The Lifter Strength
Being weak is not in my bio
06/07/2026
ကို့ဆီ online pt နဲ့ဆော့နေတဲ့ အမရဲ့ 22.5.26-5.7.26 နှစ်လအကြာ Inboy test ရဲ့ result
Metabolic age (40-38)ရှယ်ပေါ့ဗျာ
Body weight (58.5-55.4kg)(3.1kg တောင်ကျသွား)
Body fat percent(33.6-30.3%)တဲ့ဗျာ
အဆီချည်းပဲကလည်း(19.7kg-16.8kg)(2.9kg)ထိထပ်ကျသွားတယ်
ဆိုတော့ ပြောင်းလဲမှုကတော့ အများကြီးပဲဗျာ
ကို့ဆီ ဘယ်သူပဲ လာလာ တိုးတက်ပြောင်းလဲမှုကတော့ရှိကိုရှိရမယ် လိုက်လုပ်ချင်စိတ်နဲ့သာရောက်အောင်လုပ်ခဲ့ဗျာ
03/07/2026
ကျွန်တော့ဆီ လာအပ်ကြတဲ့ Pt တွေထဲ SG နဲ့US ကများပါတယ် အခုတော့ တစ်ချိန်ပဲ ထပ်ရပါတော့မယ် Online or In person coaching
One on one coaching ကိုမှ 3month promotion ရှိတာမို့ တကယ်ပြောင်းလဲချင်ရင် ကျွန်တော့ဆီ Personal training ယူနိုင်ပါတယ်
Deadlift မှာ အထူးသတိပြုရမယ့် အချက် (2) ချက်
Video ထဲမှာ အလွယ်ကူ အရှင်းလင်းဆုံးပြောပြပေးထားပါတယ်
ကို့ရဲ့ Sweet spot ကိုသိချင်တယ်ဆို အောက်မှာ sweet spot ဆိုပြီး cmt မန့်ခဲ့ပေးပါ video နဲ့ထပ်ရှင်းပြပေးပါမယ်
13/06/2026
Deadlift လေ့ကျင့်ခန်းဟာ တမင်တကာ လျှောက်ထွင်ပြီး ကစားနေတဲ့လေ့ကျင့်ခန်းမဟုတ်ပါဘူးခန္ဓာကိုယ်က design လုပ်ထားပြီးသား Basic human movementတွေထဲက တစ်ခုဖြစ်တဲ့ Hip Hinge pattern ကိုGym ခန်းထဲမှာစနစ်တကျလေ့ကျင့်ခြင်းသာဖြစ်ပါတယ်
ဆိုတော့ အလွယ်ကူဆုံးပြောရရင် ကို့ Body weight တစ်ဆလောက် လေးလံတဲ့ ပစ္စည်းတစ်ခုကို အောက်ကနေ အပေါ်ကို ကောက်ယူတဲ့အခါမှာ Injury အကင်းဆုံးနဲ့ လိုအပ်တဲ့ ကြွက်သားတွေကိုသာ အသုံးပြုပြီး ဘယ်လိုကောက်ယူရမလဲဆိုတာကို ဦးနှောက်ကို လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါတယ်
Deadlift လုပ်လို့ ခါးနာတယ်ဆိုတာထက် ပြင်ပလက်တွေ့မှာ လေးလံတဲ့ ပစ္စည်းတစ်ခုကို အောက်ကနေ safe ဖြစ်အောင် ဘယ်လိုကောက်ယူရမလဲ ဦးနှောက်ကိုမသင်ပေးထားဘူးဆိုရင် ဘောပင်လေး ကုံးကောက်ရင်းနဲ့တောင် ခါးနာသွားနိုင်ပါတယ်
ဒါကြောင့် အခြေခံကျဆုံးဖြစ်တဲ့ Human moment Push,pull,hinge,rotation အစရှိတဲ့movement တွေကို gym ထဲမှာအရင်ဆုံးသေချာလေ့ကျင့်သင်ယူပါ
ဒီလို အခြေခံ movement တွေကို ပိုင်နိုင်စွာလေ့ကျင့်နိုင်ပြီဆိုရင် အလေးမလို့ ခါးနာ ဒူးနာမှာကို ကျော်လွှားနိုင်ပြီး bone density ပိုကောင်းလာဖို့ strength training တွေကို injury ကင်းကင်းနဲ့ ပိုပြီးလေ့ကျင့်လာနိုင်မှာပဲဖြစ်ပါတယ်ခဗျာ
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Yangon