TOEIC Score Booster

TOEIC Score Booster

Share

Let's learn English.

17/11/2023

TOEIC 👉 Listening & Reading Test အတွက် Registration သွားရောက်ပြုလုပ်သည့် အတွေ့အကြုံ 🤗

Registration Requirements
တွေကို ကိုယ်နဲ့ အပါယူသွားဖို့
အရေးကြီးပါတယ်။

* National ID or Passport

* ခြောက်လအတွင်း ရိုက်ကူးထားသော (3cm - 4 cm) size ရှိသည့် ဓတ်ပုံ (၃) ပုံ
(photo size) တိကျဖို့ လိုအပ်ပါတယ်။

* USD 40 in cash (new dollars only)

ဖော်ပြပါ requirements တွေ ready ဖြစ်ပြီဆိုရင်တော့ Test Registration အတွက် လက်ရှိ မြန်မာနိုင်အတွက် Official TOEIC Test Centre ဖြစ်သော IIG Education Myanmar သို့ ကိုယ်တိုင်သွားပြီး register လုပ်ရပါမည်။

Online မှ or ကိုယ်စားမရနိုင်ပါ။
ဖြေရမည့် Test ကလည်း
Listening & Reading အတွက်
Paper-based Test ဖြစ်ပါသည်။

Registration အတွက်
fee ထပ်ပေးစရာမလိုပါဘူး။

IIG Education Myanmar က လှိုင်က
MICT Park ဝန်းထဲက Building No.4,
Room No. 9 မှာ တည်ရှိပါတယ်။

ကျွန်တော် register သွားလုပ်တုန်းကတော့ မြို့ထဲဘက်ကနေ ကိုယ်ကလာသူမို့ အင်းစိန်လမ်းပေါ်က သံလမ်းမှတ်တိုင်မှာ ဆင်းလိုက်ပါတယ်၊

ပြီးတော့ မှတ်တိုင်က ဆင်းတာနဲ့
မှတ်တိုင်ဘေးနားက လမ်းက ယောဂီကျောင်းလမ်းပါ။ ယောဂီကျောင်းလမ်းထိပ်လေးတင် သံလမ်းမှတ်တိုင်နားတင်
ဆိုက်ကားဂိတ်ရှိပါတယ်။ အဲကနေ ဆိုက်ကားသာ ငှားလိုက်ပါ (၇ဝဝ) ကျပ်ပဲ ကျပါတယ်။ လမ်းလျှောက်ရင် MICT ဝန်းထဲထိကို အတော်လေးလျှောက်ရပါတယ်။ ဆိုက်ကားလေးနဲ့ လေညှင်းလေးခံပြီးသာ သွားလိုက်ပါ။ ဟဲဟဲ 😅

MICT ဝန်းရှေ့ရောက်တာနဲ့ ဂိတ်ပေါက်ဝက လုံခြုံရေး ဦးလေးတွေကို အဆောက်အဦး နံပါတ် (၄) ဘယ်နားရှိလဲဆိုတာသိရအောင် ယဥ်ကျေးစွာ မေးလိုက်ပါ။

(ခဏပဲ လမ်းလေးလျှောက်ရတယ်)

Building No. 4 ရောက်ရင်
အပေါ်ဆုံးသာတက်သွားလိုက်ပါ။
Room No. 9 မှာ IIG Education Myanmar ကို မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ် ခင်ဗျာ။

အခန်းထဲသာ ဝင်သွားပြီး TOEIC အတွက် registration လာလုပ်တာပါလို့သာပြောလိုက်ပါ။ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ယောက်ယောက်က ဖောင်ဖြည့်ဖို့ ကူညီပေးပါလိမ့်မယ်။

ဖောင်ဖြည့်ပြီးရင် ကိုယ် စာမေးပွဲဖြေရမယ့် ရက်နဲ့ အချိန်ကို သေချာအောင်ထပ်မေးပါ။ IIG Education Myanmar Page or website တွင် registration လုပ်ရမယ့် ကာလနှင့် Test Date တွေတင်ထားပေးပင်မယ့် တခါတလေ ရက်ချိန်း အပြောင်းအလဲ ရှိတတ်တာကြောင့်မို့ပါ။

Test ကို ခဲတံနှင့်သာဖြေရပါမည်။
Test Centre မှ ခဲတံ provide ပါတယ်။
ကိုယ့်ဘာသာ လိုရမယ်ရ ယူချင်ရင်
ခဲဖျက်တော့ ဆောင်သွားနိုင်ပါတယ်။

