Wings - Real Estate

Wings - Real Estate

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wings - Real Estate, Estate agent, Yangon.

Photos from Wings - Real Estate's post 10/04/2024

📣XT Phayathai condo for rent

Located within walking distance of Bangkok's bustling area -Central World, Platinum Mall, Pratunum Market, and Siam Paragon.

✅ Rent price - 25,000 B (1 month)
6 months lease start & 1 month in advance
2 month security deposit.

✅ Location - Ratchathewi, Bangkok

✅ BTS - Phayathai

✅ Room size - 46.61 sqm

✅ Room type - 1 bedroom + 1 bathroom

✅ Floor - 16th floor

✅ Fully furnished and ready to move in

The following facilities are included

✅ Car parking + EV charging terminal

✅ Sky pool, Massage chair, Mini Threater

✅ Roof Garden, Gym, Meeting room

✅ Co-working space, co-kitchen room, whirlpool bath, mini cinema.

Contact :Wtapp/Viber +959793514463
Wechat- nicolas92
Email - [email protected]

——————————————————————

📣XT Phayathai 公寓出租
距离曼谷繁华地区 - Central World、Platinum Mall、Pratunum Market 和 Siam Paragon 仅徒步可漫游。

✅ 租金 - 25,000 B(1 个月)
最低6 个月租起,提前 1 个月付款
2 个月押金

✅ 位置 - Ratchathewi, Bangkok

✅ BTS - Phayathai

✅ 房宽度 - 46.61 平方米

✅ 房类型 - 1 间卧室 + 1 间浴室

✅ 楼层 - 16 楼

✅ 设施齐全,可立即入住

包括以下设施

✅ 停车场 + 电动汽车充电站

✅ 空中泳池、按摩椅、迷你游泳池

✅ 屋顶花园、健身房、会议室

✅ 共享工作空间、共享厨房、按摩浴缸、迷你影院.

联系方式:Wtapp/Viber +959793514463
垎俥 - nicolas92
邮件 - [email protected]

——————————————————————

📣XT Phayathai ကွန်ဒိုအငှါး

ဘန်ကောက်မြို့ရဲ့ စည်းကားလှတဲ့ Central world, Platinum Mall, Pratunum Market, Siam Paragon တို့ကိုလမ်းလျှောက်ပတ်သွားလို့ရတဲ့ တည်နေရမှာရှိပါတယ်။

✅ ငှါးရမ်းခ - 25,000 B(၁လ)
၁ လကြိုပေးစံနစ်ဖြင့် ၆လချုပ်
စဘော် ၂ လစာကြိုသွင်းရမည်။

✅ တည်နေရာ - Ratchathewi, Bangkok

✅ BTS - Phayathai

✅ အခန်းအကျယ်ဝန်း - 46.61 sqm

✅ အခန်းအမျိုးအစား - 1 bedroom+1 bathroom

✅ အလွှာ - 16th လွှာ

✅ ပရိဘောဂအပြည့်စုံပါဝင်ပြီး နေထိုင်ရန်အသင့်

အောက်ပါ facilities များပါဝင်ပါတယ်

✅ Car parking+EV charging terminal

✅ Sky pool, Massage chair, Mini Threater

✅ Roof Garden, Gym, Meeting room

✅ Co-working space, co-kitchen room, Jaccuzi, mini cinema.

ဆက်သွယ်ရန်

Wtapp/Viber +959793514463
Wechat - nicolas92
Email - [email protected]

13/10/2023

BCC အကြောင်း

သယ်ချင်းတစ်ယောက်တိုက်ခန်းဝယ်လို့လိုက်ခဲ့ပါဆိုလို့လိုက်သွားဖစ်တယ်

တိုက်ခန်းနေရာရောက်တော့
စာရွက်စာတမ်းအရှုပ်အရှင်းကင်းတယ်... ဘာမှစိတ်မပူနှင့်လို့ ရောင်းသူနှင့် အကျိုးဆောင်က ပြောပါတယ်။

ကျွန်တော်က BCC ကျပြီးသားလားလို့ မေးပါတယ်။
မကျသေးဘူးတဲ့... အဲအထိ အဆင်ပြေပါတယ်...

အဆင်မပြေတာက BCC က ဘာအရေးကြီးလို့လဲ အားလုံးဒီလိုပဲ နေနေကြတာပဲ... ဆိုပြီးကြားက အကျိုးဆောင်က ဝင်ပြောတာကို သဘောမကျတာပါ...

