Myat Entertainment
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Entertainment, Digital creator, Yangon.
🙏🙏🙏🙏🙏
29/12/2025
🙏ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ…။
ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊
မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊
မဆက်ဆံချင်လည်း ပြုံးပြီး ဖော်ရွေနေရတဲ့အရွယ်၊
ဘဝအခြေကျဖို့ စိတ်လောနေရတဲ့အရွယ်၊
ငွေနောက်လိုက်ရင်း ရှင်သန်မှုဟာ စက်ရုပ်ဆန်လာတဲ့အရွယ်၊
မိဘတွေ အိုမင်းလာတာကို ကြည့်ရင်း ဝမ်းနည်းတတ်လာတဲ့အရွယ်၊
အပေါင်းသင်းအသစ်တွေ မထားတတ်တော့သလို
ရှိပြီးသားတွေနဲ့လည်း စကားလက်ဆုံမကျဖြစ်တော့တဲ့အရွယ်၊
ဘဝထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြတဲ့အရွယ်၊
အထီးကျန်ခြင်းတွေနဲ့ နေသားကျလာတဲ့အရွယ်၊
အသက်မငယ်တော့သလို
ထင်သလောက်လည်း အသက်မကြီးသေးတဲ့အရွယ်၊
ဘဝက ဒီလိုပါပဲ၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အရွယ်ရောက်ကြတယ်၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အိုမင်းကြတယ်၊
ကျန်ခဲ့တာတွေလည်း ရှိတယ်၊
ချန်ခဲ့တာတွေလည်း ရှိတယ်၊
ဘာပဲဖြစ်ဖြစ်
ရောက်လာတဲ့ အချိန်ခဏလေးကိုတော့ နောင်တမရှိဘဲ
တန်တန်ကြီးဖြတ်သန်းချင်တယ်။
#မူရင်းCrd
"နောက်မှဆိုတာ
မကြာခဏ အချိန်ပျက်သွားတဲ့ စကားတစ်ခု ဖြစ်နေတယ်"
"နောက်မှတွေ့မယ် ဆိုတဲ့လူတွေက
အချို့မှာတော့ ထပ်မတွေ့ဖြစ်တော့ဘူး"
"
နောက်တော့ဆုံမယ် ဆိုတဲ့လူတွေက
တစ်နေ့တစ်နေ့ အစအနမရှိ ပျောက်ဆုံးသွားတတ်တယ်"
"နောက်မှလုပ်မယ် ဆိုတဲ့ အိပ်မက်တွေကလည်း
အကောင်အထည်မဖော်နိုင်ပါ"
"အခုနားလည်လာတာက
နောက်မှ ဆိုတဲ့အရာတွေဟာ
အမှန်တကယ် မသေချာတဲ့အရာတွေ ဖြစ်ပါတယ်
ဘယ်အချိန်မဆို ကိုယ်ချစ်တဲ့မိသားစုကို အချိန်ပေးပါ"
"ကိုယ်ချစ်တဲ့လူတွေကို ချစ်ကြောင်းပြောပါ
ပျော်ရွှင်စေတဲ့အရာလေးတွေကို အချိန်ပေးပါ
နောက်မှ ဆိုတဲ့အရာတွေ"
"တစ်ချိန်ချိန်မှာ အမှန်တကယ် နောက်ကျသွားနိုင်ပါတယ်"
Click here to claim your Sponsored Listing.
Category
Website
Address
Yangon