Test ဖြေဆိုမည့်နေ့ကျရင် registration လုပ်တုန်းက Centre ကပြန်ပေးလိုက်သည့် မိမိ ဓာတ်ပုံပါဝင်သည့် ကဒ်ပြား ဖောင်လေးကို မပါမဖြစ် အပါပြန်ယူသွားရပါမည်။ အရေးကြီးပါသည်။

Register ကို ကိုယ်လုပ်ချင်တဲ့နေ့
သွားလုပ်လို့မရပါဘူး။ Sunday ဆိုရင်
Centre ပိတ်ပါသည်။ ပြီးတော့ Centre က သတ်မှတ်ပေးထားသည့် Registration ပြုလုပ်လို့ရသည့် available ကာလအတွင်းသာ register လုပ်လို့ရပါမည်။ စာမေးပွဲ အချိန်စာရင်း နှင့် စာရင်းပေးသွင်းရန်ဖွင့်သည့်ရက် (TOEIC Schedule) ကို IIG Education Myanmar Website နှင့် page တို့၌ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရေးသားသူ - Robert Hein

အားလုံးပဲ TOEIC အမှတ်တွေကောင်းကြပြီး၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရကြပါစေ ခင်ဗျာ။

The TOEIC (Test of English for International Communication) program is the global leader in assessing English-communication skills for the workplace and everyday life. The TOEIC is a standardized English test oriented towards professionals and companies.

10/11/2021

ပေါ့ပေါ့ပါးပါး Listening လေ့ကျင့်နည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဝါသနာပါလို့ လေ့လာတဲ့ ကျွန်တော်တို့လို
သူတွေလည်း ပျင်းကြတာပါဘဲ၊၊ ဒါပေမယ့်
ပျင်းရင် အပျင်းနည်းနဲ့ လေ့လာ၊ လေ့ကျင့်လို့
ရပါသေးတယ်။ ဝမ်းသာစရာ သတင်းဘဲနော် 😉

ကျွန်တော် အပါအဝင်ပါဘဲ အများစုက
အင်္ဂလိပ်ဘာသာစကားကို လေ့လာခါစမှာတုန်းက
ပြောတတ်ချင်တာဘဲသိတယ် ပြောဖို့ဘဲ အားသန်ခဲ့တယ်
Listening ကို အရမ်း အရေးပါမှန်း နားမလည်ကြဘူး။

အင်္ဂလိပ်စကားကို တကယ် ကျွမ်းကျွမ်းကျင်ကျင်
ပြောတတ်ချင်ရင် Listening ကောင်းဖို့ လိုပါတယ်။

Listening ကျင့်ရင် ဒါတွေ သိလာမယ်
Listening မှာ သုံးတဲ့ စကားလုံးတွေက
Writing မှာ သုံးကြတဲ့ စကားလုံးတွေထပ်
လက်တွေ့မှာ ပိုပြီးတော့ လူသုံးများပါတယ်။
ဒီတော့ စကားပြောလေ့လာနေသူ တစ်ယောက်
အတွက် လိုအပ်တဲ့အသုံးအနှုန်းတွေ ရနိုင်မယ်
သဘာဝကျကျ ပြောတတ်လာမယ်။ ကိုယ့်ရဲ့
အသံထွက် အမှားတွေကိုလည်း သတိပြုမိလာမယ်။

ဆရာ့ ဆရာကြီးတွေကတော့
မြန်မာပြည်ရဲ့ အခြေအနေအရတော့
Reading ကို လုပ်ရတာ အဆင်အပြေဆုံးဘဲလို့
ပြောကြပါတယ်။ အဲဒါ အရင်က ဟုတ်တယ်
အခုမဟုတ်တော့ဘူး။ ဒီနေ့ခေတ်မှာ လူတိုင်း
နီးပါးမှာ ဖုန်းတွေ ရှိကြပါတယ်။ ဒီတော့ ခင်ဗျား
ရိုးရိုးလေးဘဲ စဉ်းစားဗျာ Listening က Reading
ထပ်တောင် အခုဆို ပိုပြီးတော့ လုပ်ရတာ တကယ်
လွယ်ကူ အဆင်ပြေနေပါပြီ။ 😇

အမှန်တကယ် အင်္ဂလိပ်လို သဘာဝကျကျ
ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင်တော့
Listening ကို အရင်ဆုံး အားစိုက်ဖို့ လိုပါတယ်။

ဆရာ့ ဆရာကြီးတွေကတော့ အချိန်မရကြတာနဲ့
ဒီသဘောတရားကို တိုတိုနဲ့ လိုရင်းဘဲ ပြောကြတယ်။
ပြောတတ်ချင်ရင် နားထောင်ရမယ် ဒါဘဲ !
ဆရာကြီးတွေပြောတာကို အစတည်းကသာ
လိုက်နာပြီး ပုံမှန် လိုက်လုပ်ခဲ့ရင် အခုထက်မြန်မြန်နဲ့
ကျွန်တော် အနေအထား တစ်ခုရောက်ခဲ့မှာ အမှန်ပါ။

ဒါပေမယ့် ကျွန်တော့်က လက်တွေ့သမား
ဘယ်သူပြောပြော ကိုယ်တိုင် တွေ့ကြုံပြီးမှ
လက်ခံတယ် ဒီအကျင့်ကြောင့်ဘဲ ကိုယ်တိုင်
အရင်လုပ်ကြည့်ပြီးမှ သူများကို အကောင်းအဆိုး
ပြန်ပြောတယ် ရမ်းသန်းဖျီးဖြန်း မပြောတတ်ဘူး။

ဒါကြောင့် အခု ပြောမှာတွေကလည်း
ကျွန်တော် ကိုယ်တိုင်လုပ်ခဲ့တဲ့ နည်းတွေကိုဘဲ
ပြောပြမှာပါ။ တစ်ခြားသူတွေ လုပ်တဲ့ နည်းတွေလည်း
အများကြီး ရှိတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

Where there's a will, there's a way.
လိုလျှင်ကြံစ နည်းလမ်းရဆိုတဲ့ ဆိုရိုး အတိုင်းပဲ . . .

တစ်ညတော့ ကျွန်တော် အကြံရသွားတယ်
Now or never. အခုမှ မလုပ်ရင် ဘယ်တော့မှ
ငါလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကျွန်တော် ချက်ချင်းဘဲ
ဖုန်းကိုကောက်ကိုင်လိုက်တယ် YouTube မှာ Video
အတိုလေး တစ်ခု ဒေါင်းလိုက်တယ် မျက်စိစုံမှိတ်ပြီး
နားကြပ်နဲ့ အိပ်ပျော်သွားတဲ့အထိ ထပ်ခါထပ်ခါ
နားထောင်ပစ်လိုက်တယ်။

တစ်ပက်လောက်အထိ Video က
ပြောတာကို နားလည်တာ နားမလည်တာ
အသာထား နားရင်ဖို့က အဓိကဆိုပြီး အိပ်ယာဝင်တိုင်း နားကြပ်တန်းလန်းနဲ့ နားထောင်ခဲ့တယ်။

အိပ်ရာဝင်ခါနီး နားကြပ်တပ်တာ
ဆေးပညာ ရှုထောင့်အရတော့ ကျန်းမာရေး
အတွက် ထိခိုက်မှုရှိနိုင်တယ်လို့တော့ ယူစမိပါတယ်။

ဒါပေမယ့် စိတ်မပူကြပါနဲ့ကျနော့် နားတွေ
အခုထိ ဘာမှ မဖြစ်သေးပါဘူး။ ကြာကြာဝါးမယ့်
သွားအရိုးကြည့်ဝါးဆိုတဲ့အတိုင်း သတိလေးတော့
ထားကြပေါ့ဗျာ။ No pain, no gain. ✌

Whatever is uncomfortable at first,
eventually becomes comfortable. 💪

ဘယ်အရာဘဲဖြစ်ဖြစ်ဗျာ အစမှာ
သက်သောင့်သက်သာမရှိဘူး
နောက်ပိုင်းကျတော့မှသာ
သက်သောင့်သက်သာဖြစ်လာတာပါ။

ဒီလိုနဲ့ တစ်ပက်လောက်ကြာတဲ့နောက်
ကျွန်တော် Video က အင်္ဂလိပ်စာတန်းထိုးကို
ကြည့်ပြီး ပြန်နားထောင်ဖြစ်တယ်။ အဲတော့မှ
ကျွန်တော် မသိတဲ့ စကားလုံးသစ်တွေကို ဖုန်း
Note ထဲမှာ ရေးပြီး မှတ်ထားလိုက်တယ်။
ပြီးတော့ အဲ Video ကိုထုံးစံအတိုင်း
ထပ်ခါထပ်ခါ မျက်စိမှိတ်ပြီး နားထောင်တယ်။
အဲလိုနဲ့ ဘယ်ချိန်ဘယ်လို အိပ်ပျော်သွားမှန်းတောင်
မသိလိုက်။ 😴 (နားကြပ်တော့ ဖြုတ်အိပ်နော်) 👈

နောက်နေ့ ကျမှ အားတဲ့အချိန်တွေမှာ Note ထဲက
မသိသေးတဲ့ စကားလုံးတွေကို English to English
ရှင်းထားတဲ့ ဖုန်းထဲက Dictionary တွေမှာ ကြည့်တယ်။

လက်စနဲ့ ထက်ပြောမယ်ဗျာ ကျွန်တော် ပြောတဲ့
အားတဲ့ အချိန်တွေဆိုတာက Bus ကား စီးနေတုန်းတို့
စားသောက်ဆိုင်မှာ စားစရာ လာမချသေးခင် အချိန်တို့
စတဲ့ အချိန်ပိုင်းလေးတွေကို ပြောတာနော်။

သီးသန့် စာကြည့်စာပွဲမှာ
ထိုင်ပြီးတော့ စာကြည့်နေတာကိုမှ ကိုယ်
စာလုပ်နေတယ်လို့ မခံယူပါနဲ့ ! ရတဲ့အချိန်မှာလုပ်ပါ။

အဲလို ကျွန်တော်ညတိုင်း သုံးလေးငါး
မီနစ်လောက်သာ ကြာတဲ့ Video လေးတွေနဲ့
လေ့ကျင့်တာ တစ်လလောက် ကြာလာတော့
အိပ်ယာဝင်တိုင်း လုပ်ဖို့ အကျင့်ဖြစ်သွားတယ်။

ဒီနေ့ထိလည်း ကျွန်တော် ဒီနည်းနဲ့
Listening လုပ်ဖြစ်နေဆဲပါဘဲ၊၊
အခုဆို တော်တော်လေး ခရီးရောက်နေပါပြီ။

အခုဆိုရင် Facebook မှာပါ လေ့ကျင့်စရာ
Video အတိုလေးတွေ ကျင့်မယ်ဆို အများကြီးပါ။

ဘယ်ဟာကို ကျင့်ချင်လည်း
ကိုယ်ကြိုက်တာသာ ရွေးကျင့်ပါ။
အဓိကက ဖြေးဖြေးနဲ့မှန်မှန်
Keep practising နေဖို့ပါဘဲ။

အင်္ဂလိပ်ဘာသာစကားမှာ အရမ်းရိုးရှင်းတဲ့
ဆိုရိုးလေးတစ်ခုရှိတယ် ''လေ့ကျင့်မှ ပြည့်ဝ ''
'' Practice makes perfect. ''

လေ့လာနေယုံနဲ့ အင်္ဂလိပ်စကား မပြောတတ်ပါဘူး။
အမှန်တကယ် ကိုယ်ကလည်း Practice လုပ်ရပါမယ်။
အများစုက လေ့လာတော့ လေ့လာကြပါတယ်။ ဒါမဲ့
တကယ် လေ့ကျင့်ဖို့ကျတော့ သိပ် အားမသန်ကြဘူး။

အင်္ဂလိပ်ဘာသာစကားကို လေ့လာတယ်ဆိုတာ
မီတာတစ်ရာပြေးပွဲတစ်ခုလို အမြန် ပန်းဝင်လို့မရဘူး။

မာရသွန်ပြေးပွဲရှည်ကြီးတစ်ခုလို ဖြေးဖြေးနဲ့
မှန်မှန် ပြေးပြီးပန်းဝင်အောင် ကျွန်တော်တို့က
ကြိုးစားအားထုတ်ကြရမှာပါ။ ဒီတော့ ဇွဲရှိရှိနဲ့
စိတ်မပျက်ဘဲ ပုံမှန်လေးဘဲ လေ့လာပါ မိတ်ဆွေ
တစ်ခါတလေ ကိုယ့်ထပ် ကျွမ်းကျင်သူတွေကို
တွေ့ရင် အားကျမိနိုင်သလို အားလည်း ငယ်သွား
တတ်တယ်။ သူကသူ ကိုယ်က ကိုယ်ပါ။

ကိုယ့်ကိုကိုယ်ဘဲ အရင်ကထပ်
သာနိုင်အောင်သာ ကြိုးစားပါဗျာ။
ကိုယ့် ပြေးလမ်းနဲ့ ကိုယ် ပြေးပါ။ ✌

________________________________________

💗 အားလုံး တိုးတက်ကြပါစေ
ရင်ထဲက စေတနာ၊ မေတ္တာများစွာဖြင့် 💗

🇺🇸 🇲🇲 Decent Accent Academy 🇲🇲 🇬🇧
🇺🇸 🇲🇲 Robert Hein 🇲🇲 🇬🇧

I was wondering if you might
do me a favor. Could you share
our English page with your friends
on Facebook? We are a new page and
would really appreciate your support. 💗
________________________________________

📞 09 881 44 4141 📞
📞 09 881 56 7700 📞
📞 09 778 56 0253 📞
________________________________________

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00