Q-Ed
Awareness for LGBTIQ+
29/05/2025
June လ ကတော့ LGBTIQ များအတွက်
အထိမ်းအမှတ်လလေး တစ်လဖြစ်ပါတယ်
June လကို အတူတူကြိုဆိုကြရအောင်နော် 🏳️🌈🎇
26/05/2025
လျှောက်ကြပါ
Pride Month ကို ကြိုဆိုတဲ့အနေနဲ့ ၂၀၂၅ခုနှစ် အတွက် Yin Kone Than - ရင်ခုန်သံ ရဲ့ Advocacy Mobile Photography Training ပြန်လာပါပြီ!! 🏳️🌈📱🖼
ဓာတ်ပုံတွေကနေ လူတစ်ဦးတယောက်ချင်းစီအတွက် မတူညီတဲ့ အတွေးအမြင်တွေကို ဖော်ဆောင်ပေးနိုင်တယ် ဆိုသလို ဓာတ်ပုံတွေဆိုတာ စိတ်ခံစားချက်တွေကို လှုပ်နှိုးပေးနိုင်ရုံသာမက စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်းတွေကို ပုံဖော်ပြသနိုင်ပြီး LGBTQ+ များအတွက် ကောင်းမွန်သော အပြောင်းအလဲကို အားဖြည့်ပေးနိုင်တဲ့ စွမ်းပကားတွေ ရှိနေပါတယ်။ ဒီ Training ဟာ Pride Month ကာလ အတွင်း LGBTQ+ ရပ်ဝန်း အပြင် LGBTQ+ တွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ဓာတ်ပုံဝါသနာရှင်တွေ ၊ ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး အတွေ့အကြုံထပ်မံ ဖြည့်လိုသူတွေ အတွက် ရည်ရွယ်ထားတဲ့ အစီအစဉ် တစ်ခု ဖြစ်ပါတယ်။
📢ယခု training ကို ဇွန်လအတွင်း အွန်လိုင်းကနေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ တက်ရောက်ရမယ့် ရက်အတိအကျ ကို zoom meeting link နဲ့ တကွ အီးမေးလ်ကနေ အသိပေးသွားမှာ ဖြစ်ပါတယ်။
Advocacy Mobile Photography Training ကို အောက်ဖော်ပြပါ အချက်အလက် နဲ့ ပြည့်စုံတဲ့ LGBTQ+ တွေနဲ့ ally များ လျှောက်ထားနိုင်ပါတယ်။
🟢ဓာတ်ပုံပညာ လေ့လာမှုအပြင် စည်းရုံးလှုံ့ဆော်ရေးနဲ့ ဇာတ်ကြောင်းပြောပြမှုတွင် ဓာတ်ပုံများအသုံးပြုခြင်း ကို စိတ်ပါဝင်စားသူ
🟢LGBTQ+ အရေး ကာကွယ်မြှင့်တင်ပေးမှုကဏ္ဍကို စိတ်ပါဝင်စားသူ
🟢အသက် ၁၈ နှစ် မှ ၄၀နှစ် အတွင်း ရှိ မြန်မာနိုင်ငံသား
🟢ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံ (ဝါသနာရှင် မှ အလယ်အလတ်အထိ) ရှိသူ
🟢သင်တန်းကာလ အပြည့်အဝ တက်ရောက်နိုင်သူ
🟢လက်တွေ့လေ့ကျင့်ခန်းများနဲ့ assignment တွေမှာ တက်ကြွစွာပါဝင်နိုင်ဖို့ရာ ဓာတ်ပုံ၊ ဗီဒီယို ကောင်းစွာ ရိုက်ကူးနိုင်သော စမတ်ဖုန်းတစ်လုံး ရှိသူ
🟢ဓာတ်ပုံများကို တည်းဖြတ်ရန် နဲ့ အရည်အသွေးမြှင့်တင်ရန်အတွက် ဓာတ်ပုံဆိုင်ရာ အခြေခံ Application များအကြောင်း ဗဟုသုတ အနည်းအကျဉ်း ရှိသူ
🟢မူပိုင်ခွင့်ကိစ္စဆိုင်ရာ သဘောတူညီချက် နဲ့ အတူ Training တက်ရောက်ခွင့် အတွက် ဓာတ်ပုံများကို တင်သွင်းနိုင်သူ
📢ယခု Training ဟာ ၂၀၂၅ ခုနှစ် အတွက် သင်တန်းသားအသစ်များ ခေါ်ယူတာ ဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ်တွင် တက်ရောက်ခဲ့သူများ လျှောက်ထား၍ မရနိုင်ပါ။ ဒါပေမဲ့ သင်တန်းသားဟောင်းများအနေနဲ့ လျှောက်ထားသူ အသစ်တွေကို ထောက်ခံမှု (referral) ပေးနိုင်ပါတယ်။ အကယ်လို့ အဲ့ဒီလို referral ရရှိထားသူ ဖြစ်တယ် ဆိုရင် လျှောက်လွှာ တင်သွင်းတဲ့အခါ ထောက်ခံသူရဲ့ နာမည်ကိုပါ မဖြစ်မနေ ဖြည့်စွက်ပေးရပါမယ်။
စိတ်ပါဝင်စားသူများ အနေနဲ့ 📍Google Form Link: https://forms.gle/Qf9w42ipkHTaGFuy9 ကနေ တဆင့် ဇွန်လ (၁၃)ရက်နေ့ ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူများကို အီးမေးလ်ကနေသာ ဆက်သွယ်အကြောင်းပြန်သွားမှာ ဖြစ်ပါတယ်။
"သင့်ရဲ့ ဓာတ်ပုံကလည်း LGBTQ+ တွေရဲ့ အသံဖြစ်နိုင်ပါတယ်"။ ဓာတ်ပုံတွေကနေ လူမှုအကျိုးပြုဇာတ်ကြောင်းတွေကို ပြောပြနိုင်ဖို့ သေချာပြင်ဆင်ပြီး လျှောက်လွှာတင်လိုက်ကြပါစို့။
#ရင်ခုန်သံ ***rVisionsMyanmar ***rLens2025
