MyanmarLand Consultancy

MyanmarLand Consultancy

Share

From Myanmar to Global Opportunities
Canada, US, UK, Europe & Asia
Legal Study & Visitor Visa Specialist

11/07/2026

Canada PR (Permanent Resident) ဖြစ်ပြီးရင် ဘာတွေ ပြောင်းလဲသွားမလဲ?

Canada PR ကို လူအများစုက “အမြဲတမ်းနေထိုင်ခွင့်” လို့ပဲ သိထားကြပါတယ်။

ဒါပေမယ့် တကယ်တော့ PR status ဟာ မိသားစုရဲ့ နေထိုင်မှု၊ အလုပ်အကိုင်၊ ပညာရေးနဲ့ အနာဂတ်အစီအစဉ် တွေအတွက် အရေးကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

မိသားစုအတွက် ရရှိနိုင်တဲ့ အခွင့်အလမ်းများ

Canada အတွင်း နေထိုင်၊ အလုပ်လုပ်၊ ပညာသင်နိုင်ခြင်း
PR ရပြီးနောက် Canada အတွင်း Province အများစုမှာ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းကို လုပ်နိုင်ပါတယ်။
ဒါပေမယ့် တချို့အလုပ်အကိုင်တွေမှာ လိုင်စင်၊ စာမေးပွဲ၊ သို့မဟုတ် security clearance လိုအပ်နိုင်ပါတယ်။

Province အလိုက် Public Healthcare ကို အသုံးပြုနိုင်ခြင်း
PR ဖြစ်လာပြီးနောက် သက်ဆိုင်ရာ Province/ Territory ရဲ့ health insurance program တွေကို လျှောက်ထားနိုင်ပါတယ်။
သို့ပေမယ့် coverage စတင်ချိန်၊ waiting period, enrollment rule တွေက Province အလိုက် ကွာခြားနိုင်ပါတယ်။

သားသမီးများအတွက် Public School များ
PR မိသားစုရဲ့ ကလေးများသည် Canada ရဲ့ public school system မှာ ပညာသင်ယူနိုင်ပါတယ်။
Elementary နဲ့ secondary public education က များသောအားဖြင့် government-funded ဖြစ်ပြီး province နဲ့ school district အလိုက် စည်းမျဉ်းအသေးစိတ်ကွာနိုင်ပါတယ်။

မိသားစုအတွက် အစိုးရအထောက်အပံ့များ
အရည်အချင်းပြည့်မီတဲ့ မိသားစုများအနေနဲ့ Canada Child Benefit (CCB) လိုအစီအစဉ်တွေကို လျှောက်ထားနိုင်ပါတယ်။
ဒါပေမယ့် PR ဖြစ်တာနဲ့ အလိုအလျောက်ရတာမဟုတ်ဘဲ၊ child care responsibility, residence, income, CRA rules စတဲ့ eligibility သတ်မှတ်ချက်တွေ ပြည့်မီဖို့လိုပါတယ်။

Canada Citizenship ကို ရည်မှန်းနိုင်ခြင်း
PR status ထားပြီး သတ်မှတ်ထားတဲ့ residency requirement နဲ့ အခြားလိုအပ်ချက်တွေကို ပြည့်မီရင် နောက်ပိုင်းမှာ Canadian citizenship ကို လျှောက်ထားနိုင်ပါတယ်။
PR က citizenship မဟုတ်သေးပေမယ့် အနာဂတ်မှာ တရားဝင် နိုင်ငံသားဖြစ်ရေးအတွက် အရေးကြီးတဲ့ အခြေခံအဆင့်တစ်ခုပါ။
တရားဝင် အခွင့်အရေးများ ရရှိလာခြင်း
PR တွေအနေနဲ့ Canada မှာ အများစုသော social benefits တွေကို အသုံးပြုနိုင်တဲ့အခွင့်အရေး ရှိပါတယ်။
ဒါပေမယ့် PR တွေက vote လုပ်ခွင့်၊ political office တက်ခွင့်တော့ မရှိပါဘူး။

သတိထားရမယ့်အချက်များ
PR status ကို ထိန်းထားဖို့ residency obligation ကိုလည်း လိုက်နာရပါတယ်။
ပုံမှန်အားဖြင့် 5 နှစ်အတွင်း အနည်းဆုံး 730 days Canada မှာ နေထိုင်ထားဖို့လိုပါတယ်။
ဒါကြောင့် PR ကို “ပန်းတိုင်” လို့ပဲ မမြင်ဘဲ
မိသားစုရဲ့ long-term plan ကို တည်ဆောက်ဖို့ အခြေခံအဆင့် လို့ မြင်သင့်ပါတယ်။
အကယ်၍ PR ကို ရည်မှန်းထားတယ်ဆိုရင်
Study, Career, Settlement, Citizenship plan ကို အစကတည်းက စနစ်တကျ ချမှတ်ထားဖို့ အရေးကြီးပါတယ်။

“STUDY TO PR PLAN" လို့ Comment (သို့) Inbox ပို့လိုက်ပါ။
MyanmarLand Consultancy မှ သင့် Academic Background၊ Work Experience၊ Family Situation နဲ့ Long-Term Goals အပေါ်မူတည်ပြီး
Canada Study Pathway၊ Career Planning နဲ့ PR Strategy ကို ဆွေးနွေးအကြံပြုပါမယ်။
မိတ်ဆွေတို့ သွားရောက်လိုတဲ့ နိုင်ငံခြားခရီးစဉ်ဖြစ်စေ၊ ပညာရေး ခရီးစဉ်ဖြစ်စေ အခက်အခဲမရှိ စနစ်တကျ စိတ်မပူရဘဲ အချိန်တိကျစွာ သွားရောက်နိုင်ဖို့
WhatsApp +959799992706
Viber +959448656243
Mail [email protected] တို့ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။
MyanmarLand Consultancy မှ တင်ထားသော စာသား၊ Caption၊ Strategy၊ Visual များအားလုံးသည် ကျွန်တော်တို့ရဲ့ Original Intellectual Property ဖြစ်ပါတယ်။
Copy ကူးယူပြီး (ဖော်ပြခွင့်) မပြုပါ။
© MyanmarLand Consultancy.
From Myanmar to Global Opportunities
All contents (text, visuals, strategy, captions) are original intellectual property.
Unauthorized copying, reposting, or commercial use without written permission is prohibited.

03/07/2026

🇨🇦 ၂၀၂၆ Canada Study Permit လျှောက်မယ့်သူတွေ သတိထားရမယ့် အချက်တွေ

Canada က International Student အရေအတွက်ကို နှစ်စဉ် စီမံခန့်ခွဲ (Cap သတ်မှတ်) နေတဲ့အတွက် လျှောက်မယ်ဆိုရင် “အချိန်မရွေးရမယ်” ဆိုပြီး စိတ်ချထားလို့မရတော့ပါဘူး။

ဒါကြောင့် နောက်ကျပြီးမှ လျှောက်မယ်ဆိုရင်
1. Intake ရွေးချယ်စရာ နည်းသွားနိုင်တယ်
2. PGWP Aligned Programs ရွေးချယ်ခွင့် ဘောင်ကျဉ်းသွားနိုင်တယ်
3. Admission ရဖို့လည်း ပိုခက်လာနိုင်တယ်

International Student Cap ဆိုတာ
IRCC က နှစ်စဉ် International Students အတွက် Study Permit အရေအတွက်ကို ကန့်သတ်ပြီး စီမံခန့်ခွဲထားတာ ဖြစ်ပါတယ်။

ဒါဟာ “ကျောင်းသား လုံးဝလက်မခံတော့ဘူး” လို့ ပြောတာမဟုတ်ဘဲ လျှောက်ထားသူအရေအတွက်များလာတာကြောင့် timing နဲ့ preparation က ပိုစိစစ်လာတာပါ။

ဒါကြောင့် အခုတည်းက ဒါတွေကို ကြိုတင်ပြင်ဆင်ပါ
✔️ ကိုယ့် background နဲ့ကိုက်တဲ့ program ကို သေချာရွေးပါ
✔️ Intake နီးမှ လျှောက်တာမျိုးထပ် ကြိုတင်ပြီး admission ပြင်ဆင်လျှောက်ထားထားပါ
✔️ Bank statement / financial proof / documents တွေကို အစောပိုင်းကတည်းက စီစဉ်ထားပါ
✔️ Study plan ကို တိတိကျကျထားပါ

ကျွန်တော်တို့ MyanmarLand Consultancy အနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ Canada Entry Expert ဝန်ဆောင်မှုတွေကတော့
✅ သင့်တော်တဲ့ ကျောင်းနဲ့ Program ရွေးချယ်ပေးခြင်း
✅ Admission လျှောက်ထားပေးခြင်း
✅ Visa Application / SOP Preparation ပြင်ဆင်ပေးခြင်း
✅ Supporting Documents များ စနစ်တကျ စီစဉ်ပေးခြင်း
✅ Study Plan နဲ့ Letter of Explanation များအတွက် လမ်းညွှန်ပေးခြင်း
✅ ပညာရေးနဲ့ Career Plan များအတွက် အကြံပေးခြင်း ပါ
✅ Canada Express Entry and Profile Assessment, Work Permit, PGWP and Visitor Visa

2021 ခုနှစ်မှ ယနေ့အထိ MyanmarLand Consultancy ကို ယုံကြည်စွာ ရွေးချယ်အားပေးခဲ့ကြသော မိတ်ဆွေများနဲ့ ကျောင်းသားများအားလုံးကို
အထူးကျေးဇူးတင်ရှိပါတယ်။

WhatsApp +959799992706
Viber +959448656243
Mail [email protected] တို့ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

MyanmarLand Consultancy မှ တင်ထားသော စာသား၊ Caption၊ Strategy၊ Visual များအားလုံးသည် ကျွန်တော်တို့ရဲ့ Original Intellectual Property ဖြစ်ပါတယ်။
Copy ကူးယူပြီး (ဖော်ပြခွင့်) မပြုပါ။
© MyanmarLand Consultancy.
From Myanmar to Global Opportunities
All contents (text, visuals, strategy, captions) are original intellectual property.
Unauthorized copying, reposting, or commercial use without written permission is prohibited.

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00