BCC ဆိုတာ တိုက်ခန်းမှာအရေးအကြီးဆုံးပါပဲ... သူတို့ပြောသလို စာရွက်စာတမ်းအရှုပ်အရှင်းမရှိဘူးဆိုတာ နေထိုင်သူတွေ၊ ပိုင်ဆိုင်သူတွေနဲ့တော့ဟုတ်ပါလိမ့်မယ်... ဒါပေမယ့် အစိုးရနဲ့တော့ ပြဿနာအကြီးကြီးကို ရှိတာပါ။

အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ (၇၇) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ်ပြီးစီးပြီး နောက်ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံပြီးစီး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက်စစ် ဆေးပြီး မူလခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီးတော့

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ (အဲဒါတွေက မှန်ခန်းတို့၊ ဒါဘာတို့နှင့် ဆိုင်ပါတယ်။ နောက်တင်ပေးပါဦးမယ်)

ပုဒ်မ ၆၁ (င) တွင်-မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်အသုံးပြုလျှင် နေ့စဉ်ငွေဒဏ်ကျပ် (၁)သောင်း မှ (၅) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတာလည်း ရှိတယ်...

အဲဒါကို အရေးမကြီးဘူးဆိုတော့ အဲလိုအကျိုးဆောင်မျိုးတွေကို တော်တော်ရင်နာမိပါတယ်။ စကားကိုလက်လွတ်စပယ်ပြောလိုက်တာက မသိတဲ့သူမှာ နောက်ပိုင်းတော်တော်နစ်နာ ရပါလိမ်မယ်။ BCC မကျသေးဘူး အဲဒါကြောင့် ဒီဈေးနှင့်ရတာ ညီလေး ဝယ်ရဲရင် ဝယ်သင့်တယ်။ အဲလိုအကြံပေးတာမျိုးက လက်ခံပါသေးတယ်။

ရပ်ကွက်ကကောင်းလို့ ပတ်ဝန်းကျင်ကကောင်းလို့ မတိုင်လို့သာ ဘာမှမဖြစ်သေးတာပါ။ တစ်ယောက်ယောက်ကများ စည်ပင်ကို သွားတိုင်လိုက်ရင် တကယ့်ကို သပွတ်အူပါ။

အပေါ်က စည်ပင်ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ (င) အရဆိုရင် ဝယ်ထားသူက အငှားထားထားရင် ငှားနေရတဲ့သူပါ တိုင်ပတ်မယ့်ကိန်းရှိပါတယ်။ တနေ့ကို ၁ သောင်းကနေ ၅ သောင်းအထိ ဒဏ်ရိုက်လို့ရတယ်ဆိုတော့ တိုက်သက်တမ်းနဲ့ တနေ့ချင်းတွက်ပြီးသာ မြောက်ကြည့်လိုက်ရင် ဆုံးရှုံးမှုက နည်းတဲ့ပမာဏမဟုတ်ပါဘူး။

နိုင်ငံတော်ကလည်း ဒီအတိုင်းရေရှည်မှာနေမှာမဟုတ်ပါဘူး။

အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –

ပထမတန်းစား အာစီ ၈ ထပ်နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ။

ပထမတန်းစား အာစီ ၈ ထပ် အောက်မှာတစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ်။

မြေရှင် ဒါမှမဟုတ် ကန်ထရိုက်သမားက အစိုးရကို ဆောင်ရမယ့် ပမာဏပါ။ ရန်ကုန်မြို့မှာ တိုက်ခန်းပေါင်း ၃ သိန်းကျော်ရှိပါတယ်။ အဲအထဲမှာ BCC မကျတာတွေက အများကြီးပါ။ နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေတွေ အများကြီး ဆုံးရှုံးရပါတယ်။ အဲဒါကို အစိုးရက ရေရှည်ခွင့်ပြုထားမယ်ထင်နေပါသလား..

တနေ့နေ့တချိန်ချိန်မှာ ပြန်ပြီးတော့ ကြပ်မှတ်လာတဲ့အခါ BCC မရှိတဲ့အခန်းတွေကို လက်ဝယ်ရှိနေတဲ့သူတွေ မီးခဲကိုင်မိသလို ဖြစ်နိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။