17/05/2025
The power of community 🏳️🌈
🏳️🌈ယနေ့ ကျရောက်သော လိင်တူစုံမက်ခြင်းကို မနှစ်မြို့ခြင်း၊ လိင်တူ၊ လိင်ကွဲချစ်ခြင်းကို မနှစ်သက်ခြင်း နှင့် လိင်ခွဲစိတ်ပြောင်းလဲထားခြင်းကို ကြောက်ရွံမုန်းတီးခြင်းအား နိုင်ငံတကာဆန့်ကျင်ရေးနေ့ အခါသမယတွင် ဥရောပသမဂ္ဂသည် နောက်ခံချို့တဲ့အားနည်းကာ ထိခိုက်လွယ်ပြီး ဘေးဖယ်ထုတ်ခံထားရသော သူများ၏ လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်မှုနှင့် အကာအကွယ်ကို အပြည့်အဝရရှိနိုင်စေရန်နှင့် ၎င်းတို့အပေါ် မျှတစွာနှင့် ခွဲခြားဆက်ဆံမှုများ မရှိစေရန် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါသည်။
ဥရောပသမဂ္ဂသည် LGBTIQ+ ( Le***an - အမျိုးသမီးချင်း စုံမက်သူ၊ Gay - အမျိုးသားချင်း စုံမက်သူတွေ၊ Bisexual - အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးလုံး စုံမက်သူ၊ Transgender - ဆန့်ကျင်ဘက်လိင် ပြောင်းလဲခံယူနေထိုင်သူ၊ Intersex - မွေးရာပါ အမျိုးသားအမျိုးသမီး လိင်အင်္ဂါ ၂ မျိုးစလုံးရှိသူ၊ Q***r - မိမိ၏ လိင်စိတ် ခံယူမှုကို မဖွင့်ဟလိုသူ၊ နှင့် အခြားသော လိင်စိတ်ကွဲပြားသူများ) အသိုင်းအဝိုင်းမှ လူများ၏ လူ့အခွင့်အရေး အပြည့်အဝရရှိမှု
နှင့် တန်းတူညီမျှခံစားခွင့်ကို လေးစားရန်၊ ကာကွယ်ရန်နှင့် ဖြည့်ဆည်းပေးရန်အတွက် ၎င်း၏ ခိုင်မာသော ကတိကဝတ်များကို ထပ်မံအတည်ပြုလိုပြီး LGBTIQ+ အသိုင်းအဝိုင်းမှ လူများအပေါ် ဦးတည်ကာ ပြုလုပ်သော အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများကို ရှုတ်ချပါသည်။
အထူးသဖြင့် ယခုကဲ့သို့သော စိန်ခေါ်မှုများသော အကျပ်အတည်းကာလများမှာ LGBTIQ+ များ၏ အခွင့်အရေးများအားလုံးကို အပြည့်အဝလေးစားကာ ပံ့ပိုးမြှင့်တင်ကြောင်း သေချာစေရန်အတွက် ကျွန်ုပ်တို့သည် အသိုက်အဝန်းတစ်ခုအနေဖြင့် အတူတကွပူးပေါင်းလုပ်ဆောင်ကြရန် အရေးကြီးပါသည်။
Communities
---------------------------------------------------------------------
🏳️🌈 On this International Day Against Homophobia, Biphobia and Transphobia, the European Union reiterates its commitment to equality and non-discrimination, to the entitlement of all persons to enjoy the full range of human rights and fundamental freedoms, and to the protection of those who are in disadvantaged, vulnerable and marginalised situations.
The EU reaffirms its strong commitment to respect, protect and fulfill the full and equal enjoyment of all human rights by LGBTIQ+ persons, and condemns any act of violence, discrimination and stigmatization directed against people from the LGBTIQ+ community.
Especially in these challenging times of crisis, it is important that we come together as a community, to ensure that all rights of the LGBTIQ+ are fully respected and promoted.
Communities
Statement by the High Representative on behalf of the European Union in the International Day Against Homophobia, Biphobia and Transphobia 👇
https://www.consilium.europa.eu/en/press/press-releases/2025/05/16/international-day-against-homophobia-biphobia-and-transphobia-statement-by-the-high-representative-on-behalf-of-the-european-union/
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon