအချိန် အစားအလွန်အကျွံစားတာတွေလည်း ရှောင်ရှားသင့်ပါတယ်။

အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တာကတော့ Gym ကနေ ပေးတဲ့ ခွန်အား ၅၀%၊ အစားအသောက်က ၃၀%၊ ကျန်တဲ့ ၂၀% က အိပ်စက်ခြင်း ကနေလာပါတယ်။ ဒီ ၃ ချက်မျှတမှသာ အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်မှာပါ။

ကဲ ဒီလောက်ဆို အိပ်စက်ခြင်းက ကျွန်တော်တို့ရဲ့ Daily Workout မှာ ဘယ်လောက်ထိအရေးပါသလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်ခင်ဗျာ။

အားလုံးပဲ ကျန်းမာရေးကို လိုက်စားရင်းနဲ့ မိမိတို့ လိုချင်တဲ့ Body Goal တွေရပါစေလို့ ကျွန်တော်တို့ Muscle Factory ကနေ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

GYM Membership နဲ့ ပတ်သက်ပြီး အသေးစိတ်ကို

☎️ 09755223966 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠 အမှတ် (707) မြေညီထပ်၊ ကမ္မဌာန်းလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 707/708 Kamahtan Street, Myittarnyunt Ward, Tamwe Township Yangon
Yangon
11211