အဲဒါကို BCC ကအရေးမကြီးပါဘူး... ဒီအတိုင်းပဲ နေနေကြတာပါပဲ ဆိုတာကြီးကို ဖြစ်နိုင်ရင် မသိတဲ့ ဝယ်သူတွေကို ပြောပြီးမရောင်းစေချင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောပြီး ရောင်းစေချင်ပါတယ်။ အချို့က BCC မရှိလည်း ဝယ်တဲ့သူတွေအများကြီးပါ။

crd to original

#ရန်ကုန်တိုက်ခန်း

11/09/2023

တိုက်ခန်း ဝယ် ရင် မိုးတွင်းကို ဝယ်..
မိုးတွင်းဆို ရင် နံ ရံ ရေ စိမ့် တာ သိ နိုင် တယ်..
အ ပေါ် ဆုံးထပ် ကို ဝယ် ရင် မျက် နှာ ကျက် က နေ ရေ ယို မယို စစ် ရ မယ် ၊
မိုးတွင်းတော့ သိ သာ ပေမယ့် နွေ ဆို မသိ နိုင် ဘူး၊
ဘေးလှေခါးလား၊အလယ် လှေ ခါးနဲ့နှစ် ခန်း တွဲ ရင် ခွဲလားကြည့် ရမယ်..
နှစ် ခန်းတွဲ ရင် ခွဲ တိုက် တွေရဲ့အ ပေါ်ဆုံးအလွှာ မှာ အလယ် မြင်းမို ကို အုတ်စီထားသလား..
ဒါမှ မဟုတ် သံဇကာ ကာထားသလားကြည့် ရ မယ်..
နို့မို ဆို တစ် ဘက် ခန်းနဲ့တဘက်ခန်းမျက် နှာ ကျက် ကနေ ကူးနိုင် တာမို့ လုံ ခြုံ မှု မရှိ နိုင် ဘူး။
နောက် ဖေးမိလ္လာ ကန် တွေ အနံ့ထွက် ပိုက် (ခေါ်) လေ ပိုက် တပ် ဆင် ထား မှု လည်းစစ်ဆေးရ မယ်..
အနံ ထွက် ပိုက် လေ ပိုက် တပ်ဆင် ထားမှု စံနစ် မကျ ရင် မိလ္လာ နံ့တွေ အခန်းထဲ ဝင် လာ နိုင် တယ်။
နောက် ဖေးအ ရေးပေါ် လှေ ကား က တော့ အာစီ တွေ ချည်ပါပဲ ၊
ဒါ ပေမဲ့လက် ရန်းတွေက စတီးလား ဟော် လို လား ကြည့် ရမယ်..
စတီးဆို မ ဆွေးဘူး ဟော် လို ဆို ရင် သံ ချေးကိုက် ပြီးဆွေးမယ်..
နောက် ဖေး အဝတ် လှမ်းတဲ့ အခါ အ ရေးပေါ် လှေကားက မဖြစ် မ နေဆင်းရ တဲ့အခါ လက် ရန်း ဆွေးနေ ရင် အန္တရာယ် ရှိ တယ်။
မြေ ညီ စက် ခန်းက ရေ လှောင် ကန် ရေ လုံမလုံလည်း စုံ စမ်းရမယ် ရေ မလုံ လို့တော့လုံးဝ မဝယ် နဲ့ ၊တစ် ချို့ စေတနာ ပါ တဲ့ ကန်ထရိုက် တွေ က မြေ အောက် ရေ လှောင် ကန်ကို ကြွေပြားပါ ကပ် ပေးတာ ၊ရေ ကန် ဆို တာပုံ မှန် ရေ လှယ် ဆေး ကြော ရ တော့ ကြွေ ပြားကပ် တာ ကောင်းပါ တယ်။
နောက် ရေ လှောင် ကန် အဖုံး အဖုံး အနားကွပ် က ၆လက်္မ လောက် မြင့် ထားရ တယ်၊ရေ မော် တာ ရေ စုပ် ပိုက် က ရေ ထွက် ပေါက် ကို ၂လက် မ ပိုက် ၆လက်မလောက် စွပ်ပြီးမဆလာ နဲ့ပိတ် ထားရ တယ် ၊ရေကန် ရေပြည့် လို့ရေ လျှံ ရင် ရေ ကန် အဖုံး စလပ် က မကောင်းတဲ့ရေ တွေ ကန် ထဲ မကျ တော့ ဘူး၊အပြင် ဘက် ကို လည်းရေ ဆင်းကောင်း အောင် လျှော စောက် လုပ် မလုပ် ကြည့် ရတယ်။
လူ နေ ပြီးသားတိုက် ကို ဝယ် တဲ့ အခါ တိုက် ဆောက် လုပ် တဲ့ ရာဇဝင် ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့ တော့ ရ ပါ တယ်။
ဘေး ဝဲယာ ၊ရှေ့နောက် စောင်းမ စောင်းမျက်မြင် နဲ့ခန့်မှန်းပေါ့ ၊နောက် မြေ ညီ တိုင်(Column)အရွယ် အစား ကို ကြည့် ၊တစ် ချို့၅ထပ် ၆ထပ် တိုက် တွေ မြေ ညီ တိုင်ကစ9"×12"အရွယ် တွေလုပ် ထားတာ ၊နံ ရံ တွေအက် ကွဲ မှု ရှိ မရှိ လည်း မျက် မြင် နဲ့လေ့ လာလို့ရ ပါ တယ် ။၆ထပ် တိုက် တစ် လုံးတွေ့ဘူးတယ် အုတ်စီပြီးရှေ့ကို ငိုက် သွားလို့ အ ပေါ် ဆုံး ပါရာပတ်က နေ ကြိုးဆွဲ ပြီးပလာစတာ လုပ် လိုက် တာတစ် တိုက် လုံး စကွဲ ယားကျ ဖြစ် သွားတယ်အတွင်း ကော် လာ တွေ ပါ လိုက် ချော ပြစ် ရတာ ပေါ့ ၊နောက် တိုက် တစ် လုံးကျ တော့ အ ရှေ့နောက် Level တိုက် တာ ၉"လောက် ကွာ နေ လို့ ညီ အောင် ပြန် ခင်းတာ တွေ တယ် အဲ ဒီ တော့ တိုက် က ဝန် ပို တွေ များလာ တာ ပေါ့ ။
ကွန် ဒို မဟုတ် ပဲ ရိုးရိုးဖေါင် ဒေး ရှင်းတိုက်တွေ ဝယ် ရင် သေ ချာ နားလည် တဲ့ သူ နဲ့ဝယ် မှ ၊မင်္ဂလာ တောင် ညွန့် ထဲ မှာ တိုက်တစ် လုံးမြေ ထဲ ကြွံ ဝင် သွားတာ မြေ ညီ တစ်ထပ် လုံး မြေထဲ ရောက် သွားတယ်။အခု ကန် ထရိုက် တိုက် တွေ ဆောက် နေ တာအင် ဂျင် နီယာ မပါ ဘူး၊အင် ဂျင် နီယာ ဆို တာ လက် မှတ် ထိုးရုံ ပဲ ၊ပန်းရံ လက် သမားတွေ က ပဲ ဦးစီးနေ တာ ၊သံ ချောင်းရယ် ကျောက် ရယ် သဲ ရယ် ဘိ လပ် မြေ ရယ် တွေ့ရင် အာစီ ဖြစ် တာ ပဲ ဆို တဲ့အသိ စွဲ နေ ကြတာ ။
၆လွှာ အ ပေါ် ဆုံးထပ် ကို သိန်း၂၀၀ လောက်ပေးဝယ် ရတာ ၊သိန်း၂၀၀ ဆို တာ ပလုံ သွားရင် ပြန် ရှာ လို့မလွယ် တဲ့ ခေတ် ကြီးမှာ တိုက်ခန်းဝယ် မယ် ဆို သေ သေ ချာ ချာ စဉ်းစားပေါ့။
ပြီးစလွယ် ဆောက် တဲ့ ကန် ထရိုက် တွေ အ နေ နဲ့ မ ကျေနပ် လည်းမတတ် နိုင် ဘူး ၊အမြတ် ကို အဓိ ကမထား ပဲ လူ ပေါင်းများစွာရဲ့ဘဝ ၊အသက် တွေ ၊ချွေး နည်းစာ တွေ ကို မသမာ တဲ့နည်းနဲ့မဖျက် စီးပါနဲ့မရ ယူ ပါနဲ့၊ဆရာ ဝန် မှားရင် အသက် တစ် ချောင်းပဲဆုံးရှုံး မယ် ကန် ထရိုက် ပြီးစလွယ် လုပ် ရင်အသက် ပေါင်းများစွာ ဘဝ ပေါင်းများစွာ ဆုံးရှုံး မယ်။
အင် ဂျင် နီယာ အစားကန် ထရိုက် လို့ ဘာ ဖြစ် လို့ပြော ရတာ လည်းဆို တော့ အင် ဂျင် နီယာ တာဝန် ယူ ရ တဲ့ တိုက် က ကွန် ဒို ကလွဲ ရင် မရှိ သ လောက် ပဲ မို့ လို့ပါ။

Crd: yuzanarland

14/06/2023

Crd to。original

03/06/2023

စလစ်မြေ

စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။

စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

Credit to: ‌ဈေးကွက်ဂျာနယ်
Photo.crd

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon